မြန်မာတွေ ကလိမ်ကကျစ်နည်း ခိုးယူနေပြီလား

saundSeptember 16, 20118min24119

ကျမ အီးမေးလ် အကောင့်ထဲမှာ အာဖရိက အထူးသဖြင့် နိုင်ဂျီးရီးယား က ကလိမ်ကကျစ်မေးလ် တွေရလေ့ရှိပါတယ်။ ပုံပြင်ကတော့ အာဖရိကား က သူဌေးကြီး တနည်းနည်းနဲ ့သေမယ် (ကားတိုက်သေတယ် ရောဂါနဲ ့သေတယ် အသတ်ခံရတယ်) အမွေဆက်ခံဖို ့ လူလိုတယ် အမွေကတော့ အမေရိကန် ဒေါ်လာ ဘီလီယံ ချီတဲ့ ငွေတွေ အာဖရိကား ကနေ သင်နေတဲ့ နိုင်ငံ ကို ပို ့ချင်တယ် ဒါမှ မဟုတ် သင့်ရဲ့ ဘဏ်အကောင့်ထဲ ပို ့ချင်တယ် လို ့ရေးတယ်

ဒါက လှည့်ကွက်ပါ။ သင့် ဘဏ်အကောင့်ရတာနဲ ့ သင့် ဘဏ်ထဲက ငွေတွေ ဟက်လုပ်ပြီး ယူမှာပါ။ ဒီလို လိမ်တာ ရိုးနေလို ့ခေါင်းစဉ် မပါတဲ့ မေးလ်တွေ Urgent reply ဆိုတဲ့ ခေါင်းစဉ်တွေ ဆိုရင်ဒီမေးလ်မျိုးဖြစ်လို ့ကျမ spam ထဲ ပို ့ delete ဖျက်လေ့ ရှိပါတယ်။

အခုတော့ ဒါကို မြန်မာလို ပြန်ပြီး မောင်လွင်ဆိုတဲ့ နာမည်နဲ ့ရောက်လာတော့ အတော် အံ့ဩသွားပါတယ်။ စိတ်မကောင်း ဖြစ်သလို မြန်မာတွေ ကလိမ်ကကျစ်နည်းအတုသင်ပြီး မြန်မာအမဲလုပ်တာ တွေ သတိပေးချင်လို ့ စာဖတ်သူများ သတိထားစေချင်ပါတယ်။ ကျမရလာတဲ့ မေးလ်ကို အောက်မှာ ဖေါ်ပြထားပါတယ်။

ဒီလိုမေးလ်တွေ ဝင်လာရင် အားမနာတမ်းspam ထဲ ပို ့ delete ဖျက်လိုက်ပါ။ အချိန်ကုန်မခံပါနဲ ့ကိုယ့်ချွေးနည်းစာ နဲ ့ရှာထားတဲ့ငွေ သူများ အလကားခိုးယူတာ ကာကွယ်တဲ့ အနေနဲ ့ဖျက်လိုက်ပါ။ ကလိမ်ကကျစ်မေးကို ဖော်ဝဒ်လဲ မပို ့ပါနဲ ့။

သတိပေးရက်နဲ ့ယုံမိရင် ရှိစုမဲ့စုငွေဆုံးသွားပါလိမ့်မယ်

ဆောင်း

Urgent and Confidential Business Proposal

Thursday, 15 September, 2011 8:45 PM
From:
“Maung Lwin”

Add sender to Contacts

To:
undisclosed-recipients

Urgent and Confidential Business Proposal

I am Maung Lwin, account supervisor of Sibin Tharyar Yay Bank Ltd in Myanmar. and for reasons which will become obvious to you as read you on, I obtained your address

particulars from an Internet address listing. Please exercise some patience and read through my message. THIS IS NOT A SPAM MAIL!

I have very urgent and confidential business proposition for you. On 26th December 2004 an Oil Consultant/Contractor with the Myanmar National Petrleum Corporation,

Mr. Ahmed Youseff Mustafa , a national of Iraq, made a numbered time ( fixed) deposit for 12 calendar months, value USD10,000,000.00 in my branch.

