မန္တလေးတိုင်းအတွင်း အပူချိန်လွန်ကဲမှုကြောင့် လူနာအချို့သေဆုံး

klnMay 14, 20101min482

မကွေးတိုင်းတောင်တွင်းကြီးမြို့မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာအချို့၌ အပူချိန်လွန်ကဲမှုကြောင့် တောင်တွင်းကြီး မြို့နယ်ပြည်သူ့ဆေးရုံးတွင် မေ ၁၂ရက်အထိ လူနာ ၁၁ဦးတက်ရောက်ကုသမှုခံယူခဲ့ကြောင်း၊ ယင်းလူနာများအနက် မေ၃ရက်တွင် တစ်ဦး၊ မေ၄ရက်တွင် တစ်ဦး၊ မေ၅ရက်တွင်တစ်ဦး၊ မေရရက်တွင် သုံးဦး၊ မေ၁ဝရက်တွင် တစ်ဦးစုစုပေါင်း ခုနစ်ဦးသေဆုံးခဲ့ပြီးကျန်လူနာလေးဦးမှာ ဆေးရုံတွင် ဆက်လက်ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ ထို့အတူ မန္တလေးတိုင်း ညောင်ဦးမြို့နယ်၌ အပူချိန်လွန်ကဲမှုကြောင့် ညောင်ဦးမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံးကြီးတွင် ဖျားနာ၊ မူးဝေ၊ မောပန်း လူနာ၁၄ဦးတက်ရောက်ကုသမှုခံယူလျက်ရှိကြောင်း၊ ဆေးရုံတက်လူနာများအား ဆေးရုံအုပ်ကြီးနှင့်တာဝန်ကျဆရာဝန်များ၊ သူနာပြုများက ကြပ်မတ်ကုသပေးလျက်ရှိကြောင်း၊ လူနာသေဆုံးမှုမရှိကြောင်း ၂၀၁ဝခုနှစ်မေလ ၁၄ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင်ဖော်ပြထားပါသည်။

2 comments

  • susunosuki

    May 16, 2010 at 4:47 am

    ခုလိုရာသီမှာ ကိုယ့်ကျန်းမာရေးကို
    သေသေချာချာ ဂရုစိုက်သင့်တယ်
    ကျန်းမာရေး အသိရှိသင့်တယ်
    သေတဲ့သူတွေသေကြပေမယ့်
    နမော်နမဲ့နေကြသူတွေ များနေသေးတယ်

  • cum min

    June 25, 2012 at 1:38 pm

    တနိုင်ငံလုံးအပူတွေမြင့်တက်နေပြီးး.
    နေပူထဲသွားရင်သတိရှိမှဖြစ်မယ်နော်..ရွာသားအပေါင်းတို့…

Leave a Reply