“ဘီလူး”ကို..ဥစ္စာစောင့်ဖြစ်အောင်လုပ်တဲ့ ..လူကြီး။။။။

အမှန်တော့ဒီလူကြီးမကောင်းတာဗျ…
ကျုပ်ဟာကျုပ် ဆိုရှယ်ဆိုဒ်လေး မှာ စာလေးရေးလိုက် တက်လာတဲ့ ကောမက် လေးဖတ်လိုက်
“ကောင်းလိုက်တာ”  …… “ထပ်ရေးပါအုံး” ….. “စောင့်ဖတ်နေတယ်နော်”…..“အားပေးပါတယ်” …ဒီဆယ်ကျော်သက်လေး
တွေရဲ့ ဘဝင်ကြိုက် သိပ်မိုက်နေပြီထင်တာ ကောမက်လေးတွေကြည့် ဒူးလေး နှမ့်ပြီး  လူရွှင်တော်တွေပြောသလိုဆို
ငါခူးပြုံးလေးနဲ့ပေါ့ ဒါပေမယ့် ဒီနေရာရောက်မှ ဒီလူကြီးလုပ်လို့ ကျုပ်မှာ အဲဒီဘက်တောင်ခြေဦး မလှည်ဖြစ်ဘူုး
ကျုပ်ဆိုတဲ့ကောင်ကလဲ နည်းနည်းတော့ဆိုးသားဗျ ဘာပစ္စည်းဝယ်ဝယ် ဂရန်တီပါသလား ကံစမ်းမဲပါသလား ဒါကြည့်ဝယ်
တဲ့ကောင် ဒီဆိုဒ်မှာဒီလူကြီးလုပ်လိုက်တာနဲ့  ကျုပ်မှာ ဘယ်ရောက်ရောက် အင်တာနက်ဆိုင်ပြေးရ ကိုယ့်ဝယ်ထားတဲ့
နက်ဘုဒ် ခေါ်လား နုတ်ဘုတ်ခေါ်လား  အဲဒါကြီးအလေးခံသယ်ပြီး အင်တာနက်ဖရီးဇုန် ရှိတဲဆိုင်  လေအောင့်ခံ
ကော်ဖီသောက်ပြီး ဒါကြီးပဲဖွင့်ဖွင့် ကြည်နေရတာ အဲဒါကြီးလေးတယ်ထင်ရင်တော့ အိုင်ပက်လား  အိုင်မပက်တာလား
ကျောက်သင်ပုန်း အသေးစားလေးနဲ့ ဖွင့်ဖွင့်ကြည်ရတာအမောပေါ့  ဒီလူကြီးပြောသလိုမဟုတ်လို့ကတော့  သူနေတဲ့
“လော့ကျနေတဲ့ အင်္ဂလိပ်”ဆိုလား  “ လော့ကျနေတဲ့အိမ်ဂျားထဲငြိ”ဆိုလား အဲဒီအထိသွားရန်တွေ့အုံးမှာ ဒါပေမယ့် သူက
ကံစမ်းမဲမဟုတ်တာဆိုးတာပဲဗျ  ဘာရေးရေး   ရေးချင်တာရေး အရင်ကရှစ်ဆယ်ပေးပြီး အခု ငါးဆယ်ဆိုလား ပေးတယ်တဲ့
ကျုပ်မှာတစ်နေ့တစ်နေ့ သူလုပ်တာနဲ့ အလုပ်ရှုပ်တော့တာပဲတစ်ခါရေးလိုက် တစ်ခါပြန်တွက်လိုက် တစ်ပုဒ်တင်လိုက်
တစ်ခါပြန်တွက်လိုက် ကျုပ်ရုံးက အကောင့်တန့်စ် လုပ်တဲ့ကလေးမကတောင်  ငြူစူလာပြီး  ခဏခဏဂဏန်းပေါင်းစက်ဝယ်ပေး
ရလို့လေ တစ်ခါပေါင်းလိုက် စာရင်းမကိုက်လိုက်ပို့စ်တွေ ပြန်ကြည့် ပြန်ပေါင်းမကိုက်ပြန်ဘူး နည်းနည်းတော့ ခေတ်စကားနဲ့
ပြောရင် “တင်းလားပြီ” ပေါ့ ဗျာ…..။။။။။
ကျုပ်တင်းလာ  လို့ကတော့ နော်ဒီလူကြီးနေတဲ့ “လော့ကျနေတဲ့ အင်္ဂလိပ်ကို” လိုက်သွားပြီးကိုရန်တွေ့အုံးမှာ တံခါးလော့ကျရင်
