အမျိုးကောင်းသမီးများသို ့(သို ့မဟုတ်) အနာဂတ်၏မိခင်လောင်းလျာများသို ့

             “အမြတ်စား(ပဒုမ္မနီမိန်းမ)တို ့၏လက္ခဏာ”
           
(၁)လဝန်းကဲ့သို ့သောမျက်နှာရှိ၏။
(၂)ညက်ညောသော အသားအရေရှိ၏။
(၃)တောက်ပဖြူစင်သော သွားရှိ၏။
(၄)ခြေဖဝါး၊လက်ဖဝါး ပြည့်ဖြိုး၏။
(၅)ဆံပင် နက်မှောင် ရှည်လျားကောင်းမွန်ခြင်းရှိ၏။
(၆)လည်ပင်းတွင် အရေးအရစ် သုံးခုရှိ၏။
(၇)သားမြတ်ကြီး၏။
(၈)ဟင်္သာကဲ့သို ့သွားလာတတ်ခြင်းမျိုးရှိ၏။
(၉)အသံဩဇာသာယာမှုရှိ၏။
(၁၀)မိဘဆရာသမားတို ့အပေါ်ရိုသေလေးစားမှုရှိ၏။
(၁၁)လင်ယောကျာ်းအားချစ်ခင်ရိုသေ၏။
(၁၂)မကောင်းမှုကိုရှောင်ကြဉ်၍ ကောင်းမှုကို ပြုတတ်၏။
(၁၃)အရှက်တရား ကြီးမား၏။
(၁၄)ကြောက်ရွံ ့လေးစားထိုက်သူကို ကြောက်ရွံ ့၏။
(၁၅)ပညာအရည်အချင်း၊ရုပ်ရည်ချောမောလှပမှုနှင့်ပြည့်စုံ၏။
(၁၆)ပဒုမ္မာကြာကဲ့သို ့ကိုယ်နံ ့ရှိ၏။
(၁၇)ကိုယ်အရသာချို၏။
(၁၈)မာတင်္ဂ ကဲ့သို ့ကြည့်ခြင်းမျိုးရှိ၏။
(၁၉)ကိုယ်သည် ချမ်းသောအခါနွေး၍ ပူသောအခါအေး၏။

              “အကောင်းစား(စိတ္တရနီမိန်းမ)တို ့၏လက္ခဏာ”

(၁)ရယ်ရွှင်မြူးထူးခြင်းများရှိ၏။
(၂)ခိုပေါက်ကဲ့သို ့အသံရှိ၏။
(၃)လိပ်ကဲ့သို ့သွားလာမှုမျိုးရှိ၏။
(၄)အသားအရေ ပျော့ပျောင်းမှုရှိ၏။
(၅)မိဘ ဆရာသမားတို ့အားရိုသေလေးစားတတ်၏။
(၆)ကြာညိုနံ ့ကဲ့သို ့ကိုယ်နံ့ရှိ၏။
(၇)လင်ကို ရိုသေတတ်၏။

              “အလတ်စား(သင်္ခနီမိန်းမ)တို ့၏လက္ခဏာ”

(၁)ဆံပင်ရှည်လျားကောင်းမွန်၏။
(၂)ပျားအနံ ့ကဲ့သို ့ကိုယ်နံ ့ရှိ၏။
(၃)သားမြတ်သည် သလဲသီးနှင့် တူ၏။
(၄)ခါးစင်း၍ ရင်ကော့၏။
(၅)ကိုယ်ဟန်သွင်ပြင် ပြေပြစ်၏။
(၆)ယစ်မငယ်၏ သွားလာပုံမျိုးရှိ၏။
(၇)အမွှေးအကြိုင် ပန်းနံ ့သာမက်မော၏။
(၈)မကောင်းသော အရသာကိုစား၏။
(၉)ရာဂရမ္မက်ကြီး၏။
(၁၀)ယောကျာ်းနှင့် ခဏမျှသာကင်းကွာ နေလိုစိတ်မရှိခြင်းဖြစ်၏။
(၁၁)ရသေ့ရဟန်း ကိုမြင်လျှင်ပင် မက်မော၏။

             “အညံ့စား(ဟတ္တနီမိန်းမ)တို ့၏လက္ခဏာ”

