အိမ်ထောင်ပြုမည့်သူများ နှင့် အိမ်ထောင်ပြုပြီးသူများ အားလုံး..ဖတ်ရန်

alinsettSeptember 16, 20111min19836

ကျွန်တော် အိမ်ထောင် မပြု ဖူးသေးပါ။ ( ကြော်ငြာ ဝင်တာ ဟု မထင်စေချင်ပါ။)

အမှန်အတိုင်းပြောရလျှင် အိမ်ထောင်ရေး နှင့်ပက်သက်ပြီး…အဆိုးမြင် စိတ် ဝင်နေသောကြောင့် ဖြစ်ပါသည်။

အိမ်ထောင်ရေး အကြောင်းတွေးမိတိုင်း..””” ငါ..အိမ်ထောင်ပြု လို ့ မဖြစ်နိုင်ပါဘူး…””.ဟုသာ မှတ်ချက် ချ ခဲ ့ရသည်ချည်းပင်.။

***********************************************************

လွန်ခဲ့သော တစ်လလောက်က ကျွန်တော် ရုရှား စာရေးဆရာကြီး လီယိုတော်လ်စတွိုင်း…၏

The Kreutzer Sonata ဆိုသော ဝတ္ထုကို ဖတ်လိုက်ရပါသည်။

( ဝတ္ထု အမည် Kreutzer Sonata ဆိုသည်မှာ ဘီသိုဗင်၏ တယောနှင့် စန္ဒယား
တွဲဖက် တီးနိုင်သော ဂီတ တေးသွားတစ်ခု…အမည် ဟု သိရပါသည်။ )

ထို ဝတ္ထု ထဲမှ ဇာတ်လိုက်သည် ( obsession ရောဂါရှိနေသူ ဟု ထင်ပါသည်..)

အိမ်ထောင်ရေးကို ဥပမာ ကောင်းကောင်းတစ်ခု ပေးပြီး ပြောပြခဲ ့သည်။

****************************************************************************

တစ်ခါတုန်းက သူ ပါရီ..သို ့ ခရီး ထွက်ခဲ့သည်။ မျက်လှည့် ခန်းမ တစ်ခု အရှေ ့တွင် ထူးဆန်းသော

မျက်လှည့်ပြကွက် ခေါင်းစဉ် ကို တွေ ့ရသည်။

ခေါင်းစဉ်က…. မုတ်ဆိတ်ရှည်နှင့်မိန်းမ….၊ ပြီးတော့ ရေခွေး…တဲ ့။

သူ အလွန် စိတ်ဝင်စားသွားကာ ( တန်ရာတန်ကြေးပေးပြီး) ထိုပြကွက်ကို ဝင်ကြည့်ပါသည်။

အထဲ သို ့ရောက်သောအခါ… သူ မျှော်လင့်ထားသလို တကယ့်မုတ်ဆိတ်ရှည်နှင် ့ မိန်းမကိုလည်း မတွေ ့ရ၊

တကယ် ့ရေခွေး ကိုလည်း မမြင်ရချေ။

မုတ်ဆိတ်ရှည်နှင့် မိန်းမ ဆိုသည်မှာ မိန်းမ အဝတ်အစားများ ဝတ်ဆင်ထားသော

မုတ်ဆိတ်နှင့်ယောကျာ်းကြီး တစ်ဦး သာဖြစ်သည်။

ရေခွေး ဆိုသည်မှာလည်း…ဖျံ အရေခွံခြုံပေးထားသော ခွေး တစ်ကောင်

ရေချိုးကြွေကန်ထဲမှာ ရေကူးနေခြင်း ..တို ့ကိုသာ မြင်တွေ ့ခဲ ့ရသည်။

သူသည် အကြီးအကျယ် စိတ်ပျက်သွားပြီး..အပြင် ပြန်ထွက်လာရသည်။

အပြင်တွင် ပြပွဲ တာဝန်ခံက

“” ဒီပြပွဲကို ကြည့်ဖို ့ ထိုက်တန်သလား ၊ မတန်ဘူးလား ဆိုတာ ဟောဒီ လူကြီးမင်းကိုသာမေးကြည့်ပါဗျို ့…”””

ဟု မကြည့်ရသေးသော..ပရိတ်သတ် ကို ပြော၏။

ဇာတ်လိုက်သည်…လုံးဝ မထိုက်တန်ကြောင်း.. မကြည့်သင့်ကြောင်း..ပြောဖို ့ ရှက်ရွံ ့ တွန် ့ဆုတ်နေခဲ့သည်။ အကြောင်းမှာ သူကိုယ်တိုင်ပင် မျှော်လင့်တကြီးဖြင့် ဝင်ကြည့်ပြီးမှ အလှည့်စား ခံလိုက်ရသောကြောင့်ဖြစ်သည်။

အိမ်ထောင်ရေး ဆိုသည်မှာ လည်း အဲဒီ အတိုင်းပဲ…ဟု ဇာတ်လိုက် က ကောက်ချက်ချခဲ ့ပါသည်။

**************************************************************************

ကျွန်တော့်ကို ကျော်တက် ပြီး… အိမ်ထောင်တွေ ကျကုန်ပြီဖြစ်သော ညီ ၊ ညီမ များက

“” ကိုလေး..အိမ်ထောင်မပြုသေးဘူးလား..””.ဟု မေးလာတိုင်း ကျွန်တော် သိုဝှက်သော အပြုံးဖြင့်

ခေါင်းခါနေခဲ ့ရပါသည်။

အိမ်ထောင်ရေး အကြောင်းစဉ်းစားမိတိုင်းလည်း တော်လ်စတွိုင်း.၏ The Kreutzer Sonata

ထဲမှ ဇာတ်ကောင်.ပြောသော ထိုဥပမာကို ပြေး သတိရတတ်ပါသည်။ သတိရတိုင်းလည်း အိမ်ထောင်ရေး အကြောင်း

