“အပျော်ဆုံးနေ ့” အပိုင်း (၃)

mandalarthuSeptember 15, 20115min16218

                            (၁၁-၉-၁၁)ရက်နေ ့ နံနက်(၁၁)နာရီမှာတော့  ကြိုတင်စီစဉ်ထားတဲ့အတိုင်း  ကျွန်မတို ့အဖွဲ ့ မြောက်ပြင် ၁ဝ လမ်းရှိ ထမင်းဆိုင်ဆီသွားရောက်ပြီး ထမင်းထုပ်တွေ ယူဆောင်ခဲ့ကြပါတယ်။

ထို ့နောက်မှာတော့ တစ်ဖွဲ့လုံးတက်ညီလက်ညီ ကား(၂)စီးနဲ ့ မန ္တလေးတောင်ခြေ ကုသိုလ်တော်ဘုရားရှိရေဘေးကယ်ဆယ်ရေးစခန်းဆီ ချီတက်ကြပါတယ်။ ပျော်တပြုံးပြုံး နဲ ့ပေါ့။

                                                   ဘုရားရောက်တော့  မိမိနိုင်သလောက် ထမင်းထုပ်များကို လက်ကဆွဲပြီး ကယ်ဆယ်ရေးစခန်းဆီ ပျော်ရွှင်စွာ  လှမ်းလာပြီး လှူဒါန်းရန်   ပြင်ဆင်ကြပါတယ်။

 

  ကုသိုလ်တော်ဘုရားသို့ရောက်သောအခါမှာ ရေဘေးကယ်ဆယ်ရေးစခန်းမှ        တာဝန်ကျသူက တစ်ဦးချင်းအိမ်ထောင်စုအလိုက်နာမည်ခေါ်ပြီးအဖွဲ.့ခေါင်းဆောင်ဆီကိုထမင်းထုပ်များကို လှူဒါန်းခဲ့ကြပါတယ်။

ဘုရားဝင်းအတွင်းရေဘေးသင့်လာရောက်ခိုုလှုံနေထိုင်သူအိမ်ထောင်စုပေါင်း(၁၃၅)စုရှိပြီး လူဦးရေစုစုပေါင်း(၄၇၅)ဦးရှိပါတယ်။ ကျွန်မတို့ကထမင်းထုပ်ပေါင်း(၅၅၀)လှုဒါန်းခဲ့ကြပါတယ ်

။လက်ခံရတဲ့ ရေဘေးသင့်သူတွေက အားလုံး ဆုတောင်းမေတ္တာများ ပို ့သပေးပြီး ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြပါတယ်။လှူဒါန်းသူနှင့်လက်ခံသူတွေရဲ့မျက်နှာမှာ အပြုံးပန်းတွေကိုယ်စီနဲ့ပေါ့။

                                      ပြီးနောက် အဖွဲ ့လိုက်ဓာတ်ပုံရိုက်ပြီး “အောင်ပြီ” “အောင်ပြီ” “အောင်ပြီ” ဟု(၃)ကြိမ် မိမိတို ့ရဲ  ့ အလှူအောင်ပွဲကို ဝမ်းမြောက် ဝမ်းသာစွာ ကြွေးကြော်ခဲ့ကြပါတယ်။

ကျွန်မတို့ တဖွဲ  ့လုံး မျက်နှာများက ကြည်လင်ဝင်းပပြီး ပျော်ရွှင်မှုတွေအပြည့်၊ ကြည်နူးမှုတွေအပြည့် မိမိ တို ့ရဲ  ့တစ်နိုင်တစ်ပိုင် ထမင်းတနပ်စာ လှူဒါန်းခဲ့မှုအတွက် ဝမ်းမြောက်မှုတွေ အပြည့်နဲ ့ပေါ့။

အပြန်ခရီးမှာတော့

ကျွန်မရင်ထဲမှာ “ပေးခြင်းနဲ ့ယူခြင်း” မှာ “ပေးခြင်း” (ဒုက္ခရောက်နေသူကို ကူညီခြင်း ၊သူတစ်ပါး  ရ.ဲ  လိုအင်ဆန္ဒများကို မိမိတတ်နိုင်သလောက် ဖြည့်ဆည်းပေးခြင်း) ရဲ  ့အနှစ်သာရကို ကိုယ်တွေ  ့ တွေ ့ကြုံခံစားခဲ့ရလို ့ဘာန.ဲ မှ မလဲနိုင်သော သဒ္ဓါပီတိဂွမ်းဆီထိသည့်အလား တသိမ့်သိမ့်ခံစားခဲ့ရပါတော့တယ်။  ယခုစာရေးနေချိန်အထိလဲ ကုသိုလ်တရားများပွားများပြီး ပျော်ရွှင်ရဆဲပါ။

ကျွန်မဘဝရဲ  ့  အပျော်ဆုံးနေ ့လေးပေါ့။

 

 

 

 

 

 

 

 

 

 

18 comments

  • alinsett

    September 16, 2011 at 1:54 pm

    ကိုယ်လည်း အဲဒီလို ခရီးတွေ မသါားရတာ ကြာပြီဆိုတော့ သွားချင်လာပါတယ် ။

    နောက်လည်း ဒီလို မှတ်တမ်းလေးတွေ များများတင်ပါဦး။

    • mandalarthu

      September 16, 2011 at 8:58 pm

      Yes,I will post if I have sth good to share to all.You will get a chance to travel on someday .Mandalay is my native town,I did it in my town,it is not a trip.
      Thanks a lot for yr comment.

