အမရပူရခေတ်က…. …ဘဏ္ဍာတိုက်…….

ကျနော်မြင်ဘူး ကြည့်ဘူးတဲ့စာအုပ်လေး တအုပ်ထဲမှာ အင်းဝ။စစ်ကိုင်း၊မန်းလေး၊အမရပူရ
(မန်းလေးသားကလူတွေက တောင်မြို့လို့ဘဲခေါ်ပါတယ်)နဲ့မေမြို့(အခုတော့ ပြင်ဦးလွင်)မြို့အကြောင်း ရေးထားတာတွေ ပါ ပါတယ်။
(ဘိုလိုရေးထားတော့ လုံးစေ့ပါတ်စေ့တော့နားမလည်ပါဘူး)
အဲဒီထဲမှာ ဓါတ်ပုံတွေလဲပါ ပါတတယ်။
ရိုက်ချက်တွေက ကျနော်အခုရိုက်တဲ့ပုံတွေထက်အများကြီးသာတာပေါ့။
အဲဒီထဲမှာ အမရပူရခေတ်က အဆောက်အဦကြီး နှစ်ခုပုံပါ ပါတယ်။
ငွေတိုက်ရယ် မှတ်တမ်းတို်က်ရယ်ပေါ့။
အဲဒီတုံးကတော့အမှတ်တမဲ့ပါ။
တကူးတကလဲသွားမကြည့်ဖြစ်ပါဘူး။
လွန်ခဲ့သောဆယ်နှစ်လောက်က သင်္ကြန်တွင်းရက်တစ်ရက် မိတ်ဆွေတစ်ယောက်ကို အဲဒီဘက်လိုက်အပို့
ဓါတ်ပုံထဲမှာမြင်ခဲ့တဲ့ အဆောက်အဦကြီးကို ခြုံနွယ်ပိတ်ပေါင်းတွေကြားမှာ ဘွားကနဲ့မြင်လိုက်ရတော့ ရင်ထဲမှာ တစ်မျိုးကြီးခံစားရပါတယ်။
ဒါပေမယ့် အဲဒီတုံး ကျနော်မှာကင်မရာ ဆိုတာမရှိတော့ နှလုံးသားနဲ့ဘဲမှတ်တမ်းတင်ခဲ့ပါတယ်။
ကင်မရာရှိလာပြန်တော့ လဲ မသွားဖြစ်။
အခုရက်မှာတော့ အောင်မြင်စွာ မှတ်တမ်းတင်ခဲ့နိုင်ပါတယ်။

ဒါကတော့ ခြုံနွယ်ပိတ်ပေါင်းတွေကြားက ငွေတိုက် ဒါမှမဟုတ် ဘဏ္ဍာတိုက်ပေါ့

ဒါကတော့အနောက်ဘက်ခြမ်းကမြင်ရတဲ့ပုံပါ။
ငွေတိုက်ကိုဘေးတိုက်မြင်ရတဲ့ပုံလေးပါ(မပြုမပြင်ထားတော့ တိုက်ကအရောင်တွေပြောင်းနေပါတယ်။)

ဒါကတော့ အနောက်ဘက်ခြမ်း ခပ်လှမ်းလှမ်းကနေရိုက်ထားတဲ့ပုံပါ။

အဆောက်အဦးတစ်ခုလုံးမြင်ရတဲ့ပုံလေးပါ။

အဝေးကမြင်ရတဲ့ငွေတိုက်

 

အောက်ခြေမှာအပင်တွေရှုပ်နေတော့ ဒီထက်ပိုကပ်လို့မရပါဘူး။

မြောက်ဘက်အနီးကပ်မြင်ရတဲ့ပုံ

အောက်ခြေမှာတောထနေတော့ ဘယ်လိုမှဝင်လို့မရဘူး

ထုထည်ကြီးကြီး အနီးကပ်ကပ်(မြောက်ဘက်အောက်ခြေကနေရိုက်ထားတာပါ)

အောက်ခြေအနီးကပ် ကကြည့်မိတော့ နည်းတဲ့ ဒုမဟုတ်တာသိရပါတယ်

ငွေတိုက်ကို အရှေ့တောင်ဘက်ကနေကြည့်ရင်မြင်ရတဲ့ပုံလေးပါ။

(ဒီအရှေ့ဘက်ခြမ်းမှာတော့ လူသွားလမ်းလေးရှိပြီး ဝင်ပေါက်တွေလဲရှိပါတယ်)

