အချိန်တွေ ကြာလို ့ကွန်မင့်တွေ များကုန်ရင် ခက်ရချည်ရဲ ့

မောင် ပေSeptember 17, 20112min24433

မင်္ဂလာပါ

ယခု ပို ့စ်နာမည် ကို

ကျွန်တော် ရံဖန်ရံခါ နားထောင်ဖြစ်တဲ့

စိုင်းစိုင်းခမ်းလှိုင်ရဲ  ့ သီချင်းထဲက

စာသားကို ယူသုံးထားပါတယ်

ခင်မင်လေးစားရပါသော

စာဖတ်သူများ တို ့ရေ

ကျွန်တော် မောင်ပေ

နဲနဲပြောချင်ပါတယ်

ဂေဇက်အကြောင်းပါ

ဖြစ်ပျက်နေတာလေး တွေ ပေါ့…

ဒီပို ့စ် ကို ရေးလို ့

ဖော်လံဖား လို ့လဲ အပြောခံ ရ နိုင်ကြောင်း

ကြိုတွက်မိပါတယ်

ခက်တာ က

မဟုတ်တာ တွေ ့ရင်

မနေနိုင်တော့

ဒီပို ့စ်လေး နဲ ့

နဲနဲ ကြောင်းပြမယ် ဗျာ

၁၆/၉/၂၀၁၁

ဆောတီး

ဘိရုမာ လို အရ ဆိုရင်

၀၀:၂ဝ မိနစ် ၁ရရက်နေ ့ပေါ့

ရွာထဲ ကို လော့အင် ဝင်လိုက်တော့

ဖိုရမ် မှာ

ချက်ချင်း သတိထားမိသွားတာ

သူကြီး ရဲ  ့

`Point စံနစ် အနည်းငယ်ပြောင်းခြင်း ´ တဲ့

ဘယ်လို များ ပြောင်းလဲ လိုက်တာပါလိမ့် လို ့

အသေးစိတ် ဖတ်ရှူ မိတဲ့ အခါ

` ပွိုင့်ပေးစံနစ်နည်းနည်းပြောင်းထားပါတယ်..။

ကောမန့်တခုကို.. ရေးသူ=၅ပွိုင့်၊ စာမူရှင်= ၃ပွိုင့် လုပ်လိုက်တာပါ။
တရက်ကို .. ကောမန့်အရေအတွက် ၂၀၀+ နဲ့.. စာမူ ၂ဝလောက်တက်နေတော့.. ဘက်ဂျက်အခြေအနေအရ ပြင်လိုက်တာပါပဲ..။

ကျန်တာတွေမပြောင်းထားပါ..။
ဆိုတော့ .. စာမူတခု.. ၄၀ဝွိုင့်..။
ဖျက်ရတဲ့စာမူအတွက်… – ၁၀ဝပွိုင့်၊ ဖျက်ရတဲ့ ကောမန့်အတွက် -၂၀ဝွိုင့်ဖြစ်ပါတယ်.။

 

မန်ဘာအသစ်အတွက် ၈၀ဝပွိုင့်၊ပေးပါတယ်..။ ´ တဲ့

ကဲ…

မခက်ကုန်ပါလော…..

ကျုပ် ဆို မကြာခဏ

ကွန်မင့် အဖျက်ခံရတာ ကလား ဗျ

ပြန်…ပြန်ရေးရတယ် ။

မခက်ကုန်ပါလော ဆိုတာ

ပိုက်ဆံ မရတော့တာ ကို ပြောတာ မဟုတ်ဘူးနော

ဒီမှာ စာရေးနေတဲ့ သူတွေ အားလုံး ဟာ

ဝါသနာ အရ

ကိုယ်သိတာ တတ်တာလေး တွေ ကို

ပြန်ဝေမျှ ပေးချင်လို ့ရေးနေသူတွေ

ကိုယ် မျက်မြင် တွေ ့ကြုံ ခဲ့တာတွေ ကို ပြန်ဖောက်သည် ချသူတွေ

ကိုယ့် ရဲ  ့ခံစားချက် အစစ်အမှန်အတွေ ကို

ကိုယ်တိုင် သီကျူး ရေးဖွဲ  ့တင်ဆက်နေသူတွေ ဆိုတာ

အားလုံး သိကြပါတယ်

ပို ့စ်တစ်ခု အတွက် သူကြီးပေးတာ လဘက်ရည်တစ်ခွက်ဖိုး မပြည့်ပါ

ကွန်မင့် တက်တယ် ဆိုတာ လည်း

ဘယ်လောက် ရမှာလဲ ဗျာ

ဒီမှာ ရေးနေသူတိုင်း က

မန်းတလေး ဂေဇက် ကို

လွန်စွာ သံယောဇဉ် ငြိတွယ်ကြပြီး

အမှန်အကန်

ရေးနေကြသူတွေပါ

အနုပညာ ကို မြတ်နိုး ရူးသွပ်ပြီး

အချိန်ပေး ၊ အချိန်အကုန်ခံ ပို ့စ်တင်နေသူတွေ ပါ

( မှတ်ချက် ။ ဖော်ဝပ်မေးလ် များ ကို ကော်ပီ့ကူးပြီး ၊ ပေ့စ်လာလုပ်သူများ ကို မဆိုလိုပါ )

စာရေးဆရာ ကိုပေါက် မန်းတလေး ဆိုရင်

သူကိုယ်တိုင် ကျကျနန ရိုက်ကူးထားတဲ့

အနုပညာ မြောက် ဓါတ်ပုံ တွေ ကို ပါ

တင်ပေးနေတာပါ

ဒီမှာ ပို ့စ်တင်နေတဲ့ သူတွေ ထဲ မှာ

လက်ရှိ မြန်မာနိုင်ငံ စာပေလောက ထဲ က

အယ်ဒီတာ တွေ

ကဗျာဆရာတွေ

စာရေးဆရာ တွေ

သတင်းထောက်တွေ

အားလုံး ရှိပါတယ်…..