(၁)တင်ပဆုံကြီးပြီး တင်ပါးမြင့်၏။
(၂)နားရွက်တိုပြီး နှုတ်ခမ်းကြီး၏။
(၃)နှာခေါင်းပိပြား၏။
(၄)မျက်စိသည် လောက်စာလုံးကဲ့သို ့ဝိုင်း၏။
(၅)ခါးတုတ်၏။
(၆)ပေါင်ရင်း တုတ်၏။
(၇)ခြေသလုံးကြီးပြီး ခြေဖဝါးတို၏။
(၈)လက်ချောင်းခြေချောင်း တို၏။
(၉)သားမြတ်သေး၍ ချက်ကြီး၏။
(၁၀)ကိုယ်အရသာ ငန်၏။
(၁၁)ဆင်မကဲ့သို ့သွားလာခြင်းမျိုးရှိ၏။
(၁၂)ဆင်မုန်နံ ့ကဲ့သို ့ကိုယ်နံ ့ရှိ၏။
(၁၃)အမျက်ဒေါသကြီး၏။
(၁၄)လောဘရမ္မက်ကြီး၏။
(၁၅)ရာဂရမ္မက်ကြီး၏။
(၁၆)ယောကျာ်းမြင်လျှင် တိမ်းညွတ်လွယ်၏။
  

      မြန်မာမိန်းကလေးတို ့သည် မိန်းမကောင်း၊မိန်းမမြတ်ဂုဏ်ရည်နှင့်ပြည့်ဝသော မိန်းမတစ်ယောက်ဖြစ်စေရန်ပဒုမ္မနီမိန်းမ အမျိုးအစားနှင့် စိတ္တရနီ မိန်းမအမျိုးအစားတွင် ပါဝင်စေရန် မိမိတို ့ကိုယ်တိုင် ပြုပြင်ထိန်းသိမ်းအပ်ပါသည်။

စောင့်မျှော်နေသူအားလုံးကိုကျေးဇူးတင်ပါတယ်။မနက်မိုးလင်းထဲ ကပျက်လိုက်တဲ့ မီးက ခုမှလာတော့ ခုမှတင်ပေးဖြစ်တာတောင်းပန်ပါတယ်။အားလုံးရဲ ့အမြင်လေးတွေနဲ ့ဝင်ပြီးမန် ့ပေးကြပါဦးနော်။ကျေးဇူး ဥပကာရအထူးတင်ရှိပါတယ်ရှင်။အနာဂတ်ရဲ ့မိခင်လောင်းလျာများဆိုလို ့ရွာထဲမှ အပျိုကြီးများ စိတ်မကောင်းမဖြစ်ကြပါနဲ ့နော်။

22 comments

  • mr.lone

    September 16, 2011 at 12:56 pm

    နှာခေါင်းပြားတဲ့မိန်းမတွေကအညံ့စားထဲပါကုန်ပြီပေါ့ အဲဒါဆိုတရုတ်မတွေ တော့ ဒုက္ခပဲ…Lone ကတော့ နှာ
    ခေါင်းမပြားဘူး..လည်ပင်းမှာလည်း အရစ်ပါတယ်…ဟိဟိ…ကိုယ်နံ့ချိုလား ငန်လားတော့မသိဘူး…
    ရေချိုးပြီးရင်တော့ ဆပ်ပြာနံ့ရတယ်။ အလုပ်သွားခါနီးဆိုရင်တော့ရေမွှေးနံ့ နဲ့ lotion နံ့…အကောင်းတွေ
    ချည်းပဲရွေးပြောမှမကောင်းတာတွေတော့မပြောတော့ဘူးနော်………….ဟဲဟဲ…….:P …. ဒါပေမယ့် စဉ်းစားကြည့်ရင် အခုခေတ်မှာ အားလုံးက ရောနှော
    နေပြီ …. အရင် ဘုရင်တွေ ခေတ်လောက်ကပဲ …အဲဒီလိုမျိုးရှိမယ်ထင်တယ်နော်….

  • မီးမီး သော်

    September 16, 2011 at 1:09 pm

    အယ် အဲလိုမဟုတ်ရပါဘူး။ရှိတာပေါ့။တရုတ်ဘဲဖြစ်ဖြစ်၊ဗမာဘဲဖြစ်ဖြစ်၊ဘယ်လူမျိုးမှာဘဲ ဖြစ်ပါစေ ဗိုင်းကောင်းကျောက်ဖိလေးတွေရှိပါသေးတယ်ရှင်။

