ဘာအပင်ကနေ ဘာအသီး သီးနေတာလဲ

manawphyulaySeptember 15, 20111min19326

ကျောင်းထဲရောက်တော့ ထုံးစံအတိုင်း မရိုက်ပဲမနေနိုင်လို့ ဘွဲ့နှင်းသဘင်ခန်းမ မျက်စောင်းထိုးက အသီးတွေ ပြွတ်သိပ်သီးနေတဲ့ အပင်တစ်ပင်ကို တွေ့ရပါတယ်။ ကွမ်းသီးပင်လားဆိုပြီး သေချာကြည့်တော့ မဟုတ်ပြန်ဘူး။ ဘာပင်ပါလိမ့် အသီးတွေကလည်း ပြွတ်သိပ်သီးပြီး အခိုင်လိုက်ထွက်နေတာတွေ့ရတဲ့အတွက် လက်တည့်စမ်းလာခဲ့မိပါတယ်။ သိတဲ့သူရှိရင် အပင်အကြောင်းလေး ပြောပြပေးစေလိုပါတယ်။ ဘာအပင်ဖြစ်တယ်ဆိုတာရယ် ဘာအသီးတွေလည်းဆိုတာလည်း သိချင်ပြီး ဘာလုပ်ရင်အသုံးဝင်မလဲဆိုတာသိချင်ပါတယ်။

ဘာအခိုင်ဖြစ်မလဲ
ဘာသီးတွေ သီးနေတာလဲ

အပင်မှ မသီးခင် ထွက်ပေါ်လာပုံ

အသီးတွေ သီးနေပုံ

26 comments

  • chartatelay

    September 15, 2011 at 1:04 pm

    ဘာအပင်သိချင်လိုက်တာ

  • yetazar

    September 15, 2011 at 1:11 pm

    သီပြီဗျာ ။ သူငယ်ချင်းတစ်ယောက်ပြောတာ ။ အပင်နာမည်က ` မင်းမော ပင် ´ တဲ့ ။ အသီးကတော့ ဘာမှလုပ်မရဘူး ။ အဖူးကိုချက်စားတာတဲ့ ။အများအားဖြင့်တော့ အလှစိုက်ကြတယ်တဲ့ ။

    • manawphyulay

      September 15, 2011 at 2:42 pm

      ဟုတ်လို့လား တစ်ခါမှလည်း အဲနာမည်မကြားဖူးဘူး။ သိတဲ့သူများရှိရင် ပြောပြပေးကြပါဦး။

  • mr.lone

    September 15, 2011 at 1:21 pm

    “မင်းမောပင်” ဆိုတော့ ရာဇာဝင်နဲ့ဖြစ်ရမယ်… ရှေးအရင်ကဘုရင်တပါးက ဒီအသီးတွေကို ရေတွက်ပြီး မော
    သွားလို့ဖြစ်မယ်။ ဒါမှမဟုတ် မင်းဒီအသီးတွေကိုမရေနဲ့မောသွားမယ်ဆိုတဲ့အဓိပ္ပာယ်များလား….ဟိဟိ…:)

  • chitsu

    September 15, 2011 at 2:36 pm

    ဘာပင်လည်းဆိုတာသိချင်လိုက်တာနော်.Mr.loneပြောသလိုများလားမသိဘူး……..အဖူးဖူးနေတုန်းကတော.တော်တော်လှတယ်……ရှေ.မီနောက်မီတွေကိုပြန်မေးရမယ်

  • musicalpunk

    September 15, 2011 at 2:39 pm

    ကျွန်တော်အထင် ဒါဆီအုန်းပင် တစ်မျိုးဖြစ်လိမ့်မယ်။ တစ်နည်းအားဖြင့် ငှက်ပျောဆီအုန်းပေါ့။

    • mr.lone

      September 15, 2011 at 4:44 pm

      musicalpunk ပြောတာဖြစ်နိုင်တယ်… ဆီအုန်းပင်နဲ့လည်း ဆင်တယ်… ငှက်ပျောပင်နဲ့လည်း
      ဆင်တယ်…ပင်စည်က ငှက်ပျောပင်စည်နဲ့တူပြီး … အသီးက ဆီအုန်းပင်အသီးနဲ့တူတယ်…