စဉ်းစားခြင်းကို ခပ်မြန်မြန် ရပ်ပစ်ရပါသည်။

စကားပုံ တစ်ခု လည်း ကြားဖူးပါသည်။

“” ယောကျာ်းတွေဟာ..ကံ အဆိုးဆုံး အချိန်မှာ အိမ်ထောင် ကျတတ်တယ်.””……..တဲ ့။

********************************************

ကျွန်တော် အိမ်ထောင် မကျသေးပါ။

ယခု အချိန်ထိ ကျွန်တော်..ကံအကောင်းဆူံးသူ ဖြစ်နေသေးသည် ဟု..တွေးမိပါသည်။ ။ ။

*****************************************************************************

အားလုံးကို ခင်မင်လေးစားစွာဖြင့်

အလင်းဆက်

12 .9. 2011 . 18;15…pm (ကျိုက္ကလော့ ဘုရားရင်ပြင်တော်…) alinsett.art@gmail.com

36 comments

  • mr.lone

    September 16, 2011 at 2:10 pm

    မဆိုင်ပါဘူး… ပြကွက် ကိုက မုတ်ဆိတ်ရှည်နဲ့မိန်းမပါဆိုမှ ဒီလိုပဲဖြစ်မယ်ဆိုတာ … သွားမကြည့်ခင်ကတည်း
    ကသိရမှာပေါ့… မုတ်ဆိတ်အရှည်ကြီး နဲ့မိန်းမကို အပြင်မှာ တွေ့ဖူးလို့လား…အိမ်ထောင်ကျတာမှာ ကြောက်နေတဲ့ ယောက်ျားတစ်ယောက်ဟာ အိမ်ထောင်
    တစ်ခုကို ထူထောင်ဖို့သူ့မှာပြည့်စုံလုံလောက်တဲ့အရည်အချင်းမရှိလို့ပဲဖြစ်တယ်။ အိမ်ထောင်ကို အိမ်ထောင်လို့မသတ်မှတ်ပဲ သာယာလှပတဲ့ ကိုယ်ကိုယ်တိုင်တည်ဆောက်ရမယ့် ကိုယ့်ရဲ့ ကိုယ်ပိုင်မိသားစု
    လေးလို့သဘောထားကြည့်လေ။ နောက်ပြီးကိုယ်ချစ်တဲ့ကိုယ့်ရဲ့ချစ်သူ နဲ့ နားလည်မှုတွေအပြည့်အဝနဲ့… ကိုယ့်ကို ကိုယ်လူပျိုဘဝမှာမရခဲ့ဖူးတဲ့ ဇနီးသည်တစ်ယောက်ရဲ့ ပြုစုယုယမှုတွေနဲ့ ကိုယ့်ချစ်သူကိုယ်တိုင် ချက်ကျွေးမယ့် ဟင်းလေးတွေနဲ့… ညဘက်TV ကြည့်ရင်တောင် ကိုယ့်ချစ်သူလေးနဲ့ တူတူကြည့်နိုင်တယ်။
    ဟာသကားတွေကြည့်ပြီးတူတူရယ်နိုင်တယ်။ အိပ်ချိန်မှာ ကိုယ့်ချစ်သူချော့သိပ်မယ့် ပုံပြင်လေးတွေနဲ့…..နောက်ပြီး ကိုယ်နဲ့ကိုယ့်ချစ်သူ ပေါင်းစပ်ထားတဲ့…. ကိုယ့်ရဲ့ကိုယ်ပွားလေးတွေနဲ့….တစ်သက်လုံးလူ့ဘဝဆိုတာကြီးကိုသူတို့နဲ့တူတူအချိန်ဖြုန်းပစ်လိုက်ပါ… .ဒါပေမယ့်..ကိုယ့်မိသားစုကို ကောင်းမွန်စွာထားနိုင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အရည်အချင်းတစ်ခုရှိဖို့လဲလိုအပ်တယ်….သစ္စာတရားတွေလိုအပ်တယ်… နားလည်မှုတွေလိုအပ်တယ်။ အိမ်ချစ်တတ်တဲ့ယောက်ျားတစ်ယောက်ဖြစ်ဖို့လဲလိုအပ်တယ်…. ဒါတွေပြောလို့lone ကစိတ်ကူးယဉ်ဆန်သွားသလားတော့မသိဘူး …lone ကတော့ အိမ်ထောင်ရေးကိုအဲ့လိုသတ်မှတ်တယ်…
    ူLone ကအိမ်ထောင်မကျသေးဘူးနော် (ကြေငြာဝင်တာ)… အိမ်ထောင်အရမ်းပြုချင်နေတဲ့ မိန်းမတစ်ယောက်လည်း မဟုတ်ဘူးနော်….lone အချိန်တန်လို့ အိမ်ထောင်ပြုတဲ့ အရွယ်ကျရင်လူတွေပြောပြောနေတဲ့ အိမ်ထောင်ဆိုတဲ့ ထောင်ကြီးကို lone ရဲ့စိတ်ကူးထဲကအတိုင်း တည်ဆောက်ချင်လို့ပါ……….. အိမ်ထောင်ပြုဖို့မကြောက်ပါနဲ့… ဇနီးကောင်းနဲ့ အိမ်ထောင်ကိုကောင်းကောင်းတည်ဆောက်နိုင်မယ့် အရည်အချင်းရှိဖို့ကိုသာ ကြိုးစားပါ………ဟဲဟဲ ပို့စ်တစ်ပုဒ် ဖြစ်တော့မယ်………….:)