On maturity, we sent a routine notification to his forwarding address but got no reply. After a month,we sent a reminder and finally, his contract employers, the

Myanmar National Petroleum Corporation ( MYNPC) wrote to inform us that Mr. A Y Mustafa died from an automobile crash; that he died without making a WILL, and all

attempts to trace his next of kin through the Iraqi embassy were fruitless. At first I was surprised that I did not recieve much official cooperation in my inquiries

in order to trace his next of kin in Iraq, and inform them about Mr. Mustafa’s deposit of USD10m plus accrued interest.

I therefore made further investigations and discovered that Mr. Mustafa had actively opposed the Government of President Saddam Hussein of Iraq, and was consequently

driven into exile. Being an Oil Expert,he subsequently obtained a job with the MYNPC, and settled in MYANMAR. Thereafter, he walked into my Office to make the

aforementioned deposit of USD10m. He did not declare any kin in his application paperwork, contrary to laid down procedures, and when I asked him he informed me that

he wished it so. I accepted his application because banks are conservative and will always honour a customer wishes, especially high networth customers.

No one knows the source of his money because apparently the time frame of his employment with the MYNPC does indeed preclude such a large amount of money. It can be

assumed that he brought his money over from Iraq, but that is open to speculation.

However, the point is that his employers are not aware of this money and therefore it can be safely assumed that no one will ever come forward to claim this money.

This money total USD10m ( inclusive of accrued interests) is still sitting in my Bank in the Dormant Account Portfolio. No one will ever come forward to claim it now,

and according to MYANMAR law, after 5 years, the money will automatically revert to the Government Treasury if the Account owner is a foreigner, is certified dead ,

and there is no valid claim. This indeed, is the situation.

My proposal therefore is that I am looking for a foreigner who will stand in as the next of kin to Mr. Mustafa. It is not necessary to be a blood relation to

Mr.mustafa, nor have the same name. It is not also necessary to come from the same Country. I have worked out the modalities to achieve my aim of appointing a next of

kin, and therefore also by this means transfer this money total USD10m abroad for us to share.

The method of achieving the objective of transferring this money abroad is a completely legal and proper way and it is simple. I intend to use an Attorney

(representing you as BENEFICIARY) to execute a series of affidavits in support of your claim. These will be approved.

The money transfer paperwork itself will include a certificate of origin so that the receiving bank does not ask questions or refuse the money as money laundering.

Also, the paperwork will include proper certification that the funds being transferred are from non criminal sources. In short this wil be a proper and legal money

transfer and there is no risk! I will have to process the initial paperwork to obtain approval from the Probate Registry ( Ministry of Justice ) to obtain the Letter

of Administration empowering you as Sole trustee/executor to the Estate of Mr.mustafa.

If you therefore agree to be the official Beneficiary, then please note that you will not be required to sign any Money Transfer Documents ( my Attorney will do all

(that), you will not be required to come to MYARMAN.

Only the following is required from you:
(1)Your full names
(2) Your address, phone and fax numbers.

Once you send me the requested information as stated above, I will initiate the processing of the transfer and in about 3 working days the money total USD10m will be

in your nominated bank account for us to share.

the ratio of 60% for me and 40% for you.

This transaction is guaranteed to succeed without any problems. If you agree to assist me by sending me the above requested information, do write me via my alternative

email address:

Looking forward to your urgent reply.

Yours truly
Maung Lwin

19 comments

  • manawphyulay

    September 16, 2011 at 10:30 am

    အင်း အွန်လိုင်းက ထီပေါက်ပါပြီတို့၊ နောက် အရင်းအနှီးနည်းနည်းနဲ့ ငွေအများကြီးရမယ်တို့ ပြောလာကြတာ မေးတွေလာတာများပါတယ်။ တစ်ခါဘူးမှ စာလည်းမပြန်ပါ၊ စပန်းထဲပဲ ထည့်ဖြစ်ခဲ့ပါတယ်။ အာရုံနောက်လွန်းလို့ပါ။ တချို့ အင်တာနက်စသုံးတဲ့သူတွေကတော့ ယုံတတ်လေ့ရှိကြပါတယ်။ ဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာ ဦးနှောက်ရှိတဲ့လူတိုင်း သိကြမယ်လို့ မနော မြင်မိပါတယ်။