  • “ဘီလူးကြီး”ogre

    September 15, 2011 at 2:43 pm

    ကျုပ်သိတာတော့
    အဲဒါ ကုလားကွမ်းသီးပင်လို့ ပြောတာကြားဖူးတာပဲ
    အခွံခွာစားကြည့်ရင် ကွမ်းသီးလိုပဲ ဖန်တွတ်ဖန်တွတ် နဲ့

  • နွယ်ပင်

    September 15, 2011 at 2:49 pm

    ငှက်ပျောဆီအုန်း ရယ် ကုလားကွမ်းသီးပင်ရယ် မင်းမော ပင်ရယ်
    ဘာအဟာအမှန်လဲဗျို့ ရွာထဲကိုတော့ သတင်းအမှားတွေမပေးကြနဲ့နော် .
    သူဂျီးက ထိပ်တုံးတဲ့ ………. 😛

    • manawphyulay

      September 15, 2011 at 3:02 pm

      နွယ်ပင်ကော မြင်ဖူးလား ဒီအပင်က ဘာအပင်လို့ခေါ်သလဲ… မနောလည်း အရမ်းသိချင်နေတယ်။ ကိုယ်တွေ့ထားတာ ဆေးဖက်ဝင်မဝင်ဆိုတာကိုလေ….

    • “ဘီလူးကြီး”ogre

      September 15, 2011 at 3:30 pm

      ထိပ်တုံးကို ကိုအောင်ပုထန်းရေနဲ့ လဲသောက်လိုက်ပြီ
      မရှိတော့ဘူး…မကြောက်နဲ့တော့

  • zaw min

    September 15, 2011 at 3:10 pm

    မနောရေ..သူကြီးက အဖြေန်ထွက်အောင် အသီးနဲ့အပင်ရဲ့အစိတ်အပိုင်းတချိုကို ယူအစ်သို့ပို့ပေးလိုကြောင်း၊ဒါမှ အပင်ရဲ့မျိုးရိုးဇါတိမှန်ကိုသိရှိရန် သေသေချာချာသုတေသနပြုလုပ်ရန်လိုအပ်ကြောင်း။ဖြစ်နိုင်လျှင် အပင်ကိုမပျက်စီးစေပဲ၊ပေးပို့ပါရန်လိုအပ်ပါကြောင်း…ဒါမှသာလျှင်အဖြေမှန်ပေါ်ထွက်ပါမည်ဖြစ်ပါကြောင်း…

  • manawphyulay

    September 15, 2011 at 3:35 pm

    ဒါဆိုရင် အပင်ကို အမြစ်ကနေနှုတ်ပြီး DHL နဲ့ ပို့လိုက်ရမှာလား… 🙁

  • good

    September 15, 2011 at 4:18 pm

    အရပ်ဒေသ အရ အခေါ် ဝေါ် အရ ကွဲ နေ တာ ကတော့ ကုလားကွန်းသီး ( သို့ ) မင်းဘော ၊ မင်းမော ဟူ၍ ခေါ်ပါသည်။
    ငှက်ပျောဆီအုန်းတော့ လုံ ဝ မဟုတ်ပါ။
    အသီးမှည့် ၍ နီရဲ နေချိန် လှ သလောက် ၎င်း၏ အရည် နှင့် အစေး သည် အသားအရည်ကို ထိမိလျှင် ဓါတ်မတည့် ယားယံခြင်း ဖြစ်စေတတ် ပါသည်။
    ဘီလူးကြီး ပြောသည့် အတိုင်း အသီးခြောက်သည် ကွမ်းသီးကဲ့ သို အရသာ ရှိ၍ ပို ဖန်ပါသည်။

  • good

    September 15, 2011 at 4:29 pm

    အသုံးဝင် ပုံ ပြော ဖို့ မေ့ သွားပါသည်။
    အသီးခြောက် ကို ဇယ်သီး၊ လောက်စာသီး အဖြစ် နယ် ကလေးများ ဆော့ ကစားကြပါသည်။
    အလေ့ကျ ပေါက်ရောက်မှု များသဖြင့် အောက်မြန်မာပြည် နယ်ဒေသ ပွင့်လင်းရာသီတွင် ပင်စည် ကို ဂိုးတိုင်အဖြစ် အသုံးပြုပါသည်။

  • nayminn

    September 15, 2011 at 5:20 pm

    မြောက်ပေပင်ပါ။

  • meengelay

    September 15, 2011 at 6:23 pm

    ကုလားကွမ်းသီးပင်လို့ ခေါ်ပါတယ်…… ပုသိမ်ဘက်မှာ တွေ့ဖူးတယ်………… အလေ့ကျ ပေါက်တဲ့အပင်မျိုးပဲ

