သေမင်းခေါ်သံ

သေမင်းခေါ်သံ

မိုးဦးကျပြီ
မိုးရွာပြီတည်း
ဟိုဆီကွင်းစပ်
ဟိုအရပ်က
မပြတ်တမူ
အော်ဆူကြသည်
ဖါးပူထောင်သောင်း
အအော်ကောင်းသော်
ဖားကောင်းတစ်သိန်းသေရသည် ။

ကဗျာနာမည်လေးက `သေမင်းခေါ်သံ´ ကျွန်တော်အရမ်းကြိုက်တဲ့ကဗျာလေးပါ ။ ကဗျာဆရာကတော့ ပန်းညို(သံတွဲ) ပါ ။ ခုကျွန်တော်တို့ သံတွဲက အဖွဲ့တွေမှာလဲ ကဗျာလေးထဲကလိုဖြစ်နေပြီ ။ ဘာမှအသုံးမကျတဲ့ ဖား အော်သံကြောင့် ဖားတွေအများကြီးသေတာမျိုးဖြစ်တော့မယ် ။ မဖြစ်သင့်တာပါ ။ ဇာတ်တူသားစား ရင် ဟင်္သာကိုးသောင်းပျက်တဲ့သဓကလည်းရှိပြီးသားပါ ။ အသံဆူတဲ့ဖါးတွေကလဲ ကိုယ့်ကိုကိုယ်ဆင်ခြင်ကြပါ ။ ကိုယ့်မြို့ ၊ ကိုယ့်ရွာကို ဘယ်လိုလူတွေကဖျက်ဆီးနေတာလဲ ။ သေချာစဉ်းစားပါ ။ ပြီးရင် ဘယ်ဘက်ကရပ်တည်သင့်လဲ စဉ်းစားပါ ။ ကိုယ့်ကိုအရေးပေးတာနဲ့ပဲ တစ်မြို့လုံး ပျက်စီးမယ့်လုပ်ရပ်တွေကိုတော့မလုပ်ပါနဲ့ ။ ဘယ်သူတွေကမြို့ကိုဖျက်နေတယ်ဆိုတာ ပြောစရာမလိုဘူးထင်ပါတယ် ။ ကလေးတွေမှမဟုတ်တာ အသက်ကြီးရင်ဦးနှောက်လည်းကြီးလာတာပဲလေ ။ စဉ်းစားပေါ့ ။ ခေါင်းထဲမှာ ဦးနှောက်မရှိပဲ ငွေတွေပြည့်နေတာမျိုးကတော့မဖြစ်သင့်ပါဘူး ။ ဘယ်သူ့ကိုမှမရည်ရွယ်ပါဘူး ။ ကဗျာလေးနဲ့ဆက်စပ်ပြီးတွေးမိတာလေးကိုပြောတာပါ ။

15 comments

  • killer

    September 15, 2011 at 8:55 pm

    အင်း……. သေမင်းကတော့ တစ်ကယ်ခေါ်နေပြီ လို့ အိပ်မက် တွေ မက်မိနေတယ်….. ဟိုး တစ်ရက်က သေမင်းလာခေါ်တာ
    သေမိန့် မကျသေးလို့ဆိုပဲ…. သေမင်းက ပြောသွားသေးတယ်… နောက်တစ်ခေါက်လာအုံး မယ် ဆိုပဲ ။
    ( အိပ်မက်ထဲက အကြောင်းလေး တွေပါ မည်သူ့ကိုမှ မရည်ရွယ်ပါ )

  • ငရဲသား

    September 15, 2011 at 9:08 pm

    ထူးဆန်းလိုက်တာ အဖြစ်ခြင်း တူနေပီ ခေါ်သံတွေကြားနေရတယ် ၊ သေမင်းခေါ်သံ တဲ့ ၊ ကြောက်စရာ ။

  • mgmglusoe

    September 15, 2011 at 11:31 pm

    ခေါ်သင့် ခေါ်ထိုက်တဲ့သူကိုပဲ ခေါ်ကြပါဗျာတို့…. အနော်မပါဘူး… :mrgreen:

  • မီးမီး သော်

    September 15, 2011 at 11:39 pm

    ”ဪ..တကယ်တော့လူတွေဟာ”သေ”အောင်
    ကြိုးစားပြီးနောက်ဆုံးရတာကတော့”၆-ပေ ၃-ပေ”မြေကွက်လေးပါပဲလား”တဲ့။