    • mr.lone

      September 16, 2011 at 2:22 pm

      (ဒါပေမယ့်..ကိုယ့်မိသားစုကို ကောင်းမွန်စွာထားနိုင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အရည်အချင်းတစ်ခုရှိဖို့လဲလိုအပ်တယ်…. သစ္စာတရားတွေလိုအပ်တယ်…နားလည်မှုတွေလိုအပ်တယ်။)
      အနောက်ရောက်နေလို့မမြင်မှာစိုးလို့ ….. အဲဒါတွေက အဓိကကျတယ်………ေ ယာက်ျားလေး
      တွေအားလုံး အဲဒီလိုဖြစ်အောင်ကြိုးစားစေချင်တယ်…….. lone ယူမယ့် ယောက်ျားကို လည်း ထိုနည်းလည်းကောင်းပဲဖြစ်စေချင်တယ်…. နားလည်စေချင်တယ်….အားလုံးအားလုံးပျော်ရွှင်နိုင်
      ကြပါစေ….

    • နိုင်ကြီး

      September 16, 2011 at 4:40 pm

      lone လိုဘဲ ကျွန်တော်လည် စိတ်ကူးတွေယဉ်ပြီး ၆နှစ်လောက်တွဲးလာတဲချစ်သူ ကိုလက်ထပ်ဖို့ ပူဆာခဲ့တယ် ……… အခုတော့ မျက်လှည့်ပွဲထဲ ရောက်နေတယ်

      မယုံရင်ဝင် ကြည်ပါ

  • စုံ စုံ

    September 16, 2011 at 2:23 pm

    mr.lone ရေမန်းထားတာကိုသဘောကျလို့စိမ်းပေးလိုက်တယ်
    အိမ်ထောင်ရေးကတော့လူတွေကအမျိုးမျိုးပြောနေကြတာဘဲလေ
    တချို့ကျတော့လဲအိမ်ထောင်ပြုပြီးမှ သမီးရည်းစားဘဝကပျော်ရွှင်မှုတွေပျောက်ကွယ်ကုန်လို့
    အိမ်ထောင်ဆိုတာ ထောင်တခုုလို့သတ်မှတ်ကြတယ်
    တချို့များကျတော့လဲ အိမ်ထောင်ပြုပြီးမှ ဘဝမှာမမျှော်လင့်ထားတဲ့ ပျော်ရွှင်မှုတွေ
    မိသားစုနွေးထွေးမှုတွေရကြတယ်
    ဒါကတော့အောင်မြင်တဲ့အိမ်ထောင်တခုဖြစ်ဖို့ဆိုတာ စိတ်ကူးယဉ်ကြည့်ယုံနဲ့မရနိုင်ဘူး
    မိမိကိုယ်တိုင်က မိမိအိမ်ထောင်ဖက်အပေါ်အရာရာကိုကိုယ်ချင်းစာတရားနဲ့မြင်တတ်ဆက်ဆံတတ်မယ်
    ဆိုရင် အပေးအယူမျှမျှနဲ့ပျော်ရွှင်ဖွယ် အိမ်ထောင်ရေးဖြစ်လာမှာပါ (ကျမအမြင်သီးသန့်ပါ မှန်ချင်မှန်မယ်
    မှားချင်မှားနိုင်မယ်)

    • mr.lone

      September 16, 2011 at 3:15 pm

      ဟုတ်ပါတယ် စုံစုံ Lone ကစိတ်ကူးသက်သက်ပဲရှိပါသေးတယ်…လက်တွေ့မှာတော့ ကောင်းတာ
      တွေကောဆိုးတာတွေကောဖြစ်လာနိုင်ပါတယ်…သူရော ကိုယ်ရော နှစ်ယောက်လုံး ကြိုးစား
      အကောင်ထည်ဖော်မှရမှာပါ…….

  • windtalker

    September 16, 2011 at 2:25 pm

    အလင်းစက်ရေ
    အိမ်ထောင်ပြုဖို ့မကြောက်ပါနဲ ့ဗျာ
    ကိုယ်နဲ ့အိမ်ထောင်ပြု မယ့်
    ကိုယ့်ကို ချစ်တဲ့ ၊ နားလည်ပေးနိုင်မယ့်
    ကောင်မလေး နဲ ့မတွေ ့ရမှာပဲ ကြောက်ပါ လို ့
    သတိပေးလိုက်ချင်ပါတယ် ဗျာ ။
    ဒီတော့
    ကျွန်တော် က ကျောက်သမား ဆိုတော့
    ကျောက်စကား နဲ ့နဲနဲပြောမယ် နော်
    ကျောက်သမား တွေ မှာ အဆိုရှိတယ်
    များများကြည့် နည်းနည်းဝယ် တဲ့
    ကိုအလင်းစက် လဲ
    များများချစ်ကြည့်ပါ …..ဟီဟိ
    အိမ်ထောင်ပြုရင်တော့ တစ်ယောက် ပဲ ပြုပါနော်