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 16, 2011 at 12:05 pm

    ဟာ ကျုပ်မဖတ်တတ်ဘူး။ဘယ်လို စာတွေလဲဗျာ။

  • yetazar

    September 16, 2011 at 12:27 pm

    ဟုတ်တယ်ဗျ ။ ကျွန်တော်တို့ဆီမှာတော့ အဲလိုစာတွေပို့တာမျိုးမကြုံဖူးသေးဘူး ။ ဆရာတော်အိပ်မက်ဆိုတာတွေတော့ရောက်လာတယ် ။ ဘာတွေမှန်းကိုမသိတော့ဘူး ။

  • moonpoem

    September 16, 2011 at 1:51 pm

    ဟာ လိမ်နည်းတွေကလည်း အစုံပါပဲလား။ လောဘရှိရင်တော့ ခံရမှာပဲ

  • zaw min

    September 16, 2011 at 2:39 pm

    သတိထားကြပါ…ဘယ်အရာကိုမှလွယ်လွယ်နဲ့မယုံကြပါနဲ့…အလိမ်ခံရခြင်းမှာ…အခြေခံအကြောင်းအရင်း(၃)ရပ်ရှိပါတယ်။
    ၁။ ဗဟုသုတနည်းခြင်း
    ၂။လောဘကြီးခြင်း
    ၃။သေသေချာချာစဉ်းစားစဉ်ချင်နိုင်မူနည်းခြင်း…..ဒါကြောင့်ပြင်ပ ဗဟုသုတများစွာသိရှိရန်လိုအပ်ပါသည်။
    ဒီဘက်နိုင်ငံတွေ ဖွံဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့ စကာင်္ပူ၊မလေးရှားတို့မှ အသက်(၂ဝ မှ ၄၀)ဝင်းကျင် အမျိုးသမီးတွေများစွာလိမ်ခံထိကြပါတယ်၊သတင်းစာတွေမှာမကြာခဏဆိုသလို သတင်းတွေခဏခဏတွေ့နေရပါတယ်။
    ဖွံ့ဖြိုးဆဲအာရှတိုင်းပြည်မှ အမျိုးသမီးတို့ကို့အွန်လိုင်း လူမူရေးဝက်ဆိုဒ်တွေဖြစ်တဲ့ Facebook တို့ Twitter တို့မှရင်းနှီးမူရှာပြီးဝင်ရောက်လာတတ်ပါတယ်။များသောအားဖြင့် သူတို့တွေဟာ အနောက်နိုင်ငံဘက်ကလူမျိုးတွေများပါတယ်၊ ဒီဘက်နိုင်ငံတွေကအမျိုးသမီးတွေကလည်း အဖြူကောင်တွေဆိုသဘောကျကြတယ်၊သူတို့ရဲ့ လိမ်စဉ်တွေကိုတွေးမိတော့ဘူး..သူတို့ရဲ့ ဂွင်ထဲကိုဝင်ရောက်သွားရင်တော့ နာပြီသာမှတ်ပေတော့…
    ပြီးခဲ့တဲ့နှစ်လလောက်က အဲဒီအဖြစ်မျိုးနဲ့မလေးတရုတ်မတစ်ယောက်ထိသွားတယ်…အဲဒီသူက အင်္ဂလန်သားပါ.. သူဟာအရာရှိတစ်ဦးလူပျိုလူလွှတ်ပါဆိုပြီး အွန်လိုင်းမှချစ်ကြိုးသွယ်ခဲ့တယ်.. .နောက်ထိုအမျိုးသမီးဆီကိုလက်ဆောင်နဲနဲပါးပါးပို့ပေးတယ်.. .နောက်ပိုင်းအိမ်ထောင်ပြုဖို့အထိတွေပါပြောဆိုလာပြီး အယုံသွင်းတယ်… .နောက်သူဒီကိုမိသားစုတွေနဲ့အတူလာမယ်…ဒေါ်လာ(၃)သိန်းကျော်ဖိုး ပစ္စည်းတွေအခန်းအနားအတွက်ဝယ်လာမှာဖြစ်တဲ့အကြောင်း သူ့ထံသို့ဒေါ်လာတစ်သိန်းအရင်ပို့ပေးပါဆိုပြီး မှာလာတယ်၊ဒီကမချောကလည်း Yes.Ok ဆိုပြီးပို့လိုက်တော့ ပလုံသွားရော…သူပေးထားတဲ့လိပ်စာတွေနဲ့ သံရုံးမှတစ်ဆင့်စုံစမ်းတော့…အဲဒီနေရာမှာရော…အဲဒီနာမည်ပါမရှိပါဘူးတဲ့… ဆိုတော့ မြန်မာတွေလည်းခေသူတွေမှမဟုတ်တာ မဟုတ်တာဆိုရင် အတုခိုးမြန်တဲ့လူမျိုးတွေလေ…
    ဒီတော့ မြန်မာနိုင်ငံသူနိုင်ငံသားများသတိထားစရာတွေတိုးလာပြီလို့သတိပေးလိုပါတယ်ခင်ဗျား…