သို ့သော်လည်းပေါ့လေ

ဘယ်နေရာ မဆိုပါ

စုန်းပြူး အနည်းငယ်တော့ ရှိတာပါပဲ

တစ်ကယ်တမ်းကြ

တစ်ကယ့် တစ်ကယ်

စာရေးသူတွေ ကို

ပွိုင့်တစ်သိန်း ( ခ ) တစ်သိန်းကျပ် ပြည့်တာနဲ ့ပေးနေတဲ့

ဂေဇက် မှာလဲ

ရရာကွန်မင့် ဆွဲကိုင်သူ နည်းနည်းလေးကြောင့်

သူကြီးခင်ဗျာ

ပွိုင့်စနစ် ပြောင်းရရှာပေါ့ကွယ်…..

( မှတ်ချက် ။ ။ ဘယ်သူတွေ ဘာပြောပြော ။ ဘယ်လိုထင်ထင် ။ ဒီပို ့စ် ကို သူကြီး (ခ) kai တစ်ယောက် ဖတ်ရှူ အပြီး ၊ လွန်စွာ ပီတိတွေဖြာ အီအီးတွေ ပါသွားကြောင်း ၊ မနောမယ အကြားအမြင် ဆကာကြီး ကေသီပန် ၏ ဟောပြောချက် အရ မောင်ပေ သိရှိပြီး ဖြစ်ကြောင်း )

ကျွန်တော် ပြောချင်တာကတော့

ဒါပါပဲ ကွယ်

တိုက်ဆိုင်မှု တွေ ရှိလာရင်

အခုတစ်လော ရိုက်ကူးနေတဲ့

မြန်မာ ဇါတ်ကား နာမည် လို

မခွင့်လွှတ်လိုက်ပါနဲ ့

ဘာလို ့လဲ ဆိုတော့

ကျွန်တော့် စာသားတွေ က ပေါ့နော်

တည့် (ခ) ဒဲ့ ရေးတာပါနော်…….

အဲဒါပါပဲ ဗျာ

ထုံးစံ အတိုင်းပေါ့ဗျာ

———————-အားလုံးကို ကျေးဇူးတင်ပါသည်———————-

33 comments

  • kai

    September 17, 2011 at 1:08 am

    ဟုတ်ပါတယ်..
    တကယ်တော့ ကောမန့်ရော..။ စာရော.. စည်းကမ်းအတိုင်းလေး.. ရေးကြစေချင်တာပါ..။

    12. Post/Comment တို့ကို စာဖတ်သူတို့အတွက် အကျိုးရှိ/ကျန်ရစ်စေမည့် စာများသာရေးကြပါရန်။

    နေကောင်းတာ၊ ကျမ်းမာတာ..။ ရေးထားတဲ့.. စာကလေးကကောင်းလိုက်တာ…။ ဖတ်ရတာတန်ဖိုးရှိပါတယ်.ဆိုတာ..။
    ကော်ပီကူးသွားပါတယ်..ဆိုတာ..။
    အဲဒါမျိုးတွေ.. မတင်စေချင်ပါဘူး..။ အပြန်အလှန်ဆွေးနွေးတာမျိုးမှာတော့.. စကားလုံးတိုရင်ရပေမဲ့.. စာဖတ်တဲ့သူ အကျိုးမများတဲ့.. ပုဂ္ဂလိကဆိုင်ရာ.. ကိုယ့်ကိစ္စကိုယ် ပြန်ရေးတာမျိုး မဖြစ်စေချင်ပါဘူး…။
    ပြောရရင်.. ကုန်ကျစရိတ်က.. ဆာဗာဖိုးမှာလည်း ရှိပါတယ်.။
    အဲဒီမှာ..Database မှာ.. သာမန် Comment, post တွေ.. တိုးလာရင်.. Hosting အပိုအကုန်အကျရှိတဲ့အပြင်.. ဒေတာဘေ့စ်ကကြီးလာလို့.. ဆာဗာ ပါဖောမင်န့်လည်းကျပါတယ်.။ ဆာဗာအင်မတန်လေးပင်နေတာပါပဲ..။
    ဒီနေ့ထိ.. ကော်မန့်ပေါင်း..76,863 နဲ့.. ပို့စ်ပေါင်း..13,535 ရှိနေတာပါ..။

    ဘက်ဂျက်ကအကန့်အသတ်တော့ရှိပါတယ်..။
    အဲဒီငွေကို.. သေသေချာချာစိတ်ဝင်တစားရေးနေသူတွေကို..စာဖတ်သူတို့အတွက် အကျိုးရှိ/ကျန်ရစ်စေမည့် စာတွေအတွက်… ပိုပေးချင်ပါတယ်..။

