M-O-T-H-E-R

(M) is for the million things she gave me,

(O) means only that she’s growing old,

(T) is for the tears she shed to save me,

(H) is for the heart of purest gold,

(E) is for the eyes,with love-light shining,

(R) means right and right,she’ll always be,

Put them all together,they spell

(MOTHER)

A WORD THAT MEANS THE WORLD TO ME.

HOWARD JOHNSON.Poet

ဘယ်ချိန်မှလဲ ခေါင်းစဉ်နှင်. ကဗျာနှင်.သိပ်တော.မဆိုင်သလိုပါပဲ။ဒါပေမဲ. ဆက်သွယ်မှုတော.ရှိမယ်ထင်ပါတယ်။ပြီးခဲ.တဲ. လကုန်ရက်ကပါ။အိုင်းဘဏ်ကိုသွားမယ်လုပ်တော.  အဆောင်က ညီမလေးတစ်ယောက်ကမေးပါတယ်။”အစ်မ အိမ်က ပိုက်ဆံ သွားထုတ်မို.လား”

လို.မေးပါတယ်။အိုင်းက” မဟုတ်ဘူးသွားလွှဲမှာ”ဆိုတော. သူက “ဟုတ်လား”တဲ. ။သူက companyတစ်ခုမှာ အလုပ်လုပ်နေတာပါ။လခလည်းကောင်းပါတယ်။”ညီမကတော. မလွှဲသေးဘူး အိမ်ကသူ.ဘာသာသူလည်းအဆင်ပြေနေတာပဲ”ဟုပြောပါသည်။

ဒါကြောင်.အိုင်းက”အိမ်က သူ.ဘာသာသူတော. အဆင်ပြေတာပေါ. ဒါပေမဲ. အစ်မရဲ.ဖေဖေနဲ.မေမေက အသက် ၄၉ရှိနေပြီ…ဒါကြောင်. အစ်မအတွက်အချိန်မကျန်မှာစိုးလို.ပါ “လို.ရယ်ပြီးပြောတော. သူကတဖက်လှည်.ပြီး မျက်နှာမဲ. ကျန်နေခဲ.ပါတယ်။အိုင်း အသက်က ၂၃နှစ်ရှိနေပါပြီ။

ပြောရရင်အလုပ်ရတာမကြာသေးပါဘူး။ဘ၀တစ်လျှောက် ၂၂နှစ်ထိ မိဘပိုက်ဆံနဲ.ပဲကျောင်းနေခဲ.တာပါ။ဒါပေမဲ. ဒါဟာငါတစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ.အတွေးနဲ. မသိတတ်ခဲ.ပါဘူး။ အိုင်းအလုပ်ဝင်ပြီး သိပ်မကြာပါဘူး။ ကောင်လေးတစ်ယောက် ၁၃နှစ်ပါ။(၇)တန်းအောင်ပြီး ကျောင်းဆက်မနေနိုင်တော.လို.ဆေးရုံမှာ workerလာလျှောက်ပါတယ်။ အဖေ မရှိတော.ပါဘူး။အမေကလည်း နေမကောင်းတာကြောင်. ကျောင်းဆက်ထားမယ်ဆိုရက်နဲ. သူသဘောနဲ.သူ လာလျှောက်တာပါတဲ.။နောက်ပိုင်းနည်းနည်းရင်းနှီးလာတော.မေးကြည်.ပါတယ်။

အဆင်ပြေလားဆိုတော. “အဆင်ပြေပါတယ်တဲ. …သူ.အမေကိုတစ်လချင်းပို.ရင်နည်းလို. (၃)လစာလောက်စုပြီးပို.တယ”်တဲ.။မင်း လခနည်းနည်းလေး ဘယ်လိုပို.လဲဆိုတော. ကျွန်တော် သုံးစ၇ာမှ အပိုမလိုတာလို.ပြောပါတယ်။ဆေးရုံက နေစရာ စားစရာနဲ.စားရိတ်ငြိမ်းပါ။”အစ်မရော အိမ်ကိုပြန်ကန်တော.လားတဲ.” ။အိုင်း စိတ်ထဲမှာ သိမ်ငယ်သလိုဖြစ်သွားပါတယ်။ဘာပြန်ဖြေရမှန်းမသိလို.”အင်း ကန်တော.မှာပေါ. “လို.မရေမရာ ဖြေတော. “ဘယ်ချိန်မှလဲ”လို.ပြန်မေးပါတယ်။အသက်၁၃နှစ်ပဲ ရှိတဲ. ကလေးကမေးတာပါ။”အစ်မတို.က သိပ်ကံကောင်းတာပဲ..အစ်မမှာပြန်ကန်တော.စရာ အဖေရောအမေရောရှိသေးတယ်…ကျွန်တော.မှာ အဖေလည်းမရှိတော.ဘူး အမေကလည်းနေမကောင်းတော. ကျွန်တော် ကျန်တဲ.အချိန်လေးမှာ အမေ.ကိုပြန်ရှာကျွှေးချင်သေးတယ်”လို.ပြောပါတယ်။အဲဒီနေ.ကမှ အိုင်း စိတ်မှာ အိုင်းတော်တော်ကံကောင်းတာပဲလို.တွေးမိသွားတာပါ။ဘယ်အရာမှ မမြဲတဲ. လောကကြီးမှာ ဘယ်ချိန်ဆိုတာမပြောနိုင်ပါဘူး။အိုင်းမိဘ တွေရော အိုင်းရော ဘယ်အချိန်ထိ နေရမယ်လို.ဘယ်သူမှအာမခံမထားပါဘူး။အိုင်းရဲ.သူငယ်ချင်းတစ်ယောက်ဆိုရင် သူ.လခထဲက အများကြီးမပို.တောင် လစဉ် ဆန်အိတ်တစ်အိတ်ဆိုပြီး ပို.ပေးနေပါတယ်။ သူ.မိဘတွေက ပြည်.စုံရုံမကလို. ပိုလျှံတောင်နေပါသေးတယ်။တစ်ယောက်ကတော. လခ၄သိန်းကျော် ရတာတောင် သူ.သူငယ်ချင်းတွေနဲ. မွေးနေ.လုပ်ပြီး အိမ်ကိုတော.အမှတ်မရပါဘူး။

အိုင်းက”နင်.မွေးနေ.ရယ်လို. ဖြစ်လာအောင် နင်ရယ်လို.ဖြစ်လာအောင်မွေးခဲ.တဲ.နင်.အမေကို မကန်တော.ဘူးလား”ဆိုတော.သူကမေးပါတယ်။အိုင်းကို”နင်ကဆရာမကြီးလား”တဲ.။

About iris21

has written 5 post in this Website..