  • nature

    September 16, 2011 at 4:11 pm

    ကျနော်ဆီလည်း ခဏခဏလာတယ်။ မြန်မာပြည်သားတွေကိုinternet ကရွှေထုတ်ချလိမ်လို့ရမယ် အောက်မေ့နေတယ်။ ပျင်းတောင်ပျင်းသေးတယ်။

  • ုhtoosan

    September 16, 2011 at 4:32 pm

    ကျနော်ဆီလည်း ခဏခဏလာတယ်။

  • Zaw Wonna

    September 16, 2011 at 4:54 pm

    မြန်မာတွေလည်း ရမလားလို့ လုပ်စမ်းကြည့်တာ နေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ မြန်မာတွေက မကောင်းတာကို အတုခိုးရာမှာ မြန်တယ်လေ။

  • naywoonni

    September 16, 2011 at 5:57 pm

    ဘာလိုပဲ လိမ်လိမ် နေဝန်းနီ တို့လို့ ဖွတ်တွေ လာလိမ်လို့က တော့ သူတို့ အချိန်ကုန်ရုံပဲ နေမှာ ………. ဒီက ဖွတ်ကလိ ဒဂ်ါးမှ ဘဏ်မှာ မထားနီုင်တာ…… ဟီး းးးးးးးးးး 😛

  • Don Juan Ronald

    September 16, 2011 at 8:08 pm

    ပညာရှိပြီးဉာဏ်မရှိတဲ့လူကိုညာတာ၊ကျနော်တို ့ဆီမှာအညာခံရတဲ့လူအများကြီးဘဲ။
    လေါကမှာအလကားရတာဘာမှမရှိဘူး၊အချောင်ရခြင်ရင်အချောင်ပါသွားမှာ။

  • Koyin Sithu

    September 16, 2011 at 9:32 pm

    ရေသည်ယောက်ျားတောင် အရှူံးပေးရမယ်.. ကိုရင်စည်တို့ဆီက အကောင့်နဲ့တူတာဆိုလို့
    အကင်တောင်မရှိဘူး 😛

  • icecube

    September 16, 2011 at 9:34 pm

    အလကား လိုချင်တဲ့စိတ် အချောင်လိုချင်တဲ့စိတ်တွေကို ချိုးနှိမ် ထားဖို့တော့ အရေးကြီးပါတယ်။
    အဲဒီစိတ်တွေ ဝင်လာရင် ဖြစ်နိုင်ချေ ရှိ/ မရှိ ဆင်ခြင်နိုင်စွမ်း အားနည်းလာနိုင်ပါတယ်။
    အဲဒီလို အားနည်းလာလို့ လောဘကြောင့် ဆုံးရှုံး မှုတွေ ဖြစ်ကြရတာ လို့ ယူဆမိပါတယ်။

