လျှပ်စစ်ဝန်ကြီးအတွက် ကော်လီနာရဲ့ အနီကတ်

black chawSeptember 16, 20111min19719

ကျွန်တော်ဟာ

အခုတလောမှာ

ခြေထောက်သုံးချောင်းနဲ့

လက်တစ်ချောင်းကို

လိုချင်တဲ့ စိတ်ဖြစ်နေမိတယ်။

Real Madrid က

စီရော်နယ်လ်ဒိုရဲ့

ခြေထောက်ကို

ခဏလိုချင်တယ်။

ဧရာဝတီမြစ်ကြီးကို

လက်ညှိုးထိုးပြီးရောင်းစားတဲ့

လျှပ်စစ်ဝန်ကြီးရဲ့ခေါင်းကို

ဖရီးကစ်ကန်သလို

ကြုံးကြုံးကန်ချင်လို့။

အင်္ဂလန်က

ဒေးဗစ်ဘက်ခမ်းရဲ့

ခြေထောက်ကို

ခဏလိုချင်တယ်။

ဧရာဝတီမြစ်ကြီးကို

အိမ်ကမိန်းမကြီးလောက်မှ

ချစ်ရကောင်းမှန်းမသိတဲ့

အဲဒီလူကြီးကို

ဖရီးကစ်ကန်သလို

ကြုံးကြုံးကန်ချင်လို့။

ဘရာဇီးက

ရော်ဘတ်တိုကားလို့စ်ရဲ့

ခြေထောက်ကို

ခဏလိုချင်မိတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို

အိမ်က မိန်းမ စိန်နားကပ်ထိန်းသိမ်းရေးလောက်မှ စိတ်မဝင်စားတဲ့

အဲဒီလူကြီးရဲ့ခေါင်းကို

ဖရီးကစ်ကန်သလို

ကြုံးကြုံးကန်ချင်လို့။

အင်း…..

လက်တစ်ချောင်းကျန်သေးတယ်။

အီတလီဒိုင်လူကြီး

ကော်လီနာရဲ့ လက်ကြီးကို

ခဏလိုချင်မိတယ်။

ဧရာဝတီမြစ်ကြီး

ထာဝရအနားယူသွားရလောက်အောင်

စီးပွားရေးကစားပုံကြမ်းတဲ့

အဲဒီလူကြီးကို

တိုက်ရိုက် အနီကတ်နဲ့

မြန်မာပြည် နိုင်ငံရေးကွင်းထဲက

အပြီးအပိုင်မောင်းထုတ်ချင်လို့။

 

 

 

19 comments

  • ပေါက်ဖော်

    September 16, 2011 at 10:36 am

    G’d Idea!
    ရေလည်လန်းတယ်..
    ကြိုက်တယ်..ခိုက်တယ်…..မိုက်တယ်.. 😛

    • မီးမီး သော်

      September 16, 2011 at 12:54 pm

      ကိုပေါက်ဖော်ရေ…ပေါင်ချိန်ရဲ ့ခွေးခေါင်းဓားစက်မှ သူတို ့နဲ ့သင့်တော်မလားလို ့နော့။

  • MOEPWINTPHYU

    September 16, 2011 at 10:57 am

    အရမ်းရီရတာပဲ ကောင်းတယ်…
    အားပေးပါတယ် black chaw ရေ

  • good

    September 16, 2011 at 11:11 am

    မြန်မာ့ဧရာဝတီချစ် ခြေထောက် တိုင်း အဲ ဒီလူ ခေါင်း ကို ကန်ဖို့ ဆို စီရော်နယ်လ်ဒို၊ ဒေးဗစ်ဘက်ခမ်း၊ရော်ဘတ်တိုကားလို့စ် တို့ ကန်တာထက် ကောင်း အောင် ကန်နိုင်ပါတယ်။
    မြန်မာ့ဧရာဝတီ ချစ် လူသားတိုင်း ဒီလူကြီးကို မောင်းထုတ် နိုင်ရုံ မက ဧရာဝတီ ကြီးပါ ကာကွယ် နိုင် မယ်လို့ ယုံကြည်နေပါတယ်။

  • ကြောင်ကြီး

    September 16, 2011 at 11:25 am

    အဲဒီလူကြီးက ဘာမှမလိုချင်ဘူး၊ သေနတ်တလက်သာရှိရင် အရာရာအေးချမ်းတယ်လို့ ဆိုချင်ပါသတဲ့ကွယ်။

  • စုံ စုံ

    September 16, 2011 at 11:28 am

    blackchaw ရေ တွေးတတ်ရေးတတ်ပါပေ့
    ရေးထားတာသဘောကျတယ်

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 16, 2011 at 11:53 am

    ငါကတော့ ဘောလုံးပွဲမှတ်လို ့။ညကပွဲဘယ်သူနိုင်သွားလဲ။သိရင်ပြောကြပါအုံးဗျို့။
    ကော်လီနာ ဆိုတာ အီတလီက ဂြိုဟ်သား ခုဘယ်ရောက်နေလဲ။