    ကြုံလို့.. ရွာသားတွေသိအောင် ပြောရရင်..
    ဒီဝက်ဘ်ဆိုက်က.. .ဘယ်သူ့ထောက်ပံ့ကြေး..ဘယ်အဖွဲ ့အစည်းပေးငွေ နဲ့မှထောင်ထားတာမဟုတ်ပါဘူး..
    ကျုပ်တဦးထဲရဲ့.. ဘတ်ဂျက်နဲ့ပေးနေတာပါ..။
    အပေါ်ကနေ.. ကြီးကြပ်ထိန်းကျောင်းနေသူလည်းမရှိပါဘူး..။
    သူကြီးကို ထိန်းချုပ်ပြောနိုင်သူတွေက.. ဒီရွာထဲက ရွာသားတွေပဲဖြစ်ပါတယ်..။

    ရွာသားတွေထဲက.. ညှိနှိုင်းပြန်ပြောစရာရှိရင်.. လွတ်လပ်စွာ.. ပြောနိုင်ပါတယ်..နော…။

    • မိုက်ကယ်ဂျော်နီအောင်ပု

      September 17, 2011 at 8:40 am

      မှတ်သားသွားပါတယ် သဂျီးမင်းခင်ဗျ
      သေသေခြာခြာကို မှတ်သားသွားပါတယ်

    • ကြောင်ကြီး

      September 17, 2011 at 9:19 am

      လျောက်ပြောနေ၊ စီအိုင်အေက ထောက်ပံ့ကြေးပေးထားတာ မသိခက်လို့။
      အင်း…ဟုတ်တော့ဟုတ်ပါတယ်၊ သူတို့က ဂေဇက်ကို တိုက်ရိုက်ပေးတာ မဟုတ်ဘူး၊ မိသားစုလိုက် အပန်းဖြေခရီး အခမဲ့၊ သဂျီးစီးတဲ့ ကား၊ အိမ် မော့ဂေ့ဂျ် လစဉ်ကြေးတွေကို ပေးနေတာဆိုတော့… 😎

      • kai

        September 17, 2011 at 10:17 am

        ဟေ့..စီအိုင်အေ..ကြားလား..။
        ကိုရင်ကြောင်ကြီးပြောနေတာ.. ကြားလား..။
        ကြားရင်..သူပြောတဲ့အတိုင်းပေး..ဒါပဲ..။ 🙂

        • ကြောင်ကြီး

          September 17, 2011 at 10:46 am

          စီအိုင်အေက နားထောင်ယုံတင်မက ကြားဖြတ်စောင့်ကြည့်လျက်ရှိပါတယ်။ လူကြီးမင်းရဲ့ ဘဏ်အကောင့်မှာ စင်္ကာပူဘဏ်ကနေ တီအက်စ်+ကေကေ တို့မှ လွှဲပေးလိုက်တဲ့ ဒေါ်လာတသိန်း ဘာအတွက်လဲဆိုတာ စိတ်ဝင်စားနေပါတယ်။ 😐

        • ဆူး

          September 18, 2011 at 8:31 pm

          စီအိုင်အေ မဟုတ်ဘူး အက်ဖ်ဘီအိုင်..
          ဖြစ်လိမ့်မယ် ထင်တယ်။
          FBI = သဂျီးပြောဖူးတယ်။

    • etone

      September 17, 2011 at 9:26 am

      (((ကျုပ်တဦးထဲရဲ့.. ဘတ်ဂျက်နဲ့ပေးနေတာပါ..။
      အပေါ်ကနေ.. ကြီးကြပ်ထိန်းကျောင်းနေသူလည်းမရှိပါဘူး..။ ))) တဲ့လေ .. ဟီးဟီး … သဂျီးက ဘောစိကြီးပဲ :mrgreen: အရေးပိုင်မင်းလည်း မရှိဘူးတဲ့လေ … တကောင်တည်းပေမဲ့ ခြင်္သေ့ပါတဲ့ .. ဟီးဟီး ။

    • nature

      September 17, 2011 at 11:02 am

      အပြန်အလှန်ဆွေးနွေးရမယ်ဆိုရင် –
      post တင်တဲ့သူဟာ comment တွေတက်လာမှသာ အားရှိပါတယ်။ ပျော်ပါတယ်။ Reading count တွေကိုလည်းကြည့်ပြီး တက်လာရင်လည်းပျော်ရပါတယ်။ Translation ဆိုဒ်ကလေးဆို ရွာသားတွေအတွက် တော်တော်လေးအသုံးဝင်ပါတယ်။ မန့်စရာကလည်း ကောင်းပါတယ်။ ကူးသွားပါတယ်။ ကျေးဇူးတင်ပါတယ်မရေးရရင်ရေးစရာတော်တော်ရှားပါတယ်။ ဒါတွေကို မရေးရဆိုရင် post မှာ like,dislike ထည့်ထားပေးစေလိုပါတယ်။ ဒါမှလဲ post ရေးတဲ့သူက အားရှိပါမယ်။ post ကိုကြိုက်ရင် ဒါတွေမရေးပဲ like,dislike ပေးသွားလို့ရတယ်။ ဒါမှ post က ကွန်မန့် များသည်ဖြစ်စေ နဲသည်ဖြစ်စေ လူကြိုက်နည်းလားများလားသိနိုင်ပါတယ်။ comment မရေးချင်တဲ့သူတွေလည်း like,dislike ပေးသွားလို့ရတယ်။

