သမ္မတကြီးနှင့် အင်တာဗျူး

ဂ်စ္စူSeptember 15, 20111min15914

 

 

ပြောင်စပ်စပ် Interview .
ကျနော်တော့ ဖတ်ပြီး တခွိခွိပဲ….
မဖတ်ရသေးတဲ့လူတွေလဲ ဖတ်ပြီး ခွိလို ့ရအောင်..ပြန်ရှဲလိုက်ပါတယ်..

 

 

သမ္မတကြီး…..။ ။ ဒီမယ် မောင်ရင် မင်းက အင်တာဗျူး လုပ်ချင်တယ် ဆိုလို့ ငါက လက်ခံလိုက်တာ ဘယ့်နှယ့်ကွာ ငါကိုတွေ့တာနဲ့ တဟီးဟီး တဟားဟားနဲ့ လင်းစမ်းပါအုံးကွ…။
အင်တာဗျူယာ ။ ။ သမ္မတကြီးတို့ အဖွဲ့က ပြည်သူတွေကို ပျော်ရွှင်မှုတွေ ပေးချင်လို့ ဟာသတွေ လုပ်ပြနေတယ်ထင်ပြီး ကျနော်က အားပေးတဲ့ အနေနဲ့ အလိုက်တသိနဲ့ရီပြတာ ပါခင်ဗျာ..။ ကဲ သမ္မတကြီးရေ………အမေးအဖြေလေးတွေ စလိုက်ကြရအောင်…….။

မေး ။ ။ သမ္မတကြီးက ဗုဒ္ဓဘာသာဝင် အစစ်လို့ ခံယူထားပါသလား ခင်ဗျာ ။
ဖြေ ။ ။ ခက်ပါ့ မောင်ရင်ရယ်… သံဃာတော် သတ်ပြထားတာ ဒီမေးခွန်း ရှင်းနေတာဘဲ ။

မေး ။ ။ စစ်အာဏာရှင်တွေဟာ လဘ်စားတဲ့ နေရာမှာ ထိပ်တန်းဖြစ်နေပါလျှက် သမ္မတကြီးက လဘ်မစားဘူးလို့ နံမည်ကြီးနေရတဲ့ အဓိက အကြောင်းအရင်းက ဘာလည်း ဆိုတာ သိပါရစေ ခင်ဗျာ ။

ဖြေ ။ ။ ငါ့ရဲ့ တာဝန်တော်တော်များများကို ငါ့မိန်းမက ထမ်းဆောင်ပေးနေလို့ ဖြစ်မှာပါ ။

မေး ။ ။ မြန်မာနိူင်ငံရဲ့ သမိုင်းမှာ တခါမှ မကြုံတွေ့ခဲ့ရတာတွေ လုပ်ပြမယ်လို့ သမ္မတကြီး ကြွေးကြော်ခဲ့တယ်နော်..။
ဘာတွေ လုပ်ပြမယ်လို့ စဉ်းစားထားလည်း ။

ဖြေ ။ ။ တတိုင်းပြည်လုံး သိသာအောင် ယောက်ျားကြီး တွေ ဖြစ်ပေမယ့် ချိတ်ထမီဝတ်ပြခဲ့တာ မြန်မာသမိုင်းမှာ ရှိခဲ့လို့လား.။ မြင်တတ်အောင် ကြည့်ကြစမ်းပါ…ဗျာ ။ အခု မြန်မာပြည်ရဲ့ အကြီးမားဆုံး ဧရာဝတီမြစ်ကြီးကို မြောင်းဖြစ်အောင် လုပ်ပြအုံးမယ် ။

မေး ။ ။ သမ္မတကြီးက တက်တက်ချင်းဘဲ အကြံပေးတွေ ခန့်လို်က်တာတွေ့ရပါတယ် ။ မရှင်းတာ တခု မေးချင်လို့ပါ ။ သူတို့က အကြံပေးတာလား ၊ သမ္မတကြီးတို့က အကျန်ပေးတာလား ။

