ဘယ်သူ ကအစဦးဆုံးဖြစ်တည်သလဲ?

     ဤ ကမ္ဘာလောကကြီးတွင် လူ ့အဖြစ်သို ့ရောက်ရှိလာကြသူများသည် အစပထမတွင် ယောကျာ်းလဲမဟုတ်၊မိန်းမလဲ မဟုတ်ကြပေ။ထူးဆန်းသည့် လိင်မဲ့ သတ္တဝါများသာဖြစ်ကြသည်။
     နောင်သောအခါ ကာလကြာမြင့်လာမှ ယခင်ဖြစ်ပျက်ခဲ့ပြီးသော အတိတ်ကမ္ဘာမှ ဗြဟ္မာမဖြစ်မှီ ဘဝဟောင်းက မိန်းမဖြစ်ခဲ့ဘူးသူအားက္ကုတ္တိယဘာဝရုပ်ပေါ်လာခဲ့ပြီး ယောကျာ်းဖြစ်ခဲ့ဘူးသူအား“ပုမ္ဘေါရုပ်”ဖြစ်ပေါ်လာခဲ့သည်။
      လူ ့ဘဝကို ယောကျာ်းဘဝမှစတင် ဖြစ်ပေါ်ခြင်းလော၊မိန်းမဘဝမှစတင်ဖြစ်လာခြင်းလော ဆိုသည်ကိုကျေးဇူးတော်ရှင် မန်လည်ဆရာတော်ဘုရားကြီးနှင့် မင်းကွန်းဆရာတော်ဘုရားကြီးနှစ်ပါးတို ့၏အမေး အဖြေပြုကြသော ဗုဒ္ဓစာပေကျမ်းဂန်များတွင် တွေ ့ရသည်မှာ —

    က္ကုတ္တိယတဲ့ ပုရိဿပေါ်စကမ္ဘာမှာ 
    ဘယ်သူမှာအစထူး ရှေးဦးဖြစ်လာ
    လွှဲမသွေ ခွဲဝေစမ်းပါဗျာ့။
    ရွှေကျမ်းတတ် မြတ်ဆရာရယ်
    မှတ်ပါ လှချင်လွန်း
    ဥဒါန်းငယ်ပြောင်
    လူ ့တန်းမှာ တမူဆောင်လို ့
    ဇမ္ဗူဘောင် မညှိုးအောင်
    ထိုးလိမ့် မော်ကွန်း။

   ဤကဲ့သို ့မန်လည်ဆရာတော်ဘုရားကမေးသည်ကို မင်းကွန်းဆရာတော်ဘုရားကြီးက ပြန်လည်ဖြေကြားသည်မှာ—

     က္ကုတ္တိယတဲ့ ပုရိသ၊ပေါ်စကမ္ဘာမှာ
     မိန်းမမှာ အစထူးရှေးဦးဖြစ်လာ
     သွေမလွဲပါဘူး။
     ဝေခွဲ ငယ့်ဆွေသဟာငယ်
     မှတ်ပါစေချင်လွန်း
     လူ ့တန်းမှာ တမူဆောင်လို ့
     ဇမ္ဗူဘောင်နောင် မညှိုးအောင်
    ထိုးတော့ မော်ကွန်း။
  
    အထက်ပါ ဆရာတော်ဘုရားကြီးနှစ်ပါး၏ အမေးအဖြေကို ကြည့်ခြင်းအားဖြင့် 
လူ ့လောကကြီးတွင် လူအဖြစ်ကို မိန်းမမှစတင်ဖြစ်ပေါ်လာကြောင်း သိနိုင်သည်။

   မိန်းမအမျိုးအစားနဲ ့ပတ်သက်၍ လောကီကျမ်းများအလိုအရ၊အယုတ်၊အလတ်၊အမြတ် ဟူ၍ခွဲခြားသတ်မှတ်ထားရာတွင်ခန္ဓာကိုယ် တည်ဆောက်မှု၊ရုပ်ရည်ချောမောမှု၊စိတ်နေစိတ်ထား လိုက်၍ ကွဲပြားခြားနားလျှက်ရှိကြောင်းကို ကျမ်းပြု ဆရာများက ရေးသားခဲ့ကြသည်ကို တွေ ့နိုင်ပါသည်။

       အခြေခံ မိန်းမအမျိုးအစား(၄)မျိုး

(၁)ဥက္ကဠ———–အမြတ်စားမိန်းမ

(၂)ပဏ်ဋိတ———အကောင်းစားမိန်းမ

(၃)မဇျ္စိမ————-အလတ်စားမိန်းမ

(၄)ဟိန ————-အညံ့စားမိန်းမ ဟူ၍ရှိလေသည်။

ဒီပို ့စ်လေးနဲ ့တူ ကျွန်မ မေမေအပါအဝင်၊မြန်မာ အမျိုးသမီးများတွက်သာမက ကမ္ဘာသူအားလုံးရဲ့ စံပြဖြစ်တဲ့ အမေစုကို ဂါရဝ ပြု ကန်တော့လိုက်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။

11 comments

  • mr.lone

    September 15, 2011 at 1:11 pm

    အခြေခံ မိန်းမအမျိုးအစား(၄)မျိုး

    (၁)ဥက္ကဠ———–အမြတ်စားမိန်းမ

    (၂)ပဏ်ဋိတ———အကောင်းစားမိန်းမ

    (၃)မဇျ္စိမ————-အလတ်စားမိန်းမ

    (၄)ဟိန ————-အညံ့စားမိန်းမ
    သူတို့ ရဲ့ အနက်ကလေးတွေပါ ထပ်တင်ပေးပါလား….

