မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်းကြီးက လူမှုဝန်ထမ်း(၁၂)ဌာနသို့ ငွေကျပ် (၆၁)သိန်းကျော် လှူဒါန်း

klnMay 14, 20101min450

မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်းကြီးက လူမှုဝန်ထမ်း(၁၂)ဌာနသို့ (၂၂)ကြိမ်မြောက်အလှူငွေပေးအပ် လှူဒါန်းပွဲကို မေလ(၁၀)ရက်၌ ကျင်းပရာ ငွေကျပ် (၆၁၂၀၀၀၀) ကိုလှူဒါန်းခဲ့သည်။ ၎င်းတွင်တစ်ဌာနလျှင် မန္တလေးမြို့ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်းက မတည်အလှူငွေ ကျပ်(၁၀၀၀၀၀)၊ သီးသန့်အလှူရှင်အသင်းဝင်(၁၀၁)ဦးက ကျပ်(၄၁၀၀၀၀)၊ စုစုပေါင်း ကျပ်(၅၁၀၀၀၀)နှုန်းဖြင့် (၁၂)ဌာနကို ငွေကျပ် (၆၁၂၀၀၀၀)ကို လှူဒါန်းခြင်းဖြစ်သည်။ မန္တလေးမြို့ ပွဲစား၊ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်းကြီးမှာ ယခုနှစ်တွင် (၇၆)ကြိမ်မြောက်သို့ ရောက်ရှိပြီဖြစ်ပြီး အသင်းဝင်(၂၀၃၄)ဦးခန့်ရှိသည်။ မန္တလေးမြို့တွင် ကုန်စည်များ ဈေးနှုန်း၊ အလေးချိန် မှန်ကန်စွာ ရောင်းဝယ်နိုင်ရေးနှင့်အတူ ဘာသာ၊ သာသနာနှင့် လူမှုရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျှက် ရှိကြောင်းကို ၂၀၁ဝ ခုနှစ် မေလ၁၄ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင်ဖော်ပြထားပါသည်။