ဖြေ ။ ။ သူတို့ကို ငါတို့က အကျန်ပေးတဲ့ အတွက် သူတို့က ငါတို့ကို အကြံပြန်ပေးတယ်လို့ ပြောလို့ရသလို ငါတို့ကို အကြံပေးတဲ့ အတွက် ငါတို့က အကျန်ပြန်ပေးတယ်လို့လည်း ပြောလို့ရပါတယ်…။

မေး ။ ။ သမ္မတကြီးက ပြည်သူတွေ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ အတွက် အလုပ်ရုံ ဆွေးနွေးပွဲက ဘယ်လို စိတ်ကူးကောင်းတွေကို ရရှိခဲ့လည်း ခင်ဗျာ ။

ဖြေ ။ ။ လောလောဆယ်တော့ တောင်းစားတဲ့ လူတွေကို အကုန်ဖမ်းပြီး ထောင်ချဖို့ ကြိုးစားလုပ်ဆောင်နေပါတယ် ။

မေး။ ။ ဧရာဝတီက မြန်မာနိူင်ငံရဲ့ အသက်သွေးကြော ဖြစ်လို့ ဒီဆည်ကြီးသာ ဆောက်ဖြစ်လိုက်ရင် တိုင်းပြည်ကြီးပါ ဒုက္ခရောက်သွားနိူင်တဲ့ အနေအထားကို ဘယ်လို ကျော်လွှားဖို့ စဉ်းစားထားလည်း ခင်ဗျာ ။

ဖြေ ။ ။ ပိုင်ဆိုင်မှု တော်တော်များမျာကို နိူင်ငံခြားဘဏ်တွေမှာ ပြောင်းအပ်ထားပြီးသွားပါပြီ ။

မေး ။ ။ နိူင်ငံခြား က စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် တိုင်းပြည်ဒုက္ခရောက်နေပါတယ်လို့ ပြောနေတဲ့သမ္မတကြီးနဲ့ အပေါင်းအပါများက ဘာကြောင့်ပိုင်ဆိုင်မှု မှန်သမျှကို တိုင်းတပါးမှ သွားပြီး ရင်းနှီးမြုပ်နှံတာလည်း သိပါရစေ ခင်ဗျာ ။

ဖြေ ။ ။ စီးပွားရေး ဆိုတာက သေချာတဲ့နေရာတွေမှာ ရင်းနှီးမြုပ်နှံမှ အကျိုးအမြတ်ရတယ် ဆိုတာ လူတော်တော်များ နားလည် သဘောပေါက်ပြီးသား ဖြစ်လို့ ထပ်မရှင်းပြတော့ပါဘူး ။

မေး ။ ။ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေ ပိုမိုများပြားလာတာ ဘာကြောင့်ပါလည်း ခင်ဗျာ…။

ဖြေ ။ ။ ငါတို့ကတော့ အားလုံးသိတဲ့ အတိုင်း ရောင်းလို့ရတာ မှန်သမျှ အကုန်ရောင်းချပေးနေတာ အားလုံး အမြင်ဘဲလေ ။

မေး။ ။ ယခင် အစိုးရ လက်ထက်မှာ တိုးတက်လာတာက ကုန်ဈေးနှုန်း ၊ ကျဆင်းလာတာက ဝင်ငွေ ၊နည်းပညာက လိပ်လို တွားသွား ပိုင်ဆိုင်မှု မှန်သမျှကို အကုန်ရောင်းစားခဲ့တဲ့ အတွေ့အကြုံ ထဲက ဘယ်လို များ ထုတ်နှုတ် အသုံးချဖို့ စီစဉ်ထားပါသလည်း ခင်ဗျာ ။

