သည်တခါ သူငယ်ချင်းတို့ကို မိတ်ဆက်ပေးချင်တာ online news headline rack တခုအကြောင်းပါ။
သူ့ရဲ့ အလုပ်လုပ်ပုံကတော့ နာမည်ကျော်သတင်းဌာနတွေ websites တွေမှာ အချိန်နဲ့အမျှတက်လာတဲ့ headline news တွေကို
 သီးသန့်စုပေးတဲ့website တခုပါပဲ . ကိုယ်စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ်ကို click လိုက်တာနဲ့ သက်ဆိုင်ရာ website ကိုရောက်သွားပြီး
full storyကို ဖတ်ရှုနိုင်ပါတယ်

news hunters တွေအနေနဲ့ ရော ဗဟုသုတ ရှာမှီးချင်သူတွေအတွက်ပါ အလွန်အသုံးတည့်တဲ့ siteလေးပါ သတင်းဌာန တခုချင်းစီကိုလိုက်ဖွင့်ကြည့်ရတဲ့
 ဒုက္ခကသက်သာသွားတာတော့အမှန်ပါပဲ

www.alltop.com ပါ
ပုံမှန် သည်အတိုင်း အသုံးပြုနိုင်သလို free registerလုပ်ပြီး my alltop ဆိုပြီးcustomize လုပ်လို့ရပါတယ်။ တခြား websites တွေလိုပဲ username, password, email ပေးပြီး registerလုပ်
လို့ရပါတယ် confirmation mail နဲ့ account ကို activate လုပ်ယူနိုင်ပါတယ် ။

အဲ့သည့်အဆင့်ပြီးရင်တော့ registration ပြီးပြီမို့ customization အလုပ်စလုပ်လို့ရပါပြီ
သူငယ်ချင်းရဲ့ကိုယ်ပိုင် စာမျက်နှာ ကတော့ my.alltop.com/Username ပါ

menu buttons ကိုကြည့်ရင် Hot Topics, New Topics, My Recent Topics, MyAlltop နဲ့ Holy Kaw ဆိုပြီး ၅ခု တွေ့ရမှာဖြစ်ပါတယ်။
သည် site မှာ သတင်းအမျိုးအစားတွေကို topic လို့ သုံးနှုန်းပါတယ်
သတင်းခေါင်းစဉ် တွေကို သည်လိုစုစည်းပါတယ်.. 

ှSearch box ထဲကပဲဖြစ်ဖြစ် A to Z bar ထဲကပဲဖြစ်ဖြစ် Sports လို့ ရိုက်ထည့်ပြီး ရွေးယူလိုက်တယ်ဆိုပါစို့
http://sports.alltop.com/
ဆိုတဲ့page ကိုရောက်သွားမှာဖြစ်ပါတယ်

အဲ့သည့်စာမျက်နှာပေါ်မှာမှ Sports နဲ့ပါတ်သတ်တဲ့ sitesတွေနဲ့ blog တွေကို hightlight heading
၅ခုလောက်စီနဲ့တကွ ကော်လံတွေ ခွဲပြီး စုစည်းထားတာပါ
ဥပမာ ကော်လံတခုကိုပြောရရင်
ESPN.COM  (+)
- Rays roll past Red Sox to cut wild-card gap to 3
- LSU's solid defense shuts down Mississippi State
- Giants' Sandoval hits for the cycle vs. Rockies
- Bears' Urlacher practices after mom's death
- Minnesota's Kill out of hospital, attends practice

ESPNအားကစား သတင်းဌာနရဲ့ ကော်လံလေးပါ
ESPN.COM ကိုနှိပ်လိုက်ရင် သတင်းဌာန ရဲ့ ပင်မစာမျက်နှာကို တိုက်ရိုက်ရောက်ရှိသွားမှာဖြစ်ပြီး
အောက်က သတင်းခေါင်းစဉ်တွေကိုနှိပ်ရင်တော့ သတင်းဌာနရဲ့ အဲ့သည့်သတင်းရှိနေတဲ့ စာမျက်နှာကိုရောက်သွား
မှာဖြစ်ပါတယ်
ESPN.COM ဘေးက အပေါင်းလက္ခနာလေးကို နှိပ်ရင်တော့ ESPN သတင်းဌာနကို သူငယ်ချင်းရဲ့ myAlltop page
မှာ ထည့်သွင်းတာဖြစ်ပါတယ်.  နောက် login -၀င်တိုင်းမှာ ESPN သတင်းဌာနက နောက်ဆုံး headline newsတွေကို
အမြဲမြင်တွေ့နေရမှာဖြစ်ပါတယ် Facebookမှာ friend add လိုက်သလို twitter မှာ follow လုပ်လိုက်တာနဲ့
သဘောတရားချင်းအတူတူပါပဲ  FBမှာက သတင်းတွေ ဒေါင်လိုက် တခုချင်းပြပေးသလို
သည်မှာကတော့ ကော်လံလေးတွေနဲ့ block ပုံစံမျိုး ပြပေးပါတယ်..

