အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၄၆)

မောင်ဘလိုင်September 15, 20111min410

“ပိုင်တာပေါ့”

            “အေး.အဲဒီတော့ တစ်လအတွင်းမှာပဲ ဂျူလီလိုချင်တဲ့ ကြယ်သီးနဲ့ဆံပင် ရလာရော ဆိုပါတော့…နောက် ဂျူလီ ဘာဆက်လုပ်လဲဆို

တာ တော်တော် အံဩဖို့ကောင်းတာကွ..အဲ..သူက ရီစရာ အနက်ရောင်လိုင်းလေးတွေပါတဲ့ အဝတ်နဲ့လုပ်ထားတဲ့ အရုပ်ကလေး

တစ်ရုပ် ယူလိုက်ပြီး..အဲဒီအရုပ်မှာ ငါယူလာတဲ့ ကြယ်သီးလေးကို ရင်ဘတ်မှာတပ်..ဆံပင်ကိုတော့ ခေါင်းမှာကပ်သကွ..ပြီးတော့

ကြက်ဖ တစ်ကောင်ကို သတ်..ကြက်သွေးတို့ကို ဒယ်ပိုင်းလေးထဲထည့်တယ်..အရုပ်ကလေးရဲ့ခေါင်းကို အဲဒီ ကြက်သွေးထည့်ထား

တဲ့ ဒယ်ပိုင်းထဲ နှစ်ပြီး စိမ်တာ..စိမ်ပြီးတော့ အရုပ်ကို သူ့အခန်းထဲယူသွားပြီး ဂါထာတွေ မန ္တာန်တွေရွတ်..ထူးထူးဆန်းဆန်း ဆေး

ပင် ဆေးရွက်တွေနဲ့ အရုပ်ကို သုတ်..လိမ်း..နောက်တော့ အပ်မဲမဲလေးတစ်ချောင်းထုတ်ယူပြီးတော့ ဗူဒူးရုပ်ကတော့ အဆင်သင့်

ပဲ..ရှင့်အစ်ကိုရဲ့ လိပ်ပြာကို ဒီအရုပ်ထဲမှာသွင်းပေးလိုက်ပြီ တဲ့..ခု ရှင် ဒီအရုပ်ကို အပ်နဲ့ဘယ်နားထိုးထိုး မွမ်ဘိုင်းမယ်ရှိတဲ့ ရှင့်

အစ်ကိုမှာ ခံစားရလိမ့်မတဲ့..ဥပမာ ရှင်က အရုပ်ရဲ့ခေါင်းကို အပ်နဲ့ထိုးရင် ရှင့်အစ်ကို ခေါင်းတွေ အပြင်းအထန်ကိုက်လိမ့်မတဲ့..

ရင်ဘတ်ထိုးရင် ရင်ဘတ်အောင့်မတဲ့ စမ်းကြည့်ပါ ဆိုတော့ ..ငါလည်း နောက်နေတယ်မှတ်ပြီး သူ့ကို ပြန်ဟာသလုပ်ချင်တာနဲ့

အရုပ်ရဲ့ရင်ဘတ်က ကြယ်သီးပေါက်ထဲ အပ်နဲ့ပိတ်ထိုး လိုက်တာ..ဘာကြာလဲ နှစ်နာရီအတွင်း ဖုန်းလာပါရော..မွမ်ဘိုင်းက ငါ့

အစ်ကိုရယ်..နှလုံး ရုတ်တရက်အောင့်လို့ ဘရိချ် ကန်ဒီဆေးရုံမှာ တက်လိုက်ရသတဲ့”

“ဟာ..ဘုရား..ဘုရား..ထူးရောဗျာ..”

တကယ်အံဩတာ..ဝတ္တရားအရ ခွန်းထောက်ခံတာ မဟုတ်ဘူး။

“အေး..ငါဘယ်လောက်လန့်သွားမလဲ မင်းစဉ်းစားကြည့်..ငါ့အစ်ကို အာဗင်းမယ် နှလုံးရောဂါထဖြစ်လို့မဟုတ်ဘူး..ဂျူလီက

တစ်ကယ်စွမ်းတဲ့ အောက်လမ်း ဗူဒူးရုပ်ကလေး ကို ဖန်တီးလိုက်လို့ပဲ..”

