ပိတ်ထားတဲ့..ဝဘ်ဆိုဒ်တွေ ပြန်ဖွင့်ပေး

ဂ်စ္စူSeptember 16, 20111min19616
Read more at :http://www.voanews.com/burmese/news/myanmar-internet-media-129926848.html

အရင်ကတော့ ဟိုဟာပွင့်တယ်..ဒီဟာ မပိတ်တော့ဘူး..ခဏခဏ ကြားနေရတာပဲ..
မပိတ်ဘူးပြောလို ့..သွားဖွင့်ကြည့်တော့လဲ ..မပိတ်တော့ဘူးပြောတဲ ဆိုဒ်ကိုက Access Denied ဖြစ်နေတော့ ခက်သားဗျ။

အခုလဲ ဗွီအိုအေ မှာ ပိတ်ထားတဲ့ ဝက်ဘ်ဆိုဒ်များ ပြန်ပွင့် ဆိုပြီးတက်လာလို ့..တစ်ချက်သွားကြည့်တာ.
ပြောတဲ့အတိုင်းပဲ ဖွင့်ပေးထာတာ တွေ ့မိလေရဲ့..
အဲတာနဲ ့..တခြား.FNG တို ့..Irrawaddy တို ့.Blogspot တို ့..ဝင်ချက်တော့လဲ ဖွင့်ပေးထားတာ တွေ ့မိလေရဲ့..ဗျ..

Youtube ကတော့ ရတာနဲနဲကြာပါပြီ။

အခုတိုင်း ဘာဆိုဒ်ညာဆိုဒ် တွေအကုန်လုံး အမြဲဖွင့် ပေးထားရင် တော်တော်ကောင်းမှာပဲလို ့.

သိတဲ့အတိုင်း ကျနော်တို ့ကလဲ အငြိမ်နေတတ်တာမဟုတ်..အွန်လိုင်းမှာ ဟိုလျှောက် ဒီလျှောက် အမြဲလုပ်နေတတ်တာဆိုတော့..

ဟိုပိတ်ဒီပိတ်တွေရှိတဲ့အခါ ကျော်ခွဝင်ရတာ ပေါင်ကွလွန်းလို ့.အာလဲ ကုန်ပါဘိနယ်.။

ခုလို..အမြဲဖွင့်ပေးထားရင်တော့ နောနော် ပြောသလို အတိုင်းထက်အလွန်ပဲ ပေါ့ဗျာ..

ပြည်တွင်း နတ်သမားများအတွက် သတင်းကောင်းလေးမို ့..လက်တို ့ပေးလိုက်ခြင်းဖြစ်ပါတယ်..

တစ်ခုရှိတာက..

ဆက်သွယ်ရေးဝန်ကြီး ဘလောက်ထိ တဘောကောင်းနိုင်မလဲ ကြည့်ရဦးမယ်..

အရင်ရက်တွေက ပွင့်ပြီပြောပြီး..စိတ်မမှန်ရင် ပြန်ပြန် ပိတ်ပစ်တယ်လေ..

ဖွင့်လိုက်ပိတ်လိုက်ပေါ့..

ဂျီတော့ခ်မှာ သူငယ်ချင်းတစ်ယောက် ပြောတာတော့..မြန်မာပြည်မှာ နတ်သုံးရတာ.အရူးလင်လုပ်ရသလိုပဲတဲ့..ခုတစ်မျိုး..တော်ကြာတစ်မျိုး..ကွာတဲ့..

ကဲ..
အခုတော့ တစ်မျိုး..ဘယ်အချိန် တစ်မျိုးဖြစ်မလဲ တစ်ချက်ကြည့်ရသေးတာ ပ..။

 

16 comments

  • yetazar

    September 16, 2011 at 12:45 pm

    ကျွန်တော်တို့ ဆီမှာတော့ လိုင်းတွေမကောင်းလို့ yutube တွေက လုံးဝကြည့်မရဘူး ။

  • inz@ghi

    September 16, 2011 at 12:50 pm

    ဆြာပေါက်ဖော်ရေ ..အရူးတော့ လင်မလုပ်ပါနဲ့
    ခု ဖက်နမ်းလိုက် ခု ပါးချလိုက် လုပ်နေပါဦးမယ် 😛

  • မီးမီး သော်

    September 16, 2011 at 12:51 pm

    ဟုတ်တယ်နော်။ဖွင့်လိုက်မှ လိုင်းတွေပိုကျနေသလားလို ့ပါ။

  • taungpawthar

    September 16, 2011 at 12:59 pm

    youtube ဖွင့်တာကတော့တော်တော်ကိုအကျိုးရှိတယ်ဗျ ကျွှန်တော်ကတော့ technological video and music video တွေဖွင့်ကြည့်နေတာ ကောင်းမှကောင်း
    ဒါနဲ ့စကားမစပ်ဗျာ ဒီနေ ့ facebook ကြည့်ပြီး sign out လုပ်မလို ့ရှာလိုက်တော့ အဲဒီနေရာကိုသွားလို ့မရဘူးဖြစ်နေတယ် ဘယ်လိုဖြစ်တာလဲ သိရင်ပြောပြပေးပါဗျာ ထွက်မရတော့ဘူး
    ကွန်ပျူတာကလည်းအများသုံးဆိုတော့ ခက်နေပြီ ဒီအတိုင်းပိတ်လိုက်တော့နောက်တခါ ဖွင့်တော့ ကို ့အကောင့် ပဲပြန်ပေါ်နေတော့တာ

