ရွှေမိုးရွာလည်းရွှေမပြည့် ငွေမိုးရွာလည်းငွေမပြည့် အဘယ်ပြည့်အံ့နည်း

tunkhannSeptember 14, 20111min1242

ရွှေမိုးရွာလည်းရွှေမပြည့် ငွေမိုးရွာလည်းငွေမပြည့် အဘယ်ပြည့်အံ့နည်း။ပြည့်ဖို့ဘယ်အချိန် မှန်းမျှော်နေ နေကွယ်ညချမ်း လရောင်ဆမ်းမှ သို့ပါသော်ငြား လမိုက်ညများ များလေများတော့ အို…အရှင် ရှင်လားသေလား မသိပါဘူး…။ကျနော်တို့ နိုင်ငံကို နိုင်ငံတကာက ပြောကြတယ်ဗျ။ရွှေရောင်တဝင်းဝင်းနဲ့ အလွန်ကျက်သရေရှိသတဲ့။ဘာတွေများပါလိမ့်။ခက်ရော့မယ် စေတီပုထိုးတွေပေါ့ဗျ။ဒါနဲ့ကျနော် စေတီပုထိုးတွေရောက်တိုင်း ကြည့်မိပါတယ်။အော်…ကုလားရွှေက အတော်ဝင်းပါပေါ့လေလို့။ဒါနဲ့ ကျောင်းစောင့်ကိုမေးကြည့်တယ်။ရွှေအစစ်တွေ မကပ်လှူကြဖူးထင်တယ်နော်လို့။မဟုတ်ဘူးဗျ အခိုးခံရတာတဲ့။ဘုရား.ဘုရား…ဒီလိုလူတွေက ရှိသေးတာလားဗျ။အလိုလေး… ဒါတွေပြောရင်ဒေါတွေပါတော့မယ်။ဒီတစ်ခါတော့ ကျနော်မပြောတော့ပါဘူး။ဒါပေမယ့် လူတစ်ယောက် ကျနော့်ကို စာလေးတစ်စောင်ပေးလာတယ်။ဒါလေးကို လူတွေသိအောင် ဘယ်လိုလုပ်ရမလည်းတဲ့။လမ်းလယ် လမ်းခွ အဆုံကြတဲ့နေရာမှာ တိုင်စိုက်ပြီး ကပ်ထားလိုက်လေလို့ ပြောလိုက်တယ်။အောက်မှာစိုက်ထားရင် ဖြုတ်မယ့်သူများတယ်ဗျတဲ့။အလို…ဒါလည်းဟုတ်တာပဲ။ဒါဆိုလည်း ကျနော် အပေါ်တင်လိုက်မယ်ဗျာ။တစ်ခုတော့ရှိတယ်။အပေါ်ဆိုတော့ လေတိုက်တယ်။လွင့်သွားတာမျိုးကြုံခဲ့ရင် ခင်ဗျားလိုက်ကောက်မှာလားလို့။ဘယ်သူမှ မသိသေးဘူးဆိုရင် ထပ်တင်ဖို့ လိုက်ကောက်မယ်တဲ့။ဒါနဲ့ပဲ ကျနော်တင်လိုက်ပါတယ်။ဘယ်အချိန်လွင့်မလည်းပေါ့…။

စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ်၊ပြေကွင်ကျေးရွာမှာရှိတဲ့ အခြေခံပညာမူလတန်းကျောင်းအတွက် ပြုပြင်ရန်အတွက် မန္တလေးအမှတ်(၂)ပညာရေးရုံးမှ ငွေ(11)သိန်း ချပေးခဲ့ပါတယ်။ဒီငွေတွေကို ကျေးရွာအုပ်ချုပ်ရေးမှုးအောင်မျိုးလွင်နှင့် ကျောင်းအုပ်ဦးမြင့်လွင်တို့ နှစ်ဦးသွားရောက် ထုတ်ယူခဲ့ပါတယ်။ထုတ်ယူပြီးတဲ့အချိန်မှ စပြီး ယနေ့အချိန်ထိ ပြီးစီးအောင် ပြုပြင်ချင်းမရှိပဲ မိမိကိုယ်ကျိုးအတွက် သုံးစွဲထားတာကို စစ်ကိုင်းတိုင်း ဒေသကြီးပညာရေးမှုးဦးဘုန်းကြွယ်ကို တိုင်ကြားခဲ့ပါတယ်။ဒါကိုအရေးယူခြင်းမရှိပဲ လာတိုင်တဲ့ အဖွဲ့အစည်းကိုတောင် ထောင်ကျနိုင်တယ်လို့ ပြောလိုက်ပါတယ်မြို့နယ်ပညာရေးမှုးအဖွဲ့တွေ လာစစ်တော့လည်း ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားခဲ့ပါတယ်။သို့ပေမယ့်လည်း…။ကျောင်းဖွင့်ချိန်ရောက်တော့ ကျောင်းအုပ်ဆရာမြင့်လွင်ကို နယ်ပြောင်းပေးလိုက်ပါတယ်။ယနေ့အချိန်ထိ ကျောင်းဆရာ၊ဆရာမများ ရောက်မလာပဲ ကျောင်းသား၊ကျောင်းသူတွေဟာ လက်ထောက်ဆရာမနဲ့ပဲ သင်ကြားနေရပါတယ်။ကျောင်းဆရာ၊ဆရာမ ရောက်ဖို့နဲ့ ထုတ်ထားတဲ့ငွေနဲ့ ကျောင်းကို ပြုပြင်ပေးဖို့ရယ် သမ္မတကြီးဦးသိန်းစိန်နှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးသာအေ သိစေရန် တိုင်ကြားအပ်ပါတယ်။

သူပို့ပေးတာက ရက်မပါဘူးဗျ၊ကျနော်လည်း လေကြောမရှည်ချင်လို့ မမေးလိုက်တော့ဘူး။သိတဲ့သူကတော့ အတိကျသိမှာပေါ့။

2 comments

  • taungpawthar

    September 15, 2011 at 12:35 pm

    ဒီလိုကိစ္စတွေကလည်းနေရာတိုင်းပဲဗျာ အခြေခံပညာဦးစီးဌာန မှာ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်နေတာတွေအများကြီးပဲ ကိုယ်ကျိုးအတွက်သုံးတဲ့ကိစ္စ ကျူရှင်ကိစ္စ ရာထူးတိုးကိစ္စ နယ်ပြောင်းကိစ္စ အားလုံးနီးပါးကတော့မတရားမှုတွေ လာဘ်စားမှုတွေချည်းပါပဲ

  • aungnng87

    September 15, 2011 at 12:51 pm

    ငွေမြင်တော့လည်း ဖောက်ပြန်ကြတာပေါ့လေ။ ထောင်ကျလည်းအရေးမကြီးဘူး။ ငွေရဘို့သာအရေးကြီးနေမှာပေါ့။

Leave a Reply