    • manawphyulay

      September 18, 2011 at 2:14 pm

      လွတ်လပ်စွာ ပြောဆိုလို့ ပြောရဦးမယ် အဲ မှာရဦးမယ်ဆို ပိုမှန်မယ်သဂျီးရေ…
      မသေခင်တော့ လှူဖို့တန်းဖို့ သဂျီးအလှူ မနောကောင်းမှုဆိုတဲ့ နာမည်လေးပါသွားချင်ကြောင်းလည်း ပြောလိုက်ပါရစေ…
      တစ်ခါတလေလည်း ခက်သား ကော့မန့်ဖြစ်ရင်ပြီးရော လုပ်နေတဲ့သူတွေကြောင့် တကယ့်အနှစ်သာရရေးတဲ့သူတွေကို ထိခိုက်စေမိတယ်ဆိုတာလည်း မြင်မိပါတယ်။ ဒါဆိုရင် ဖိုရမ်မှာ တင်တဲ့စာတွေကြောင့်ကော နေရာပိုယူပါသလား။ သဂျီးကို ထိန်းချုပ်ချင်ပေမယ့် နှစ်လုံးပြူးနဲ့ထိပ်တုံးတော့ ကြောက်သားရှင့်။

  • နီလေး

    September 17, 2011 at 9:22 am

    သူကြီးကိုရွာသားအားလုံးအပါအဝင် ကျွန်ုပ်ကလဲ လေးစားလျက်ပါ ကျွန်ုပ်ကသည်ဆိုဒ်မှာ စာတွေပဲဝင်ဖတ်ဖြစ်တာ နောက်ပိုင်းမှ register လုပ်ဖြစ်တာ နောက်ဆို ကွန့်မန့်ကို ဆင်ဆင်ခြင်ခြင်ရေးပါ့မယ်

  • “ဘီလူးကြီး”ogre

    September 17, 2011 at 9:41 am

    သူကြီးခင်ဗျား..
    ((““ကြုံလို့.. ရွာသားတွေသိအောင် ပြောရရင်..
    ဒီဝက်ဘ်ဆိုက်က.. .ဘယ်သူ့ထောက်ပံ့ကြေး..ဘယ်အဖွဲ ့အစည်းပေးငွေ နဲ့မှထောင်ထားတာမဟုတ်ပါဘူး..
    ကျုပ်တဦးထဲရဲ့.. ဘတ်ဂျက်နဲ့ပေးနေတာပါ..။”””))
    ဒီလိုကြားရပြန်တော့ … သူကြီးစေတနာကိုသိရတော့ ကျေးဇူးတင်မိပါတယ် ..
    ကျုပ်ကတော့ ခပ်ပြတ်ပြတ်ပဲ အခုထဲက သူကြီးနဲ့ စာရင်းရှင်းထားရမယ်
    ကျုပ်ကိုပွိုင့် တွေမှန်မှန်ပေးပါ အဆင့်လဲမှန်မှန်တက်ပေးပါ
    မပေးလို့ကတော့အတွေ့ပဲ သူကြီးမကောင်းကြောင်းရေးမှာနော်
    ဒါပေမယ် ကျုပ်ကိုပေးတဲ့ပွိုင်တွေ ငွေသားအဖြစ်ပေးမယ်ဆိုရင်တော့
    ကျုပ်မယူဘူး သူကြီးဘီယာသောက်ပစ်လိုက်ပါ
    ဒါမှမဟုတ် လှူခြင်လှူလိုက် ပါ..။။။
    ပွိုင့် တွေမှန်မှန်ပေးဘို့ အဆင့်လဲမှန်မှန်တက်ပေး ဘို့တော့ မမေ့ပါနဲ့
    ဘာကြောင့်လဲဆို..ဒါလေးကြည့်ပြီး ပီတိဖြစ်နေရလို့ပါပဲ..။။။

  • whitestar

    September 17, 2011 at 9:48 am

    ဒါဆိုရင် သူကြီးရယ်
    နေကောင်းတာ ကျန်းမာတာတို့ ဆိုတဲ့
    သာမန် Comment တွေ ဆို Database
    ထဲ Insert မထည့် ပါ ပုံစံ Stored Procedure ရေး ရင်ကော 😛

  • mr.lone

    September 17, 2011 at 11:00 am

    သူကြီးကတော့ စည်းကမ်းတွေတင်းကျပ်နေပြီ…သူ့မိန်းမဆူလို့နဲ့တူတယ်… ခုနက ပို့စ်တစ်ခုလည်းဖျက်လိုက်တာတွေ့တယ်…

  • Shwe Tike Soe

    September 17, 2011 at 11:49 am

    သူကြီး ရဲ. Database Server တွေလေးလို. သုံးမလောက်ရင် Bagan Cyber က အရမ်းသွက်အရမ်းမြန် ရွှတ်ရွှတ်မြည်တဲ့ ဆာဗာတွေ ယူသုံးမလား…. သွားခိုးပေးမယ်….

    သူကြီးကို နားလည်ပါတယ်.. ရွာထဲကလူအများကို control လုပ်ရတာဆိုတော့.. ဒါပေမယ့်သူကြီးရယ်.. တစ်ခါတစ်လေ
    အလုပ်ကမအား ရွာထဲလဲ ဝင် ပို.စ်လေးကလဲကောင်း ကော်နက်ရှင်ကလဲ ပြတ်တောင်းပြတ်တောင်းဆိုတော့ စာတိုလေးနဲ. အားပေးရပါတယ်ဗျာ.. စာရှည်ရှည်ရေးပြီး submit comment နှိပ်ပြီး ဘုရားစာရွတ်နေရတယ်… 🙁 😀 connection Err ဆိုလို.ကတော့ ပြန်ရိုက်ပေတော့ အဲလိုဆို အရင်အတွေးနဲ. အခုအတွေးနဲ. မတူတော့ပြန်ဘူး….
    ဘာပဲပြောပြော သူကြီးက ပြောမှတော့ မတိုအောင် ကြိုးစားရတော့မှာပေါ့

    • pan pan

      September 20, 2011 at 1:09 pm

      စာရှည်ရှည်ရေးပြီး ဘုရားတနေရလို့ ကျွန်မတော့ အဲဒီစာလေးကို Notepadပေါ်မှာ
      ကော်ပီလုပ်ထားတယ်
      ပြီးမှ submitလုပ်တာ
      ပိုစ့်တင်ရင်လည်း အဲလိုပဲ
      ဒါပေမယ့် ပုံကျတော့ မရတော့ဘူး
      Uploadတွေပဲ ဆက်တိုက်လုပ်ပြီး ပုံလင့်ခ်ကို ကော်ပီကူးပြီး nameပြင်တယ်
      ပိုမြန်အောင်ပေ့ါ
      ကြုတ်ကြက်လိရတာပ 🙂
      (အချိန်ကြာလာတာနဲ့အမျှ ပိုစ့်တွေ ကွန့်မန့်တွေ ပုံအိလာပြီး ဆာဗာကြီးလေးလံထိုင်းမှိုင်းသွားမှာ ကြောက်စရာပဲ၊ မြန်မာနိုင်ငံမှာကလည်း ကော်နက်ရှင်က ခပ်ကောင်းကောင်းဆိုတော့ ဘာပြောကောင်းအလဲ၊ Loadingလည်တာနဲ့ ပြီးရော)

  • cobra

    September 17, 2011 at 2:25 pm

    အော်…
    သူကြီးရယ်
    ကျွန်တေ်ာအရင်ကသူကြီးကိုသိပ်အထင်မကြီးဘူးဗျ။
    အခုတော့လည်း အရင်လိုပါပဲလေ..။
    နောက်တာနော်သူကြီး
    ချစ်လို့စတာ 🙂
    စိတ်မဆိုးနဲ့။

  • မီးမီး သော်

    September 17, 2011 at 2:51 pm

    သူကြီးရယ် ကိုပေ့ရယ်ပြောလိုက်မှ စုန်းပြူးတွေရေ မကြားလေရော့သလား။ကျွန်မကတော့ ဒီကနေရမယ့်ငွေအားလုံးကို သူကြီးကို လှူပါတယ်။ဘယ်တော့မှ ထုတ်မယူပါဘူး။

    “”ဒီမှာ ပို ့စ်တင်နေတဲ့ သူတွေ ထဲ မှာ
    လက်ရှိ မြန်မာနိုင်ငံ စာပေလောက ထဲ က
    အယ်ဒီတာ တွေ
    ကဗျာဆရာတွေ
    စာရေးဆရာ တွေ
    သတင်းထောက်တွေ
    အားလုံး ရှိပါတယ်…..
    သို ့သော်လည်းပေါ့လေ
    ဘယ်နေရာ မဆိုပါ
    စုန်းပြူး အနည်းငယ်တော့ ရှိတာပါပဲ””

  • မောင်ပေရေ
    မင်းပြောတာကို တစ်ခုတော့ထောက်ခံလိုက်မယ်။
    ကော်မင်းတွေနဲ့ပါတက်သက်လို့ပါ။

    ရေးထားတဲ့စာကို မဖတ်ဘဲ ကော်မင်းပေးသူတွေရှိနေတာကတော့အသေအချာပါဘဲ။
    ဟိုနေ့က ပိုစ်တပုဒ် “အိမ်သာလို့ ဧည့်လာတဲ့”
    မိလ္လာကိစ္စကို လိမ်မာစွာရေးထားတာ ။
    ဒါပေမယ့် အရေးထဲမှာ ဧည့်မလာ ဂမုန်းစိုက်ထားတဲ့အကြောင်းဝင်ပြောသူက ရှိသေးတယ်။
    နောက်တစ်ခါ မန်းလေးတက္ကသိုလ်က ဓါတ်ပုံတွေလိုချင်ပါတယ်လို့ အတိအကျရေးပြီးတောင်းထားပါတယ်.
    ရန်ကုန်တက္ကသိုလ်မှာနေခဲ့ပါတယ်ဆိုတဲ့သူက သူ့မှာကျောင်းတုံးက ဓါတ်ပုံတွေအများကြိးဆိုပြိးမန်းတယ်.