“ဒီလိုနဲ့..နောက်နှစ်လလောက်ကြာတော့ အဲဒီအရုပ်ကလေးက ငါ့အတွက် လျှို့ဝှက် ကစားစရာလေး ဖြစ်လာတော့တာပဲ..။ငါ့

အစ်ကိုပေါ်မှာ ငါ မကျေနပ်တာတွေ..ခံပြင်းတာတွေ..မီးခဲပြာဖုံးဖြစ်နေတဲ့ ဒေါသတွေ အဲဒီအရုပ်ပေါ်ပုံချတော့ တာကိုး..။ကိုယ်

ကမှားထားတော့ ငါ့အစ်ကို မျက်နှာချင်းဆိုင်မပြောဝံ့တာ..မလုပ်ဝံ့တာ..ဒီအရုပ်ကိုပဲ ပြော..ဒီအရုပ်ကိုပဲတွယ်..။သူ ခံစားရတာ

နာကျင်ရတာတွေကို တိတ်တိတ်လေး အရသာခံပြီး ပျော်နေမိတာ..နောက်တော့ အဲဒီစိတ်နဲ့ ငါလည်း အရူးတစ်ယောက်လို

ကိုယ့်ကိုယ်ကို ဖျော်ဖြေမိရက်သား ဖြစ်နေတော့တာဟေ့..တစ်ခါတစ်လေ အဲဒီအရုပ်ကို မွမ်ဘိုင်းက ငါ့အစ်ကိုဆီသွားတုန်း

ယူသွား..ပြီးရင် သူ ခြံထဲက မြက်ခင်းပေါ်ထိုင်နေတုန်း အရုပ်ကို အပ်နဲ့ကလိ..သူက ဟိုကနာသလို ဒီကယားသလိုနဲ့ မရိုးမရွ

ဖြစ်နေတာ ကြည့်ပြီး ကြိတ်ရီ..အဲဒီလို..”

 

“နောက်တဖြည်းဖြည်းနဲ့ ငါ့အစ်ကိုနဲ့ တခြားသူတွေ ရှိနေတဲ့အချိန်ပါ လုပ်တော့တာ..တစ်ခါက ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ဟော်

တယ်ကြီးတစ်ခုမှာ ငါ့အစ်ကိုက ဂျပန်က ဖောက်သည်တွေနဲ့ စကားပြော ဧည့်ခံနေတာ..ငါလည်း သူများမရိပ်မိအောင် ထောင့်

ကျကျ စားပွဲမှာ ထိုင်လို့ သူပြောတာ အသာနားထောင်နေတယ်..သူပြောနေတာက “ဟုတ်တယ်..မစ္စတာ ဟာရဒါ ..ကျွန်တော်

တို့လည်း ဂျပန်မှာ ကုမ္ပဏီခွဲလေး ဖွင့်ဖို့အစီအစဉ်ရှိပါရဲ့..နို့ပေမဲ့..နိပွန် ကြယ်သီးကုမ္ပဏီရဲ့ တုန့်ပြန်မှုက သိပ်ပြီး အားမပါဘူး

လေ..ပြီးတော့ ကျွန်တော်တို့လည်း…”အဲဒီလိုပြောနေတုန်း ရုတ်တရက် အရုပ်ခေါင်းကို အပ်နဲ့ ငါ ပိတ်ထိုးထည့်လိုက်တာ..

ငါ့အစ်ကိုလည်း အားးးးးးအူးးးးးးးးဆိုပြီး ခေါင်းကို လက်နှစ်ဘက်နဲ့ကိုင်လို့ ထအော်တော့တာပေါ့ ..သူ့ဖောက်သည်တွေလည်း

ညစာတောင်မစားတော့ဘဲ လစ်ပြေးကုန်ကြတယ်လေ..”