    • mr.lone

      September 16, 2011 at 1:14 pm

      ဟယ်ဟုတ်တယ်…ဟုတ်တယ်..Lone က Lone တစ်ယောက်တည်းဖြစ်နေတာ မှတ်လို့ ဟိဟိ
      အဖော်ရှိတော့ ဝမ်းသာသွားပြီး sign out လုပ်တဲ့နေရာသွားလို့မရဘူးဖြစ်နေတယ်…အဲဒါနဲ့… mozilla တစ်ခုလုံးပိတ်လိုက်ပြီး…ပြန်ဖွင့်တော့ ဖွင့်လို့ရတယ်…ဒါပေမယ့် sign out လုပ်တဲ့နေရာတော့မပေါ်ဘူး…. အဲဒါကြောင့် lone လုပ်သလို mozilla တစ်ခုလုံးပိတ်ချလိုက် ပြီးမှပြန်ဖွင့်လိုက်….:)

      • mr.lone

        September 16, 2011 at 1:16 pm

        နောက်ပြီး myanmar wekipedia ကိုဘယ်လိုဖွင့်ရလဲမသိဘူး…နောက်ပြီး နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းအမြည်းလေးတွေလည်း ကြည့်ချင်တယ်…ဘယ်ဆိုဒ်ကသွားကြည့်ရမလဲ…ကောင်းတဲ့ site လေးတွေရှိရင်လည်း ညွှန်ပါဦးနော်……..

      • TTCG

        September 16, 2011 at 2:53 pm

        Logout is under Account menu, isn’t it?

      • ပေါက်ဖော်

        September 16, 2011 at 4:32 pm

        Account>Help Center ဆိုပြီး Logout ထိမပေါ်တာတာထင်တယ်.

        connection ကောင်းတဲ့အထိ စောင့်လိုက်ရင် Account အောက်ဆုံးမှာ Logout ဆိုပြီး ပေါ်လာလိမ့်မယ်ဗျ

        ကွန်နက်ရှင် မကောင်းတာနေမှာ

  • manawphyulay

    September 16, 2011 at 1:00 pm

    သူက ခဏဖွင့်လိုက် ပိတ်လိုက်လုပ်တာလေ… အရင်ကလည်း ဘလော့စပေါ့ပြန်ဖွင့်ပေးတယ်လုပ်ပြီး ခဏပဲ ပြန်ပိတ်သွားတာပဲလေ… ခဏစောင့်ကြည့်လိုက်ပါဦး။

  • zawmyothu

    September 16, 2011 at 1:24 pm

    wordpress.com ဆိုဒ်တွေတော. ပိတ်ထားပါတယ်ဗျာ။

    • ပေါက်ဖော်

      September 16, 2011 at 4:20 pm

      မှားနေပြီထင်တယ်
      wordpress က အရင်ထဲက မပိတ်ဘူးခင်..
      ပိတ်ရင်လဲ http နောက်မှာ s ထည့်ပြီး ကြည့်လို ့ရတယ်

      တခြား Firefox user တွေအတွက်..အရေးပေါ် ထွက်လို ့မရရင်
      Firefox>tools>Options>Privacy ကိုသွားပြီး Firefox will: မှာ..
      Never remember history ပဲထားပေးလိုက်..
      ဒါဆို Firefox ကို Close လိုက်ရင်..အကုန်ပျောက်ပဲ.. 😀

      • zawmyothu

        September 16, 2011 at 5:48 pm

        ဟုတ်တယ် ကိုပေါက်ဖော် https နဲ.ဆိုရင် ရပါတယ်။
        မ၇ရင်လဲ polysolve တို. PHzilla တို.နဲ. ပဲဖွင်.တာပေါ.
        ကျေးဇူးပါ။

  • R Ga

    September 16, 2011 at 4:29 pm

    သတင်းကောင်းပဲ..ကျွန်တော် ဘလော့လေးကို ပြန်အသက်သွင်းရဦးမယ်ဗျာ.။ အရင်တစ်ခေါက်ကလည်းပြန် ဖွင့်တယ်။ ဒါပေမဲ့ ပြန်ပိတ်သွားသေးတယ်။ အခုတစ်ခေါက်တော့မပိတ်ပါစေနဲ့လို့ပဲဆုတောင်းနေရမှာပဲ။

  • “ဘီလူးကြီး”ogre

    September 16, 2011 at 7:14 pm

    အကိုပေါက်ရယ်
    ပိတ် တုန်းကလဲ ဖွင့် မရတာပါပဲ
    အခုဖွင့်တော့လဲ ပိတ်နေတာပါပဲ
    ဒီကွန်နက်ရှင်လုပ်ချက်နဲ့ ထိုင်စောင့်ရင်းအသက်ထွက်နိုင်ပါတယ်

  • kokothandar

    September 20, 2011 at 3:11 pm

    ခေါင်းဖုံးထားပေမဲ ့ဖင်ပေါ်သလိုပေါ ့..V .O. A , B. B .C က ေ န ့တိုင်းကြားသိနေရတာပါဘဲ အမြဲတန်းကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘဲ
    တပ်ချုပ်ကြီးကြောင့် ပေါ်လစီကြောင် ့တွေအကြောင်းပြနေတာ ဖွင် ့တယ်ဆိုတာအာရုံ ထားမနေပါနဲ ့ google မှာလဲ yangon
    division ဆိုပြီးရေးနေတာဝင်ဖတ်ရင်ရပါတယ် သူတို ့ကကျွှန်တော်တို ့အတွက်ရည်ရွယ်တာမဟုတ်ဘဲ နိူင်ငံတကာကို
    သတင်းလွတ်ခွင် ့ပေးပါတယ်အော်ချင်လို ့ပါ U N ASSEMBLYကလဲနီးပြီကိုး ဝါဒဖြန် ့ဖို ့ပါ

Leave a Reply