လမင်းသို့ဒိုင်ယာလောခ့်

TharlattSeptember 15, 20111min1016

လမင်းသို့ ဒိုင်ယာလောခ့်

***မျှော်လင့်ချက်ဆီးနှင်းတွေကို

အရည်ဖျော်ပစ်မယ့်  နံနက်ခင်းနဲ့မဆုံချင်ဘူး

တိမ်ရောင်စုံတွေ  အုပ်စုဖွဲ့ပျံသန်းလို့

ပုဇွန်ဆီရောင်ညနေခင်းကလက်ပြခွဲခွါ

ပိန်းပိတ်အောင ်မှောင်လာမယ  ့်ညတဖက်မှာ

တောက်ပရွှန်းမြတဲ့  လမင်းရှိနေတယ် …..၊၊

***ပွယောင်းယောင်း  ဆန္ဒတစုံနဲ့

အဆိပ်သင ့်  အနာဂတ်နေ့တွေကြောင့်

စွဲလမ်းမှု ကမ်းပါးစွန်းက

တဖြည်းဖြည်းနိမ့်ဝင်   ပျောက်ကွယ်မသွားပါနဲ့

ဘောလုံးတပွဲလို

ပွဲသိမ်းခရာမှုတ်တော့မှ    အနိုင်အရှုံးအကြောင်းပြောကြရအောင်

နာကျင်အချိန်ပိုတွေမှာ

ဘဝအတွက် ရင်ခုန်ချင်သေးတယ်…..၊၊

***တကယ်ဆို ကိုယ်ဟာ

ချိုမြိန်တဲ့   ချစ်ခြင်းဖွဲ့ တေးချင်းတွေ မသီဆိုတက်ဘူး

နောင်တ အကြိမ်ကြိမ်ရပြီး ဘယ်တော့မှ မပြင်ဖြစ်ဘူး

မိုးရွာတိုင်းပွင့်တဲ့   ပန်းတွေကို မလိုချင်ဘူး

အဝေးကွင်းတွေမှာဖိအားကြောင့်   ခြေမှန်မပေါ်တက်ဘူး…..၊၊

***ဂျိုးအထပ်ထပ်ကပ်

ဆင်ခြေဖုံးရပ်ကွက်ထဲက   လဖက်ရည်ခွက်လို

ဘဝကို   အဖန်ဖန်ကွေးညွှတ်ရင်း

အဲဒီလရောင်အောက်က   လူတယောက်ဟာ

ကာဒီယိုနူရိုးဆစ်ရောဂါဖြစ်နေတယ်…..၊၊

သားလဒ်

 

6 comments

  • မီးမီး သော်

    September 16, 2011 at 12:07 am

    သားလတ်က အဝေးကွင်းမှာခြေမပေါ်ဘူးဆိုတော့ ဘောလုံးကစားတာ ခြေအိပ် စွပ်ကန်နေတာလေ။ဘယ်ခြေပေါ်မလဲ။ဟိ ဟိ ။စ တာပါနော့။

    • Tharlatt

      September 16, 2011 at 2:14 pm

      Thks for your comment

  • windtalker

    September 16, 2011 at 2:40 pm

    ကာဒီယို ဆိုတာ နှလုံးသား
    နူရိုးဆစ်ဆိုတာ က ဘာလဲဗျ

    • Tharlatt

      September 16, 2011 at 3:29 pm

      ရောဂါ နာမည်ပါ။ ယုံမှားလွန်သံသယ ဖြစ်တာပေါ့

  • musicalpunk

    September 17, 2011 at 4:37 pm

    (မိုးရွာတိုင်း ပွင့်တဲ့ပန်းတွေကို မလိုချင်ဘူး)အဲဒီ စာသားလေးကို ပိုကြိုက်တယ်။ဒါပေမယ့်( မျျှော်လင့်ချက်ဆီးနှင်းတွေကို အရည်ဖျော်ပစ်မယ့် နံနက်ခင်းတွေကို မဆုံချင်ဘူး)
    ဆိုတဲ့ထဲမှာ {နံနက်ခင်း}က ဘာကို ရည်ညွှန်းထားတာလဲ။

  • Tharlatt

    September 17, 2011 at 9:23 pm

    လမင်းကိုညအခါမှာပို ထင်ထင်ရှားရှား တွေ့ရတာလေ။ အောင်မြင်မှုတွေကို
    နံနက်ခင်းအလင်းရောင်နဲ့တင်စားရင် ညအမှောင်ထဲက လမင်းကို စွန့်ခွါပြီး
    အောင်မြင်မှုတွေဆီကို မသွားချင်ဘူးလို့ ဆိုလိုချင်တာပါ….

Leave a Reply