 

“နောက်တစ်ခါကျတော့ ဘန်ဂလော မှာ တို့အမျိုးထဲက မင်္ဂလာဆောင်ကို ငါ့အစ်ကိုနဲ့ငါရယ် သွားတုန်းက..ငါ့အစ်ကိုက သတို့သား

နဲ့ သတို့သမီးကို မင်္ဂလာစကားပြောပြီး ဆုတောင်းပေးဖို့ လုပ်နေတုန်း ငါလည်း အပ်ကို ထုတ်ယူလိုက်တယ်..သူက “ဘုရားသခင်၏

ကောင်းချီးမင်္ဂလာသည် သင်တို့နှစ်ဦး…”ပြောတာတောင်မဆုံးသေးဘူး အရုပ်ကို ငါ အပ်နဲ့ထိုးချ လိုက်တာ ငါ့အစ်ကိုလည်း ထုံးစံ

အတိုင်း အားးးးးးးးအူးးးးးးးးး နဲ့ အော်ဟစ်ပြီး ခေါင်းကို လက်နှစ်ဘက်နဲ့ဖျစ်လို့ လဲကျသွားတာ သတို့သမီးကိုတောင် ခေါင်းနဲ့ဆောင့်

မိသွားသေးတာ..အေး..ဧည့်သည်တွေရှေ့ဖြစ်တာကိုး..သူတို့လည်း ညနေပိုင်းကျတော့ အာဗင်းတစ်ယောက် တဖြည်းဖြည်းစိတ်

ဖောက်လာတာကို စိတ်မကောင်းတဲ့အကြောင်း ဘာညာနဲ့ ငါ့ကို နှစ်သိမ့်ကြတာ..”

 

“နောက်ပြီး..ငါ့အစ်ကို ကို အတော်ဆုံး စီးပွားရေးစွမ်းဆောင်ရှင်ဆု ပေးတဲ့ပွဲမှာပေါ့..ငါ့အစ်ကိုလည်း ခရစ်စတယ်နဲ့လုပ်ထားတဲ့

အရုပ်ကလေး ကိုင်ပြီး ကျေးဇူးတင်စကား ပြောတာ..“ ကြွရောက်လာကြတဲ့ မိတ်ဆွေများခင်ဗျာ..ဒီနေ့ ဒီဆုကို ကျွန်တော့်လက်

ထဲကိုင်မိတဲ့ အချိန်မှာ အင်မတန်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်…ကျွန်တော့်ဘဝတစ်လျှောက်လုံး ကျွန်တော်ယုံကြည်ပြီး

လက်စွဲထားတဲ့ ဆောင်ပုဒ်လေးတစ်ခုကတော့ အလုပ်ကြိုးစားခြင်းနှင့်..အားးးးးးးးးးးးအူးးးးးးးးးးးးးးးးးးးး”တစ်ခါတည်းလဲကျသွား

တာ သူ့လက်ထဲက ဆုရထားတဲ့ ခရစ်စတယ်အရုပ်လေးလည်း ကြမ်းပြင်နဲ့ရိုက်မိပြီး အစိတ်စိတ်ကွဲသွားတော့တာ..”

 

“အေး..အာဗင်းပြီး ဆေးရုံသွား..ဆရာဝန်တွေနဲ့ပြတာပေါ့..ဦးနှောက်ကို စကင်ရိုက်တာပေါ့..အမ်အာအိုင်

 (Magnetic Resonance Imaging) လေ..သိလား..ထားပါ..အဲဒီလိုရိုက်ပြီး ရောဂါရှာပေမဲ့ ဘာမှမတွေ့

 ဘူးတဲ့..အဲဒီတော့ ဆရာဝန်တွေက စိတ်ရောဂါအထူးကုနဲ့ပြဖို့  အကြံပေးကြတယ်..”

