တောသားကြီး အင်တာနက် (၂ )

တောသားမို့လို့ လားတော့မသိ၊ ကြက် မတွန်ခင်ကတည်းက နိုးနှင့်ပြီ။ နံဘေးမှာ ပုရစ်တွေ ပုံနေတာများ ရွာမှာဆို ချက်စားလိုက် ရင်ဖြင့် မြိန်လိုက်မယ့် ဟင်းပင်။ အိပ်ကပ်

စမ်းတော့လည်း ပြန်စရာလမ်းစရိတ်မရှိ။ ကျူပ်ရှိရာ ကျူပ်အားကိုးလို့ ကိုးခြောက်ကိုးသုံး မီနီဘတ်စ် လေးနှင့်သာ နှစ်ပါးသွားရတော့ချေသည်။ စိုင်ကော်လို့ ခြုံပေါ်ရောက်ပလား

တော့မသိ၊ ဖြတ်သွားရာ ကုန်တင်ကားတစ်စီးမှ နံဘေးသို့ကပ် ၍

ဟေ့…မောင်ရင်…ဘယ်လဲကွ’     ကိုယ်လည်း မသိ။သူလည်းမသိ။

‘ပုသိမ်ပြန်မလို့ဗျ..’ ဖြေသာဖြေလိုက်ရသည်။ လူက ကျောချမ်းနေ၏။ ဧည့်စာရင်း စစ်မှာလား၊ ဘာလား ပေါ့။ ရွာသူကြီးက ဘကြီးဆို တော့ သူပေးလိုက်တဲ့ သူ့ လက်မှက်နဲ့

စာတစ်စောင် တော့ပါလာသဗျ။ လိုလိုမယ်မယ် နှိုက်နေတုန်း ‘ဟုတ်လား..ဒါဆို လမ်းကြုံ လား’ အယ်…မကြားစဖူး..ရှိသမျှအမွှေးများ ထောင်သွားသည်။ (ခြွင်းချက်။ ထောင်လို့

ရသည်များသာ (ဥပမာ-ဆံပင်၊လက်၊ နှုတ်ခမ်းမွှေး။) ) ရှိရင်း ဥပဓိရုပ်ကြောင့်ဖြစ်လေစွ ဟုထင်မှတ်ကာ ကားတံခါးဆွဲ ၍ ခြေ ကြွဟန်ပြုစဉ်ကား ထဲမှ ‘ဒီကိုမတက်နဲ့

နောက်ကိုသွား…နောက်မှာ အကျယ် ကြီး…ငါးပုံးတွေကလွဲလို့…’ ‘ဟ…ဒီတောသား သဘောကောင်းလှချည်ရဲ့’ ဟုတွေးရင်း ကားနောက် ဖက် သို့ တက်ချေ၏။ ကားက မြင့်လို့လား

ကျူပ်က ပုလို့လားတော့မသိ၊ ခုန်တောင် တက်ရ၏။ဟုတ် ပါ့ဗျာ.. ငါးပုံး ၊ငါးညှီ၊ ငါးဟောက်က လွဲလို့ ဘာမှ မရှိ။လူလည်း နံလည်း မထူးတော့ပါဘူးလေ…။ ဘာကလော် လိုက်မှန်းတော့

မသိ ကားပေါ်တော့ ရေလေပြီ။ ရွာရောက်လို့ ကျေးဇူးတင် ကြောင်းပြောလေတော့မှ သည်ငနဲသားက ပြောသဗျ..သူ့မှာ ငါးပုံးတွေ လာပို့တာ လူမရှိလို့ လူစောင့်ထားသလိုတဲ့ဗျာ….

။မထူးပါဘူးလေ…လူလည်း ငါးတစ်ပိုင်းလူ တစ်ပိုင်းဖြစ်တော့မယ် ညှီတာပြောပါတယ်….။သာဓုတော့ခေါ်လိုက်ပါ ရဲ့ … ၃ ခုမြောက်သာဓုလည်းကျ ရော

မသာဂျပုဖြစ်လေတော့..ကဲ…မှတ်ကရော..။

…………………………………………………………………………..။………။………………………………………………

ရွာရောက်တော့ကျူပ် က မြို့ပြန်ကြီးဖြစ်သပေါ့… အင်တာမဲ တို့ ဓာတ်ရှင်တို့ကို ဘယ်လိုပြောခဲ့တာတို့ ဘာတို့ ကို ဖောက်သည်ချ ကြွားဝါ ရတာပေါ့။ ကြွားမှန်းမသိ ကြားရတာ