    • mr.lone

      September 16, 2011 at 2:36 pm

      windtalker ကတော့လျှောက်ပင့်နေပြီ…များများချစ်ပြန်တော့လည်း
      အချစ်ကိုထုံသွားလိမ့်မယ်…ဖြစ်နိုင်ရင် တစ်ယောက်ပဲချစ်တစ်ယောက်ပဲ
      ယူ…မဖြစ်နိုင်လို့ ကံအကြောင်းမလှလို့ကွဲသွားမှ တစ်မျိုးပေါ့ …မချစ်
      ခင်ကတည်းက ကိုယ်ထားမယ့်ချစ်သူကို သူငယ်ချင်းအနေနဲ့လေ့လာ
      သူ့အကြောင်းတွေစပ်စု…သံယောဇဉ်ဆိုတာလည်းကြာရင်အချစ်ကို
      ကူးပြောင်းနိုင်တာပဲ…အချစ်ကနေလည်းသံယောဇဉ်ဆိုတာဖြစ်လာ
      တာပဲ…အကောင်းဆုံးကကိုယ်ချစ်တဲ့မိန်းကလေးကို လေ့လာ ။ သူ့မှာ
      အမှားရှိရင်သင်ပြပေး။ကိုယ့်ဘက်ကနေအတတ်နိုင်ဆုံးအကောင်းဆုံး
      တွေကိုပဲပေး…သူကမလိုချင်လို့ကိုယ့်ဆီကရှောင်ထွက်သွားရင်တော့
      ကိုယ့်ကိုအဲ့ဒီလိုပြန်ပေးမယ့် လူကကိုယ့်ဆီအလိုလိုရောက်လာလိမ့်မယ်
      မယုံရင်lone ပြောသလို လုပ်ကြည့်ပါ… သိကြားသာသနာ မှာ ကိုယ်ပြု
      ရင် ဘဝမကူးဘူး…အခုချက်ချင်းပြန်ခံစားရလိမ့်မယ်……

      • windtalker

        September 16, 2011 at 2:45 pm

        ကျုပ် က မိန်းမ နဲ ့ဗျ
        များများ လည်း မချစ်ဘူး
        နဲနဲလည်း မချစ်ဘူး
        ကိုယ့်မိန်းမ ကို ပဲ အားရပါးရ ချစ်တယ် ။ ချစ်မယ်
        ဟုတ်ပြီလား
        ဟိုက လူပျို ထင်လို ့
        အားပေးထားတာပါ
        လုံး က ဖီးမေး ဆိုရင်
        အလင်းစက် က လဲ စင်ဂဲ ဆိုတော့
        ပွိုင့်တော့ ဖြစ်ပြီပဲ
        ညှင်းညှင်း
        🙂

        • mr.lone

          September 16, 2011 at 2:56 pm

          အဲဒါကြောင့်ပဲ အဲဒါကြောင့်ပဲ…ဟင်းဟင်း…ယောက်ျားတွေများ တစ်ယောက်ပဲချစ်လို့လဲပြော
          လိုက်ရော … ထဖြစ်တာအခုပဲကြည့်…အမလေးစိုင်းအောင်တင့်လေသံနဲ့…lone ကိုများပေးစား
          သွားသေးတယ်… ဟုတ်ပါတယ်…ကို့မိန်းမပဲကိုယ်ချစ်ပါ..သူများမိန်းမသွားချစ်လို့ရမလား…နောက်ထပ်မိန်းမတွေ
          ကောချစ်ချင်သေးလို့လား….တော်ပေါ့ …မိန်းမယူပြီးနေပြီ…ကိုယ့်မိန်းမမချစ်လို့ဘယ်သူ့မိန်းမ
          ချစ်ချင်လို့လဲ…. ဟွန့်……..:(

        • pan pan

          September 16, 2011 at 3:12 pm

          အမငှီး ကိုပေရဲ့
          လာပြန်ပြီလား ညှင်းညှင်း ဆိုဒါဂျီး…….

      • နိုင်ကြီး

        September 16, 2011 at 4:54 pm

        သိကြားသာသနာ ဆိုတဲစကားလုံး မမှန်ဘူး
        မှန်ရင် ဒို့နိုင်ငံ ဒီလောက် ဒုတ်ခမရောက်ဘူး
        လူတွေကို ဒုတ်ခပေးတဲလူတွေ အကုန်ကောင်းစားနေတယ်

        • mr.lone

          September 17, 2011 at 8:12 am

          မင်းမိန့်နဲ့ဆို နတ်ကိုတောင် လက်ထိပ်ခတ်လို့ရသေးတာပဲ… …

    • “ဘီလူးကြီး”ogre

      September 16, 2011 at 8:13 pm

      မောင်တော်ကာရယ်
      မင်းပြောသလိုများများလဲ ချစ်ချင်ပါတယ်
      အိမ်ထောင်ပြုရင်လဲ ရောက်လေရာတိုင်းအိမ်ထောင်ကျခြင်ပါတယ်
      အခုတော့ရှာတုန်းပေါ့ တွေလို့ကတော့ နာပြီသာမှတ်…။။

      အိမ်ထောင်ပြုတယ်ဆိုတာ…တံခါးတစ်ချပ်ကိုဖွင့်ရတာနဲ့တူပါတယ်
      တံခါးတစ်ချပ်ကိုဖွင်ကြည်လိုက်လို့ ရှုပ်ပွနေတာတွေမြင်ပြီးစိတ်ညစ်မသွားပါနဲ့
      အရာအားလုံးနေသားတကျဖြစ်အောင် နှစ်ယောက်အတူဝိုင်းကူသိမ်းဆည်းပေးလိုက်ပါ
      ပင်ပန်းလို့တစ်ယောက်ချွေး တစ်ယောက်သုတ်ပေးရတဲ့ အရသာကို မြည်းစမ်းကြည့်လိုက်ပါအုန်း

      ဒါမှမဟုတ်….
      အဲဒီတံခါးဖွင်လိုက်လို့သန့်ရှင်းသပ်ရပ်နေတာတွေ့လိုက်ရရင်တော့
      နှစ်ယောက်အတူ အေးချမ်းသာယာစွာအနားယူလိုက်ပါ
      ဖုံတွေ ထပ်တက်မလာအောင် သန်ရှင်းရေးလေးလုပ်ပေးဖို့တော့မမေ့ကြပါနဲ့ပေါ့