  • windtalker

    September 16, 2011 at 2:34 pm

    မန်တလာသူ ရဲ ့
    ဓါတ်ပုံ မှတ်တမ်းတွေ ကို ကြည့်ပြီး
    ဝမ်းမြောက်ဝမ်းသာ
    သာဓု ၃ကြိမ် ခေါ်သွားပါတယ် နော်

  • Shwe Ei

    September 16, 2011 at 3:23 pm

    အများကောင်းကျိုး ဆထက်တိုးလို့ သယ်ပိုးနိုင်ပါစေ mandalarthu ရေ။

  • chitsu

    September 16, 2011 at 3:23 pm

    သာဓုခေါ်ပါတယ်.လေးစားပါတယ်
    အဲ.လို.မျိုးကူညီတတ်တဲ.စိတ်ထားကိုပါ

  • မီးမီး သော်

    September 16, 2011 at 5:15 pm

    ပရဟိတ စိတ်လေးကိုချီးကျူးပါတယ်။ကျွန်မတို ့ဆို ခုထိဖြစ်ဖြစ်မြောက်မြောက် လုပ်မပေးနိုင်တော့ စိတ်မကောင်းပါဘူး။

    • mandalarthu

      September 16, 2011 at 8:52 pm

      မီးမီးလည်း တစ်နေ.နေ. တော.အခါအခွင်. ကြံ ု လာ မှာပါ။
      အဲ ခါ ကျရင် လက်မနေး နဲ. နော်။

  • zawmyothu

    September 16, 2011 at 6:02 pm

    သာဓု သာဓု သာဓု ပါ။

  • koyinmaung

    September 16, 2011 at 9:46 pm

    ဝမ်းသာစရာသတင်းလေးပါဘဲ
    ခလေးတွေတက်ညီလက်ညီနဲ့
    ဓါတ်ပုံလေးတွေကြည့်ရတာ
    ကြည်နူးစရာပါ….
    သာဓု..ပါဗျာ

  • barnay

    September 16, 2011 at 9:53 pm

    း)
    အောင်ပြီ … အောင်ပြီ… အောင်ပြီ….
    ကြိုက်တယ်ဗျာ… ။

    သာဓု သာဓု … သာဓု.. ပါ ဟု ဝစီကံ မနောကံဖြင့် သာဓုခေါ်ပါသည်။

    • mandalarthu

      September 23, 2011 at 8:50 pm

      အမျာအားနဲ.းစုပေါင်းပြီး ြ ကိ ုးစားလုပ်ဆောင်ခဲ.ရတာမို. အောင်မြင်သွားတဲ.အခါအားလုံးဝမ်းသာတဲ့ အနေနဲ. ဟစ်ကြွေးခဲ.ကြတာပါ။
      ကျေးဇူးပါ နော်။

  • ရွှေအိမ်စည်

    September 17, 2011 at 4:18 pm

    ဒါကတော့မပြောပြရသေးဘူး…

    သာဓု..သာဓု…သာဓု…..

    ပုံတွေ ကော စာတွေကော..အကုန်ဖတ်သွားတယ်…။

    ဆုတောင်ရင်ကောင်းမှုတွေလုပ်တော့…နတ်သားဘဲဆုတောင်းနော်….
    ပျော်ရွှင်မှုပါကူးဆက်သွားပါတယ်…..

    ခင်မင်လေးစားသော
    ရွှေအိမ်စည်

  • mandalarthu

    September 17, 2011 at 9:02 pm

    Shwe Ein Si,Thanks for yr sharing.For me,I didn’t pray for ”Nat thar”.
    The only thing I pray is” Nivanna,free from all sufferings”.But,I know that I can’t get there not by praying,but by doing meditation.So,I pray this merit as an assisit for Nivanna.

  • မီးမီး သော်

    September 18, 2011 at 12:06 am

    မမ ကိုသိပ်အားကျတာဘဲ။ ကြိုးစားပေါ့မယ် မမရေ။မမ တို ့အလှူမှာ ကိုယ်တိုင်မပါဝင်ရပေမယ့် ပျော်စရာကြီးနေမှာပါ ခံစားရတယ်လေ။

    • mandalarthu

      September 23, 2011 at 8:56 pm

      ဟုတ်ပါတယ်။ ယခုထိ ကြည်နူးနေဆဲပါ။ ကုသိုလ်ပီတိပေါ့။ မီးမီးလည်း တနေ ့ အခွင့် ကြံ ုလာမှာပေါ့။

Leave a Reply