သက်သေခံပစ္စည်း လိုတယ်ဆိုလို့

etoneMay 15, 20101min1139

တစ်နေ့မှာ အဘွားတစ်ယောက်ဟာ ကုန်စုံဆိုင်တစ်ဆိုင်ကိုသွားပြီ

းတော့ အိမ်က
သူ့ခွေးလေး အတွက် ခွေးစာသွားဝယ်ပါတယ်။ ခွေးစာဝယ်ပြီး
ပိုက်ဆံရှင်းမယ်လုပ်တော့ ကောင်တာက ငွေကိုင် မိန်းကလေးက ..

” ကျွန်မတို့ဆိုင်မှာ ခွေးစာဝယ်မယ်ဆိုရင် အဘွားရဲ့ခွေးကို ပြနိုင်မှ
ရောင်းပေးလို့ရပါမယ် ” လို့ ပြောတယ်။

ဒါနဲ့ အဘွားလည်း အိမ်ပြန်ပြီး အိမ်က သူ့ခွေးကိုယူလာခဲ့ပါမှ
ခွေးစာဝယ်ယူခွင့်ရသွားပါတယ်။

နောက်တစ်နေ့မှာလည်း အဘွားက အဲ့ဒီဆိုင်မှာပဲ သူ့အိမ်က ပူစီလေးအတွက်
ကြောင်စာ လာဝယ်ပြန်ပါတယ်။ဒီအခါမှာလည်း ကောင်တာက ငွေကိုင် မိန်းကလေးက
မနေ့ကလို အလားတူ ပဲ… ” ကျွန်မတို့ဆိုင်မှာ ကြောင်စာဝယ်မယ်ဆိုရင်
အဘွားရဲ့ကြောင်ကို ပြနိုင်မှ ရောင်းပေး လို့ရပါ့မယ် ” လို့ ပြောပြန်တယ်။

အဘွားလည်း ဒီမိန်းကလေး တယ်ရစ်ပါလားလို့တောင် မစဉ်းစားတော့ပဲ အိမ်ပြန်ပြီး
သူ့ကြောင်မလေးကို ခေါ်ယူလာပြပါတယ်။ ဒါနဲ့ နောက်ဆုံး အဘွားလည်း ကြောင်စာ
ဝယ်ခွင့်ရခဲ့ပါတယ် ။

တတိယနေ့မှာ အဘွားဟာ ကုန်စုံဆိုင်လေးကို ထပ်မံရောက်ရှိခဲ့ပြန်ပါတယ်။
ဒီတစ်ခါတော့ အဘွားလက်ထဲမှာ ကဒ်ထူပုံးငယ်လေး တစ်ခု ပါလာ ပါတယ်။ အဘွားက
ကောင်တာက ငွေကိုင် မိန်းကလေးဆီ တန်းသွားလိုက်တယ်။ နောက်..
သူ့ကောင်တာရှေ့မှာရပ်လျှက်က လက်ထဲက ကဒ်ထူပုံး လေးကို ဆန့်တန်းပေးရင်း…

” ငါ့မြေး.. အထဲကို လက်ကလေးနှိုက် စမ်းကြည့်လိုက်စမ်း” လို့
ပြောလိုက်ပါတယ်။ မိန်းကလေး လဲ သူလက်ကလေးဆန့်တန်းလို့ ပုံးထဲ နှိုက်ကြည့်
လိုက်တော့ ပူနွေးပြီး နူးညံ့နေတဲ့ အတွေ့ အထိကို သူလက်ဖျားလေးတွေမှာ
ခံစားမိလိုက်ပါတော့တယ်။ ဒါနဲ့ မိန်းကလေးလည်း ဇဝေဇဝါဖြစ်နေတုန်း အဘွားက
အခုလိုပြောလာပါတယ်။

” အဘွားကို အိမ်သာသုံး စက္ကူ တစ်လိပ်လောက်ရောင်းပါကွယ် ” ..တဲ့။

9 comments

  • susunosuki

    May 15, 2010 at 3:55 pm

    အရမ်းကောင်းတာပဲဗျာ
    နောက်ဆုံးကျမှ ထည့်လိုက်တာ
    ထိတယ်ထိတယ်

  • Shwemannmay

    May 17, 2010 at 3:23 am

    လိုချင်ဦး သက်သေခံပစ္စည်း

  • banban

    May 17, 2010 at 5:36 am

    သိပ်ဉာဏ်ပြေးတဲ့ဘွားဘွားပဲ

  • Amie

    June 13, 2010 at 6:14 pm

    hahaha… smart grandma !!!!

  • pan pan

    October 14, 2010 at 8:13 am

    ကောင်းတယ်။ မှတ်ကရော။ ဟီးဟီး။

  • thidar

    October 14, 2010 at 8:25 am

    တော်တော် ဉာဏ်ပြေးတဲ့အဘွားနော်။

  • ဆူး

    October 14, 2010 at 8:44 am

    အော်.. ငွေကိုင်မိန်းကလေး လက်နဲ့ စမ်းမိတာ.. etone ဖြစ်နေတာကိုး.. ဟီးဟီး.. နာကြောတာ.. အပေါ်က ရေးထားတဲ့ ပူပူနွေးနူးညံ တဲ့ဟာကိုကြောတာနော်.. စာရေးသူကို ကြောတာ ဟုတ်ဘူး… တညိုးတွေးနဲ့နော်.. စာလုံးပေါင်းတူရင် ချောတီး.. နောက်တာ..

  • nature

    May 2, 2011 at 11:55 am

    အဟီး၊ မနှိုက်ခင်အနံ့မရဘူးလားမသိဘူး။

Leave a Reply