အသည်းကွဲသီချင်းကြိုက်တဲ့ကောင်

TharlattSeptember 15, 20111min838

အသည်းကွဲ သီချင်းကြိုက်တဲ့ကောင်

အဲဒီကောင်ပေါ ့…………

အသည်းကွဲသီချင်းတွေအမြဲနားထောင်တတ်တာ

သူပြောနေကျစကားက

ဒါဏ်ရာတွေနဲ့မှ လူပီသ တယ်တဲ့ ။         ။

သူဟာ celebrity တစ်ယောက်မဟုတ်ရှာတော့ ……….

သူဘာရေမွှေးသုံးသလဲ မေးတဲ့လူမရှိဘူး

သူအပြင်ထွက်ရင် ဘာဆောင်သလဲ မေးတဲ့လူမရှိဘူး

သူ့ဘဝရဲ့ အမှတ်ရစရာတွေကို မေးတဲ့လူမရှိဘူး ။               ။

သူ့မှာ

အထပ်ထပ်ကြေမွနေတဲ့အပြာရောင်ကောင်းကင်ရှိတယ်

အကျဉ်းစံနာရီလက်တံတွေနဲ့

လွက်ရက်မရှိနှလုံးသားတစ်ခုရှိတယ်

မျှော်လင့်ချက်တပွေ့တပိုက်နဲ့

ကွေ့ကောက်စီးဆင်းခဲ့တဲ့မြစ်ကျိုးအင်းတစ်ခုရှိတယ်

သူ့နာမည်ကို အလွတ်မရတဲ့

သူစွဲလန်းရတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်

လက်ကျန်စာရင်းမှာ

စင်ဒရဲလားနဲ့ မတော်တဲ့ဖိနပ်တရံရှိတယ်

အစာအိမ်ကိုဖာထေးဖို့

မတောက်တခေါက်ပညာတစ်ချို့ရှိတယ်

ငွေကြေးကို ဒုတိယဘုရား အဖြစ်မကိုးကွယ်ချင်တဲ့

တလွဲမာန တစ်ချို့ရှိတယ်

နာကျင်ချိန်တွေမှာ ……

နောက်မှီမပါတဲ့ ကုလားထိုင်တစ်ချို့ ရှိတယ်

…………………………………………. ရှိတယ်

…………………………………………. ရှိတယ် ။        ။

အဲဒီကောင်ပေါ့ ………

အသည်းကွဲသီချင်းတွေ အမြဲတမ်းနားထောင်တတ်တာ

သားလဒ်

8 comments

  • mr.lone

    September 15, 2011 at 3:55 pm

    အဲဒီကောင်ပေါ့ ………
    အသည်းကွဲသီချင်းတွေ အမြဲတမ်းနားထောင်တတ်တာ
    သားလဒ် တဲ့…
    ကဗျာက တုံးတိကြီးပါလား …အသည်းကမကွဲတတ်ပါဘူး…စိတ်ကဖြစ်နေတာ…စိတ်ကိုပြန်ကုစားပေးလိုက်ပေါ့…
    အသည်းကွဲနေရင်အကောင်းဆုံးနည်းလမ်းက ကာတွန်းကားကြည့်ပါ…၊ရုပ်ရှင်ကြည့်ပါ…ပျော်စရာရှာပါ..
    သူငယ်ချင်းတွေနဲ့များများတွေ့ပါ…
    ယောက်ျားလေးတွေ အသည်းကွဲရင်ပြန်ဆက်တာမြန်ပါတယ်…

    • Tharlatt

      September 16, 2011 at 1:40 pm

      Thks for your comment

  • မီးမီး သော်

    September 15, 2011 at 11:59 pm

    မဟုတ်သေးပါဘူး။အသည်းကွဲတယ်လို ့ထင်တဲ့ချိန်မှာ အစာများများစားလိုက်ပါ။ပြီးရင် အိပ်လိုက်ပါ ပေါ့ပါးသွားပါလိမ့်မယ်။

  • blackchaw

    September 16, 2011 at 10:33 am

    ဟားဟား၊ အသည်းကွဲရင် ပြန်ဆက်သွားအောင် ကော်ရည်ခေါက်ဆွဲစားကြည့်ပါ။
    ဖတ်လို့ကောင်းတဲ့ ကဗျာတစ်ပုဒ်ပါ။

  • chartatelay

    September 16, 2011 at 12:25 pm

    အသည်းကွဲရင် ဆရာဝန်နဲ့ပြပါ
    စာတစ်ကိုတော့ကြိုက်တယ်
    ငွေဆိုတာဒုတိယ ဘုရားဆိုတာပဲ

  • zinpoe

    September 16, 2011 at 9:47 pm

    အသဲကွဲရင် လူသူဝေးရာ အရပ်မှာနေပါ။

  • Tharlatt

    September 17, 2011 at 9:25 pm

    တယောက်ထဲနေရင် ငေါင်တောင်တောင် ဟိုတွေးဒီတွေးနဲ့ ပိုဆိုးမှာပေါ့ :((

  • musicalpunk

    September 18, 2011 at 12:23 am

    အသည်းကွဲတာ ဘယ်ကောင်းမလဲ……စကားပုံ ရှိတယ်လေ (ပျော်ပျော်နေသေခဲ မော်တော်တွေရေထဲတဲ့)
    မဖြစ်နိူင်ဘူးဆိုတာ မရှိပါဘူး။

Leave a Reply