မြန်မာမှာတော့  သော့ပြင်ကုလားက ဆရာကြီးပဲ ဒီလူကြီးနေတဲ့မြို့ လော့ကျလို့ကတော့ ကွန်ပြူတာဆရာခေါ်မှရမှာ ကျုပ်
သိတာပေါ့  သူနေတဲ့တိုင်းပြည်က ကွန်ပြူတာမှကယ်တင်ရှင်ထင်တဲ့ တိုင်းပြည်လေ ကျုပ်ကတော့ တောသားကိုးဗျ တံခါးဖွင့်
မရ ခြံစည်းရိုးကျော်ဝင်တဲ့ ကောင်မျိုး အဲဒီ လူကြီး သူလုပ်ထားတဲ့ စာမျက်နှာထောင့်က နံပါတ်လေးကြည့်ပြီး ကျုပ်ကိုအဆင့်
တက်ပေးနေသေး လေရဲ့  …. ဘာတဲ့ ကျုပ်ကတောသားဆိုတော့ အင်္ဂလိပ်လိုတွေဘာတွေ သိပ်တော့မသိပါဘူး ဒါပေမယ့်
စာလုံးတော့ဖတ်တတ်ပါတယ်လေး ဘာတဲ့“ဘီအာအိုအမ်နင်ဇက်အီး” ဘာလဲမသိ လို့ကျုပ် မှာ အင်္ဂလိပ် မီးနင်းလား ဘာသာ
ပြန်လား လက်တစ်ဝါးလောက်စာအုပ်လေးလှန်လှန် ရှာလိုက်ရတာ အမောပေါ့  အဲဒီမှာ ဘာသာပြန်ထားတာက
“ကြေးနီနှင့်သံဖြူရောစပ်ထားသောလောဟာ” တဲ့ …..။။။။။
ဘာတုန်းဗျာ ကြေးဆိုလဲကြေးလုပ်လိုက် သံဆိုလဲသံပေါ့ ကျုပ်က“လောဟာ”ဆိုတော့ ကျုပ်က“လောဟာ” မှမသိတဲ့ကောင်ပဲဗျ
ကျုပ်ကိုဒီလိုပတ်ချင်လို့ ဘယ်ရမလဲ အကုန်လိုက်မေးတာပေါ့ …“အဲဒီလူကြီတော့ ငါ့ကို ပြဿနာရှာနေပြီး ငါကို“လောဟာ”လို့
ပြောတယ် ဒါဆိုငါတော့ လောကြီးပြီးရေးသမျှဟာကျန်ခဲ့တော့မှာပဲ””ပေါ့ ဒီလူကြီးက ကံစမ်းမဲတော့မဟုတ်ဘူးကွ ရေးသမျှ
ပေးပေးနေတာကြီးကို သိပ် တော့ ဘဝင်မကျလှဘူး ဂျာနယ်မှာရေးလို့ စာမူခလေး ငါးထောင်လောက်ရရင် အသာမှိတ်ပြီး ဘယ်
သူမှမသိအောင် ဘီယာသွားသွားကြိတ်တာလေးကမှကောင်းသေးတော့တယ် ပထမ စရေးတော့ ဘာလဲ “အာအေအမ်မ်တီ” ဆိုလား
သေချာတော့မမှတ်မိတော့ပါဘူး အဲဒီလိုအဆင့်ပေးထားသေးတယ်လေ ဘာလဲသာမသိတာဗျား ကိုယ်ကိုကိုယ်တော့ အဟုတ်ကြီး
ထင်သား ငါရေးတာ အတော်ဟုတ်လှပြီပေါ့ ရေးတင်လို့မှ မကြာသေးဘူး ဝိုင်းရေးလိုက်တဲ့ကောမက်တွေ ကျုပ်ကိုလေ
ဖွတ်သလွတ်ကိုကြေလို့ ဘာရမလဲ တောသားရဲဆွဲထုတ်တဲ့ ကျုပ်လဲပြန်ရန်တွေ့တာပေါ့ ဒီလူကြီးက ဒါမျိုးရန်ပွဲကျ ငြိမ်နေတယ်ဗျ
ဘာမှကိုမှဝင်မပြောတာ အရင်ကဆိုရှယ်ဆိုဒ်မှာ ကျုပ်ကမင်းသားဗျ  ဒီလူကြီးလုပ်မှ ကျုပ်မှာ လူကြမ်းကြီးကို ဖြစ်လို့ … ဖြစ်လဲဖြစ်
ချင်စရာပါ ကျုပ်နာမည်  ကိုယ်က “ဘီလူး”ကိုဗျ  လူတောထဲကျ တော့  သိပ်တော့ဟန်မကျလှဘူး…..။။။။။။