      “““စဉ်းစားဖို့ပါ “““ ဘီဘီစီလား ဗွီအိုအေလား အဲဒီက လေးလေးဖေသန်း လေသံနဲ့ပေါ့

  • hmee

    September 16, 2011 at 2:36 pm

    အိမ်ထောင်ရေးဆိုတာကတော့ အမျိုးမျိုး ပြောကြတာပါပဲ။ ပျော်ရွှင်စရာကောင်းတဲ့သူက ကောင်းတယ် ပြောသလို ဘက်မညီလို့ စိတ်ညစ်သူကတော့ မကောင်းဘူးပြောမှာပဲ။ ဘယ်အရာမဆို ကောင်းတာနဲ့ ဆိုးတာ ဒွန်တွဲနေတာမို့ မကောင်းဘူးလည်း မပြောချင်၊ ကောင်းပါတယ်လို့လဲ မပြောချင်ပါဘူး။ ဒါပေမဲ့ တခုတော့ ရှိတာပေါ့ အိမ်ထောင်ဘက်လောက် ကိုယ့်အပေါ် ဘယ်သူမှ အတွင်းကျကျ နားလည် ဝေမျှ ခံစားမပေးနိုင်ဘူးဆိုတာပါပဲ။ တချို့အရာတွေဟာ မိဘ၊ မောင်နှမ၊ မိတ်ဆွေနဲ့ ပြောဖို့ မသင့်တော်တာတွေဟာ အိမ်ထောင်ဖက်နဲ့ တိုင်ပင်လို့ရပြီး ဝိုင်းဝန်းဖြေရှင်းနိုင်တာပါပဲ။ ဒါကတော့ ကျွန်မ အမြင်မို့ မှားချင်လည်း မှားနိုင်ပါတယ်။ ဒါပေမဲ့ အသက်ကြီးလာလေ တကိုယ်တည်းသမားတွေဟာ အထီးကျန်ခြင်းကို ပိုခံစားရလေပါ။ အိမ်ထောင်ရှင်များကတော့ အနည်းဆုံး အဖော်အဖြစ် မိမိအိမ်ထောင်ဖက် အနားမှာ ရှိနေလို့ အထီးကျန်ခြင်းကို လူလွတ်လောက် မခံစားရနိုင်ပါဘူး။

  • PEACEMAKER

    September 16, 2011 at 2:59 pm

    Emotionally, financiallyအဆင့်သင့်မဖြစ်သေးတဲ့ ယောကျာ်းတစ်ယောက်ဟာ အိမ်ထောင်ပြုလိုစိတ် မရှိနိုင်ပါဘူး။ အဲဒါတွေအဆင်သင့်မဖြစ်သေးပဲ အိမ်ထောင်ပြုရင်လည်း အိမ်ထောင်ကောင်းတစ်ခုကို မတည်ဆောက်နိုင်ပါဘူး။

    • Zaw Wonna

      September 16, 2011 at 4:34 pm

      ဟုတ်ပါတယ် …. peacemaker ပြောသလို အဆင်သင့် ဖြစ်လာရင် အလိုလိုကို အိမ်ထောင်ပြုချင်စိတ် ပေါ်လာမှာပါ။ ကိုယ်ချစ်တဲ့သူလည်း ရှိဖို့တော့ လိုတာပေါ့။ ကျနော်လည်း မိဘတွေရဲ့ အိမ်ထောင်ရေးက တကျက်ကျက်နဲ့ ဖြတ်သန်းခဲ့ရသူမို့ အိမ်ထောင်ပြုမှာ ကြောက်လန့်နေခဲ့တယ်။ တကယ် ကိုယ်ချစ်တဲ့သူနဲ့ အတူနေရတော့မှ အိမ်ထောင်ပြုတာ နောက်ကျလေခြင်းလို့ နောင်တ ရမိပါတယ်။ အခု အိမ်ထောင်သက် ၅ နှစ်ကျော်တဲ့အထိ နင်ပဲငဆ တစ်ခါမှ ရန်မဖြစ်ဖူးပါ။ သဘောထားခြင်း အလုံးစုံ မတိုက်ဆိုင်နိုင်ပေမယ့် စရိုက်ချင်း နီးစပ်ဖို့တော့ လိုမယ် ထင်ပါတယ်။
      သူငယ်ချင်း တစ်ယောက် ပြောဖူးတာ သတိရတယ်။ “အိမ်ထောင်ပြုတာ နောက်ကျရင် စီးပွားရေး နောက်ကျတယ်တဲ့”။ ကျနော့်အတွက်တော့ တကယ်မှန်တဲ့ စကားပါ။

  • MOEPWINTPHYU

    September 16, 2011 at 3:02 pm

    တကယ်ယူချင်တဲသူမတွေ့သေးတုန်းတောပြောထားအုံပေါကွာ
    နောက်မှယူမယ့်မိန်မကိုဒီစာပုဒ်လေးလားပြလိုက်မယ်
    ဟင်း ဟင်းဟင်း………..

  • နွယ်ပင်

    September 16, 2011 at 3:04 pm

    အလင်းစက်ရေ အိမ်ထောင်ရေးဆိုတာ တစ်ဖက်တည်းကိုကြည့်ပြီး
    ကွက်ပြီးပြောလို့ရတဲ့ အရာမျိုးမဟုတ်ပါဘူး ။ အိမ်ထောင်တစ်ခုမှာ
    စိတ်ညစ်စိတ်ပျက် စရာတွေရှိလဲ ရှိသလို တစ်ယောက်နဲ့ တစ်ယောက် ဖေးမကူညီပြီး
    တစ်ယောက်အပေါ် တစ်ယောက်နားလည်မူတွေနဲ့ တည်ဆောက်ထားတာမျိုး
    ပျော်ရွင်စရာ ချည်းပဲမဟုတ်တောင် အခက်အခဲနဲ့ ကြုံတွေလာတဲ့အခါ ဘေးနားက ဝေမျှကူညီ
    တာမျိုးတွေလဲရှိပါတယ် ။ ဘယ်အရာမဆို အဆိုးအချည်းပဲ မဟုတ်သလို အကောင်းလဲရှိနေတက်ပါတယ်
    ကိုယ်ကလဲ ချစ်ပြီး ကိုယ့်ကိုလဲ ချစ်တဲ့ ချစ်သူလေးနဲ့တာဆို အခက်ခဲတွေတွေ့တိုင်းနှစ်ယောက်လက်တွဲပြီး
    ဘာလို့မကျော်ဖြတ်နိုင်ရမှာလဲ … အိမ်ထောင်ပြုဖို့ကြောက်နေတာလား … တစ်ခါတစ်လေမှာ စာတွေနဲ့ လက်တွေ့က မတူညီတက်ပါဘူးလေ ..

