လူကြီးမင်းသိတဲ့အတိုင်းပဲ ရပ်ကွက်ဆိုတော့လူပေါင်းဆုံ ဟာသပြောသူလည်းရှိတယ်၊ စိတ်ညစ်စရာပြောသူလည်းရှိတယ်၊စီပွားရေးမကောင်းတဲ့လူတွေကော လူတွေကတော့မျိုးစုံပဲ အလောင်းကစားမရှိတော့ ရပ်ကွက်ဆိုတော့ပျင်းစရာကြီးပေါ့ ဗျာ အရင်ကဆိုဘယ်အပြောကောင်းလဲ အလောင်းကစားရှိတော့ ရပ်ကွက်ဆူညံတွေတာပဲ ဒါဟာလည်း အနုပညာသမားတွေအတွက်ကတော့ ရသတစ်ခုပါပဲ ငြိမ်သက်စွာနေချင်သူများလည်းရှိပါတယ် တစ်ချို့က လေကြီးကြတယ် ဘယ်လိုလဲဆိုတော့ အိမ်မှာမရှိတာတွေကိုလည်းရှိတယ်ဆိုတာပဲ ဘာတွေပဲပြောပြောသူကုန်သိတယ် အရမ်းကိုလေကြီးကြတယ်။

နောက်တစ်ခုကတော့ ဟာသပေါ့ဗျာ အသက်ကတော့ကြီးပြီး သူကတော့ယောက်ကျားဗျာ အပြင်မှာအလုပ်သွားလုပ်တယ်လေ သူမိန်းမကအိမ်မှာပဲနေတယ် ဒါပေမဲ့ သူက လက်ဖက်ဆိုင်မှာအနေများတယ် လက်ဖက်ရည်ကိုတော့ ၁၀ခါ ၁ခါ သောက်ခဲ့တယ် ဘာမှမသောက်ဘဲထိုင်တယ်ပေါ့ဗျာ တစ်နေ့မှာ သူက လက်ဖက်ရည်ထိုင်ကနေ သူအသိ ကားသမားတစ်ယောက်ကို လက်ဖက်ရည်ခေါ်တိုက်တယ်လေ သူယောက်ကျားကတော့မသိဘူးလေ အဲဒါနဲ့လက်ဖက်ဆိုင်ထဲက စားပွဲထိုးတစ်ယောက်က သူယောက်ကျားက သူမိန်းမနဲ့ပတ်သက်ရင် စတာနောက်တာမကြိုက်ဘူးဆိုတာကို စားပွဲထိုးကသိတယ်လေ သိရဲ့သားနဲ့ ကားသမားတစ်ယောက်ကိုလက်ဖက်ရည်တိုက်တာကို        သွားပြောလိုက်တယ် ယောက်ကျားကစိတ်ဆိုးပြီး မိန်းမကိုအိမ်ရောက် တော့လက်သီးနဲ့ ထိုးလိုက်တယ် မျက်လုံးတစ်ဖက်ရောင်သွားတယ်လေ ဘယ်ကအိမ်နီးနားချင်းတွေက ၀ိုင်းရယ်ကြတယ်လေ မိန်းမကလည်း လူများတွေကိုလျှောက်ပြောတယ်လေ အသိတစ်ယောက်ကိုခေါ်ပြီး လက်ဖက်ရည်တိုက်တာနဲ့ ရန်ဖြစ်ကြတာက တော ဘေးလူတွေအတွက်ကတော့ ရယ်စရာတစ်ခုပေါ့ ဗျာ။

About chartatelay

has written 1 post in this Website..