    သူကြီးရေ
    နေကောင်းလားတို့ စားပြီးလားတို့ ကြိိုက်တယ်နော်တို့ ကော်ပီကူးသွားတယ်ဆိုတဲ့လူက စာကိုဖတ်သေးတယ်.
    စာကိုုလုံးဝမဖတ်ဘဲ တလွဲတွေမန်းတဲ့သူက ပိုဆိုးတာပါ.

    သူကြီး
    အကောင်းဆုံးက ဘာမှ မပေးနဲ့တော့ ။
    ရေးချင်တဲ့သူဝင်ရေးမယ် ဖတ်ချင်ရင် ဝင်ဖတ်မယ် မန်းချင်ရင် ဝင်မန်းမယ်.
    သူကြီး တာဝန်အရ မသင့်တော်ရင် ဖျက်ချင်ရင်ဖျက် ထားချင်ရင်ထား
    ကြိုက်တာလုပ်
    မကောင်းဘူးလား
    အလကားနေရင်း ဘာမဟုတ်တာနဲ့အလုပ်တွေရှုပ်နေရတာ ကို
    စိတ် လေ ဒယ်……………………..

    • windtalker

      September 20, 2011 at 12:35 pm

      အို…ကိုပေါက်ရေ..
      ဘာတဲ့
      ဧည့်မလာဂမုန်း ဆိုတာ ဘာကြီးတုန်း..
      ရန်ကုန် မန်းတလေး ဓါတ်ပုံတွေ ကကော
      ဘာတွေ တုန်းဗျ..
      ကျွန်တော် မသိလို ့ပါနော်
      ကျွန်တော် နှင့် ကျွန်တော့်လို မသိသေးသူများ အတွက်
      ရှင်းလင်း ဖြေကြားပေးပါဦး ဗျို ့..
      သွပ်သွပ်သွပ်..
      🙂

      • pan pan

        September 20, 2011 at 1:01 pm

        ဧည့်လာဂမုန်းကိစ္စက ဟိုအိမ်သာလျှံတဲ့အကြောင်းရေးတဲ့ပိုစ့်က ကိစ္စဖြစ်မယ်
        မန်းလေးတက္ကသိုလ်ပုံတွေကတော့ ပုံတွေလိုချင်တယ်လို့ တောင်းတယ်လေ
        ဟိုတလောကပဲ

  • ုhtoosan

    September 18, 2011 at 3:10 pm

    သူကြီးကိုကူညီနိူင်မည့် အရာများဝိုင်းဝန်းဆွေးနွေးပေးကြရင်ကောင်းမယ်ထင်ပါတယ်။

  • သူကြီးကို ကူညီနိုင်မယ့်အချက်များကို ပြောရမယ်ဆိုရင်
    သူကြီးက ငွေပေးမယ်လို့ကြေငြာထားကို အခုကစလို့ ရပ်လိုက်တော့။
    ဒါဆိုရင် ငွေရချင်လို့ရေးတာ မရေးတာဆိုတဲ့ပြဿနာလုံးဝအေးရော။
    နောက်ကော်မင်းတွေတက်လာတာ ပေါက်ကရဆိုရင် တစ်ရက်ဘဲထားနောက်ညကျရင် ဖျက်လို်က်။
    ဒါဆိုရင် ပြဿနာလုံးဝအေးရော။
    သူကြီးက စေတနာနဲ့ရော ဆိုက်ထဲကို လူဝင်အောင်ရော ငွေနဲ့ဆွယ်လိုက်တာ။
    အဲတော့ဝါသနာမပါသူရော ဝါသနာတကယ်ပါသူတွေဘဲလာကြည့်ရော။
    ဟောအဲတော့ ငွေကြောင့်ဆိုတာကြီးကဖြစ်လာရော။
    အခုတော့ မန်းလေးဂေဇက်မှာရေးသူ ကော်မင်းပေးသူအားလုံး ” ငွေငန်းမောင်”ငွေငန်းမယ်”တွေဖြစ်နေသလို
    သိမ်းကြုံးပြောခံရနေရတယ်ဗျာ။
    သူကြီးလိုချင်တဲ့အမှတ်ပြည့်ရင် အဲဒီပြည့်တဲ့သူရဲ့ ရသင့်တာကို ဘယ်မှာလှူလိုက်တယ်ဆိုတာ ဖော်ပြပေးလိုက်ဗျာ။
    ငွေမပေးနဲ့တော့ ။
    ဒါအကောင်းဆုံးဘဲလို့ထင်ပါတယ်။
    မကောင်းဘူးလား။

    • မှော်ဆရာ

      September 20, 2011 at 9:17 am

      မှန်တယ်
      ထောက်ခံတယ်
      တခါတလေ ပိုစ်ရေးချင်တာတောင်မှပဲ ငွေလိုချင်လို့ရေးသလားဆိုပြီး အထင်ခံရမှာစိုးလို့ တော်တော်စဉ်းစားယူရတယ် ။
      အပြင်က ဖတ်လာ မှတ်လာတဲ့ သတင်းနဲ့ ပါတ်သက်ပြီးရေးချင်တာတောင် copy paste ထဲ ဝင်သွားမှာ စိုးလို့ တော်တော် စဉ်းစားယူရတယ်
      ပွိုင့်တော့ ပေးပါ .ပွိုင့်များလာရင် အဆင့်တိုးပေးပါ။
      ငွေကတော့ ကဗျည်းထိုးပြီး တစ်နေရာမှာသာ လှူပေးပါ။စာမူရှင် ဆန္ဒရှိတဲ့ တစ်နေရာပေါ့။
      အဲဒါဆို ပိုတောင် ကောင်းဦးမယ်ထင်တယ်။