အင်းလေ…..တစ်ခါတစ်လေတော့လဲ ဒီလူကြီး   ကျေဇူးတင်မိပါတယ်  ဘီလူးလက်ခံတဲ့ရွာဆိုလို့ ဒီတစ်ရွာရှိတာမို့လား ဘီလူး
အနေအစားမပျက် ရွာသူမတွေ နောက်ပိုးထွက်လို့ ရနိုင်သေးတာကိုးဗျ  ဒါပေမယ် ဒီလူကြီးတော့ သိပ်ဘဝင်မကျ လှဘူးဗျ
ဘာလို့လဲဆိုတော့ ဟိုဆိုဒ်က သူရဘွဲ့ ကိုယ်ဖာသာယူထားတဲ့ လူတို့များ  တွေ့ဆုံပွဲလုပ်ရတာနဲ့ မန်ဘာတွေ ဆွေးနွေးပွဲ
လုပ်ရတာနဲ့ ဆိုဒ်ထိမ်းသိမ်းရေးလုပ်ရတာနဲ့ ဘာပဲပြောပြော  သူ့မန်ဘာတွေ “ဖေါ့စဖိတ်နဲ့ ရောကြိတ်ပြီး အဆော့တက်ကိတ်”
တွေတော့ စားရမှာပါ အခုတော့ဗျာ ဘာမှန်းမသိတဲ့ ဂဏန်းလေး တွေကြည့်ပြီးကိုယ်ဖာသာကိုယ် ပိတီဖြာပြီး ဗိုက်လဲဝတာမဟုတ်
ဒီကြားထဲ “ကိုရင် ဖိုရမ်မှာရေးပါနော့” ဆိုတာကပါသေး သူပြောတဲ့ ဖိုရမ်ဆိုတာကြီးကို ကျုပ်ကစိတ်ကိုမဝင်စားတာ ကျုပ်က
လှေကြီးထိုးရိုးရိုဗျ သူပြောတဲ့ ဟာကြီးထဲဝင်ကြည့်မိပါတယ် ဝါတာလိုလို လိမ္မော်လိုလို အရောင်နဲ့ လူမဟုတ်ဘာမဟုတ်အရုပ်
တစ်ခုတွေတာပဲ ဒါနဲ့ အသာပြန်လစ်လာခဲ့ရတယ် ကျုပ်မှမနှိပ်တတ်တာကိုဗျ တော်ကြာကျုပ်လိုက်လုပ်မှ သူလုပ်ထားတဲ့ဟာကြီး
အခုလူတွေပြောပြောနေတဲ့ “ဟစ်”လား “ဟတ်”လား အဲဒီလို ဟတ်သလိုဖြစ်သွားမှာစိုးလို့ အသာလစ်လာရတာပဲ  တော်ကြာ
ကိုယ့်ကြောင့်ဖြစ်တယ်ဆို မကောင်းရှိရောမယ်လေ….။။။
တစ်ခါတစ်လေတော့လဲ ရွာသားတွေနဲ့ ရန်မဖြစ်အောင်ရှောင်ရှောင်နေရတယ်လေ မလုပ်နဲဗျ သူတို့ကကိုယ်ထက်ဝါကြီးတာကလား
ကျုပ်ကတော့သိပ် မမှန်းပါဘူး တစ်ခါတစ်လေ “တော့တန်းလစ်” ထဲ ကိုနာမည်များ ပါမလား ကြည်မိတာတစ်ခုကလွဲရင်ပေါ့
သူတို့လဲ ကလောင်သွားတော့ အထက်သားကလား  ချေးယိုအိမ်သာ ပျက်လဲရေးတာပဲ အသဲကွဲလဲရေးတာပဲ လမ်းမှာဖိနပ်ပြတ်လဲ
ရေးတာပဲ  သူဖာသာအဆင်ပြေသွားတဲ့ အတွဲလဲရေးတာပဲ မရှိလို့တောင်းစားတဲ့ သူတောင်းစားလဲရေးတာပဲ အလှူခံလဲ ရေးတာပဲ
ပန်းပွင့်လဲရေး ဂမုန်းစိုက်လဲရေး လိုင်းကားစပယ်ယာတွေအကြောင်းလဲရေးတာပဲ အုံးကျွန်းလဲရေးတာပဲ ကော်ပီလဲရေးတာပဲ  ….၊။။
ဒါကြောင့်တစ်ခါတစ်ခါ မြိုထဲသွားလို့ တစ်ယောက်ယောက်က ကိုယ့်ကိုစိုက်ကြည့်နေပြီဆို စိတ်ကသိပ်မလုံခြင်ဘူး မန်ဂေးဇက်က