 

“အဲ…နောက်ဆုံးမှာ..ရှယ်ယာရှင်တွေရဲ့ နှစ်ပတ်လည် အစည်းအဝေးလုပ်တုန်းကပေါ့..ငါလည်း ဟိုး နောက်ဆုံးတန်းမှာ ထိုင်ပြီး အခြေအနေ

ကြည့်တယ်..ငါ့အစ်ကို အာဗင်းက သူ့ရဲ့နှစ်ပတ်လည် အစီရင်ခံချက်ကို ပြောနေတာ..“ရှယ်ယာရှင် လူကြီးမင်းများခင်ဗျာ..ကျွန်တော်တို့

ကုမ္ပဏီရဲ့ သုံးလပတ်ကာလအတွင်း တိုးတက်ဖြစ်ထွန်းမှုတွေကို အစီရင်ခံ ပြောကြားရတာကို ကျွန်တော် အများကြီး ဝမ်းသာပါတယ်..

ဟုတ်ကဲ့..ပြီးခဲ့တဲ့ သုံးလပတ်ကာလအတွင်းမှာ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ သိသိသာသာ တိုးတက်လာတာ ပြောရရင် စုစုပေါင်း..

အားးးးးးးးးးးးးးးးးးးအူးးးးးးးးးးးးးးးးးးးး…”ဘာပြောကောင်းမလဲ..သူလည်း လဲကျသွားရော ကျွက်စီကျွက်စီနဲ့ တစ်ယောက်တစ်ပေါက်ပြော

နေရာက ဝရုန်းသုန်းကား အခြေအနေထိဖြစ်လာတော့တာ..အဲ..နောက်တော့ ရှယ်ယာရှင်တွေက ရူးနေတဲ့ အမ်ဒီ ကို ချက်ချင်း ထွက်

စာတင်ဖို့ အတင်းတောင်းဆိုတော့တာပဲ..ငါ့အစ်ကိုက တစ်ပတ်အတွင်း ထွက်စာတင်လိုက်ရပြီး ငါကတော့ အမ်ဒီ အသစ်ဖြစ်လာတော့

တာပေါ့..ပြီးတော့ …ငါ့အစ်ကို ကို စိတ္တဇဆေးရုံကို ပို့လိုက်ပါလေရော…”

 

“ငါ့အစ်ကိုက စိတ္တဇဆေးရုံမယ် နှစ်နှစ်လောက် တက်နေတဲ့အချိန်မှာ ငါလည်း သူ့စည်းစိမ်တွေနဲ့ အရမ်းကို ချမ်းသာလာတာပေါ့..ငါ

ထင်တာထက်တောင် ပိုသေးသကွ…ဂျူလီလည်း သူ့အလိုလောဘတွေပြည့်ပြီဆိုတော့ ပို့အော့ပရင့်စ်က သူ့အမေနဲ့ သူ့မောင်ကို

မွမ်ဘိုင်းမှာ အတူနေဖို့ခေါ်တော့တာပေါ့..အင်း..ငါလည်း လူချမ်းသာတစ်ယောက်ရဲ့ အဆောင်အယောင်အခမ်းအနားတွေ ပြည့်စုံလာ

ပြီဆိုတော့ ငါ့ဘဝအနေအထားကို သေသေချာချာ စဉ်းစားချင့်ချိန်ဖို့ စပြီးတွေးလာမိတယ်။ဟုတ်တယ်လေ..ဒီစည်းစိမ်တွေက ငါ့ဟာ

ငါကြိုးစားလို့ဖြစ်လာတာ ရလာတာမဟုတ်ဘူး..အမွေခံပြီးရတဲ့သဘောမို့လား…အဲဒီအချိန်မှာ..ငါ ဂျိူ့တ်စနာ နဲ့တွေ့တာပဲ..”

