လေးဆူဓါတ်ပုံရွှေတိဂုံ ရဲ့ အံ့ဖွယ် (၉)ပါး

ムラカミSeptember 16, 20112min1909
လေးဆူဓါတ်ပုံရွှေတိဂုံ ရဲ့ အံ့ဖွယ် (၉)ပါးကို စုစည်း တင်ပြလိုက်ပါတယ်ခင်ဗျား..
သူငယ်ချင်းတော်တော်များများတော့ သိကြမယ်ထင်ပါတယ်
မသိသေးတဲ့သူငယ်ချင်းတွေအတွက်ပါ ..

၁ ပတ္တမြားမျက်ရှင် ဘုရား
၂ ဝိဇ္ဇာဇော်ဂျီ ဘုရား
၃ ရှင်စောပု ဘုရား

၄ ဆံတော်တွင်း ရုပ်ပွားတော်



၅ ရှင်အဇ္ဇဂေါဏ ဘုရား



၆ ဘိုးဘိုးအောင် ဂူဘုရား



ရ ရှင်မထီးဘုရား



၈ လက်ပက်လက်ဘုရား



၉ ပြဒါးရှင် ဘုရား တို့ဖြစ်သည်။ 


ကျနော် အရင်က အံ့ဖွယ်(၉)ပါးကို ကြားဖူးနေပေမယ့် အကုန်အလွတ်ပြောဆို မပြောနိုင်ဘူးဗျ .အဲ့သည့်တော့သေချာသိချင်လို့ ရန်ကုန်ရောက်တုန်း သူငယ်ချင်း ဒါ့ပုံဆြာ တယောက်နဲ့
ဇူလိုင်လ တုန်းက သွားရိုက်ဖြစ်ပါတယ် ..အံ့ဖွယ်(၉)ပါးကို အွန်လိုင်းမှာ ရှာကြည့်ပြီး အဲ့သည့် အစဉ်အတိုင်း အစဉ်လိုက်ရိုက်ထားတာပါ .(တောင်ပြေးလိုက် မြောက်ပြေးလိုက်နဲ့ပေါ့)
ဟုတ်ကဲ့ ညဘက်ရိုက်ထားတာပါ အထက်ပစ္စယံက ပတ္တမြားမျက်ရှင် ရုပ်ပွားတော် ကိုတော့ ကိုယ်တိုင် တက်မရိုက်နိုင်ခဲ့လို့ LCDကပဲ ပူဇော်ခွင့်ရလိုက်တယ်ဗျာ..
အဲ့တခုပဲ အားမရဖြစ်မိပါတယ် .

အားပေးကြပါဦးခင်ဗျာ
ကျေးဇူးပါ

9 comments

  • ပေါက်ဖော်

    September 16, 2011 at 9:24 pm

    အားပေးတယ်ဗျာ..
    ရန်ကုန်မှာနေပြီး ခုဘုရားတွေ မရောက်ဖူးဘူးဗျာ..
    ရိုက်ချက်တွေကောင်းလွန်းလို ့လားမသိ..
    အင်မတန်ကြည်ညိုဖို ့ကောင်းပါတယ်..
    သာဓု.

  • သရဲကြီး

    September 16, 2011 at 9:38 pm

    ပုံကတော့ အမိုက်စားပဲ..
    မှတ်တမ်းလေးပေါ့

  • TTNU

    September 16, 2011 at 10:51 pm

    သိပ်ကောင်းတဲ့ ပုံတော်တွေပါ။ စိတ်ကူးကောင်းကောင်းနဲ့ တတန်တက ရိုက်ပြီးတင်ပေးတာမို့ ကုသိုလ်တွေ ရနေပြီ ဆရာရေ။ ကိုယ်လဲ ရန် ကုန်ရောက်တုန်းက ရိုက်ယူခဲ့သေးတယ်။ ဒါပေမဲ့ ဒီပုံတွေလောက် မကောင်းဘူး။ အရင် ပုတီးစိတ်တုန်းက ဒီ (၉)နေရာ ကို ပုံဖော်မှန်းပြီး စိတ်ခဲ့တယ်။ သိပ်စိတ်တည်ငြိမ်မှု ရစေတယ်။( အော် အခု ဝိပဿနာ လုပ်ငန်းပိုများများ လုပ်တာကြောင့် ပုတီး စိတ် အားနည်းသွားတာပါ။ ) အဲဒီ ဓါတ်ပုံ ရိုက်ခဲ့တဲ့ (၉) ဌာန ပုံတွေ ကို ပလားစတစ်ကတ် လောင်းထားပြီး ချိတ်ထားကိုးကွယ်ပါတယ်။
    ဆရာ့ ကုသိုလ် နိဗ္ဗာန်ရောက်ကြောင်း အားကြီးသော အထောက် အပံ ဖြစ်ပါစေ။

  • black chaw

    November 19, 2014 at 9:32 pm

    သာဓု၊ သာဓု၊ သာဓု ပါဗျာ။
    မီးမီးသော်လေးကိုတောင် လွမ်းမိသွားပါတယ်။
    ခစ်ခစ်ခစ်…။

  • padonmar

    November 20, 2014 at 1:01 am

    ကိုဘလက် တူးတဲ့နောက်က လိုက်ကောက်ရင် ပတ္တမြား ငမောက်ရမယ် သိုက်စာရလို့ လိုက်လာပါတယ်။

  • aye.kk

    November 20, 2014 at 11:29 am

    ဘုရားပုံတွေကူးယူသွားပါတယ်
    ကျေးဇူးပါ။

  • Novy

    November 20, 2014 at 11:43 am

    ကြည်ညို ဖူးမျော် သာဓုခေါ်သွားပါတယ်

  • Novy

    November 20, 2014 at 12:20 pm

    ကြည်ညိုဖူးမျော်သာဓုလေါ်သွားပါတယ်ကွယ်

Leave a Reply