  • မောင်တုတ် ကြီး

    September 18, 2011 at 7:39 pm

    ကျွန်တော် ကအသစ်ပင်မယ့် ငွေကြောင့်တော့ဝင်လာတာမဟုတ်ဘူး။

    သံတွဲက လူလည်ကြီးသားသမီးတွေကို ကြည့်မရလို ့ပါ။အပြုသဘောထက်အပျက်သဘောဆောင်သူများနေတယ်။

    • mgmglusoe

      September 19, 2011 at 1:12 am

      အစမို့ပါ ..နောက်တော့တစ်မျိုးတိုး လာမယ်လား ကိုမောင်တုတ်ကြီး…။ :mrgreen:

  • ဆူး

    September 18, 2011 at 8:40 pm

    အချိန်တွေကြာလို့ ကွန်မန်းတွေ များလာရင် ခက်ရချည်ရဲ့လို့ ပြောသလို…
    အရင်တုန်းကလောက် ဖတ်ရတာ သိပ်ပြီး စိတ်မပါတော့ဘူး။
    ကိုယ်တိုင်လည်း စာရေးချင်စိတ်ပျောက်သွားခဲ့တယ်။
    အရင်တုန်းက စာတပုဒ်ရေးမယ်ဆို သိပ်လွယ်တယ်လို့ ထင်ခဲ့တာ အခုတော့ ခက်တယ်လို့ ထင်နေမိတယ်။

    သူများတွေ ရေးတာ ဖတ်ပြီးတော့ လေသိပ်မပေါချင်တော့ဘူး။

  • ုhtoosan

    September 18, 2011 at 10:23 pm

    သဘောတူပါတယ် ကိုပေါက်။ သူကြီး လွှတ်တော်သို့အမြန်တင်ပေးပါ။
    MG ကို အကြောင်းတစ်ခုကြောင့်ရောက်လာတယ်။ အလှေး အချို.ကိုဖတ်ပြီး စိတ်ထဲမထားဖယ်ထုတ်လိုက်ရင် အင်မတန် တန်ဘိုးရှိတဲ့ရွာကလေးပါ။ ရီစရာ။တွေးစရာ။ဗဟုသုတရစရာ ။ ကိုယ်တွေးချင်တာ ကိုယ့်အမြင်တွေလည်း ရေးလို.ရ ။ (စကားချပ် .. သူကြီး server တော့လေးလာတာပေါ့) ဒါနဲ့ ရွာထဲက မထွက်ဖြစ်ဘူးဖြစ်နေတာ။

  • surmi

    September 20, 2011 at 1:32 am

    ဒီ ဆိုက် ထဲ ဝင်ကြ သူ အများ စုက လူကြီး ပိုင်း တွေလို ့ထင်ပါ တယ် ။ စိတ် ကြိုက် တည်း ဖြတ် စေချင်ပါတယ် ၊ အများ စုကတော ့မအား လပ်တဲ ့ ကြား က အချိန် ပေး ပြီး ဝင်ကြည့် ကြ တာပါ ။
    ကို ပေါက် ပြော သလို ဘယ် လိုမှ မဆိုင် တဲ ့ ကွန် မင် ့တွေ ကို တော ့ စိတ် ပျက် စရာ ပါ ။ ကျွန် တော် တို့ ကဖတ် တာများ တယ် ။ ကို ပေါက် အကြံ ပြု ချက် ကို ထောက် ခံ ပါ တယ် ။

  • weiwei

    September 20, 2011 at 8:29 am

    ဒီပို့စ်ကို မန်းနေတာ ၃ ရက်ရှိပြီ .. မန်းလိုက်ပြီးတိုင်း လိုင်းပြတ်လို့ မတက်သွားဘူး … 🙁

    ကိုပေါက်ပြောသလို ပိုက်ဆံနဲ့မပေးဘူးဆိုပြန်ရင်လဲ ဖောင်းပွတာကတော့ ဖြစ်နေမှာပဲ …
    rank ပေးထားတော့ လိုချင်ကြအုန်းမှာပဲ … နောက်ပြီး ပိုက်ဆံမမက်ဘူးဆိုပြီး ပိုပြီးတောင် လျှောက်ရေးလို့ရသေးတယ် …
    တကယ်တော့ စာလုံးတိုင်းက ကိုယ့်သမိုင်းကိုယ်ရေးနေကြတာပါ …. သေချာလေးစဉ်းစားပြီးမှ ရေးတင်ကြမယ်ဆိုရင် အကောင်းဆုံးဖြစ်လာမှာပါ …
    အဆင်မပြေတဲ့အရေးအသား ကွန်မန့်တွေကို အားမနာတမ်း ဖျက်ပေးမယ်ဆိုရင် နောက်ဆို မန်းရဲတော့မှာ မဟုတ်ဘူးလို့ထင်ပါတယ် ….
    သူကြီးကပဲ အမုန်းခံပြီး စိစစ်ပေးလိုက်ရင် အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ် …
    သိပ်ပြီးဖောင်းပွလွန်းတာတော့ မကောင်းဘူး … ရှာရတာခက်သလို server လဲ လေးတော့ ဝင်ဖတ်ဖို့တောင် အချိန်ပိုပေးနေရသလိုဖြစ်နေပြီ …