ဖြေ ။ ။ ယခင် အတွေ့အကြုံများက အတော်လေးကို ကောင်းလို့ နေရာတော်တော်များများ မှာ မှီငြမ်းကိုးကားပြီး ယခုလည်း ဆက်လက် ကျင့်သုံးသွားမှာပါ ။

မေး ။ ။ ပြန်ကြားရေး ဝန်းကြီး ဦးကျော်ဆန်းက မီဒီယာတွေနဲ့ အတွေ့မှာ သူငိုပြလိုက်တယ်နော် ၊ အဲဒါ သမ္မတကြီး ဘယ်လို မြင်ပါသလည်း ခင်ဗျာ ။

ဖြေ ။ ။ သူ့ကို မေးကြည့်ပါတယ် ။ ကိုရီးယားတွေ အကြည့်များပြီး အဲဒီထဲက သရုပ်ဆောင်တွေကို သဘောကျနေလို့တခါတခါ အဲဒီလိုဘဲ လွတ်သွားတာပါလို့ ပြောတယ်..။ သူ့ ရုပ်ရှင် သရုပ်ဆောင် ဖြစ်ချင်ပြီး အံ့ကျော်ကြီး ကို သိပ်အားကျတာလို့ သူက ပြောပါတယ် ။

မေး ။ ။ အခု လျှပ်စစ်ဝန်ကြီးက ပြည်တွင်းမှ လျှပ်စစ်ဓါတ်အားတွေ သုံးစွဲသူ မရှိအောင် ပိုလျှံနေလို့ တိုင်းတပါးကို ရောင်းစားရပါတယ်လို့ မီဒီယာတွေကို ပြေားကြားပြီး ကိန်းဂဏန်းကို ရွတ်ပြသွားတာ တွေ့ရပါတယ် ။ အဲဒါ သမ္မတကြီး ဘယ်လို မြင်ပါသလည်း ။

ဖြေ ။ ။ အဲဒီလူက ချဲရူးဗျ ၊ သူတွက်လိုက်ရင်တော့ အပိုင်ဘဲ ပြီးရင်တော့ တလွဲတွေ ကြီးပါဘဲ ။ နောက်တခုက သူက ပါဝါ ယူနစ်တောင် မှန်အောင် မတွက်တတ်လို့ လျှပ်စစ်ဝန်ကြီး ခန့်ထားတာလေ ။ အလွန်ဆုံးလွဲရင် ပြောင်းပြန်ပါဘဲ လို့ သူပြောတဲ့ စကားလေးတော့ရှိတယ်ဗျ ။

မေး ။ ။ ဒါပေမယ့် ဒီဝန်ကြီးပြောလိုက်တဲ့ စကားလုံးတွေကြောင့် အစိုးရသစ်ကြီး တဖွဲ့လုံးရဲ့ အဆင့်အတန်းက မြောင်းထဲကို ရောက်သွားသလိုဘဲနော် ။

ဖြေ ။ ။ ငါတို့ အစိုးရ အဖွဲ့သစ်ကြီးက အဆင့်အတန်းရှိတယ်လို တခါမှ မပြောဘူးပါဘူးနော် ။

မေး ။ ။ ပြည်သူလူထု တရပ်လုံးက ဧရာဝတီဟာ မြန်မာတနိူင်ငံလုံးနဲ့ သက်ဆိုင်လို့ ဒီစီမံကိန်းကို အမြန်ဆုံးရပ်တန့်ချင်နေကြပါတယ် ။ သမ္မတကြီးသဘောထားကကော ဘယ်လို ခံယူထားပါသလည်း ခင်ဗျာ ။

ဖြေ ။ ။ ငါတို့ကလည်း ဧရာဝတီဟာ ငါတို့ အကျိုးစီးပွား အဖြစ်ခံယူထားပါတယ် ။

မေး ။ ။ လွှတ်တော် အမတ်တွေ က ယခင်က အတွေ့အကြုံလုံးဝ မရှိလို့ အခက်အခဲ ရှိပေမယ့် အခုပြောင်းလဲလာပုံလေးကို
နည်းနည်းပြောပြပေးပါအုံး သမ္မတကြီး ။