လူများလား တော်ကြာ   ငါ့အကြောင်းရေးလိုက်ရင်  အခက်ဆိုပြီး ခပ်သုတ်သုတ်လစ်ရတာပဲလေ တစ်ခါတစ်ခါ ကင်မရာကိုင်
လာတဲ့သူများဆို ခပ်ဝေးဝေးကလစ်တာပဲ  ရေကြီးလဲရိုက် လှေစီးလဲရိုက် ခိုနားလဲရိုက် အကြို အကြားလဲရိုက် နေထွက်လည်းရိုက်
နေဝင်လည်းရိုက် နဲ့  ကင်မရာမီး လက်လက်မြင်ရင် ခပ်သွက်သွက်ရှောင်တယ် တော်ကြာ “ဘီလူး” ဓါတ်ပုံပါဆိုပြီး ပြစားနေမှအခက်
ကျုပ်က ရုပ်သိပ်အလှကြီးတော့မဟုတ်ပါဘူး …။။။
အရင်တစ်ခါမြို့ထဲ အတင်းလက်လာဆွဲလို့  “ဘာလဲဗျ” မေးတော့မှ လှတဲလူတွေဖမ်းတယ်ဆိုတာသိရလို့ မနည်း
ကိုယ်လွတ်ရုန်း ပြေးခဲ့ရတယ် အဲဒီတစ်ခါထဲက လမ်းမပေါ်သိပ်မထွက်တော့တာ ပဲလေ…။။။။
ကျုပ်တို့ ရွာထဲလဲ လှမယ်ထင်တဲ့  မမအကွဲတွေရှိတာပဲလေ  သူတို့လဲ လှတဲ့လူတွေဖမ်းတုန်းက ပုန်းခဲ့ကြရမှာပါ ဘီလူးတောင်
ပြေးခဲ့ရသေးတာပဲဟာ…။။။။
ပြောရင်းနဲ့စကားစ အတော်တောင်ရှည်လှပဟ  ..ဒါပေမယ့် ဒီလူကြီးအကြောင်းက  ပြန်စရမှာပဲလေ ဒီလူကြီးမကောင်းလို့
ကျုပ်မှာ ဥစ္စာစောင်ကြီးကိုဖြစ်လို့ တစ်ခုတင်လိုက် ပြန်ဖွင့်လိုက် ဂဏန်းကမတက်သေးဘူး နောက်တစ်ခါပြန်ဖွင့် မတက်သေးဘူး
တော်နေကြာဖွင့် မတက်ပါဘူး ကျုပ်ရေးတဲ့ စာလေးများ ကောင်းကြောင်းမပြောပဲ ပြစ်ပြစ်နှစ်နှစ်ဆဲသွားရင်တောင် ခုနှစ်ပွိုင်လား
ငါးပွိုင့်လား ရအုံးမှာလေ ကျုပ်မှာတော့ဆုတောင်းလိုက်ရတာ ကောင်းတယ် မပြောလဲ ဆဲခဲ့ကြပါလို့ ဒါမှအမှတ်တိုးမှာကိုးဗျ..။။
အဲဒီလို မကောင်းဘူးပြောလဲခံ ကောင်းတယ်ပြောလဲခံ ဆဲလဲခံ ဆိုလဲခံ မောင်းထုတ်လဲခံ အဲဒီလိုခံတတ်အောင် ဒီလူကြီးလုပ်
ထားလို့ ပဲ ကျုပ်တော့ နည်းနည်းမှမကျေနပ်ဘူးဒါပေမယ်လဲ ဒီလူကြီးက ကျုပ်တို့ကိုယ်တော့ လေးစားသင့်တယ် ထင်တာပဲ
သူလုပ်ထားတဲ့ဆိုဒ်ထဲ အဆဲခံ အဆိုခံ အလှောင်ခံ ပြီး  ခနီ္တပါရမီ ပြည့်စုံစွာ နေနေကြတဲ့ သူတွေများတာကိုဗျ ဒီတော့
ကျုပ်ဖာသာပဲဆုံးဖြတ်လိုက်မယ် ရွာသားတွေကို သူကြီးမလေးမစားလုပ်ရင် သူကြီး နှလုံပြူး ရွာသားတွေကိုအပ် ပြီးရင်ရွာကို
တစ်ပတ် ပတ်ပြီးပြေးခိုင်းသင့်ကြောင်း ရွာသူရွာသားသဘောထားအပေါင်းကို ထောက်ခံအဆိုပြုချက်
တောင်းလိုက်ရကြောင်း ပါ…..ဗျာတို့..။။။။။။