“သူက ဘယ်သူလဲဗျ”

“အင်း..သူက ပြောရမယ်ဆိုရင် ငါ့အတွင်းရေးမှူးအသစ်ပေါ့ကွာ..တကယ်တန်းတော့ အဲဒီအထက်ပိုတယ်..သူကငါနဲ့ အရာရာကို ဝေမျှ

ခံစားပေးနိုင်တဲ့သူ..ငါနဲ့လည်း စိတ်နေစိတ်ထား အကြိုက် တော်တော်များများမှာ တူတယ်..ဂျူလီကျတော့ တိုင်းတပါးသူလေ..သူနဲ့တော့

ဘယ်တူနိုင်မှာလဲ…ဂျို့တ်စနာကသာ ငါ့ရဲ့ ပါရမီဖြည့်ဖက်..ဖူးစာဖက် ဖြစ်နိုင်မှာ..အေး..ဂျို့တ်စနာ ကြောင့်ပဲ ငါအနေနဲ့ အစ်ကိုကြီးအပေါ်

မယ် မတရားခဲ့တာတွေကို နားလည်သဘောပေါက်လာခဲ့တာ..အဲဒီတော့ အစ်ကိုကြီးကို စိတ္တဇဆေးရုံက ငါပြန်ခေါ်ဖို့ ဆုံးဖြတ်ချက် အခိုင်

အမာချလိုက်တော့တာပဲ…”

“အင်း..အဲဒီတော့ ဆရာက သူ့ကို ဆေးရုံက ပြန်ခေါ်နိုင်ခဲ့တယ်ပေါ့..”

“မဟုတ်ဘူး..အလာကောင်းပေမဲ့ အခါနှောင်းခဲ့ပြီပေါ့ကွာ..အစ်ကိုကြီးကို ရှော့ခ်ရိုက်ပြီးကုကြသတဲ့ကွာ…ငါသွားခေါ်တော့ ငါမလာခင်

လွန်ခဲ့တဲ့နှစ်ပတ်လောက်က ဆုံးသွားပြီလို့ ပြောကြတယ်..”

“ဗျာ..”

“အေး..အစ်ကိုကြီးရယ် ဆုံးရှာပြီတဲ့..အမလေး..အစ်ကိုကြီးရဲ့..တစ်ကယ်မရူးဘဲနဲ့ အရူးတစ်ယောက်လို ရက်ရက်စက်စက် ကုသခံခဲ့ရ

တာကလား..အီး…အစ်ကိုကြီးရေ..ကျွန်တော့်ကိုခွင့်လွှတ်ပါတော့..”

ငိုပြီ..။ရာအူး ငိုပြန်ပြီ။စားပွဲပေါ်ခေါင်းစိုက်ပြီး လက်နှစ်ဘက်နဲ့ ခေါင်းကို ညှပ်ကိုင်လို့ ငိုညည်းနေတာ..။ရုတ်တရက် တက်ခေါက်လိုက်သလို

ဒေါသတကြီးနဲ့ သူထအော်တော့ ကျွန်တော်လည်း သူ့အဖြစ်ကိုကြည့်ပြီး မိန်းမောနေရာက လန့်ဖျတ်သွားမိတယ်..။

အေး..ငါသူ့ကို သတ်မယ်ကွ..”

မစ္စတာရာအူးတော့ မြည်း ဘဝကနေ ခွေး ပုံစံဝင်သွားပြီ..။

“အဲဒီ ခွေးမ ဂျူလီ..အဲ့ကောင်မကို နှင်ချမယ်..ပြီးတော့ သူ့အမေ ဖက်တီးမကြီးရယ်..ဘာမှ သောက်သုံးမကျတဲ့ သူ့မောင်ရော အကုန်

နှင်ထုတ်ပစ်မယ်..သူ့ရဲ့ ကျက်သရေတုံး ကြောင်ကိုလည်း သတ်ပစ်မယ်ဟေ့..အိမ်ပေါ်ကတင်မဟုတ်ဘူး ..မွမ်ဘိုင်းကပါကန်ထုတ်

ပစ်မယ်..ပြန်ကြ ဒင်းတို့ ဟေတီ…ငရဲပြည်ထိသာသွားကြ..သေကြ..ဟ..”

“ဒါဖြင့် ဆရာက ဘယ်လိုစီစဉ်ထားတုန်း..”