ဖြေ ။ ။ ယခင်ကတော့ အထဲရောက်ရင် တောင့်တောင့်ကြီး ထိုင်းပြီး ပြောသမျှ လက်ညိုးထောင် ခေါင်းငြိမ့်တတ်ကြပေမယ့်
အခုတော့ လွှတ်တော်ထဲမှာ အိပ်ငိုက်ရင်းကနေ လက်ညိုးထောင် ခေါင်းငြိမ့်နေတတ်ပါပြီ ။ တခါတလေ အိပ်ရင်တောင် ထောက်ခံပါတယ်ဆိုပြီး လက်ညိုးထောင်လိုက် ခေါင်းငြိမ့်လိုက်နဲ့ ယောင်တတ်နေကြတဲ့ အဆင့်ထိ တိုးတက်လာကြပါတယ် ။

မေး။ ။ လွှတ်တော် အမတ်ကောင်း တစ်ယောက်ဖြစ်ဖို့ အရေးကြီးဆုံး လိုအပ်ချက်လေးများကို ပြောကြားပေးပါခင်ဗျာ ။

ဖြေ။ ။ ( ၁ ) နေရာယူ ( ၂ ) လက်ညိုးထောင် ( ၃ ) ခေါင်းငြိမ့် ( ၄ ) လက်ခုပ်တီး ( ၅ ) အစည်းအဝေးပြီးဆုံးကြောင်း ကြေငြာ ရင် သဘောတူကြောင်း သုံးကြိမ် ရွတ်ပြီးတာနဲ့ အခန်းအတွင်းက လျှင်မြန်စွာ ထွက်ခွာတတ်ခြင်းပါဘဲ ခင်ဗျာ ။

မေး။ ။ ယခင် အစိုးရ ကနေ အခု အစိုးရ သစ်သို့ အသွင်ကူးပြောင်းသွားတဲ့ အခါ သမ္မတကြီး စိတ်ထဲ ဘဝင်မကျမိတဲ့ အဓိက အချက်လေးကိုရှင်းပြပေးပါ ။

ဖြေ။ ။ ယခင်တုန်းကတော့ လူနည်းစုစားပါ……အခုတော့ လွှတ်တော် အမတ်တွေပါ ပါလာတဲ့ အတွက် ဝေစားမျှစားဆိုတော့ ရပိုင်ခွင့်လေးတွေ လျှော့သွားတာပေါ့ ခင်ဗျာ ။

မေး ။ ။ လက်ရှိ အနေအထားမှ ပြည်သူလူထုက တော့ လက်ရှိ အစိုးရသစ်ကြီးကို အယုံအကြည်ကင်းမဲ့သွားပါပြီ ။ အဲဒီအတွက် ဘယ်လို ပြန်လည် တည်ဆောက်မယ်လို့ စိတ်ကူးထားပါသလည်း ခင်ဗျာ ။
ဖြေ ။ ။ ချွတ်ထမီ အစား စကဒ်ဝတ်ပြီး လွှတ်တော်တက်ဖို့ အတွက် အားသွန်ခွန်စိုက် ပြင်ဆင်နေပါတယ် ။
လောလောဆယ် လွှတ်တော်ထဲမှာ အဲဒီကိစ္စကို အကြိတ်အနယ် ဆွေးနွေးနေကြပါတယ် ။ အရာင်လေးတွေ ၊ ရှေ့ခွဲမလား နောက်ခွဲလား နှစ်ဘက်လုံးခွဲမလား ဆိုတာ အခု ဒီဇိုင်နာတွေနဲ့ တိုင်ပင်ထားပါပြီ ။