သဘာဝအမြင်ဖျက်လို့ ဟာသအမြင်လေးဖြည့်စွက်ဖတ်စေလိုပါကြောင်း
(မည်သူ့ကိုမျှ မရည်ရွယ်ပါ တိုက်ဆိုင်ခဲ့ပါက )အံကြိတ်ဒေါသထွက်နိုင်ပါကြောင်း..။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

27 comments

  • ရွှေအိမ်စည်

    September 15, 2011 at 9:40 am

    ဘီးလူးတော့ဘီးဘူး…
    သာမာန်ဘီးလူးမဟုတ်ဘူးဟေ ့ပေါ့….

    ဟစ်တော့လည်း…ဟစ်တိုင်ဘဲလေ
    ဟတ်ထိတော့လည်း…….တသက်ပေါ့
    ခုလောက်ဆိုသူကြီးလည်း…..သူ ့ဂဏန်းတွက်စက်ပျက်တာသိလောက်ပါပြီ

    ဖိုရမ်ထဲ မလာဘူးလို ့ပါ

    ဖိုရမ်ထဲ ရောက်ရင်..သိကြားမင်းတောင်မပြန်ချင်ဘူးလို ့ကောမက်ရေးသွားလေရဲ ့ဗျာ

  • MaMa

    September 15, 2011 at 9:53 am

    အိမ်သာပျက်လည်း ရေးတာပဲဆိုတာ ဘယ်သူ့ကို ပြောတာလဲ ဘီလူးကြီးရေ။
    ရွာထဲမှာက လူမနိုင်တဲ့ကိစ္စလည်း ဘီလူးတွေ ယမမင်းတွေ ရှိနေတော့ အကူအညီရလိုရငြား အကူအညီတောင်းမိတာပါ။ 🙂
    ခုတော့လည်း ဥစ္စာစောင့်ပါ တိုးလာမယ့်ပုံပေါက်နေပြီ။ 😀

  • မှော်ဆရာ

    September 15, 2011 at 9:57 am

    ဘီလူးနဲ့ ရင်ချင်းနီးတယ်ဗျာ
    ခံစားချက်ချင်း ထပ်တူပဲ

  • Moe Z

    September 15, 2011 at 10:55 am

    ရပွိုင့်ထပ်ပေါင်းပေးလိုက်ပါသဂျီးရေ..ဥစ္စာစောင့်ကြီးပျော်သွားအောင် 🙂

  • စုံ စုံ

    September 15, 2011 at 11:04 am

    ဪ ဘီလူး ဘီလူး
    ဘီလူးတွေထဲမှာ စာရေးကောင်းတာဒီဘီလူးဘဲရှိတယ်ထင်ပါ့ 😛

  • နီလေး

    September 15, 2011 at 11:08 am

    (မည်သူ့ကိုမျှ မရည်ရွယ်ပါ တိုက်ဆိုင်ခဲ့ပါက )အံကြိတ်ဒေါသထွက်နိုင်ပါကြောင်း..။။။။
    တဲ့ ဟိဟိ ဒေါသထွက်နေမယ့်သူတွေကို ပြေးမြင်မိတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 15, 2011 at 12:00 pm