အရှေ့တည့်တည့်ခပ်စောင်းစောင်းလေးကြည့်တော့

(ပြိုပျက်ကွဲအက်နေတဲ့ ဒဏ်ရာလေးတွေကိုတွေ့နေရပါတယ်။)

အောက်မှာဂူပေါက်ကလေးတွေရှိပါတယ်။
(

ဒီအပေါက်လေတွေထဲက နေဝင်သွားရင်အထဲရောက်မယ်လေ

ဒီဂူပေါက်ကလေးကဝင်သွားရင်အထဲကိုရောက်ရော

ဒီအပေါက်ကလေးကနေအထဲဝင်ကြည့်မယ်ဆိုရင်

အထဲဝင်တာနဲ့ဒီလိုတွေ့ရမယ်လေ

ဒီအထဲကိုဝင်ပြီးရင်အပေါ်တက်လို့တော့ရတယ်။

ဒါကတော့ စာအုပ်ထဲက ကူးထားတဲ့ပုံလေးပါ။

ရှေးက ငွေတိုက်ပုံလေးပါ

ငွေတိုက်နဲ့ မှတ်တမ်းရုံးတွဲမြင်ရတဲ့ပုံလေးပါ။

ငွေတိုက်နဲ့မှတ်တမ်းရုံး နှစ်ပုံလုံးပါချင်တော့ အမိူက်ပုံကြားကရိုက်ခဲ့ပါတယ်၊

ဒီဓါတ်ပုံပါတဲ့စာအုပ်လေးကို မြင်ကတည်းက ဒီရှေး အမရပူရလက်ရာ အဆောက်အဦးကို စိတ်ဝင်စားခဲ့ပါတယ်။
အနားရောက်တော့ကင်မရာမပါ။
ကင်မရာပါတော့ ရိုက်ဘို့အဆင်မပြေ။
အခုတေ့ာ အောင်မြင်သွားပါပြီ။
ဒီအဆောက်အဦတွေကို ကြည့်ချင်ရင်တော့ စစ်ကိုင်းမန်းလေးလမ်းမအတိုင်းလာခဲ့ပါ။
ကပ်ကျော်ကွေ့ရောက်ရင် လမ်းမကြီးကဖဲ့ဆင်းလို့ ကပ်ကျော်ဈေး(နန်းတော်ရာဈေး)ရှေ့ကလမ်းလေးအတိုင်း
တောင်သမန်အင်းဘက်ကိုသွားတဲ့ဖြတ်လမ်းအတိုင်းလိုက်သွားပါ။
သံလမ်းကျော်ပြီးပြီဆိုတာနဲ့အရှေ့ဘက် သွားတဲ့လမ်းအတိုင်းသွားလိုက်ပါ။
သံလမ်းရောက်တာနဲ့ သစ်ပုံတွေကြားထဲမှာ ဒီအဆောက်အဦနှစ်ခုကို မြင်ရပါပြီ။
ငွေတိုက်ဘေးက လမ်းအတို်င်းအရှေ့ဆက်သွားမယ်ဆိုရင်တော့
မြပုခက် ဘုရားကိုရောက်သွားမှာပါ။
ရောက်အောင်သွားလိုက်နော်
နောက်ရက်မှာ မှတ်တမ်းရုံးပုံတွေဆက်တင်ပေးပါမယ်။

20 comments

  • koyinmaung

    September 17, 2011 at 9:40 am

    သမိုင်းဝင်အဆောက်ဦးတွေကိုထိမ်းသိမ်းထားဘို့ကောင်းပါတယ်
    ခြုံနွယ်တွေနဲ့စိတ်မကောင်းစရာပါ
    တန်ဘိုးထားရမှန်းလဲမသိကြပါလားနော်…
    ခုလိုရှာဖွေဓါတ်ပုံရိုက် တင်ပေးတာကျေးဇူးပါ….
    ကူးထားလိုက်ပါတယ်…