မေး ။ ။ ကျနော်တို့ တိုင်းပြည် အနာဂတ်ကို သမ္မတကြီး နဲ့ လက်ရှိ အစိုးရသစ်က ဘယ်လိုပုံစံမျိုး ထိ ပြောင်းလဲမယ်လို့ စိတ်ကူးထားတာများ ရှိပါသလည်း ခင်ဗျာ ။

ဖြေ ။ ။ ယခင်က ရွှေ့နိူင်ငံလို့ ခေါ်တဲ့ ငါတို့ တိုင်းပြည်ကြီးကို ရွှံ့ နိူင်ငံ ဆိုရင်တောင် တခုခု သုံးလို့ ရနိူင်သေးလို့ ဗွက်နိူင်ငံ အဆင့် ရောက်အောင် အစိုးရ အသစ်ကြီးက ဝိုင်ဝန်း ကြိုးစားနေကြပါတယ် ဆိုတာ ပြည်သူလူထု အားလုံးကို သိအောင် ဆောင်ရွှက်ပေးပါ ။

http://www.facebook.com/note.php?note_id=273311486019839

ဒီစာစုလေးကို ဖတ်ပြီးသွားလို့ မိတ်ဆွေတို့ ခံစားရတာကို ပြောကြားချင်တယ် ဆိုရင် ဒီနေရာလေးမှာ လာရောက်ပြောကြားပေးဖို့လေးစားစွာ အသိပေး ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။
Burma Thwe

Source:http://www.dawnmanhon.com/2011/09/blog-post_15.html

14 comments

  • “ဘီလူးကြီး”ogre

    September 15, 2011 at 3:25 pm

    အကိုပေါက်ဖေါ်..
    ဒီအင်တာဗျူးလေးက အနှစ်သာရရှိလှပါတယ်
    ဖတ်ရင်းဖတ်ရင်း ဒီအစိုးရအပေါ်စိတ် ပျက်ချင်လာပါတယ်
    ကျွန်တော်စိတ်အပျက်ဆုံးကတော့ ပုလင်းကိုင် လက်ညိုးထောင်ပြီ
    ကော့လန်ကောလန် လုပ်နေတဲ့ အမူးသမားအရုပ်လေးက ကြည့်ရင်းကြည့်ရင်း
    ခေါင်းနောက်အောင် မူးလာစေလို့ သူကိုညိမ်နေအောင်လုပ်ပေးစေချင်ပါတယ်
    သူ့ကြည့်ပြီး မသောက်ပဲမူးလာလို့ပါ… ;P

    • ပေါက်ဖော်

      September 15, 2011 at 3:31 pm

      ဟုတ်ကဲ့..
      ကျနော်..ငြိမ်ငြိမ်လေးနေနိုင်အောင် ကျိုးစားပါ့မယ်..ခင်ဗျ 😀

      မျက်စိနောက်အောင် လုပ်မိတဲ့အတွက်လဲ ရွာသူ၊ရွာသား အပေါင်းတို ့ကို အရက်သမားလေး ပေါက်ဖော်မှ တစ်ခါတည်း တောင်းပန်လိုက်ပါတယ်ခင်ည
      🙂

  • Moe Z

    September 15, 2011 at 3:55 pm

    အဲဒီ ဒီဇိုင်နာဆိုတာ ဟိုတစ်ယောက်လား လေးလေးပေါက် 😉

  • mr.lone

    September 15, 2011 at 4:09 pm

    ကောင်းလိုက်တဲ့ ပို့စ်..facebook ကနေမဖတ်ရသေးတဲ့သူငယ်ချင်းတွေကို ပြန် share လိုက်ဦးမယ်…:)

  • zawmyothu

    September 15, 2011 at 4:34 pm

    နိုင်ငံတော် အုပ်ချုပ်နေတဲ.သူတွေက အဲ.လောက်တောင် ကောင်းကောင်းမွန်မွန်
    အုပ်ချုပ်နေတာပဲလားးးးးးးးးးးးးးး