    အံဖွယ်ဘဲ
    အတင်းတုပ်တတ်တဲ့ဘလူး ဒီတစ်ခါဘဲတွေ့ဘူးတယ်
    တေဂျင်းဂျိုးဘယူး ကာလနာ ဘယူး မြွေဘွေးကိုက်ဘယူး
    ယာမမြားနဲ့ထိပြီးတေမဲ့ဘယူး ပေါ်တာထိပါစေ မီးကင်းစောင့်ရပါစေ
    လမ်းဖေါက်တဲ့နေရာမှာ လုပ်အားပေးထိပါစေ ခါးပိုက်နှုက်ထိပါစေ
    မှီငြမ်း။ ။ ( ကျုပ်မှာတော့ဆုတောင်းလိုက်ရတာ ကောင်းတယ် မပြောလဲ ဆဲခဲ့ကြပါလို့ )
    http://myanmargazette.net/67658/society-lifestyle/aha-jokes

  • နွယ်ပင်

    September 15, 2011 at 12:08 pm

    ကိုဘီလူးကြီးလာ ဒါတည့်တည့်ရေးနည်းလား စောင်းစောင်းရေးနည်းလား
    မစောင်းတစ်စောင်းလေးလား ရေးနည်းလေးကိုတော့ သဘောကျမိတယ် … 🙂

    • “ဘီလူးကြီး”ogre

      September 15, 2011 at 2:31 pm

      နွယ်ပင်ရေ
      မျက်စိမှိတ်ပြီး လက်ညိုး တံတွေးဆွတ် ရေးလိုက်တာပါကွယ်

      • နွယ်ပင်

        September 15, 2011 at 2:45 pm

        ကိုဘီလူးတို့များ ဘီလူးအစွမ်းထင်ပ
        လက်ညိုး တံတွေးဆွတ် ရေးတာတောင် တော်တော်ထင်တယ် 😛

  • hmee

    September 15, 2011 at 12:11 pm

    ဟုတ်လိုက်တာ ကိုဘီလူးရယ် ပို့စ်လေး တခုတင်ပြီးတာနဲ့ ဥစ္စာစောင့်ဖြစ်မှန်းမသိကို ဖြစ်သွားတာ။ 🙂 ကိုယ်တွေက အုန်းကျွန်းတွေရေးတာ လက်တွေညောင်း စာရိုက်တော့ မျက်စိပါညောင်းပြီး ပါဝါကတိုး ဒါကို ဒီသူကြီး ပေးတော့ ၄ဝတဲ့ ဒေါ်မြလေးလို ပြောရရင် ပြောကိုမပြောချင်တော့ဘူး။ 🙂 မန့်ရင်တော့ (၇)မှတ်တဲ့။ (၁၀)ခုလိုက်မန့်တာမှ (၇၀) ရဦးမယ်နော်။ ဒါတောင် တကယ်ပေးမပေး မသိဘူး။ ဝါသနာတားမရလို့သာ ရေးရပြီးရော သဘောထားတာ နက်ဖိုးက ကုန်လှပြီ။ 🙂

  • kai

    September 15, 2011 at 12:11 pm

    ကာလသားခေါင်းကို ခဏ အပ်..သိမ်းခိုင်းထားတဲ့.. ထိပ်တုံးမတွေ့ဖူးသေးပဲကိုး…။
    လူသိသူသိ..နှလုံးပြူးပဲမြင်နေတယ်ထင်ပါ့..။
    ထိပ်တုံးစာမိချင်နေတယ် ထင်တယ်..။ 🙂