နောက် menu buttons လေးတွေအကြောင်းပြောချင်ပါတယ်
ဒါတွေနဲ့ Topicsအသစ်ထပ်ထည့်တာ ပြန်ဖြုတ်တာ လုပ်နိုင်ပါတယ်
Hot Topics လက်တလောလူကြိုက်များနေတဲ့ topic တွေပါ
New Topics အသစ်ပေါ်လာတဲ့ topics ဒါမှမဟုတ် သူငယ်ချင်းဆီမှာ မရှိသေးတဲ့ topicတွေစုထားတာပါ
(alltop ရဲ့ automatic features အရ သူငယ်ချင်း add ထားပြီးသား topic နဲ့ ဆက်စပ်မှုရှိတဲ့ topicလေးတွေ
စုစည်းထားတတ်ပါတယ် )

My Recent Topics မကြာသေးခင်က addထားတဲ့ topics တွေပါ
MyAlltop ဒါကတော့ main page လို့ပြောလို့ရတဲ့ နေရာပါ FBမှာဆိုရင်တော့ Wall ပါ ကိုယ် addပြီးသား
topicတွေနဲ့ ၄င်းတို့ရဲ့ headline news တွေကိုသည်မှာ ကြည့်နိုင်ပါပြီ

Holy Kaw သူငယ်ချင်းဟာ လူသစ်(ယခုမှစပြီး register)လုပ် တဲ့မန်ဘာဆိုရင်တော့ Holy Kaw(site ရဲ့ဖန်တီးရှင်)
ကို default အနေနဲ့ mytopic ထဲထည့်ပြီးသားဖြစ်နေမှာပါ Holy Kaw ဆိုတာ Macintosh (Apple) ရဲ့ Marketing head
ဖြစ်ခဲ့ဖူးတဲ့ နာမည်ကျော် စာရေးဆရာ ဘလော့ဂ် Guy Kawasaki ဖြစ်ပါတယ်

Menu button ၅ခုအကြောင်း အပြီးမှာ footer အကြောင်းပြောပါမယ်
tweet, +1, FB အဲ့သည့် နာမည်ကျော် Social Networking Sitesတွေမှာ ကိုယ်ဖတ်တဲ့သတင်း နဲ့ပါတ်သတ်ပြီး
shareလို့ comment လို့ရပါတယ် .. footer ဟာ sharing အတွက်ထည့်ထားတာပါ

အဲ့လို customize လုပ်လို့ ရ ဖတ်လို့ရ shareလို့ရတော့ ဘာကောင်းသတုန်း မေးရင်
ဟုတ်ကဲ့ ကျနော့်အတွက်တော့ ကျနော်နှစ်သက်ရာကို တယောက်တည်း သီးသန့်ဖတ်ဖို့ e-Newspaper တစောင် ထုတ်ပေးထားတယ်လို့ ခံစားရပါတယ်
ကျနော် လက်တွေ့တခုစမ်းပြပါ့မယ်
ကျနော်
၁) ဘောလုံးအားကစားရယ်
၂) ဒါ့ပုံရိုက်ရတာရယ်
၃) photoshop techniques တွေရယ်
၎) computer technologies အကြောင်းရယ်
၅) marketing management ရယ် ဖတ်ချင်တယ်ဆိုပါစို့ ..
(အဲ့လောက်လိုင်းစုံတဲ့ သတင်းဌာန ရှိမှာမဟုတ်ဘူး ..အဲ့တော့ ဖန်တီးကြည့်တာပေါ့ ...:P)

http://sports.alltop.com/ မှာ
ESPN.COM
FOXSPORTS.COM ကို (+)ပါတယ်

http://canon.alltop.com/ ကိုသွားပါတယ်
CANONPHOTOBLOG.COM
CANON PHOTOGRAPHY GROUP
CANON GLOBAL - NEWS/ PRESS RELEASES
CANON BLOGGER: HOME OF THE LEARNING DIGITAL PHOTOGRAPHY PODCAST
SERIOUS AMATOUR PHOTOGRAPHY
ဒါတွေကို (+) လိုက်ပါတယ်

http://photoshop.alltop.com/ မှာ
PLANET PHOTOSHOP
ADOBE PHOTOSHOP LIGHTROOM KILLER TIPS
PHOTOSHOP TUTORIALS
ကို (+)

http://it.alltop.com/ မှာ
INFORMATIONWEEK NEWS
CNET NEWS.COM (+)

http://project-management.alltop.com/မှာ
PROJECT MANAGEMENT ARTICLES -PM HUT
WWW.PMTOOLBOX (+)

http://market-research.alltop.com/
"MARKET RESEARCH" - YAHOO! NEWS SEARCH RESULTS
COMSCORE VOICES (+)
http://branding.alltop.com/
BRANDMIX(+)

http://japan.alltop.com/
JAPANTIMES(+)

သည်လောက်ဆို အတော်လေး လုံလောက်ပြီဖြစ်ပါတယ် ကျနော့် myAlltop page ကိုကြည့်ကြရအောင်
ဒါ ကျနော် တကယ် အသုံးပြုတဲ့ပုံစံဖြစ်ပါတယ် 

တခြားသော headline racks တွေရှိဦးမှာပါ ကျနော်ကတော့ သည်တခုပဲသုံးဖူးတာ
Guy Kawasaki ကိုလေးစားလို့ သူ့အကြောင်းလိုက်ဖတ်ရင်းကနေ သွားတွေ့လို့လုပ်ဖြစ်သွားတာပါ
ကဲ သူငယ်ချင်းတို့ရော ကိုယ့်အတွက် သီးခြားထုတ်တဲ့ customize digital newspaper မဖတ်ချင်ကြဘူးလား..

(စာကြွင်း Alltop ကို ပြည်တွင်းမှaccess လုပ်လို့ရပါသည် ..ဘယ်ကမှ မဘန်းထားပါ ။ရန်ကုန်မှာသုံးခဲ့တဲ့ myAlltop လေး သုံးလို့မရတော့လို့
 mailအသစ်နှင့် register ပြန်လုပ်ရင်း သည်စာ ကိုရေးပါသည်)

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011