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 15, 2011 at 7:28 pm

    တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုပေါ့နော
    သေချာတာကတော့ အိုက်သည် အသီးက ကွန်းသီးနဲ့ ခပ်ဆင်ဆင်လေးဘဲ
    ကြီးတာနဲ့သေးတာပေါ့နော
    အရသာကတော့ အများအားဖြင့်ဖန်တယ်
    good ပြောတဲ့အတိုင်းဘဲ ယားတတ်တယ်
    ကျုပ်တို့ရွာမှာတော့ တောင်ကွန်းသီးလို့ခေါ်တယ်
    ခင်ဗျားတို့ ဘစ်ဇနစ်တွေဘာတွေလုပ်တာဝါသနာပါရင် အဲ့သည်အသီးရဲ့
    ဘာလို့ခေါ်သတုံး အသားပေါ့နော အသီးမှည့်ရဲ့ အဆန် အလုံးကလေးပါ
    အနီးစပ်ဆုံး ပေသီးလိုပေါ့နော
    တစ်ခုခုဖန်တီးလို့ရတယ်
    ကျုပ်သတိထားမိသလောက် မြန်မာပြည်အောက်ပိုင်းမှာ ပိုတွေ့များသလားဘဲ
    goog ပြောတဲ့ ဂိုးတိုင်လုပ်တယ်ဆိုတာလေးကို အရမ်းကြိုက်တယ်

    • မိုက်ကယ်ဂျော်နီအောင်ပု

      September 15, 2011 at 7:32 pm

      ငါ့နှယ် အရေးကြီးဆုံး ကိုကျန်ရဒယ်လို့ 🙁 🙁 🙁
      ပုံတွေက ရက်စွဲတစ်ခုထည်း
      အပင်မျိုးခြင်းတူပါလျှက်
      အပွင့်ရယ် အသီးရယ် တွေရဲ့ သီးချိန်ပွင့်ချိန်တွေ မတူပါလား
      အနိစ္စ ဒုက္ခ အနတ္တ

      • manawphyulay

        September 16, 2011 at 9:44 am

        ဦးဦးပုရဲ့ ပိုပြီး အံ့ဩဖို့ ကောင်းတာက မနော ရိုက်လာတာ တစ်ပင်ထဲပဲလေ အားလုံးက တစ်ပင်ထဲကိုပဲ ရိုက်လာခဲ့တာပါ။

  • မီးမီး သော်

    September 15, 2011 at 7:41 pm

    မမြင်ဖူးပါဘူး။ထင်တာပြောကြည့်လို ့မှားသွားရင် မကောင်းဘူးလေ။သူကြီတို ့၊ဆရာနေဝန်းနီတို ့ကနှံစပ်တော့ မေးကြည့်ရဦးမယ်။

  • padonmar

    September 15, 2011 at 10:57 pm

    ွှအရွက်တွေကတော့ Foxtail ခေါ်တဲ့ အလှစိုက်ပင်နဲ့တူတယ်၊အသီးနဲ့အပွင့်အနီးကပ်မတွေ့ဘူးတော့ ဟုတ်မဟုတ်မသေချာပါ၊ဒီနာမည်နဲ့ google ကြည့်ပါ။

  • ကြောင်ကြီး

    September 16, 2011 at 10:51 am

    ကနစိုသီးဖြစ်ပါတယ်..။

    • manawphyulay

      September 16, 2011 at 11:40 am

      ကနစိုသီးအပင် အိမ်မှာရှိပါတယ်။ လေးကြောင်ကြီးရာ။ ဒီလိုမဟုတ်ပါဘူး။ အသီးကိုက မတူတာကိုများ မဟုတ်တာပြောတော့မယ် သဂျီးနဲ့တိုင်ပလိုက်လို့… ထိပ်တုံးနော် ထိပ်တုံး…

  • Kay Kay

    September 17, 2011 at 3:27 pm

    ဘာပင်မှန်းမသိပေမယ့် လှတော့လှတယ်နော်……

  • ngenge

    September 17, 2011 at 5:24 pm

    အသီးတွေက စားချင်စရာ ကောင်းမယ့်ပုံပဲ။

Leave a Reply