    • mr.lone

      September 16, 2011 at 1:37 pm

      ဒါပေမယ့် …အခုခေတ်မှာ အမြတ်စားမိန်းမဆီက အချက်နဲနဲ.. အကောင်းစားမိန်းမဆီက အချက်နဲနဲ… အလတ်စားမိန်းမဆီက အချက်နဲနဲ အညံ့စားမိန်းမဆီက အချက်နဲနဲ … အားလုံးရောထွေးနေတတ်တာကို ပြောတာပါ။… အမြတ်စားမိန်းမဆိုပြီး ….အမြတ်စားမိန်းမရဲ့ အချက်အလက်တွေနဲ့ ပြည့်စုံတဲ့မိန်းမဆိုတာလုံးဝရှိတော့မှာမဟုတ်ဘူး …ကျိန်းသေတယ်…. ရှေးအရင်က ရှိခဲ့ရင်တောင် ၁၀ဝ မှာ အများဆုံး ၅ယောက်လောက်ပဲ ရှိမှာ…မိန်းမကိုယ်ကနေ မကောင်းတဲ့အနံ့တစ်ခုကတော့ မိန်းမတိုင်းထွက်ဖူးမှာပါပဲ…ဘယ်သူမှရှောင်လွှဲလို့မရတဲ့ အနံ့ …. မိန်းမတိုင်းမိန်းမတိုင်းပါ……
      ရိုင်းတယ်တော့မထင်ပါနဲ့…. သဘာဝပါ…လူ့ကိုယ်ဟာအညှီအဟောက်ပါပဲ.ရေတစ်ရက်နှစ်ရက်မချိုးပဲနေကြည့်ပါလား.အဲဒီ့
      ကြာညိုနံ့သင်းတဲ့အမျိုးသမီးကဘယ်လောက်များ သင်းနိုင်မှာလဲ….ရွာသားများ ဖတ်မိရင်လည်း ….နားလည်ပေးကြပါ…ပြောရင်းနဲ့ရှက်လာပြီ…တော်ပြီ မပြောတော့ဘူး

  • Koyin Sithu

    September 16, 2011 at 1:31 pm

    ဒီခေတ်ထဲမှာ အပေါ်ဆုံးနှစ်မျိုးရဖို့ ဆိုတာ တော်တော်မလွယ်ပါလားနော်…
    ဆန်ကွဲထဲက ဆန်ကောင်းရွေးရတဲ့ အခြေအနေမျိုး…
    စိတ္တရနီမိန်းမမျိုးရရင်ပဲ ကျေနပ်ပါပီ း)
    ကိုယ်အရသာ ချုိုလား မချိုလား ဘယ်လိုစမ်းရမလဲ.. မမီး၂သော်ရေ.. 😛

  • မီးမီး သော်

    September 16, 2011 at 1:52 pm

    ဟယ် ညစ်ပတ်လာကြပီ။မီး မသိပါဘူး။ဖတ်မိတာလေး ပြန်ဝေမျှတာပါ။

    • Koyin Sithu

      September 16, 2011 at 4:21 pm

      .. မမီး မသိလို့ မရဘူးလေ..ကိုယ် ရေးထားတဲ့စာကိုတော့ စာဖတ်သူတွေ
      နားရှင်းအောင် ပြန်ရှင်းပြသင့်ပါတယ်… ညစ်ပတ်တာမဟုတ်ပါ…
      လက္ခဏာထဲမှာပါတဲ့ … ကိုယ်ချိုတယ်ဆိုတာ ဘယ်လိုစမ်းရတာလဲခင်ညာ..
      ဆီးချို တိုင်းတဲ့ စက်နဲ့ တိုင်းလို့ရလား.. ဟီးးး.. မသိလို့ပါ.နော့.. 😛

  • windtalker

    September 16, 2011 at 2:28 pm

    မရဘူး မီးမီးသော်
    အချိန်နှောင်းသွားပြီ
    အပေါ်က ကိုရင်စည်သူ မန် ့သလို ပဲ
    ချိုလား မချိုလား ဘယ်လို စမ်းရမလဲ
    မြန်မြန်ဖြေပေးပါ ။
    နောက်ပြီး သိချင်တာ ရှိသေးတယ်
    “အလတ်စား(သင်္ခနီမိန်းမ)တို ့၏လက္ခဏာ”
    (၉)ရာဂရမ္မက်ကြီး၏။
    အဲဒါ ဘယ်လို စမ်းရမှာလဲ …
    လုပ်ဦး
    ဒီဆိုက်ထဲ က နဲ ့ဒီဆိုက်ကို လာဖတ်သူတွေ လဲ
    သိချင်ကြလောက်တယ်
    မြန်မြန်ဖြေပေးပါနော်
    🙂