တနေ့ ထမင်းတစ်နပ် စားချိန်ပဲ ရှိတော့သည်။ ၅ နှစ် မှ ၁၅ နှစ်ကြားကလေးများက တော့ ပါးစပ်ထဲ ယင်ကောင်ဝင် ဥရင်တောင် ရ မည့် အလား ပါးစပ်အဟောင်း သားနှင့် ကျူပ်က ပဲ

လကမ္ဘာပေါ်က ပဲပြန်လာသလိုလို၊ သူရဲကောင်းပဲ ဖြစ်လာသလိုလိုပေ့ါ… ကြည့်နေလိုက်တာများ ပြေးဖက်မတက်ပဲ။ နောက် ၂ ရက် ၃ ရက်လောက် ကြာတော့ သတင်းတစ်ခု

ကြားရသဗျ။ မြို့ မှာကျောင်းတက်ပြီးပြန် လာတဲ့ ဖိုးကျော်ဆို တဲ့သူငယ် က အင်တာနက်ဆိုင် ဖွင့်သဗျ…ကျူပ် လည်း မယောက်မလည် နဲ့ ဆိုင်ရှေ့ ယစ်သီယစ် သီ လုပ်လေတော့

မောင်ဖိုကျော်က မြင်သဗျ။ ‘ဟာ..ကို ကျူးငယ် လာလေ…ဘာလုပ်နေတာလဲ…မသုံးတတ်လည်း သင်ပေးမယ် လာ…လာ….အလကားသုံးရမှာ ဒီနေ့ က ဆိုင်

စဖွင့်တဲ့နေ့ဆိုတော့..နောက်  ဆို ပရိုမိုးရှင်းတွေ ဘာတွေ လည်း ရှိဦးမှာ..အမြဲ အားပေးရမယ်နော်…..နေ့တိုင်းလာသုံးရမယ်……အဲ့တော့မှ

ခေတ်ကိုလိုက်နိုင်မှာလေ… ကမ္ဘာကြီးနဲ့လည်း ဆက်သွယ်လို့ ရတာပေါ့…’ရေပက်မဝင်အောင် သာပြောပြီး လည်ပင်းဖက်ကာ ဆိုင်ထဲ ခေါ်ချသွားသည်။

ကျူပ်လည်းအစကတည်းက အညှာခိုင်သူမဟုတ်….ကန့်လန်ကန့်လန်    နှင့်ခေါ်သူက နောက် ပင်လိုက်ရအောင် စောဦးစွာဝင်သွား၏။ ‘လာ…ဒီမှာထိုင်….’ဟုဆိုကာ ဓာတ်ရှင်ပေါ် ရှိ

အနီဝိုင်းလေး အား မြှားသေးသေးလေး နှင့် တေ့လိုက်၏ ။ ထိုသည်နှင့် ဖြူသွားသည်။ သူပြောသည် က လုတ်တင် လုပ်သည် ဆိုလားပဲ…လုတ်တင်လုပ် နေလို့ ခဏစောင့်ဟု ပြောကာ

နောက်ဖေး သို့ ဝင်သွား၏။ အိတ်ထောင်ထဲ မှ ကွမ်းတစ်ယာ ယူစားလိုက်သည်။ နောက်တစ်ယာ ကုန်သည် ထိ အဖြူကြီး (လုတ်တင်လုပ်နေသည်ဆိုသည့် ဟာ )မှ မထူးခြားသေးချေ။

မောင်ဖိုးကျော် ပြန်လာတော့ ‘ကိုကျူး တက်ပြီးလား’

‘ဟေ…ငါ့ကောင် မတက်သေးဘူးကွ..’ အမှန်က ဘာပြောမှန်းမသိ။ကိုယ်လည်း ရွှီးဖြေရသည်ကိုး.။ ဒါဆို ဂျီတော့ ဖွင့်မည် ဟုဆိုကာ အဖြူဝိုင်းလေးကို ကလစ်ပြန်၏။ထို့နောက်