  • Foreign Resident

    September 22, 2011 at 12:53 pm

    (1)
    I agree with Wei Wei.
    “အဆင်မပြေတဲ့အရေးအသား ကွန်မန့်တွေကို အားမနာတမ်း ဖျက်ပေးမယ်ဆိုရင်
    နောက်ဆို မန်းရဲတော့မှာ မဟုတ်ဘူးလို့ထင်ပါတယ် ….
    သူကြီးကပဲ အမုန်းခံပြီး စိစစ်ပေးလိုက်ရင် အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်”

    Delete not only comment (ကွန့်မန့်), but also post (ပို ့စ်).
    “အဆင်မပြေတဲ့အရေးအသား ကွန်မန့် & ပို ့စ် တွေကို အားမနာတမ်း ဖျက်ပါ”

    (2)
    “သူကြီးက ငွေပေးမယ်လို့ကြေငြာထားကို အခုကစလို့ ရပ်လိုက်တော့”
    But, Ko Pauk,
    I think, it is still necessary to attract new comers.

    (3)
    “ဒီဝက်ဘ်ဆိုက်က.. .ဘယ်သူ့ထောက်ပံ့ကြေး..
    ဘယ်အဖွဲ ့အစည်းပေးငွေ နဲ့မှထောင်ထားတာမဟုတ်ပါဘူး..
    ကျုပ်တဦးထဲရဲ့.. ဘတ်ဂျက်နဲ့ပေးနေတာပါ”

    Dear Kai,
    I really appreciate your contribution to Myanmar society ( especially for MG villagers ).

    ” I will donate another 100 US$, right now. ”

    Best wishes & long live MG.

  • parlayar46

    September 22, 2011 at 3:43 pm

    Foreign Resident ရဲ့စေတနာဒါနကို ချီးကျူးသာဓု ခေါ်လိုက်ပါတယ်။

    သူများတွေက အကြံပေးကြတော့ ကျုပ်လဲ တယ်မနေနိုင်ပြန်ဘူး…။

    ၁။ တင်လာတဲ့ပိုစ့်တွေကို ရက်(၆၀) ပဲထားပြီး၊ အဲဒီထဲက editor choice ဆိုပြီး သူကြီးရွေးတဲ့ပိုစ့်နဲနဲကိုပဲထားပြီး ကျန်တာကို backup မှာသိမ်း – အကယ်၍ လိုုအပ်လာလျှင် /တောင်းလာလျှင်/ပြန်တင်ပေးချင်လာရင် သူကြီးမှ ပြန်ထုတ် တင်ပေး …..

    ၂။တင်လာတဲ့ပိုစ့်တွေကို တင်သူက edit လုပ်ဘို့ (၁၅) ရက်အချိန်ပေး။ အဲဒါပြီးရင် edit မလုပ်နဲ့တော့….

    ၃။အရင် database ထဲက ရက်(၆၀) ကျော်တာတွေ ထဲမှာ သူကြီး မရွေးတာတွေ backup လုပ်ပြီး database ထဲကဖြုတ်လိုက်တော့။ ဒါကတော့ တဖြည်းဖြည်း အချိန်ယူပြီး လုပ်သွားရမှာ။ ဆာဗာလဲ တဖြေးဖြေး ပေါ့သွားမှာ။

    အဲဒီသုံးမျိုးလုပ်ဖြစ်ရင် ကွန်မင့်တွေကို မဖျက်ရင်တောင် တော်တော်အဆင်ပြေသွားမလားလို့။

  • parlayar46

    September 22, 2011 at 3:51 pm

    ပွိုင့်နဲ့ပါတ်သက်ပြီး –
    ပိုစ့်တိုင်း ကွန်မင့်တိုင်းကို ပွိုင့်ပေးရတာ သိပ်မသင့်ပါဘူး။
    သန့်သန့်လေးဖြစ်ချင်လျှင် – editor ရွေးတဲ့ ပိုစ့်/ကွန်မင့် ကိုသာ ပေးရင် တမျိုးကောင်းလာမယ်မှတ်တယ်။

    admin က editor မလုပ်ပဲ အခြားသူတချို့ကို လုပ်စေခြင်းဖြင့် admin ကို ဆဲဆိုတာ စိတ်ကောက်တာ သက်သာအောင်လုပ်လို့ရပါတယ်။

  • nature

    September 22, 2011 at 4:00 pm

    လူတကိုယ်စိတ်တမျိုးဆိုတော့ ဒီလိုလုပ်လိုက်ရင် စိတ်တိုင်းကျ ရေးနိုင်တဲ့ လွတ်လပ်ခွင့် လျှော့သွားပြီး စိတ်ဝင်စားမှု နဲသွားနိုင်တယ်။ ဒီမှာက မျက်နှာမမြင်ရတိုင်း ပြောချင်တိုင်းပြောချင်တာကို ပြောနေရတာလေးကိုက အရသာရှိနေတာ။မျက်နှာမြင်နေရင်တောင် ဒီလောက်ပြောလို့ကောင်းမှာမဟုတ်ဘူး။

Leave a Reply