ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ သောက်သုံးရေရှားပါးမှုနှင့် ရင်ဆိုင်နေရသည့် ဒေသများ၌ သောက်သုံးရေ လုံလောက်စွာ ရရှိစေရေးအတွက်

klnMay 14, 20101min611

ှိ

နိုင်ငံတော်အစိုးရ၏ စီမံညွန်ကြားမှုဖြင့် ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာများ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်း၍ ဧရာဝတီတိုင်း ငပုတောမြို့နယ် ဘုန်းတော်ပြည့်ကျေးရွာ၊ ချောင်းဝကျေးရွာ၊ ပြင်ခရိုင်ကျေးရွာ၊ အလယ်သောင်ကျေးရွာ၊ သာယာချောင်းကျေးရွာ၊ ဘုန်းစိုးကြီးကျေးရွာ၊ အုတ်တွင်းကျေးရွာ၊ ကျောက်ကလပ်ကျေးရွာ၊ ဒီးဒူးကုန်းကျေးရွာ၊ ဘုရားလှကျေးရွာ၊ ရေကျော်ကျေးရွာနှင့် ကျုံကူးကျေးရွာပြည်သူများ သောက်သုံးရေအဆင်ပြေစေရေးအတွက် ပုသိမ်မြို့ မြင့်မြတ်အလင်း တရားအလှူတော်အဖွဲ့နှင့် ပြင်ခရိုင်ကျေးရွာ မြောက်ကျောင်းဆရာတော်တို့ ပူးပေါင်းပြီး ဧပြီ ၂၈ရက်မှစ၍ ထော်လာဂျီများ၊ စက်လှေများ၊ ငါးဖမ်းသင်္ဘောများဖြင့်နေ့စဉ် သောက်သုံးရေဂါလန် ၂၅၀၀ဝကျော်ကို လည်းကောင်း၊ မေ ၁၂ရက်တွင် စက်လှေများဖြင့် သောက်သုံးရေဂါလန် ၁၅၀ဝကို ငပုတောမြို့နယ် မန်ကျည်းပင်ကျေးရွာ၊ သုံးခွကျေးရွာ၊ အထက်ပြွန်ကျေးရွာများသို့လည်းကောင်း ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။ ထို့အတူ ပုသိမ်မြို့ရှိ လူမှုရေးအသင်းအဖွဲ့များက မေ ၁၂ရက်တွင် မော်တော်ယာဉ်နှစ်စီးဖြင့် သောက်သုံးရေဂါလန် ၂၀၀ဝကို ပုသိမ်မြို့(၁၄)ရပ်ကွက် ဥမ္မာဒန္တီ(၁/၂/၁၆)လမ်းနှင့် ပန်းဆက်လမ်းမကြီးတို့ရှိ အိမ်ထောင်စုများသို့ ဝေငှလှူဒါန်းခဲ့ကြောင်း၊ ဖျာပုံမြို့နယ်ရှိ ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ကန်တော်ကြီးသောကရေကန်နှင့် အလှမ်းဝေးသော ရပ်ကွက်များသို့ မေ ၁ဝရက်မှစ၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် သောက်သုံးရေဂါလန် ၂၆၀ဝဆံ့ မော်တော်ယာဉ်များဖြင့် တစ်နေ့လျှင် လေးကြိမ်ခန့် ဝေငှလှူဒါန်းခဲ့ကြောင်း သိရှိရသည်။ အလားတူ ရခိုင်ပြည်နယ် သံတွဲမြို့ ဒွါရာဝတီရပ်ကွက် (၃)(၄)(၆)(၇)ရပ်ကွက်၊ မဇင်ကျေးရွာနှင့် ကျွန်းပေါက်ကျေးရွာများတွင် သောက်သုံးရေ အဆင်ပြေစေရေးအတွက် မြို့ပေါ်နေ စေတနာရှင်များနှင့် သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့က နေ့စဉ်ရေတင်ကားများဖြင့် သောက်သုံးရေများ ဝေငှလှူဒါန်းလျက်ရှိကြောင်းသိရသည်။ ထို့အတူမွန်ပြည်နယ်သထုံမြို့နယ်အတွင်းရှိ သိမ်ကုန်း၊ နန်းခဲ၊ အောက်ကျင်း၊ လိပ်အင်းရပ်ကွက်များရှိ ပြည်သူများ သောက်သုံးရေအဆင်ပြေစေရေးအတွက် ပုဂ္ဂလိက အလှူရှင်များနှင့် ဌာနဆိုင်ရာတို့ ပူးပေါင်း၍ ဝါးပါးဆည်ရေအား နေ့စဉ်ဖြန့်ဝေပေးလျက်ရှိရာ မေ ၁၂ရက်တွင် မော်တော်ယာဉ် ၃၆စီးဖြင့် သောက်သုံးရေဂါလန် ၂၂၆၈ဝ ဖြန့်ဝေပေးခဲ့ကြောင်း၊ ကျိုက်ထိုမြို့နယ် တောင်ပိုင်းရပ်ကွက်ရှိ တိုးချဲ့ကွက်သစ်၊ ကန်သာယာ၊ ရေတံခါးစုနှင့် ဇုတ္တလိစုကျေးရွာများသို့ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များက နေ့စဉ်ရေးပေးဝေလျက်ရှိရာ မေ ၁၂ရက်တွင် သောက်သုံးရေဂါလန် ၂၀၅၀ဝကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။ အလားတူ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများက မုဒုံမြို့နယ် ကင်းချောင်းကျေးရွာ၊ ကတုံးပေါ်ကျေးရွာ၊ ဝဲကလိကျေးရွာများနှင့် အခြားသောက်သုံးရေလိုအပ်သည့် ကျေးရွာများသို့ နေ့စဉ်သောက်သုံးရေများဖြန့်ဝေပေးလျက်ရှိရာ မေ ၁၂ရက်တွင် ရေဂါလန် ၃၀၀၀ဝကိုလည်းကောင်း၊ ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်၊ ဓနိတောရပ်ကွက်နှင့် ရန်မျိုးအောင်ရပ်ကွက်ရှိ ပြည်သူများ သောက်သုံးရေရရှိစေရေးအတွက် ရေဂါလန် ၁၂၀ဝဆံ့ရေသယ်ယာဉ်တစ်စီး၊ ရေဂါလန် ၁၆၀၀ဝဆံ့ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် လည်းကောင်း၊ ချောင်းဆုံမြို့နယ် ကညော်ကျေးရွာ၊ မုဒွန်းကျေးရွာ၊ ဒေါက်ရပ်ကျေးရွာ၊ ကော့မုပ္ပန်ကျေးရွာများသို့ ချောင်းဆုံမြို့နယ် ကလော့ကျေးရွာမှ စေတနာရှင် ပြည်သူများက မေ ၁၂ရက်တွင် ထော်လာဂျီ ၁ဝစီးဖြင့်လည်းကောင်း၊ နတ်မှော်ကျေးရွာ၊ ဆယ်ဗလာကွမ်ရိုက်၊ တော်ကနာကျေးရွာများရှိ ပြည်သူများအတွက် သောက်သုံးရေများကို ရွာလွတ်ကျေးရွာ၊ ဝယ်လန်းကျေးရွာ၊ ကုလားဘီကျေးရွာများနှင့် ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်၊ အနောက်ရပ်ကွက်များမှ စေတနာရှင်ပြည်သူများကလည်းကောင်း သောက်သုံးရေများ သွားရောက်ဝေငှလှူဒါန်းခဲ့ကြောင်း ၂၀၁ဝခုနှစ် မေလ ၁၄ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။

One comment

  • susunosuki

    May 16, 2010 at 4:49 am

    ပြည်ခိုင်ဖြိုးကတော့ လူမှုရေးလုပ်ငန်းတွေတော်တော်လုပ်ကြတယ်
    ကျွန်တော်တို့ရပ်ကွက်ထဲမှာလဲ သူတို့ပဲလမ်းခင်းတယ်
    တံတားထိုုးတယ်
    ရေတွေလိုက် ဝေတယ်
    ကောင်းပါတယ်

Leave a Reply