ံHot News Cover , ကဲ..ဘယ်လိုလဲ

ကထူးဆန္းSeptember 15, 20111min14312

၁၆-၂၂ စက်တင်ဘာ သတင်းပါ ။အမြင်များဖလှယ်နိုင်မည်ဟုယူဆူပါသည်။

ဧရာဝတီမြစ်ဆုံ စီမံကိန်း ဆက်လုပ်မည်ဟု

ပြည်ထောင်စုဝန်ကြီးပြော

 

ဒီလုပ်ငန်းနဲ့ပတ်သက်လို့ နောက်မဆုတ်ပါဘူး။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ကန့်ကွက်နေလို့ ဆက်လုပ်မှာလားလို့ မေးတာတွေရှိပါတယ်။ ဆက်လုပ်ပါမယ်။ ကုလသမဂ္ဂက ကန့်ကွက်ရင်ရော ဆက်လုပ်မှာလားလို့လည်း မေးတာတွေရှိပါတယ်။ ကုလသမဂ္ဂနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံနဲ့ပဲ ဆိုင်ပါတယ်။

ဦးဇော်မင်း (အမှတ်-၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး)

 

ဆန့်ကျင်ဘက်ကပြောနေကြတာတွေရော၊ ပြည်တွင်းပြည်ပကပြောနေကြတာတွေရော၊ အစိုးရ ဘက်က ပြောနေကြတွေအပေါ် ဘာမှမသိတော့ ဘယ်သူမှန်လည်း ပြောလို့မရဘူး။ သိရရင်တော့ လွှတ်တော်မှာ ပြောသင့်တာပြောသွားမယ်။ မြန်မာနိုင်ငံသားတွေကတော့ ဧရာဝတီကို ချစ်ကြတာပဲ။

ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

 

မြန်မာ့မီးရထားလမ်း ကွန်ရက်စီမံကိန်းများ ဘတ်ဂျက်အရ အရှိန်တစ်ဝက်လျော့ လုပ်ကိုင်သွားမည်

အရင်တပ်မတော်အစိုးရလက်ထက်မှာ ဗိုလ်ချုပ်မှူးကြီးက ဒါတွေကို ငါစပေးခဲ့မယ်၊ ဒါကောင်းတဲ့ကိစ္စ တွေဖြစ်တယ် မင်းတို့ နောက်တာဝန်ဆက်ယူမယ့်လူတွေက မလုပ်လို့မရတော့ဘူး။ ဒါကြောင့်မို့လို့ ဆက်ပြီးလုပ်ကြဆိုပြီး ချပေးခဲ့တယ်။

 

အခုပြည်ထောင်စုအစိုးရလက်ထက်မှာ နိုင်ငံတော်သမ္မတကြီးက မင်းတို့လမ်းအသစ်တွေ ဖောက်နေတာတော့ဟုတ်ပြီ ဒါပေမယ့် လမ်းဟောင်းတွေကျတော့လည်း မကောင်းဘူး မင်းတို့ကို ပိုက်ဆံလည်း ထပ်တိုးမပေးနိုင်တော့ဘူး အရေးကြီးတာ လူတွေအများဆုံး သွားနေတာ လမ်းဟောင်းတွေဖြစ်တယ် လမ်းဟောင်းတွေကောင်းအောင် ဦးစားပေးလုပ်လို့ ပြောတယ်။

12 comments

  • weRone

    September 15, 2011 at 6:03 pm

    မြန်မာ ပြည်မှာ လျှပ်စစ် မီဂါဝတ် ၁၅ဝဝ ပေးတာ သုံးမကုန်လို့ နိုင်ငံခြား ကိုရောင်းစားရတာပါ.. တဲ့..