  • zaw min

    September 16, 2011 at 2:56 pm

    အင်း…မမီးမီးသော်…ဒီရွာကလူတွေအကြောင်း သိပ်ပြီးမလေ့လာမိသေးဘူးထင်တယ်…ဒီရွာမှာသူကြီးကအစ လက်တွေ့သမားဗျ…သေသေချာချာစမ်းသပ်လက်တွေ့အကောင်အထည်ဖေါ်ပြတာတောင် ဓါတ်ခွဲခန်းထဲဝင်ပြီးဓါတ်ခွဲကြည့်အုံးမှာ..
    စာအုပ်ထဲကတွေ့ပါတယ်ဆိုရင်တော့…သူကြီးက နိုး..နိုး…အိုင် ဒုံ့ ဘီလိဖ်(ဖ်)…

  • good

    September 16, 2011 at 2:58 pm

    ဂေဇက်သားတွေ တင်ရမဲ့ ပို့ ကို ဂေဇက်သူ က တင်လိုက် မိသကိုး။
    မီးမီးသော်ရေ ကျားကျမ်း ရှာ ဖတ်ပြီး ပြောင်းတင်ပေတော့။

  • etone

    September 16, 2011 at 4:35 pm

    စာတွေပေတွေနဲ့ ခိုင်းနှိုင်းလို့တော့ မရပါဘူး .. ဟိုခေတ်က မိန်းမတွေ ကြာညိုနံ ့သင်းတာတို့ .. ဟသာင်္လို အသံရှိတာတို့က ဒီခေတ်မှာ ဘယ်လိုမှ ရှာမရတော့ဘူး … ။
    အဓိကက စိတ်ကောင်းရှိတတ်ဖို့ .. ကိုယ်ချင်းစာတတ်ဖို့ ….. နားလည်လက်ခံ ဆုံးမလွယ်ဖို့နဲ့ … အကောင်းမြင်ဝါဒရှိဖို့နဲ့ အပျင်းမထူ ၊ ဇီဆာ မကြောင်တတ်လျှင်ပဲ .. ကောင်းတဲ့အမျိုးစားထဲ ထည့်တွက်လို့ရနေပြီလေ .. ။
    မိန်းမတစ်မျိုးတည်းတင်မဟုတ်ဘူး ..ယောကျာ်းတွေရော … လူသားအားလုံးအဲ့ဒီလို ဖြစ်သင့်တာ .. 😛

    • mgmglusoe

      September 16, 2011 at 8:43 pm

      ခုခေတ်လဲ ကြာညိုနံ့တွေ ကြာနီနံ့တွေ ရပါတယ် … အလှကုန်ပစ္စည်းတွေ ကြောင့်ပါ…
      ရေမွှေးတွေ ခေါလျှော်ရည် နံ့တွေ နဲ့မို့… :mrgreen:

  • မီးမီး သော်

    September 16, 2011 at 5:00 pm

    အမလေး မမအိတုံကယ်ပေလို ့သာ။မီးက အားလုံးသိရအောင်တင်ပေးလိုက်တာ။ကြောက်စရာကြီးပါလား။သူကြီး စစ်ကူတောင်းရအောင်လဲသူလဲ ပျောက်နေပီ။

  • “ဘီလူးကြီး”ogre

    September 16, 2011 at 7:58 pm

    “အမြတ်စား(ပဒုမ္မနီမိန်းမ)တို ့၏လက္ခဏာ”
    (၁)လဝန်းကဲ့သို ့သောမျက်နှာရှိ၏။
    (၇)သားမြတ်ကြီး၏။
    (၈)ဟင်္သာကဲ့သို ့သွားလာတတ်ခြင်းမျိုးရှိ၏။
    (၁၆)ပဒုမ္မာကြာကဲ့သို ့ကိုယ်နံ ့ရှိ၏။
    (၁၇)ကိုယ်အရသာချို၏။
    (၁၉)ကိုယ်သည် ချမ်းသောအခါနွေး၍ ပူသောအခါအေး၏။
    ဒီမိန်မကတော့ လမျက်နှာနဲ့ ရုပ်တော်တော်ဆိုးမှာပါ ကြီးတဲ့ဟာတွေအရမ်းကြီးနေရင်ကြည့်ကောင်းမယ်မထင်ဘူး
    ဟင်္သာလိုသွားရင် တော့ ပြီးရောပဲ လည်တယ်လည်တယ်နေမှာ
    ကြာနံ့သင်းတယ်ဆိုတော့ မျက်စိမမြင်တဲ့ လူဆိုရေကန်နားရောက်နေတယ်ထင်မှာ
    အရသာချိုရင်တော့ ပုရွက်ဆိပ်ညဘက် အကိုက်ခံရနိုင်ပါတယ် …။။
    ချမ်းရင်နွေးပြီး ပူရင်အေးတယ်ဆိုတဲ့ တစ်ချက်ထဲနဲ့ စဉ်းစားပြီးလက်ခံလို့ရတယ်
    စောင်ဝယ်ရတာ အဲယားကွန်းဝယ်ရတာသက်သာမယ်လေ..။။။