  • unclegyi1974

    September 16, 2011 at 10:35 pm

    အဓိက ကလောဘပါ
    လောဘစိတ်ကလေးထိမ်းနို်င်ရင်အဆင်ပြေပါတယ်
    နောက်အရေးကြီးတာတခုကအယုံလွယ်တာပါ
    သူလည်းလူလိမ်ခံရဖို့လွယ်ပါတယ်
    သတိကလေးကပ်ပြီးအရာရာကိုသေချာစဉ်းစားပြီးမှလုပ်ဆောင်ရင်အဆင်ပြေမှာပါ

  • thuyaungmel

    September 16, 2011 at 11:22 pm

    အဲလိုစာမျိုးတွေ အင်တာနက်စသုံးစ အီးမေးလ်လေး ဖွင့်တတ်စတုန်းကတော့ တော်တော် စိတ်ဝင်တစားနဲ့ဖတ်ခဲ့ဖူးတယ်။ အဲလို စာမျိုးကြောင့် ဒုက္ခရောက်သွားတဲ့ မိသားစုလဲ ကိုယ်တွေ့မြင်ဖူးတယ်။ အဲလူနာမည်ကို ဦးမောင်လို့ပဲဆိုပါဆို့ မိဘတွေရဲ့မိတ်ဆွေပါပဲ အဲတုန်းက မြန်မာနိုင်ငံမှာ အင်တာနက်တွေသိပ်ခေတ်မစားသေးဘူး မေးလ်တွေဘာတွေလဲ သိပ်မသိကြသေးဘူး အဲဒီ ဦးမောင်က ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်ပါတယ် သူတို့မိသားစုလဲ တော်တော်အဆင်ပြေပါတယ် အိမ်နဲ့ကားနဲ့ဟန်းဖုန်းနဲ့ (ဟန်းဖုန်းကလဲ ဒီလောက်မပေါသေးတဲ့အချိန်ပါ) တစ်နေ့တော့ သိရတာ ဦးမောင်ဟာ အာဖရိက ကအီးမေးလ်ရလို့ အလုပ်လုပ်ဖို့ နိုင်ငံခြားကိုလိုက်သွားမှာ ဆိုတဲ့အကြောင်း လက်ရှိအလုပ်ကထွက်လိုက်ပြီး သွားဖို့ ပြင်ဆင်နေကြောင်းပေါ့ တကယ်လဲ သွားခဲ့ပါတယ် သိပ်မကြာဘူးပြန်လာပါတယ် ပိုက်ဆံတွေအလိမ်ခံရတယ်လို့ ပြောပါတယ် သိန်း၂ဝလောက်အလိမ်ခံရတယ်လို့ ဆိုတယ်(အဲတုန်းက သိန်းနှစ်ဆယ်ဆိုတာ ခြံနဲ့တိုက်နဲ့ရတဲ့အချိန် ကားတစ်စီးမှ လေး ငါး သိန်းပေါ့) သူ့မိန်းမကပြောလို့ လူကြီးတွေပြောနေတာ သိရတာပါ အသေးစိတ်ကတော့ အဲတုန်းက ငယ်သေးတော့ လူကြီးတွေကလဲ သေချာမပြောပြ ကိုယ်တွေကလဲ အဲလောက်စိတ်မဝင်စားခဲ့ပါဘူး သူနိုင်ငံခြားသွားဖို့ ကားတွေ ပစ္စည်းတွေရောင်းသွားခဲ့ပုံပါပဲ အဲနောက်တော့ သူတို့မှာ အိမ်၊ကား၊ဖုန်း ဘာဆိုဘာမှမရှိတော့တာပါ ခုထိလဲ သူတို့ မိသားစု အဆင်မပြေတုန်းပါပဲ …

    ကို်ယ့်လောဘနဲ့ ဗဟုသုတနည်းခြင်းရဲ့ အကျိုးဆက်လို့ပဲ ပြောရမှာပါပဲ

  • kai

    September 17, 2011 at 12:39 am

    အမေရိကန်တယောက်လည်း.. အဲဒီ(အဖရိကဖက်) တကယ်သွားတော့.. ပြန်ပေးဆွဲထားပြီး.. ငွေတွေတောင်း.. နောက်ဆုံး အသတ်ခံလိုက်ရတယ်..။
    အဲဒီသတင်းပြန်ရှာကြည့်ဦးမယ်..။