  • နီလေး

    September 15, 2011 at 4:44 pm

    ဒီလိုလူမျိုးတွေသာအုပ်ချုပ်နေ တိုင်းပြည်ဘက်လောက်ပဲခံတော့မလဲ မသိဘူး ငါတို့လဲ မြန်မြန်ပြေးမှ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပဲဟေ့နော် သမ္မတကြီးက ရောင်းလို့ရတာမှန်သမျှ အကုန်ရောင်းမှာတဲ့နော် ရောင်းစရာတွေတော့ရှိတယ် ဒန်ဖလားစုတ်၊ခွက်စုတ်၊ဒန်အိုးပေါက်၊ကြေးအိုးပေါက် သမ္မတကြီးကို ရောင်းခိုင်းမှပဲ သူကအရောင်းအဝယ်တော်တယ်ဆိုတော့

  • Nan Shin

    September 15, 2011 at 5:46 pm

    ဟားဟား ဆရာပေါက်ဖော်တွေ့မှတွေ့တတ်တယ်။ဒီစာဖတ်ရတာ အတော်ကြာသွားတယ်။
    ဖတ်လိုက် ..ရယ်လိုက်………….သူများကိုလက်တို့ပြောလိုက်နဲ့……….။

  • cobra

    September 15, 2011 at 6:29 pm

    တကယါဖြစ်နေတာတွေကို
    ဟာသပုံစံနဲ့ပြောသွားတာကောင်းပါတယ်။

  • MaMa

    September 15, 2011 at 6:33 pm

    အိတ်ဖွင့်ပေးစာလို့တောင် ပြောရမယ်။ အရင်က စာတွေဆို ကိုယ့်ဖာသာ ဖတ်ကြည့်လိုက်တာပဲရှိတယ်။ ခုစာကတော့ ကိုယ်တင်မကဘူး သိစေချင်လို့ ဘေးနားက လူတွေကို အော်ဖတ်ပြ ဖြစ်တဲ့အထိပါပဲ။

  • မီးမီး သော်

    September 15, 2011 at 7:10 pm

    ကိုပေါက်ဖော်ရေ ရေးတတ်ဗျူးတတ်လိုက်တာ။လူ ့အာဏာရူးတွေအကြောင်းထင်းနေတာဘဲ။ခေတ်စနစ်က ကို ပျက်နေတော့ ပျက်စရာပျက်လုံးဖြစ်တာမဆန်းပါဘူး။

  • pan pan

    September 16, 2011 at 8:58 am

    မေးတာတွေလည်း မေးရမယ့်မေးခွန်းတွေပဲ
    ဖြေတဲ့လူက အမှန်အတိုင်းဖြေမယ်ဆို ဒီလိုပဲဖြစ်လာမလားမသိ 🙄
    ကိုပေါက်ဖော်လည်း ရှာရှာဖွေဖွေ နှိုက်နှိုက်ချွတ်ချွတ်

  • ကြောင်ကြီး

    September 16, 2011 at 10:58 am

    သဂျီးနဲ့ တွေ့ဆုံမေးမြန်းခန်းလေးလည်း လုပ်ပါအုံး ကိုပေါက်ဖေါ်။ အဲဒီကျရင် သူဘယ်လောက်အော်အော် ဆော်သာဆော်…..

    • ပေါက်ဖော်

      September 16, 2011 at 12:21 pm

      မလုပ်ပါနဲ ့..ကိုရင်ကြောင်ရဲ့..
      ဟိုတစ်ခါ Gazette Leaks မှာထဲက သဂျီးက ဒူးတုန်နေလေပြီ..
      အဟက်ဟက်… 😀

      • ဆူး

        September 16, 2011 at 1:17 pm

        ပေါက်ဖော်တောင် မရေးရဲ့လို့ ခါးလေး ကော့လန် ကော့လန်နဲ့ ခါးတုန်နေတယ်မလား

        😀

Leave a Reply