  • မီးမီး သော်

    September 15, 2011 at 8:05 pm

    အမှတ်(၁)ဝန်ကြီးက ပိုနေတယ်တဲ့။အမှတ်(၂)ဝန်ကြီးက တော့မလောက်ငှပါဘူးတဲ့။ဘယ်သူ ့ကိုယုံရမှာလဲနော်။အလိမ်တွေပေါ်နေပီ။

  • zawmaung

    September 15, 2011 at 9:11 pm

    မီးရထားလမ်းကိုလဲတစ်ယောက်က အသစ်ဖေါက် တစ်ယောက်ကအဟောင်းပြင်သုံးတဲ့ ။ ဒါပေမဲ့ စိတ်ဝင်စားစရာက ဗိုလ်ချူပ်မူးကြီးစကားပြန်အာခံလာတာနဲ့ သတင်းစာမျက်နှာဖုံးမှာ ဖော်ပြရဲလာတာပါ.

    နောက် ဦးသိန်းညွန်ရဲ့စကားက မနေ့က ကြောင်ကြီး တင်တဲ့ NO DIRECTION အ တိုင်းဘဲ။

  • blackchaw

    September 16, 2011 at 9:48 am

    ရှိပြီးသားလမ်းဟောင်းတွေကို ကောင်းအောင်မလုပ်ပဲနဲ့ လမ်းသစ်တွေ ဖေါက်ဖို့ကြံတာကတော့ လွဲတယ်ထင်
    ပါတယ်။ ရန်ကုန်က လမ်းတွေကိုလည်း တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်။
    မောင်ဇော်မင်းစကားကလည်း ကျွန်တော်တို့နိုင်ငံနဲ့ပဲဆိုင်ပါတယ် ဆိုတော့ ကျွန်တော်တို့ ပြည်သူတွေနဲ့
    လည်းဆိုင်ပါတယ် လို့ထပ်ဖြည့်ချင်ပါတယ်။ ရွေးကောက်ပွဲလုပ်သလို ဧရာဝတီကို ဆန္ဒခံယူပွဲကျင်းပသင့်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ရင်လုပ်ကြည့်လိုက်ပါ။

    • pan pan

      September 16, 2011 at 10:28 am

      ရွေးကောက်ပွဲလုပ်သလို ဧရာဝတီကိုလည်း ဆန္ဒခံယူဖြစ်မယ်ဆိုရင်
      အမှန်အတိုင်းဖြစ်ဖို့ ဘယ်သူအာမခံနိုင်မလဲ
      ဒီတစ်ခါလည်း မဲမလိမ်ဘူးပြောနိုင်မလား
      မညစ်တော့ဘူး ပြောနိုင်မလား
      ရန်ကုန်လမ်တွေကတော့ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းလောက်ပဲ ကောင်းတယ်
      ကျန်တာ ကျောက်ပေါက်မာတော့ အနည်းနဲ့အများရှိတာချည်းပဲ

      • good

        September 16, 2011 at 2:31 pm

        ပြည်လမ်း ကမ္ဘာအေး လမ်း လည်း မကောင်းတော့ ပါဘူး။

  • aungnng87

    September 16, 2011 at 10:23 am

    ဒီနေ့ဖတ်ရတာတော့ ညွှန်ချုပ်လားမသိဘူးပြောတာ။ မီးလိုင်းတွေကြောင့် မီးမရတာပါတဲ့။မြန်မာပြည်ဆင်းရဲလို့ မီးလိုင်းတွေမရှိလို့ မီးမရတာပါတဲ့။ လျှပ်စစ်ကရှိပါတယ်တဲ့။ နည်းပညာအားနဲလို့ပါတဲ့.။သာမန်အရပ်သားတွေမသိနိုင်ပါဘူးတဲ့။ ဂျာနယ်တွေမှာရေးလဲ အရပ်သားတွေနားမလည်နိုင်ပါဘူးတဲ့။ ကိုယ်တို့ကတော့ စောင့်ကြည့်ဘဲ။ ဘာဖြစ်လာမလဲဆိုတာ။