    • good

      September 16, 2011 at 1:34 pm

      ဘောလုံးလောက်တောင် အလေး မထားပါလား။ဝါသနာ အတော် ကြီးသကိုး ကိုစစ်မုန်းရဲ့။

  • yetazar

    September 16, 2011 at 12:09 pm

    ကြိုက်ပါတယ် ဗျို့ ။

  • piti

    September 16, 2011 at 1:15 pm

    ကောင်းလိုက်တဲ့ စိတ်ကူးလေး…
    ဟာသ အမြင်လေးနဲ့ ရေးထားပေမယ့် ကောင်းလွန်းတော့ ဧရာဝတီအတွက် ရင်မောရပါတယ်…
    ဧရာဝတီ အဓွန့်ရှည်တည်တံ့ပါစေ…………

  • နီလေး

    September 16, 2011 at 1:55 pm

    နင်တို့ဘာပြောပြော ငါကလုပ်ချင်ရာလုပ်မှာပဲတဲ့

  • Koyin Sithu

    September 16, 2011 at 4:30 pm

    ဧရာဝတီ မြစ်မှာ ဟိုတစ်လောတုန်းက ငါးဖမ်းလှေလေးနဲ့ လိုက်ကြည့်တာ မှတ်မိသေး..
    ပျော်ရွှင်ပါစေ.. ဧရာဝတီရေ…

  • cobra

    September 16, 2011 at 8:00 pm

    တော်တော်ကောင်းတဲ့စိတ်ကူးပဲ။
    သိပ်လည်းမပြောနဲ ့ဗျ..
    ရွာထဲမှာကဟိုဟာဆိုလားဒီဟာဆိုလား
    သူတို့တွေ
    ရှိတယ်လို့
    ပြောနေကြတယ်။

  • unclegyi1974

    September 16, 2011 at 10:24 pm

    မောင်မဲရေစိတ်လျော့စိတ်လျော့
    ရုပ်ရှင်ဆိုတာမင်းသားချည့်ဆိုလည်ကြည့်ကောင်းဖူး
    မင်းသမီးချည့်ဆိုလည်းကြည့်ကောင်းဖူး
    လူဆိုးချည့်ဆိုလည်းကြည့်ကောင်းဖူး
    အားလုံးသူ့နေရာနဲ့သူအံဝင်ဂွင်ကျဖြစ်မှကြည့်ကောင်းတာကိုး
    သူလည်းသူ့နေရာနဲ့သူအံဝင်အောင်သရုပ်ဆောင်ရတာကိုး
    အများအမြင်လူဆိုးဖြစ်သွားတာသူတော်လို့ပေါ့ကွယ်

  • blackchaw

    September 18, 2011 at 4:06 pm

    သူကြီးရေ
    ကျွန်တော်နိုင်ငံရေးလုပ်နေတဲ့လူတစ်ယောက်မဟုတ်ပါဘူး။
    ဧရာဝတီကိုချစ်တဲ့စိတ်နဲ့ရေးလိုက်တာပါ။
    နည်းနည်းရိုင်းနေရင် ဒီပို့စ်ကိုဖျက်လိုက်ပါဗျာ။

    • kai

      September 18, 2011 at 4:44 pm

      ဝန်ကြီးဆိုတာမျိုးက… ဒီမိုကရေစီစံနစ်မှာ.. အစိုးရပဲလေ..။
      တာဝန်ပေးတာ လုပ်ရမှာပါပဲ..။
      အဲ.. အဆဲလည်း ခံနိုင်ရမပေါ့..။

      အစိုးရအဖွဲ ့.. လုပ်နေတာတွေကို.. ဖျက်ဖို့.. ပြင်ဖို့..စစ်ဆေးဖို့.. တာဝန်ရှိတာက.. လွှတ်တော်ပဲ..။
      လွှတ်တော်က..လူထုကို ကိုယ်စားပြုရတာမို့.. လူထုက..ဆူလာရင်.. အဲဒီလျှပ်စစ်ဝန်ကြီးနဲ့.. ဆိုင်ရာအစိုးရအဖွဲ့ဝင်တွေ… ဆင့်ခေါ်ပြီး.. ကော်မရှင်ဖွဲ ့စစ်ဆေးရမယ်ပေါ့…။

      လူထုတာဝန်က.. မကြိုက်တာတွေ့ရင်.. ဆဲသာဆဲ.. အော်သာအော်..။
      အဲဒီလိုဖြစ်ရတာပါ..။

      ဆိုတော့..
      လူထုထဲက..လူတယောက်အနေနဲ့.. လွှတ်တော်အမတ်တွေ.. အစိုးရအဖွဲ့ဝင်တွေ.. ဆဲခွင့်ရှိရမှာပေါ့..
      လွန်တယ်..ရိုင်းနေတယ်လို့.. မထင်ပါကြောင်း..။ 🙂

  • kolulay

    September 18, 2011 at 8:38 pm

    မိုက်တယ်ဟေ့
    လုပ်စရာရှိတာသာလုပ်ဟေ့တို့ကတော့အားပေးတယ်

  • blackchaw

    September 19, 2011 at 2:47 pm

    သူကြီးရေ ကျေးဇူးပါဗျာ။

  • YeMin1982

    September 19, 2011 at 3:14 pm

    i don’t know who is blackchaw..
    but i think he is a good citizen

Leave a Reply