  • Maung Dae`

    September 17, 2011 at 10:14 am

    ဦးပေါက်ရေ.. ကျွန်တော် တောင်မြို့သားတောင် အဲ့ဒီ တိုက် ၂ ခုကို ငယ်ငယ်က တစ်ခါပဲ ဖြတ်သွားဖူးလို့မြင် ဖူးတာ.. ခုလို တကူးတက လူတွေသိအောင်ဖော်ထုတ်ပေးလို့ကျေးဇူးပါ.. ကျွန်တော်လဲ ကျွန်တော်တို့ တောင်မြို့မှာ လူတွေသိပ်မသိသေးတဲ့ ရှေးခေတ်အဆောက်အဦးတွေ ကိုဖော်ထုတ်ချင်တယ်.. ရွှေကူကြီး ဘုန်းကြီးကျောင်းထဲမှာ ၂ ထပ်ကျောင်းတိုက်ကြီးတစ်လုံးရှိတယ်.. ဘေးအကာတွေပဲရှိတော့တယ်.. ကြမ်းပြင်တွေတွေကတော့ ပြိုကျထားတယ်… အဲ့သည်လိုဟာတွေအများကြီးပဲ.. ဖော်ထုတ်ပြီး ထိန်းသိမ်းသင့်တယ်….
    (ပြောသာပြောရတာ.. အစိုးရသိသွားပြီး လေလံပစ်လိုက်ရင်တော့ ဒုက္ခ)

  • Shwe Tike Soe

    September 17, 2011 at 11:05 am

    ကျွန်တော် အရင်ဘဝက ဦးစီးမှူးဖြစ်ခဲ့တဲ့ နေရာထင်တယ်နော်……….
    ကျွန်တော်လဲ အဲဒီကိုရောက်ဘူးတယ်…

    • ပေါက်ဖော်

      September 17, 2011 at 6:50 pm

      ငွေတွေဘယ်မှာ ဥခဲ့သလဲခင်ည..
      သိမ်းခဲ့တဲ့နေရာကို..အတိတ် နိမိတ်လေးရ.အိပ်မက်လေးဘာလေး မက်ရင် လက်တို ့ပါဦး..ဗျ
      သွားတူးကြရအောင်လို ့..
      😀

  • နီလေး

    September 17, 2011 at 11:06 am

    အလွန်တန်ဖိုးရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေပါ ဒီရှေးဟောင်းအဆောက်အဦးတွေကို ထိန်းသိမ်းမှုတွေမပြုကြဘူးလား မသိဘူးနော် အရင်ခေတ်က အဆောက်အဦးတွေကို အုပ်အထူကြီးတွေနဲ့ ဆောက်ကြတယ်နော်

  • နွယ်ပင်

    September 17, 2011 at 11:43 am

    ရှေးဟာင်းလက်ရာတွေကို ထိန်းသိမ်းထားသင့်တယ်
    အခုလို မြင်ရတာ စိတ်မကောင်းစရာပဲနော် ………

  • Ko Artless

    September 17, 2011 at 12:06 pm

    ကိုပေါက် ခုလိုမျိုး တင်ပေးတာ အရမ်းဝမ်းသာတယ်ဗျာ…ကျွန်တော်တို့ မန်းတလေး တစ်ဝိုက်မှာက ရှေးဟောင်းယဉ်ကျေးမှု အမွအနှစ်တွေတော်တော်များတယ်ဗျ…ကျွန်တော်တို့ တစ်တွေထိန်းသိမ်းနိုင်ဖို့ အများကြီး အများကြီးကြိုးစားရဦးမယ်…ကိုပေါက်ရေ….

  • yetazar

    September 17, 2011 at 12:52 pm

    အဲဒီဘဏ္ဍာတိုက်ထဲမှာ ခု ဘာတွေရှိသေးလဲ ။ ဘဏ္ဍာတွေမရှိတော့ဘူးလား ။ တစ်ကယ်မသိလို့မေးတာပါ ။ ပြတိုက်သဘောမျိုးနဲ့ ရှေးဟောင်းဘဏ္ဍာတွေထားတာမျိုးရှိသေးလား ။

  • မီးမီး သော်

    September 17, 2011 at 1:29 pm

    အော် တစ်ချိန်က နုပျိုမှုတွေ ဘယ်လိုမှပြန်မရနိုင်တော့တာလေးသွားသတိရမိတယ်။စိတ်မကောင်းဖြစ်သွားတယ် ကိုပေါက်ရေ။ဒါပေမယ့် ရှာရှားပါးပါး ခုလိုတင်ပေးတော့ ကျေးဇူးပါနော်။

  • cobra

    September 17, 2011 at 3:03 pm

    ရှေးဟောင်းလက်ရာမှန်ရင်ထိန်းသိမ်းကြပါတယ်။
    တန်ဖိုးရှိတာတွေကိုလေ။

  • ရွှေကူကြီး ဘုန်းကြီးကျောင်းထဲမှာ ၂ ထပ်ကျောင်းတိုက်ကြီးတစ်လုံးရှိတယ်.. ဘေးအကာတွေပဲရှိတော့တယ်.. ကြမ်းပြင်တွေတွေကတော့ ပြိုကျထားတယ်… အဲ့သည်လိုဟာတွေအများကြီးပဲ.. ဖော်ထုတ်ပြီး ထိန်းသိမ်းသင့်တယ်….