    “အလတ်စား(သင်္ခနီမိန်းမ)တို ့၏လက္ခဏာ”
    (၁)ရယ်ရွှင်မြူးထူးခြင်းများရှိ၏။
    (၂)ခိုပေါက်ကဲ့သို ့အသံရှိ၏။
    (၃)လိပ်ကဲ့သို ့သွားလာမှုမျိုးရှိ၏။
    ရယ်ရွှင်တယ်ဆိုရင် မျက်နှာရူးဖြစ်မယ်ဗျ
    ခိုညည်း သံတော့နားမခံနိုင်ပေါင်
    လိပ်သွားသွားနေမှတော့ မြန်မြန်မပြီးတာနဲ့
    နေ့တိုင်း အတွယ်ခံရမှာပဲ..(အလုပ်မပြီးလို့ယောက်ျားရိုက်မှာပြောတာပါ )။။။။

    “အညံ့စား(ဟတ္တနီမိန်းမ)တို ့၏လက္ခဏာ”
    (၁)တင်ပဆုံကြီးပြီး တင်ပါးမြင့်၏။
    (၂)နားရွက်တိုပြီး နှုတ်ခမ်းကြီး၏။
    (၃)နှာခေါင်းပိပြား၏။
    (၉)သားမြတ်သေး၍ ချက်ကြီး၏။
    (၁၀)ကိုယ်အရသာ ငန်၏။
    (၁၁)ဆင်မကဲ့သို ့သွားလာခြင်းမျိုးရှိ၏။
    (၁၂)ဆင်မုန်နံ ့ကဲ့သို ့ကိုယ်နံ ့ရှိ၏။
    (၁၃)အမျက်ဒေါသကြီး၏။
    (၁၆)ယောကျာ်းမြင်လျှင် တိမ်းညွတ်လွယ်၏။
    နံပါတ်တစ်ကတော့ မဆိုးပါဘူး
    နှစ်နဲ့သုံးက လက်ခံလို့မရဘူး
    နံပါတ်ကိုး ကတော့ ကြီးရမယ့်နေရာသေးပြီးသေးရမယ်နေရာကြီးနေတယ်ဗျ
    ဆင်မလိုသွာတယ်ဆိုရင်တော့ ရမ်းတမ်းရမ်းတမ်းနေမှာ နှာမောင်းပြောပါတယ်
    လူကဆင်အနံ့ နံတယ်ဆိုတော့ သိပ်မနှိပ်ဘူး
    ဒေါသကြီးရင်တော့ နေတိုင်းရန်ဖြစ်နေရမှာဗျ
    ယောက်ျားတွေ တိမ်ညွတ်တယ်ဆိုတော်သေး လင်ငယ်နေမှအခက်ပဲ…။။။

    မီးမီးသော် က ဦးနှောက်စားအောင်လုပ်သွားတယ်
    ငါရည်းစားကို မနက်ကျ ပန်ခြံထဲခေါ်သွားပြီး
    ဒီကောင်မကို..
    လမ်းလျှောက်ခိုင်း/အော်ခိုင်း/အနံ့ရူကြည့်/လျှာနဲ့လျှက်ကြည့်/အကုန်လှန်လျှောကြည့်
    ဒီပို့စ်က တစ်ချက်ချက်နဲ့ ငြိလို့တော့ အပြတ်ပဲမှတ်..။။။။။