စာနှစ်ကြောင်းရေးပြီး လက် နှင့် ခေါက်လိုက် ၏။ ထို့နောက် ပါးစပ်မှလည်း …ဟော..ဟော…ဆိုင်းအင်…ဆိုင်းအင်…ဟာ…လုတ်တင် ဖြစ်ပြန်ပြီ….ဟော…ဆိုင်း… အာ…လုတ်တင်

နေပြန်ပြီကွာ…စသဖြင့် ရေရွတ်နေ၏။ ကျူပ်လည်း မနေနိုင်တော့ ‘ငါ့ကောင် ဘာဖြစ်သတုန်းကွ’ ဟုဆို သောအခါ ‘ကွန် နက်ရှင် လေးနေတာဗျ…. စကိုင်းနက် (Sky net )

လိုင်းကောင်း  တယ်ဆို လို့ ဝယ်လိုက်တာဗျာ…ကွန်နက်ရှင်က လည်း သုံးစားမရဘူး….စိတ်တိုလာပြီ…’ဟု ဆိုကာ အံကြဲ ၍ အံခဲနေချေပြီ။ ကျူပ်လည်း  အခြေအနေ

မကောင်းတော့သည် ကိုရိပ်စားမိလေပြီ။ ကိုယ့် ရွာသားအကြောင်းလည်း ကိုယ် သိသကိုး… ကုလားမနိုင်ရင် ရခိုင်မဲတတ်သကိုး… သို့သော် ကြွားချေစွ ဟု..  ‘ ငါမြို့ပေါ်မှာ သုံးတုန်းက

တော့ လိုင်းကောင်းပါရဲ့  ကွ… …မင့်ဟာက ဘာလိုနေမှန်းမှ မသိတာကိုးကွ…’ ဟု ဆိုကာ ဟိုကြည့် ဒီကြည့် ဆရာကြည့် ကြည့်ချေ၏။ ‘ဟောတွေ့ ပကွ… ဖိုးကျော် ရေ…မင့် ဓာတ်ရှင်က

နောက် ဘုသီးပါဘူးဟ..ပြားနေတာကိုး…ဘယ် ကောင်းမလဲ…ကွန်ပစ်တာ..အဲ ကွန်နက်ရှင်က….’ ဟု ဆို သော အခါ ဖိုးကျော် မှ ‘ ဪ…ဟုတ်…ကဲ့…’ ဟုသာ လေးတွဲနေသော

စကားထွက်လာ ၏။  ကျူုပ်လည်း ဆရာလုပ်ကြွားလိုက် ရပေတော့ မြောက်ကြွ မြောက်ကြွ နှင့် နေ့ခင်းဘက် စံမြန်းရာ ထန်းတော သို့ ခြေဦးတည့် လှည့်ခဲ့ရတော့ ချေသည်။

9 comments

  • မောင်ရေချမ်း

    September 15, 2011 at 1:58 pm

    တောသားကြီး အင်တာနက် ၏ အဆက်ပါ။

  • ပေါက်ဖော်

    September 15, 2011 at 2:59 pm

    ဆက်ရေး..ပါ..ကိုရင် ချမ်း
    ဒီလိုပြောင်စပ်စပ်တွေ သိပ်ကြိုက်တယ်..

    • မောင်ရေချမ်း

      September 15, 2011 at 8:19 pm

      အဟဲ….ကိုရင် ပေါက်ဖော် ရဲ့ Profile ပုံက အရက်သမား လှုပ်ရမ်းနေတဲ့ပုံဗျ…ဒါပေမယ့် သတိရမိတာက ရန်ကုန်မှာဘတ်စ် ကားစီးသလိုပဲနော်…လမ်းဆောင့်လို့ ခုန်လိုက်တာ ရှေ့တိုးနောက် ဆုတ်ဖြစ်သဗျ…. 😀

  • Shwe Ei

    September 15, 2011 at 5:32 pm

    ှskynet ကကောင်းဘူးလား။ ကိုရင်တို့ကဘယ်တောမှာ အင်တာနက်သုံးနေကြတာပါလိမ့်။

    • မောင်ရေချမ်း

      September 15, 2011 at 8:58 pm

      အတိသဉ္ဇာ နာဂရ ၊ ကူုးသိမ် ၊ ပုသိမနဂရ၊ ပသီ ၊ ပုသိမ် ၊ နဂရ ဝေပုလ်လ မှ ပုသိမ်မြို့ ဟုဆိုသတဲ့ ရာဇဝင် နာမ ရ စ နှင့် ဧရာဝတီ ပုသိမ်မြို့ မှာသုံးတာပါခင်ဗျ….