    အဲဒီပုံက ကျနော် 2011 အေပရယ်လတုံးက တင်ထားပါတယ်။
    တကယ်လို့မကြည့်ရသေး ပြန်ရှာမရဘူး ဆိုရင် ပြန်တင်ပေးပါမယ်။

  • အထဲမှာခြုံနွယ်ပိတ်ပေါင်းတွေရှိတာရယ် တစ်ယောက်ထဲဖြစ်နေတာရယ်ကြောင့် ဝင်မကြည့်ဖြစ်ဘူး။
    ဒါပေမယ့် ထပ်သွားပြီးအထဲကို ဝင်ရိုက်အုံးမှာပါ။
    ဘဏ္ဍာကတော့ ဘာမှရှိမယ်မထင်တော့ဘူး
    နှစ်တွေကြာ ကြာမှကိုးဗျာ

  • nozomi

    September 17, 2011 at 6:46 pm

    ပုံထဲမှာ မြင်ရတာ ဘာမှ ထိန်းသိမ်းမှုမရှိပဲ ပစ်ထားတဲ့ပုံပဲ၊ အဆောက်အဦးအပေါ်မှာ သစ်ပင်တွေတောင်ပေါက်လို့ နှမြောစရာ

    စနစ်တကျ ထိန်းသိမ်းပြီး ခရီးသွားလုပ်ငန်းမှာ လေ့လာစရာ နေရာတစ်ခုအနေနဲ့ ပြစားလို့ရမယ်
    ဒီပို့စ်ကို တာဝန်ရှိတဲ့သူ တစ်ယောက်ယောက်တွေ့သွားပြီး အမြန်ဆုံး အမွေအနှစ်တစ်ခု အဖြစ်ထိန်းသိမ်းထားစေချင်ပါတယ်
    ခက်ခက်ခဲခဲ ရိုက်ပြီး တင်ပေးတဲ့ ဦးပေါက်ကို ကျေးဇူးတင်ပါတယ်

  • weiwei

    September 17, 2011 at 9:15 pm

    နောက်တစ်ခါ မန်းလေးရောက်ရင် ကိုပေါက်ကိုပဲ အကူအညီတောင်းပြီး ထူးဆန်းတဲ့နေရာတွေ လိုက်ပို့ခိုင်းတော့မယ် … မန်းလေးခဏခဏရောက်ဖူးပေမယ့် အဲဒီလိုနေရာတွေ မရောက်ဖူးဘူး ..

  • captainamerica

    September 17, 2011 at 11:00 pm

    မန္တလေးတော့ခဏခဏရောက်တယ် ကိုပေါက်ပြတဲ့နေရာတွေကို
    ကြားတောင်မကြားဖူးဝူး။လေ့လာစရာဒီလိုနေရာမျိုးတွေရှိတယ်လို.
    လဲဘယ်သူမှမပြောကြဝူး။စိတ်မကောင်းစရာပဲ မြင်ရတာ
    ကျွန်တော်တို.ဗမာလူမျိုးတွေရှေးဟောင်းအမွေအနှစ်တွေကို
    တန်ဖိုးထားရကောင်းမှန်းမသိကြတော့ဝူးလား??????????

  • windtalker

    September 17, 2011 at 11:36 pm

    မန်းတလေးသားပါ
    ကိုပေါက် တင်မှ ပဲ
    ရှိတယ်ဆိုတာ သိတယ်
    ကောင်းလှတေး ကောင်းလှတေး
    စကားမစပ်
    မယ်နု အုတ်ကျောင်းလို
    အဲဒီမှာလဲ
    ချစ်ခြင်း လွန်ကဲသူများနဲ ့
    ကြုံတွေ ့ရနိုင်သလား လို ့
    ဟီဟိ

  • မဟုတ်တော့ဘူးပြောင်းသွားပြီလိုဘဲဆိုချင်ပါတယ်။
    အခုတော့ ခြုံတွေရှင်းထားပြီးပါပြီ
    ဝမ်းသာစရာပါဘဲ

Leave a Reply