    ကျုပ်ဂဏန်းပေါင်းစက်မပျက်ပါဘူး..။
    အမေကြီးကားလုပ်၊ 🙂

    ==
    ogre 3 “နွယ်ပင်” posted a comment on your post ““ဘီလူး”ကို..ဥစ္စာစောင့်ဖြစ်အောင်လုပ်တဲ့ ..လူကြီး။။။။” 1 sec ago
    nyeinwailwin 7 Comment on ““ဘီလူး”ကို..ဥစ္စာစောင့်ဖြစ်အောင်လုပ်တဲ့ ..လူကြီး။။။။” 1 sec ago
    manawphyulay 3 “Moe Z” posted a comment on your post “အချစ်ကို ခွဲခြမ်းစိတ်ဖြာကြည့်မိခြင်း” 40 secs ago
    Moe Z 7 Comment on “အချစ်ကို ခွဲခြမ်းစိတ်ဖြာကြည့်မိခြင်း” 40 secs ago
    mrlonesomeboy 3 “မိုက်ကယ်ဂျော်နီအောင်ပု” posted a comment on your post “တိုင်းပြည် စည်ကားကြောင်း” 3 mins ago
    michaelaungpu 7 Comment on “တိုင်းပြည် စည်ကားကြောင်း” 3 mins ago
    mandalarthu 3 “manawphyulay” posted a comment on your post ““အပျော်ဆုံးနေ ့” အပိုင်း (၂)” 5 mins ago
    manawphyulay 7 Comment on ““အပျော်ဆုံးနေ ့” အပိုင်း (၂)” 5 mins ago
    ogre 3 “မိုက်ကယ်ဂျော်နီအောင်ပု” posted a comment on your post ““ဘီလူး”ကို..ဥစ္စာစောင့်ဖြစ်အောင်လုပ်တဲ့ ..လူကြီး။။။။” 7 mins ago
    michaelaungpu 7 Comment on ““ဘီလူး”ကို..ဥစ္စာစောင့်ဖြစ်အောင်လုပ်တဲ့ ..လူကြီး။။။။” 7 mins ago

    • pan pan

      September 15, 2011 at 1:04 pm

      သဂျီးက သေချာမှတ်တမ်းတင်ထားတာပဲဗျို့
      နို့ ကိုဘီလူးသာမက ကျွန်မတို့ပါ ဥစ္စာစောင့်ဖြစ်တော့မှာ :mrgreen:

    • “ဘီလူးကြီး”ogre

      September 15, 2011 at 2:37 pm

      သူကြီး
      ကာလသားခေါင်း ကိုအောင်ပုကို ထိပ်တုံးအပ်ထားတာမှတ်လား
      မနေ့ကတင် ထန်းတောမှာ ထန်းရည်နဲ့လဲသောက်လိုက်ပြီးဗျ
      သူကြီးထိပ်တုံးကို ထန်းလျှက် ကြိုဖို့ မီးဆိုက်လိုက်ပြီတဲ့
      ကျွန်တော်က ကိုအောင်ပု ထန်းရည်နဲ့ လဲသောက်တာ သူကြီးနဲ့သွားတိုင်မယ်ပြောလို့
      အပေါ်ကကောမက်မှာ ဆဲသွားတယ်လေ… း)

    • manawphyulay

      September 15, 2011 at 4:09 pm

      ထိပ်တုံးက သော့ခတ်ထားတယ်။ သော့ခတ်ပြီး သော့ပျောက်နေလို့ လိုက်ရှာနေတယ် ဦးဘီလူးကြီးရေ…
      ဒါနဲ့ အမေကြီးကားကို ဦးဘီလူးကြီး လိုက်သွားရင် မနော ပွိုင့်တွေကိုလည်း တစ်ခါထဲ တောင်းခဲ့လိုက်နော် တိလား… အဟိ

  • windtalker

    September 15, 2011 at 1:09 pm

    ဟုတ်တယ်
    သူကြီး ကို
    ရီစက်ပက် ( respect ) ပြန်ပေးခိုင်းရမယ်
    ကိုဘဲလူး ပြောသလိုပါဗျို ့

  • windtalker

    September 15, 2011 at 1:10 pm

    ဗမာလို အသံထွက် က
    အင်းဂလိ အဘိဓါန်ထဲ မှာ
    ဖော်ပြထားသလို လေး ကို မြင်စေချင်ကြလို ့
    စေတနာလေး နဲ ့ထည့်ပေးလိုက်ပါကြောင်း ။

    • “ဘီလူးကြီး”ogre

      September 15, 2011 at 2:09 pm

      မောင်ပေရေ
      ငါတော့ “ ညကဖုန်းပြောပြီးမှ အတွေးပေါက်လို့ ရေးလိုက်တာပဲဗျို့”

  • pan pan

    September 15, 2011 at 3:29 pm

    ကိုဘီလူးရေးတာ တော်တော်ဖတ်လို့ကောင်းပါကြောင်း
    ဘီလူးပေသည့် ဒေါသတကြီးကြမ်းကြမ်းတမ်းတမ်းပဲ လုပ်တတ်ပြောတတ်တယ်မှတ်တာ
    ဟာသလေးလည်း ရွှင်လိုက်တာ
    တော်လိုက်တဲ့ ကိုဘီလူး :mrgreen:

  • nozomi

    September 15, 2011 at 5:21 pm

    တစ်ယောက်ထဲ မဟုတ်ပါဗျာ ကျွန်တော်တို့လဲ ဥစ္စာစောင့်ပါပဲ လို့ ပြောရမဲ့ကိန်း
    ကိုယ့်ရင်တွင်းညှစ်လေးတွေကို ဘယ်လောက်ကြာကြာ ဘယ်သူတွေဘာပြောလဲ ၊ဘယ်နှစ်ယောက်လောက်ကလာအကဲခတ်လဲ၊ MG ဒေါ်လာ ဘယ်လောက်ရပြီလဲ ဝင်တိုင်း ပြည်ကြည့်ဖြစ်ပါတယ်

  • မီးမီး သော်

    September 15, 2011 at 7:17 pm

    “”သူလုပ်ထားတဲ့ဆိုဒ်ထဲ အဆဲခံ အဆိုခံ အလှောင်ခံ ပြီး  ခနီ္တပါရမီ ပြည့်စုံစွာ နေနေကြတဲ့ သူတွေများတာကိုဗျ ဒီတော့
    ကျုပ်ဖာသာပဲဆုံးဖြတ်လိုက်မယ် ရွာသားတွေကို သူကြီးမလေးမစားလုပ်ရင် သူကြီး နှလုံပြူး ရွာသားတွေကိုအပ် ပြီးရင်ရွာကို
    တစ်ပတ် ပတ်ပြီးပြေးခိုင်းသင့်ကြောင်း ရွာသူရွာသားသဘောထားအပေါင်းကို ထောက်ခံအဆိုပြုချက်
    တောင်းလိုက်ရကြောင်း ပါ…..ဗျာတို့..။။။။။။””ကိုဘီဘူးကြီးရေ ကူးပြီးပြန်မန် ့သွားပါတယ်။

  • nature

    September 15, 2011 at 8:24 pm

    သူကြီးက ကြိမ်းနေတယ်။ ဘီလူးပုံပါလာရင်တော့ ပွိုင့်တစ်ထောင်ဖြတ်မလို့တဲ့ ။ 🙂
    ဘီလူးပုံ= Blue Picture

  • မောင်ရေချမ်း

    September 15, 2011 at 8:51 pm

    ကိုရင် ဘီလူးရေ…ဥစ္စာစောင့်ဖြစ်တာမိုက်သဗျ….ဥစ္စာစောင့်တွေက တယ်ချောသကိုး..ဘီလူးမလေးတွေ ထက်တော့ ချောမယ်ထင်ပါ့..အဟဲ….သူကြီးက ထိတ်တုံး…ထိတ်တုံး…ပြောတော့ ဟို ကိုကြည်ရဲ့ ဘီလူးတောင် သတိရသဗျ….အဟဲ..ကိုရင်ဘီလူးလည်း ကျောမှာ ကြောင်ရုပ်…အဲလေ…ဘီလူးရုပ်များ ထိုးထားမလားလို့…. 😀

  • MaMa

    September 15, 2011 at 10:02 pm

    ခုလတ်တလော အခြေအနေတွေ ကြည့်ရတာတော့ ဘီလူးကို ဥစ္စာစောင့်ဖြစ်အောင် လုပ်တဲ့လူကြီးလည်း ဘီလူးဖြစ်နေပြီ။
    (ကွန်မန့်တွေ အများကြီးတက်လို့ ပွိုင့်တက်တာတွေကို ကြည့်ပြီး သဂျီးလည်း ဘီလူးဖြစ် (Bule= ပြာ) နေပြီ။ 😀

  • padonmar

    September 15, 2011 at 11:48 pm

    ဘီလူးကြီးဆုတောင်းလေးပြည့်သွားအောင် မန့်ပေးပါတယ်နော၊
    သဂျီးတော့ မျက်ခုံးတွေလှုပ် ခလုပ်တွေတိုက်လျှာတွေကိုက်ဖြစ်ကုန်ပါ့မယ်။

  • nature

    September 16, 2011 at 4:49 pm

    ဘီလူးကို ကြောက်လို့ သူကြီးတောင် ပွိုင့်လျှော့လိုက်ပြီ။ စောစောစီးစီး comment ပေးထားလို့တော်သေးတယ်။

  • cobra

    September 16, 2011 at 7:50 pm

    ဘီလူးတဲ့ကွ…..
    ဘီလူး…..
    ဗေလုဝတော့မဟုတ်ဘူး။
    ဗေလုဝထက်တော့ဝတယ်။

Leave a Reply