    • ကြောင်ကြီး

      September 16, 2011 at 10:41 am

      မဇိ္ဈမဆိုက်မှာ ရေအားလျှပ်စစ်စီမံကိန်းညွှန်မှူးဆိုသူ ပြောသွားတာပါ။ လျှပ်စစ် (၁) နဲ့ လျှပ်စစ် (၂) တို့ ပြိုင်နေကြလား မသိပါဘူး။ အမှတ် (၁)က လျှပ်စစ်ဓာတ်အားထုတ်၊ အမှတ် (၂)က ဓာအားလိုင်းတွေသွယ် လို့ခွဲထားပုံရပါတယ်။ တကယ်ပဲ အငြင်းအခုံဖြစ်တာလား၊ ဖြစ်ဟန်ဆောင်နေတာလား ကာယကံရှင်များသာ အသိဆုံးဖြစ်ပါမယ်။

    • Zaw Wonna

      September 16, 2011 at 4:46 pm

      “သာမန်အရပ်သားတွေမသိနိုင်ပါဘူးတဲ့။ ဂျာနယ်တွေမှာရေးလဲ အရပ်သားတွေနားမလည်နိုင်ပါဘူးတဲ့”
      အဲဒီစကားကိုပဲ ခဏခဏ ပြောနေတာတွေ့တယ်။ ပြည်သူတွေကို တော်တော် လျှော့တွက်ထားပုံပဲ။ ဦးဇော်မင်းကလည်း သူသာအသိဆုံး ဆိုပဲ။ အခု မီဒီယာတွေမှာ ပြောဆိုနေကြတဲ့ လူတွေကလည်း နလဗိန်းတုံးတွေ မဟုတ်ဘူးဆိုတာ နားလည်သင့်တယ်။
      သာမန်အရပ်သားတွေက အစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းကို ဘာလို့ ရပ်လို့မရတာလည်း ဆိုတာလောက်တော့ နားလည်ကြပါတယ်။

  • taungpawthar

    September 16, 2011 at 12:46 pm

    မြစ်ဆုံကိစ္စက ပညာရှင်တွေ ဝင်ပါရတော့မယ့်ကိစ္စပါ အခုကတော့ ပညာရှင်မဟုတ်တဲ့သူတွေကပဲညင်းခုံနေကြတယ် ပညာရှင်တွေကလည်းနှုတ်ဆိတ်နေကြတယ် စက်မှုတက္ကသိုလ် မြို ့ပြဘာသာရပ် ဆည်နဲ ့တာတမံ အထူးပြုပြီး ကျောင်းပြီးထားသူတွေ နိုင်ငံခြားပြန်တွေအများကြီးရှိပါတယ်ဗျာ လွတ်လပ်စွာပြောခွင့်သာပေးလိုက်ပါ

  • zawmaung

    September 16, 2011 at 4:04 pm

    …….လျှပ်စစ်ကရှိပါတယ်တဲ့။ နည်းပညာအားနဲလို့ပါတဲ့.။သာမန်အရပ်သားတွေမသိနိုင်ပါဘူးတဲ့။ ဂျာနယ်တွေမှာရေးလဲ အရပ်သားတွေနားမလည်နိုင်ပါဘူးတဲ့။……..

    သာမာန်အရပ်သားတွေက သိစရာမလိုဘူးလေ။ မီးခလုတ် မီးဖွင့်ရင်လာဖို့ဘဲလိုတာ။ လာအောင်လုပ်ရမှာ သူတို့တာဝန်ပါ။

  • YeMin1982

    September 19, 2011 at 4:19 pm

    ဧရာဝတီကိုမြန်မာတွေအားလုံးပိုင်တယ်။
    အစိုးရကပိုင်တာမဟုတ်ပါ။
    အားလုံးမှာပြောခွင့်ရှိတယ်။
    ပြည်သူတွေကိုအထင်မသေးပါနဲ. ဦးဇော်မင်းရေ။

Leave a Reply