    ကိုရဲတေဇာရေ အများအကျိုးအတွက် ဆောင်ရွက်ကြတယ်ဆိုတဲ့ နေရာမှာ အပြောတစ်သိန်း၊အလုပ်ဗလာ မဖြစ်ဖို ့တော့ လိုမယ်ထင်ပါတယ်။ကိုရဲတေဇာရဲ ့အတွေးနဲ ့အရေးကို ရာနှုန်းပြည့်ထောက်ခံပါတယ်။
    ပြုသူသိ၍၊မှားသူခံပါစေ။

  • akswe

    September 16, 2011 at 6:15 am

    သိုင်းဝတ္တု မှတ်လို့ ဝင်ကြည့်တာ လက်စသပ်တော့ ကဗျာကိုး…

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 16, 2011 at 11:23 am

    မှားပါတယ်ကွာ။ငါ့မလဲ ယမမင်းကခေါ်တယ်မှတ်လို့။လမ်းမှားရောက်လာတယ်။တယ်လာတဲ့ ကဗျာသံပါလားကွယ်ရို့။

  • mr.lone

    September 16, 2011 at 11:24 am

    သေမင်းဆိုတာတကယ်ရှိတယ်လို့ကြားဖူးတယ် …ချောလည်းချောတယ်တဲ့… ရုပ်ရှင်တွေဝတ္ထုထဲကလို. … ရုပ်ဆိုးဆိုးကြီးမဟုတ်ဘူးတဲ့…ဟုတ်လားဟင်…ရွာသူရွာသားအပေါင်းတို့…

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 16, 2011 at 11:56 am

    ကျုပ်တော့ မသိဘူး။နာမည်နဲ့လိုက်အောင် မုန်းကြလေတော့ ကျုပ်ငရဲရောက်မှမေးခဲ့မယ် ဟုတ်မှဟုတ်ကို။

  • chartatelay

    September 16, 2011 at 1:03 pm

    သေမင်းဆိုတာ အကုန်သွားကြရမှာလေ ဒါပေမဲ့ သွားတာခြင်းမတူဘူးလေ

  • MOEPWINTPHYU

    September 16, 2011 at 1:40 pm

    သေမင်က ရုပ်ဆိုးဆိုးလိုပြောသံကြားဘူတယ်
    ပုံထဲမှာလဲအဲလိုပဲဆွဲကြတယ်
    ဟုတ်လားတောမမြင်ဘူးလိုသိပါဘူး…

  • minthar

    September 16, 2011 at 9:05 pm

    အမလေး ကြောက်စရာကြီးပါ…
    ကျနော်တို့ မြို့မှာ သေမင်းခေါ်တော့မယ်လို့ထင်ကြေးပေး ခံနေရတဲ့ သူတစ်ယောက် ကားဘီးကျွတ်ပီး
    တော့ ဒရွတ်တိုက်ပါသွားတာ.. ကံလေးက ကောင်းနေတယ်ထင်ရဲ့..
    သတ္တဝါ အားလုံး ချမ်းသာကိုယ်စိတ်မြဲပါစေ..။

  • ရဲအောင်

    September 16, 2011 at 9:47 pm

    ကား အက်ဆီးဒင့် ဖြစ်တယ် ပြောသံကြားလို့ သွားကြည့်မိတယ်။
    ဘီးကျွတ်ထွက်သွားတော့ ဒရွတ်တိုက်ကြီး ပါသွားတာတဲ့။
    ကံ ကံ၏ အကျိုး ပေါ့..။ 😳

  • musicalpunk

    September 16, 2011 at 11:06 pm

    အင်း…..
    ဒီအသံ ကိုကြားဖူးကြလား… ငါတော့ကြားဖူးတယ်..အရမ်းကြောက်စရာကောင်းတယ်တဲ့သူခေါ်တဲ့ဆီရောက်သွားရင်HELP ME…..HELP ME…..နဲ့အော်နေကြတာတဲ့ ကြက်သီးထချင်စရာကြီးနော်…ငါတော့ကြားဖူးတယ်….
    ..ဇာတ်ကားထဲမှာပြောတာ။

  • yethaw

    October 1, 2011 at 11:06 am

    အသေမဦးခင် ဉာဏ်ဦးအောင် ပြင်ဆင်ထားဖို့လိုပြီ …

Leave a Reply