    • pan pan

      September 16, 2011 at 3:15 pm

      မနွယ်ပင်က ကိုယ်တွေ့ရှိတော့ ပြောပါတော့
      နှစ်ဘဝကြုံဖူးသူပေ့ါလေ (အရင်ကလူလွတ်ဘဝ၊ ခုတော့အိမ်ထောင်သည်ဘဝ) :mrgreen:

      • နွယ်ပင်

        September 16, 2011 at 3:41 pm

        ပန်ပန်ပြောမှပဲ နွယ်ပင်လဲ နှစ်ဘဝကြုံ ဖူးတဲ့သူဖြစ်မှန်း သိတော့တယ်
        ဘဝကူးမယ်ဆိုရင်လဲ အချစ်တွေ နားလည်မူတွေ သိတက်မူတွေ …. တွေ
        …. တွေ …… ရှိနေမယ်ဆိုရင်တော့ တစ်ဘဝနဲ့ တစ်ဘဝကူးသွားမှန်းတောင်
        သိပ်မသိတာလှဘူးပဲ မယုံရင် ပန်ပန်လဲ ဘဝကူးကြည့်ပါလား 😛

        • pan pan

          September 16, 2011 at 5:55 pm

          မနွယ်ပင်ပြောတဲ့ …တွေ….တွေ ရှိလို့ဆို ဘဝကူးကောင်းတာပေ့ါ
          နို့ ဒီဘဝကူးက သပိတ်သွတ်လို့ ရတာမျိုးမဟုတ် 🙄
          သဂျီးအောက်မှာ မန့်ထားတာကတော့ ဖရီးဖရီးပဲ :mrgreen:

  • kai

    September 16, 2011 at 3:13 pm

    အိမ်ထောင်ပြုကြပါကွယ်..။ ငယ်တုံး ကာမစည်းစိမ် ခံစားပါကွယ်..။
    အဆင်မပြေရင်လည်း.. လင်နဲ့မယား..လျှာနဲ့သွား… သဘောထားပါကွယ်..။
    ညှိနှိုင်းပါကွယ်…
    ညှိလိုမရအောင်ဖြစ်.. စိတ်ထဲခံစားမရလောက်အောင် ကျဉ်းကြပ်နေရင်တော့… အပြန်အလှန်နှိပ်စက်မနေပဲ.. လမ်းခွဲကြပါကွယ်..။

    လမ်းခွဲပြီးရင်.. အရွယ်ရှိသေးရင်…. နောက်တယောက်ပြောင်းယူပါကွယ်..။
    ==
    “အိမ်ထောင်မှုဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးချက်မပိုင်လျှင် နောင်ပြင်နိုင်ခက်သည့်အမျိုး ” ဆိုတဲ့.. ရှေးခေတ်က.. ဘုရင်တွေ သူတို့တွေအပျိုများများယူလို့ရအောင်.. (အပျိုကျန်အောင်) ထားခဲ့တဲ့..ရှေးစကားပေါက်တပ်ကရတွေကို .. အလေးမထားပါနဲ့ကွယ်..
    လူဘဝမှာ.. ဖိုနဲ့မ ၂မျိုးထဲကပ်ရှုပ်နေတာ..။ တွဲကြည့်.. မကြိုက်ရင်..အဆင်မပြေရင်.. နောက်တယောက်ပြောင်းပါကွယ်..။
    စေတီဘုရားလည်း.. မကြိုက်ရင် ပြန် ပြင်ဆောက်ပါကွယ်..။
    ဆေးမင်ကြောင်လဲ.. မကြိုက်ရင်.. လေဆာနဲ့ဖျက်ပါကွယ်..။ သိပ်မသေချာသေးဘူးထင်ရင်.. အစကတည်းက.. တခါကပ်စတစ်ကာ ကပ်ပါကွယ်..။