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 16, 2011 at 8:23 pm

    မိုက်ကယ်ဂျော်နီအောင်ပု၏ လက္ခဏာ
    ဦးခေါင်းကြီး၏
    လည်ပင်းကြီး၏
    ပုခုံးကြီး၏
    လက်မောင်းကြီး၏
    လက်ဖျံကြီး၏
    ရင်ဘတ်ကြီး၏
    ဝမ်းဗိုက်ကြီး၏ ( ပူခြင်းမဟုတ် )
    ခါးရိုးကြီး၏
    တင်ပဆုံရိုးကြီး၏
    …….xxxxx … အံဖွယ်သရဲ အလွန်ကြီး၏ 😀 😀 😀
    ပေါင်လုံးကြီး၏
    ခြေသလုံးကြီး၏
    ခြေဖဝါးကြီး၏
    အစားကြီး၏
    အပျင်းကြီး၏
    အိုးသူကြီးဖြစ်၏

  • မီးမီး သော်

    September 16, 2011 at 10:24 pm

    ကိုဘီလူးကြီးရေ လိင်တူချစ်သူ ကြီးပြောပေးနေတော့ရှင်းရောပေါ့နော့။ဟိ သူများစစ်ကူတောင်းရတာပျော်တယ်လေ။

  • kai

    September 17, 2011 at 12:47 am

    ဟိန္ဒူဘာသာရေးအခြေခံစိတ်ထားတဲ့.. အိန္ဒိယယဉ်ကျေးမှု အခြေခံပြီး.. ကာလီဒါသလို.. လောကနိတိဆရာလို..ပညာယှိတွေက.. မဟာရာဂျာကြီးတွေ.. ဘုရင်တွေအကြိုက်.. ကိုယ့်စိတ်နဲ့နှိုင်း.. ကိုယ်ကြိုက်တဲ့ မိန်းမကြည့်..ကျဉ်းမြောင်းတဲ့အမြင်နဲ့..ရေးထားတာတွေပါ..။

    ခေတ်နဲ့မလျှော်ညီတော့တာတွေဖြစ်ပြီး.. “အဲဒီခေတ်က ..အဲဒီလိုဖြစ်ကြသကိုး”လို့.. မှတ်ချက်ပေးရန်သာရှိကြောင်း…။
    တကယ်တော့.. ကိုယ်ကြိုက်တဲ့မိန်းမက.. မိန်းမကောင်း..မိန်းမမြတ်ဖြစ်ကြောင်း….။ 🙂

    • mr.lone

      September 17, 2011 at 8:17 am

      kai ပြောတာထောက်ခံတယ်..

  • ကြောင်ကြီး

    September 17, 2011 at 9:45 am

    လည်ပင်းသုံးရစ်တော့မသိဘူး လက်မောင်းမှာသုံးရစ်ရှိရင်တော့ တပ်ကြပ်ကြီးအဆင့်ပဲ…။ လဝကဦးစီးဌာန စာရေးမတွေဆို အားလုံးသုံးရစ်…။

  • koyinmaung

    September 17, 2011 at 6:26 pm

    မီးမီးသော်ရေ ……ရွာသားတွေကအစ အနောက်ကြမ်းကြတယ်နော့်
    (ကိုယ်ကြိုက်တဲ့မိန်းမက.. မိန်းမကောင်း..မိန်းမမြတ်ဖြစ်ပါကြောင်း)
    ဒါအကောင်းဆုံးအဖြေပါဘဲကွယ်….ကိုခိုင်ရေကျေးဇူးဘဲ

  • အာရက္ခ မြေသား

    September 17, 2011 at 6:46 pm

    ကျွန်တော်လဲ အားကျမခံ ဝင်ပြောမယ်။မိန်းမယူမယ့် အရေး လိုက်လျှာနဲ ့လျက်ရတော့မယ်ပေါ့။အင်းတိတ်ကြီး…..

    ဟဲဟဲ ကျွန်တော်ကတော့ အရင်းတုတ်၍အဖျားရှုး၏။

  • Kay Kay

    September 19, 2011 at 5:46 pm

    ဒီခေတ်ကတော့ အဲဒါတွေနဲ့ လိုက်ရွေးနေရင် မှားမယ်နော်….လို့ပဲပြောချင်တယ်….
    မကြိုက်တဲ့အရာတွေဆို အကုန်ပြင်နေကျတာလေ မလှလှအောင်ပြင်နေကြတာ…….
    ပစ္စည်းတွေလည်းအမျိုးအစားတွေစုံမှစုံပဲ……

  • မောင်တုတ် ကြီး

    September 19, 2011 at 6:53 pm

    ကိုရီးယားမ တွေလှမှာပေါ့။ဝက်နှာခေါင်းတွေကို ကြည့်ကောင်းအောင်ခွဲစိတ်ထားတာ။

Leave a Reply