မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှအပ ကျန်ဒေသများတွင် မိုးရွာသွန်းနိုင်မှု အခြေအနေနည်းပါးနေရာ ရာသီဥတုဆက်လက် ပူပြင်းနိုင်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အပူဒဏ် အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်များကို အထူးလိုက်နာကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။ မေလ ၁၀ရက်နေ့က ထူးခြားသည့် နေ့အပူချိန်များတွင် ချောက်မြို့၌ ၄၅ ဒသမ ၉ ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်၊ ပျဉ်းမနား၊ မင်းဘူး၊ မကွေး၊ မြင်းခြံမြို့တို့တွင် ၄၄ ဒီဂရီစင်တီဂရိတ် အထိရှိနေပြီး ရန်ကုန်မြို့တွင် ၄၀ ဒသမ ၅ဒီဂရီစင်တီဂရိတ်၊ မန္တလေးမြို့တွင် ၄၃ ဒသမ ၂ ဒီဂရီစင်တီဂရိတ် ရှိနေကြောင်းကို ၂၀၁၀ ခုနှစ် မေလ၁၄ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင်ဖော်ပြထားပါသည်။

About kln

k ln has written 409 post in this Website..