    ရှေးထုံးတွေကို.. ခေတ်နဲ့ညှိ..အင်တာနက်နဲ့ညှိ.. ပယ်သင့်တာတွေပယ်ကြပါကွယ်..။ 🙂

    • PEACEMAKER

      September 16, 2011 at 4:10 pm

      အိမ်ထောင်မပြုခင်က ရည်းစားတွေ ထားခဲ့ဘူးတယ်။ အဲဒုန်းက အဲလူတွေကို ချစ်တယ်လို့ ထင်ခဲ့တာပဲ။ ခုအိမ်ထောင်ပြုတော့ အရင်ကထားခဲ့တဲ့ရည်းစားတွေကို သိပ်ကျေးဇူးတင်တယ်။ ဘာကြောင့်လဲသိလား။ ကိုယ့်ကို ဘာမှကိုယ်ထိလက်ရောက် မကျူးလွန်ခဲ့ကြလို့။ ကိုယ်ကကျေနပ်လို့ နှစ်ဦးသဘောတူခဲ့ကြမယ်ဆိုရင်တောင် ခုချိန်မှာ ပြန်စဉ်းစားရင် ကိုယ့်ကိုကိုယ် သတီနိုင်မယ်မထင်ဘူး။ ကိုယ်ချစ်မြတ်နိုးတဲ့ ကိုယ့်ယောက်ျားကို ပထမဆုံးသန့်စင်မှုပေးနိုင်ခဲ့တာကို သိပ်တန်ဖိုးထားလို့ပါ။ ဒါနဲ့ စကားမစပ်ပြောရရင် ကိုယ့်ယောက်ျားက အပျိုစစ်တာ မစစ်တာတွေကို သိပ်ဂရုထားတဲ့သူမဟုတ်ခဲ့ပါဘူး။ တိုင်းပြည်လူမျိုးလဲမတူ ဘာသာလဲမတူပါဘူး။ ဘယ်တော့မှလက်မထပ်ဘူးလို့ ကျုံးဝါးခဲ့တဲ့သူက ကိုယ့်ကျမှ မြတ်မြတ်နိုးနိုးလက်ထပ်ခဲ့တာ ဘဝမှာအကျေနပ်ဆုံးပဲ။

    • etone

      September 16, 2011 at 4:25 pm

      သဂျီးနေတဲ့ လော့ကျနေတဲ့ အိမ်မှာတော့ မပြောတတ်ဘူး ဒီနိုင်ငံ အသိုင်းဝိုင်းကြားမှာ လက်လှုပ်လက် ၊ခြေလှုပ်ခြေလိုက်ပြောနေတာ … ကိုယ့်ဘာသာကိုယ် ကြိုက်လို့တွဲမယ် မကြိုက်တော့ကွဲမယ်ဆိုလျှင်တောင် ပါးစပ်ပေါက်တွေ … အလကားသက်သက်လေကုန်ခံ အတင်းပြောတယ် …. ။ အဲ့ဒီလေတွေပိရင်းတောင် သေလောက်ပါရဲ့ …. ။ 😥

      ဒီနိုင်ငံမှာ တကယ့်ကိုမလွယ်တာ .. နှစ်ကြာကြာတွဲခဲ့တဲ့ ရည်းစားနဲ့ပြတ်လျှင်တောင် ကိုယ့်ထမင်းကိုယ်စားပြီး စုတ်တသတ်သတ်ဖြစ်နေတဲ့ဟာတွေကလည်းရှိသေးတယ် … မခံချင်ဘူးလား .. နောက်တစ်ယောက် ထပ်တွဲပြလိုက်ဦး … နောက်တမျိုးအတင်းပြောမယ် … မရိုးနိုင်အောင်ကိုပြောလိမ့်မယ် .. ဟားဟား 🙄

    • မီးမီး သော်

      September 16, 2011 at 4:53 pm

      သူကြီးရေ အောက်မှာ mr.lone ကတော့ပြောနေပီ။သူကြီးကလဲ အားလုံးကောင်းတယ်ဘဲပြောနေတယ်။မကြိုက်ရင်ပြင်တာတော့ဟုတ်ပါတယ် ။ပြင်လို ့မရတဲ့အမှားနဲ ့ပြင်လို ့မရတဲ့ အမှားရှိတယ်မဟုတ်ဘူးလား။

  • good

    September 16, 2011 at 3:26 pm

    Mr.Lone ကတော့ အချစ် ( အိမ်ထောင်းရေး ) ကို တော်တော် လေး မန့် ထားပါးလား။
    အိမ်ထောင် မပြုရသေးပေမဲ့ ကိုပွားလေးတွေ ပါ တွေး ပြီး စိတ်ကူးယဉ် မန့် ထား တာကြည့်ရင်။
    Mr. Lone နဲ့ ရ တဲ့ သူ ကတော့ အိမ်ထောင်ရေး အတော် အဆင်ပြေ မှာ။
    ဂေဇက် သူ [ ကိုယ်လူပျိုဘဝမှာမရခဲ့ဖူးတဲ့ ဇနီးသည်တစ်ယောက်ရဲ့ ပြုစုယုယမှုတွေနဲ့ ကိုယ့်ချစ်သူကိုယ်တိုင် ချက်ကျွေးမယ့် ဟင်းလေးတွေနဲ့… ]
    ဂေဇက် သား [ Lone ကအိမ်ထောင်မကျသေးဘူးနော် (ကြေငြာဝင်တာ)… အိမ်ထောင်အရမ်းပြုချင်နေတဲ့ မိန်းမတစ်ယောက်လည်း မဟုတ်ဘူးနော်…]
    များ စုံ စမ်း ကြကုန်လော့။

  • mr.lone

    September 16, 2011 at 3:52 pm

    ယောက်ျားတွေ …ယောက်ျားတွေ…ဘုရင်ခေတ်ကတည်းက …. မိန်းမအယောက်တစ်ရာယူပြလာတော့ …အခုတော့ တားမရဆီးမရတွေ ဖြစ်ပြီ……ယောက်ျားကောင်းမောင်းမတစ်ထောင် ဆိုတဲ့ရှေးထုံးကိုတော့ မပယ်ကြဘူး…သူတို့မကြိုက်တဲ့ ရှေးထုံးတွေတော့ ပယ်ကြတယ်….ဘုရားတည်ပြီးရင်တော့ ပြန်ပြင်ဆောက်
    လို့မရဘူးနော်…kai … ဗုဒ္ဓဘာသာမဟုတ်ဘူးလား… ဘုရားအနေကဇာတင် နတ်ပင့် ဆိုင်ရာအကုန်ပင့်
    ပြီးမှ တည်လို့ရတာ…သူတို့ကို တည်တာပုံစံမကျလို့ပြန်ပြင်တည် ပါမယ်ဆိုပြီး နောက်တစ်ခါ ထပ်ပင့်မလို့
    လား…ဆေးမှင်ရည်စုပ်ထိုးကတော့ တိုးတက်လာတဲ့ခေတ်အရ ဖျက်လို့ရချင်ရမယ်…အိမ်ထောင်မှုမှာလည်း
    ဒီမိန်းမကိုယူပြီးမှ မကောင်းဘူးကွာမယ်ဆိုရင်… မိန်းကလေးဘက်ကဘယ်လောက်နစ်နာမလဲ…မယူခင်ကတည်းကကြည့်ယူလေ…ပြီးတော့ အိမ်ထောင်တစ်
    ခါကျဖူးတဲ့အမည်းစက်ကြီးကတော့ ထင်သွားမှာပဲ…..

