အမှတ်(၂)စက်မှုဝန်ကြီးသို့ ပန်ကြားလွှာ

InfoSeptember 17, 20111min783

စက်မှုဇုန်ထုတ် Super Custom ယာယီနံပါတ်ကားများအား လိုင်စင် (I.C)ထုတ်ယူလိုပါက လိုင်စင်အတွက် ဒဏ်ကြေး (၁)စီးလျှင် ဒေါ်လာ (၁၃၀၀၀)ပေးဆောင်ရန်နှင့် ယင်းဒဏ်ကြေးအား ကားထုတ်လုပ်သူများက ပေးဆောင်ရန်ဖြစ်ပြီး ဝယ်ယူထားသူယာဉ်ပိုင်များမှ ပေးဆောင်ရန်လုံးဝမလိုကြောင်း သက်ဆိုင်ရာ စက်မှု(၂)ဝန်ကြီးဌာန ဝန်ကြီးဦးစိုးသိန်းမှ ညွှန်ကြားထားကြောင်း သိရပါသည်။

သို့သော်လည်း ထုတ်လုပ်သူများမှာ ဝန်ကြီးဌာန၏ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ဝယ်ယူသူများအား ပေးဆောင်ရန်နှင့် သတ်မှတ်ရက်အတွင်း ဒဏ်ကြေးကို ဝယ်ယူသူများက မပေးဆောင်ပါကဝယ်ယူထားသူများ၏ ကားများသာ လိုင်စင်မဲ့ဖြစ်သွားပြီး ဝယ်ယူသူများသာ နစ်နာမှာဖြစ်ကြောင်း ထုတ်လုပ်သူတချို့ကပြောဆိုပါသည်။

သို့ဖြစ်ပါ၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ ညွှန်ကြားချက်အတိုင်း ထုတ်လုပ်သူများကိုသာ ဒဏ်ကြေးပေးဆောင်စေရန် တရားဝင်အမိန့်စာထွက်ပေးပါစေလိုကြောင်း ပန်ကြားအပ်ပါသည်။

3 comments

  • zawmyothu

    September 17, 2011 at 10:14 am

    ဒီအကြောင်း ရွာထဲမှာ ပန်ကြားတာ
    တစ်ခုခုတော.လွဲ နေပြီထင်တယ်
    ဝန်ကြီးဆီ တိုက်ရိုက်စာ ပို. သင်.တယ်လို.ထင်ပါတယ်။

  • ကြောင်ကြီး

    September 17, 2011 at 10:50 am

    ဝန်ကြီးက သဂျီးရဲ့ယောက္ခမဆိုလား၊ အမျိုးဆိုလား နီးနီးစပ်စပ် တခုခု တော်စပ်လို့ပါ။

  • မီးမီး သော်

    September 17, 2011 at 2:13 pm

    ဟုတ်တယ်နော်။အများပြည်သူ. မှာရှိစုမဲ့စုလေးနဲ ့ဝယ်ထားကြတာ။နှစ်ဦးနှစ်ဖက်ညှိနှိုင်းပေးသင့်တဲ့ညွှန်ကြားချက်ပေးသင့်တယ်လေ။
    မဟုတ်ရင်တော့ ပေါင်ချိန်ကိုခေါ်ပြီး ဓားစက်ပါငှားရတော့မယ်။

Leave a Reply