  • မီးမီး သော်

    September 15, 2011 at 2:21 pm

    ဟုတ်ကဲ့ပါ ဖော်ပြပေးသွားပါမယ်။နောက်ပို ့စ်တွေမှာပေ့ါ။ဒီနေ ့က ဆရာသန်းထွန်းရေးထားတဲ့ THE HUNDREDS စာအုပ်ကိုဖတ်ရင်းနဲ ့ပျင်းလာတာနဲ ့ ဖတ်ဖြစ်တဲ့ စာအုပ်ထဲက တွေ ့မိတာလေးဝေမျှလိုက်တာပါ။

  • kai

    September 15, 2011 at 2:33 pm

    ဟိန္ဒူတွေကတော့.. လိင်မဲ့ဆိုပြီး.. ပြောထား. ရေးထားခဲ့တယ်..။
    ခရစ်ယန်တွေကတော့.. အာဒမ်..နောက်မှ.. ဧဝတဲ့..။
    အစ္စလမ်က..ခရစ်ယန်နဲ့တူတူပဲ.. နာမယ်တပ်တာပဲလွဲတာမို့.. ယောက်ျားက စတယ်ပေါ့..။
    မြန်မာတွေရဲ့ ဆရာ့ဆရာတော်ကြီးတွေက.. မိန်းမကစတယ်လို့ ဖြေထားခဲ့တာ.. အခုမှသိမိတယ်..။
    အံ့ဖွယ်သုတ…။ 🙂

  • “ဘီလူးကြီး”ogre

    September 15, 2011 at 3:42 pm

    အော်ဂလိုလား
    မိနှင့်ဖ မိဘ လိုဆိုတော့ အမေကအရင် ရေးရတယ်
    ဖြစ်နိုင်ပါတယ် မိန်းမက အရင် စတင်ဖြစ်တယ်ဆိုတာဖြစ်နိုင်တယ်နော်..။။

  • manawphyulay

    September 15, 2011 at 4:13 pm

    မိန်းမက စဖြစ်တယ်ဆိုတော့ ဂုဏ်ယူစရာပါပဲလေ… 🙂

    • mgmglusoe

      September 15, 2011 at 6:42 pm

      ဟုတ်ပါတယ် ဂုဏ်ယူစရာပါ…. မိန်းမတွေက စပီး ဖြစ်တည်တာပဲမဟုတ်လားဗျာ… 🙄 :mrgreen:

  • မီးမီး သော်

    September 15, 2011 at 6:06 pm

    အခြေခံအမျိုးအစား(၄)မျိုးရဲ ့အနက်အကျယ်ဖွင့်ပြီး ပို ့စ်တင်ပေးပေါ့မယ်။

    • mr.lone

      September 16, 2011 at 9:02 am

      ရှဲရှဲ… မီးမီးသော်…. ဖတ်ချင်နေပြီ မြန်မြန်တင်ပေးပါ….

  • pan pan

    September 16, 2011 at 10:32 am

    မမီးမီးသော်ရေ..မိန်းမအမျိုးအစား(၄)မျိုး အကျယ်တင်ပေးပါနော်
    ကျွန်မသိထားတာနဲ့ တူနေမလားလို့ (အမျိုးအစားနာမည်တော့မတူဘူး၊ အကျယ်အဓိပ္ပါယ်မှာ တူနေမလားသိချင်လို့ပါ)
    ဖတ်ဖူးတဲ့ာအုပ်မှာ ယောက်ျားအမျိုးလည်း (၄)မျိုးရှိတယ်တဲ့

  • ကြောင်ကြီး

    September 16, 2011 at 11:05 am

    မောင်ရှုံးလူရဲ့ ရှေ့ပိုင်းပို့စ်ထဲက လေကြက်ဥ ဆိုတာလေးကို သွားသတိရမိတယ်..။ ကြက်ဖနဲ့ ကြက်မ ဘယ်သင်းက ပိုအရေးကြီးလည်းဆိုတာ….

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 16, 2011 at 11:45 am

    ဟိုက် ကျုပ်တသက်နဲ့တကိုယ်ခုမှကြားဖူးတော့တယ်။ကြံဖန်ကွာ။မယုံတယုံဘဲဗျို့။

Leave a Reply