ငါတို့မြို့

…… ငါတို့မြို့ ……..

* မြို့ကိုပတ်ဝိုင်း ၊ တောင်တံတိုင်းတု့ိ
ရှုတိုင်းသာစွ ၊ စိမ်းစိုမြ၏ …. ။
* သုံးဆူဘုရား ၊ ဝန်းရံထား၍
ဆီးတားဒုက္ခ ၊ ကင်းဝေးရ၏ …. ။
* ငပလီကမ်း ၊ လှပဆန်းကြောင့်
တင့်ဆန်းသာစွ ၊ ဂုဏ်ရှိလှ၏ …. ။
* နေထိုင်မျိုးရင်း ၊ ရိုးသားခြင်းကြောင့်
အဆင်းတိုးလှ ၊ ဂုဏ်ယူရ၏ …. ။
* ဝံသာနုကျိုး ၊ ဆထက်တိုးအောင်
အမျိုးသီလ ၊ စောင့်ထမ်းကြ၏ …. ။
* မိုးအောက်ဝဠာ ၊ ဘယ်နေရာတွင်
ဖွေရှာမရ ၊ မြို့အလှတည့် …. ။ ။

6 comments

  • redbull

    September 15, 2011 at 8:15 pm

    ကောင်းလိုုက်တဲ့ ကဗျာလေးပါလား.. ဒါမှ မြို့အလှ ပေါ်လွင် သွားသလို ခံစားမိတယ်..
    ဘုရား ၃ ဆူ ကတော့ ရွှေ ဆံတော်၊ ရွှေနံတော် ၊ ရွှေ အံတော်ဘုရား ဖြစ်ပါတယ်..
    သမိုင်းဝင် ဘုရားတွေပါ ၊

  • MaMa

    September 15, 2011 at 8:19 pm

    ကြွားလွန်းတယ်။ ငါလည်း ငါတို့မြို့အကြောင်း ကဗျာ မစပ်တတ်လို့။ စပ်လိုက်ရင် သူတို့မြို့ထက်တောင် လှဦးမယ်။ 😀

  • pannu

    September 15, 2011 at 8:29 pm

    ဟုတ်ကဲ့ပါ MaMa ရှင့်…..၊ သံတွဲမြို့မှာကြွားစရာဆိုလို့ သမိုင်းဝင် ဘုရားသုံးဆူရယ် ၊ ငပလီကမ်းခြေရယ်၊ ဟော်တယ်ဇုံ ရယ်၊
    သမိုင်းဝင် တန့်တော်မူ ဘုရားရယ် ဒါတွေပဲရှိပါတယ်၊ တစ်ခြားမြို့တွေလို မဟုတ်ပဲ တိုးတက်ဖွံ့ဖြိုးမှု အင်မတန် နဲလှတဲ့မြို့လေး
    တစ်မြို့ပါ ၊ မရှိမရှား လူတန်းစားတွေ အများစု နေထိုင်ကြတဲ့ တောမြို့သာသာလောက်ပဲရှိတဲ့ မြို့ငယ်လေးပါရှင်… ။

  • မောင်ရေချမ်း

    September 15, 2011 at 8:34 pm

    ငါတို့ အိမ်

    ကချင်ကယား ကရင်ချင်း နှင့်
    မွန် ဗမာ ရခိုင် ရှမ်းတို့
    စုပေါင်းညီညာ အိမ် ဆောက်ရာသော်…
    တွဲလက် ယှက်ကာ စုပေါင်း ညီလျက်
    အပြုံးပန်းသီ မေတ္တာချီလို့
    စည်းလုံးချစ်ကြည် တို့ တိုင်းပြည်။ ။

    သည်းခံ နားလည် ရနံ့ကြွယ်စွာ
    စာနာတရား ရင်ဝယ်ထားလို့
    မည်သူ မည်မျှ မတိုက်မတွန်း
    ကြင်နာတရား ရင်ဝယ်ထွန်းသို့
    စောင့်ရှောက် ကြချေ ငါတို့ အိမ်။ ။

    (ငါတို့ မြို့ ဆိုလို့ မအောင့်နိုင်ပဲ ရေးလိုက်တာ ငါတို့ အိမ်ဖြစ်သွားသဗျ…အဟဲ…မှားခဲ့ရင်လည်း မောင်ရင်ငယ် ရေချမ်းတော့ မှားပြန်ပဟ လို့သာ…ခွင့်လွတ်ပေးကြပါရန်…. )
    ကို yetazar ရေ…ဆက်ရေးပါ။ ကျွန်တော် အားပေးပါတယ်… 🙂

  • မီးမီး သော်

    September 15, 2011 at 8:39 pm

    မောင်ရေချမ်းရော၊ရဲတေဇာပါ တော်လိုက်ကြတာ။လေးစားအားပေးလျှက်ပါနော်။

  • lupol

    September 15, 2011 at 9:24 pm

    ကျနော်လဲ အမြဲတမ်းစောင့်မျှော် အားပေးလျှက်ပါ ။ စဉ်ဆက်မပြတ်စောင့်စားလျှက်ပါ ။

Leave a Reply