    ပြောရရင်. .အပေါ်က.. ဆောင်းမမ တင်ထားတဲ့စာက.. မြန်မာလူမျိုးကလုပ်နေပို့နေတာမဟုတ်ဖူးလို့ ထင်မိပါတယ်..။ မြန်မာမှန်းသိလို့.. မြန်မာနာမယ်သုံးထားလိုက်ယုံပဲထင်မိတယ်.။ အဲဒါမျိုးတွေက.. အာဖရိကတိုက်နဲ့ မစ်ဒယ်အိစ်က.. လာတာလုပ်တာများတယ်..။ လူကတစောင်ချင်းပို့နေတာလည်း မဟုတ်ကြပါဘူး.. ကွန်ပျူတာက.. ဂျင်နရိတ်လုပ်ပြီး ပို့နေတာ..။

    စာပါအကြောင်းရင်းတွေအရ.. စာပို့သူ(တစုတဖွဲ့)က… မြန်မာပြည်ရဲ့ ဘဏ်စံနစ်နဲ့.. အက်ဖ်အီးကွန်ထရိုးဥပဒေတွေ တကယ်… နားလည်နေပုံမရဘူး…။

    ဘာပဲဖြစ်ဖြစ်.. သတိပေးစာလေးအတွက် ကျေးဇူးတင်ပါတယ်..။

  • etone

    September 17, 2011 at 10:39 am

    အဲ့ဒီလိုစာမျိုးဝင်နေတာ 2006လောက်ကတည်းက ရိုးနေပြီလေ … ။
    တနေ့တမျိုး မရိုအောင်ကို စာတွေရေးပြီး ပို့နေတာ … အဲ့ဒီလို မက်စေ့ချ်တွေဝင်တဲ့အကြောင်း ကျွန်မတစ်ခါရေးဖူးသေးတယ် … ။ တကယ်တမ်းပြန်တွေးကြည့်လျှင် ဘယ်သူကမှ အမျိုးမတော်ပဲ တစိတပြား အလကားပေးမှာ မဟုတ်ဘူးလေ … လောဘတတ်တဲ့လူတွေ ၊ အယုံလွယ်တဲ့လူတွေတော့ ခံပေါ့ :mrgreen:

  • Oakar Bo

    September 18, 2011 at 7:19 pm

    ကျွန်တော်လည်းကြုံဖူးပါတယ် Liberia က Telma Benson @ Benjack Benson ဆိုတဲ့ကောင်မလေး တစ်ယောက်ကပို့တာပါ။ စစ်ဖြစ်ပြီး သူ့အဖေဆုံးသွားတယ် ဆိုတာကနေ ဇာတ်လမ်းစတာပါ။ သူနဲ့ဖုန်းတောင်ပြောဖြစ်ခဲ့တယ်။ နောက်သူတို့ဆီက ရှေ့နေဆိုတဲံ့ ကုလားတစ်ယောက် နဲ့ ဖုန်းပြောဖြစ်ခဲ့တယ်။ နောက် သတိထားမိပြီး Google ကနေရှာလိုက်တော့ သူတို့က Online Scam တွေဖြစ်နေတာတွေ့ရပါတယ်။

  • nature

    September 18, 2011 at 8:01 pm

    Online Scam ဆိုတာ ဘာအဓိပွယ်လဲမသိဘူး။ နောက်ဆို သက်ဆိုင်ရာ သံရုံးးကတဆင့်စုံစမ်းကြည့်ပေါ့။

  • မောင်တုတ် ကြီး

    September 18, 2011 at 8:13 pm

    ဆရာတော်က အဓိဌာန်ရလို ့ကံထူးရှင်ပါဆိုပြီး ဖုန်းဆက်ခေါ် ထီလက်မှတ်အတုတွေပို ့၊
    အလိမ်ခံရသူတွေဒီမှာတော့ အားနဲ ့ဘဲ။လိမ်တဲ့ပညာကို ဘယ်သူအတော်ဆုံး သိရင်ဖြေပေးကြပါ။

Leave a Reply