  • zawmaung

    September 15, 2011 at 9:56 pm

    ဲကြုံလို့မေးပါရစေ။ ချောင်းသာမှာ Internet လုံးဝတတ်လို့မရဘူး၊ မရှိဘူးဆိုတာဟုတ်ပါသလား။

    • မောင်ရေချမ်း

      September 17, 2011 at 11:35 am

      အင်တာနက် သုံးမရဘူးဆိုတော့…ဟိုတခါ သူငယ်ချင်းတွေ ပြောပြလို့ သိရတဲ့ဟာလေး ပြောချင်ပါ့…အဲ…ကြွားတာလည်းမဟုတ်ဘူး….ဘယ်ပုဂ္ဂိုလ် ကို မှ လည်းမတိုက်ခိုက်ပါဘူးနော့…အဲ့သဟာကတော့လေ..နာဂစ်ဖြစ်တုန်းကသဗျ.. နိုင်ငံခြားက ကယ်ဆယ်ရေးတွေ ကို အဝင်မခံဘူး ဆိုသဗျ…အဲ့သဟာ နဲ့ ပဲ ခိုးဝင်မပေါ့လေ…ချောင်းသာငွေဆောင်ဘက် ကပေါ့နော်…. ဂလိုနဲ့ မြန်မာနိုင်ငံ က သတင်းထွက်သဗျ… ချောင်းသာမှာ အဆင့်မြင့် ရေဒါ တစ်ခါ ရှိသပေါ့နော်… ဒါနဲ့ ပဲ နိုင်ငံခြားက လည်း ဟုတ်မဟုတ်သိချင်သပေါ့… သူတို့လည်း အစမ်း သဘောနဲ့ အဲ့ရေဒါ ဖုန်းတဲ့ နေရာကို ဖမ်းတဲ့ စက်နဲ့ လေယဉ် တစ်စီးလွှတ်သတဲ့… မြန်မာဘက် က တစ်ချို့လည်း မသိဘူးပေါ့နော်… ဟိုဘက်ကလည်း အစမ်းဆိုတော့ ရိက္ခာတွေ ထည့်မပေးဘူးပေါ့နော်.. တည လုံး အဲ့ဒီ့ ရေဒါဖမ်းတဲ့ စက်ကို သူတို့ ဆီက စက်နဲ့ လိုက်ဖမ်းသတဲ့.. ရုံးကို သိရအောင်ပေါ့နော်… နောက်ဆုံးလက် မြှောက်ပြီး ပြောလိုက်တာကတော့ မြန်မာနိုင်ငံမှာ နည်းပညာအတော် ဖွင့်ဖြိုးနေသတဲ့… ဟီး…. အမှန်က အဲ့နေ့ ညက ချောင်းသာမှာ နယ်လုံးကျွတ် မီးပြတ်သဗျ..အဟဲ… ဂလိုနဲ့ စက်လည်း ဖွင့်မထားလို့ ဟိုက ဖမ်းမရဘူး လို့ ပြောသကိုး… ဟုတ်မဟုတ်..မှန်မမှန်တော့ မသိဘူးဗျ.. ကြုံတုန်းလေး ကြွားရတာ…ဒီ မှာ နည်းပညာတွေ ဖွံ့ဖြိုးနေပြီဆိုတာ..(ဂယ်ပြောတာနော်.. )
      မောင်ရေချမ်း

  • မီးမီး သော်

    September 15, 2011 at 10:39 pm

    မဟုတ်ပါဘူး။ချောင်းသာမှာ ရှိတယ်လေ။ဟိုတစ်နှစ်ရောက်တုန်းက သုံးခဲ့ပါသေးတယ် ကိုဇော်မောင်ရေ။ကိုရေချမ်းပြောမှ ဘဲ ပုသိမ်မြို ့ရဲ ့နာမည် ရ မျိုးသိရတော့တယ်။ကျေးဇူးပါ

  • ကြောင်ကြီး

    September 16, 2011 at 10:49 am

    အစမိုလို့ပါဗျာ၊ နောက်ဆို ပိုဆိုးလာမှာ စောင့်နေ…။ 😛

Leave a Reply