    • ကြောင်ကြီး

      September 17, 2011 at 9:31 am

      လုံးကလေးရယ် ကိုကြောင်ကြီးက လုံးအတွက်ဆို ပြားပေးချင်သူပါ။ လုံးကပြားမယ်ဆိုရင်လည်း ကိုကြောင် လုံးဖို့ဝန်မလေးပါဘူး။ ဒီလောက်ပြောရင် ယုံကြည်လိုက်ပါတော့နော်..။
      ငုတ်တုပ်ထိုင်စောင့်ရင်း မာရသွန်အပြေးသမားလို ရင်မောနေရသူပါ 😉

  • etone

    September 16, 2011 at 4:07 pm

    အသည်းကွဲသမားကတော့ အိမ်ထောင်ရေးဆိုတာကို စိတ်နာချင်နာနေမှာပေါ့ … 😀 အဆိုးမြင်စိတ်တွေလည်းရှိချင်ရှိနေမှ … ။ တကယ်တမ်း အဆိုးတွေချည်းပဲတော့မဟုတ်ဘူးထင်တယ် … ။ life ပါတနာဆိုတာကတော့ လူတိုင်းရှိသင့်တယ် … ကိုယ်နဲ့ အတူ ဒိုးတူဘောင်ဖက် ဆိုးဆိုးကောင်းကောင်း ရုန်းကန်နိုင်မယ့်လူတစ်ယောက်တော့ လိုကြတာပဲလေ … ။ အိမ်ထောင်ကျပြီး စိတ်ညစ်နေတဲ့ လူတွေ၊အဆင်မပြေတဲ့ လူတွေကတော့ …. မိသားစုကိုဘယ်လို ထိန်းသိမ်းရမလဲ နားမလည်လို့ပါပဲ ….. ။ 😛
    အဟဲ … ခေတ်စကားနဲ့ ပြောရမယ်ဆိုလျှင် အိမ်မပိုင်ပဲ ခွေးမွေးတယ်လို့ပဲ ပြောရတော့မယ် .. 😛

  • tarnawyakkha

    September 16, 2011 at 5:03 pm

    မမလုံးရေ ဘီလူးတောင် စဉ်းစာချင်နေပြီ

  • tarnawyakkha

    September 16, 2011 at 5:03 pm

    စဉ်းစားချင်နေပြီ

  • athaylay

    September 17, 2011 at 12:04 pm

    ဘာပဲပြောပြော အိမ်ထောင်ပြုရမှာ ကြောက်တယ်။

    • nayminn

      September 17, 2011 at 4:21 pm

      Athaylay ရဲ့ အမေသာ အဲသလိုစိတ်မျိုးထားခဲ့ရင်…

  • မောင်တုတ် ကြီး

    September 17, 2011 at 12:34 pm

    ကံအဆိုးဆုံအချိန်မှာ အိမ်ထောင်ကျတယ်။ဟုတ်လိုက်တာ။ဒဲ့ဒိုးဘဲ။

  • nigimi77

    September 17, 2011 at 1:46 pm

    ကျုပ်တော့ သဂျီးပြောတဲ့ ကာမ စည်းစိမ်ကို ငယ်ရွယ်တုန်း ချစ်သူဖြစ်တုန်း မြိန်ရည်ရှက်ရည် ခံစားခဲ့ပြီးပြီ။

    တွဲတာလည်း ၃ နှစ်ကျော်ပြီ။ အလွန်လဲ အပေးအယူမျှတယ်။ ဒီတော့ကာ….ရှေ ့နှစ်က အတူနေဖို ့အသင့်

    တော်ဆုံး အချိန်ပဲ။ အလွန် ကံကောင်းခြင်းတွေ ရတော့မယ်။ အိမ်ထောင် မပြုရဲခဲ့တဲ့ ဘဝကနေ ကျော်ဖြတ်

    နိုင်တော့မယ်။

  • alinsett

    September 18, 2011 at 11:39 am

    windalker နဲ ့ lone တို ့တော့ သဘောထားကွဲလွဲကုန်ကြပြီ။
    ကိုယ် လည်း သူဂျီးပြောတာကိုပဲ..လက်ခံလိုက်တော့မယ် ။
    နွယ်ပင်နဲ ့ဇော်ဝဏ ပြောတာတေါကိုတော့ တကယ် လေးနက်စွာ….စဉ်းစားပါတယ် ။ ကျေးဇူးပါပဲနော်။
    ကိုယ် က အိမ်ထောင်ပြုရမျာကို ကြောက်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ် ့ ပြုချင်စိတ်မရှိလောက်အောင် ..အဆိုးမြင်နေခဲ့သူ ပေါ့ ။

    အသည်းကွဲ တဲ ့သူတွေ..မှာ ဖြစ်လေ ့ရှိမယ် ထင်ပါရဲ ့။lone နဲ ့ ဘာလိုလို ဂလိုတိုတို ပြောသွားတာတော့
    တညိုးကြီးပဲ..နော်။

    ဦးကြောင်တို ့ကလည်း ဒူးချောင်နေတာတောင်….

Leave a Reply