ခြင်နဲ့ ပုရွက်ဆိတ်

manawphyulayMay 15, 20101min1548

ခြင်
ဆင်ခြင်ဉာဏ်ကင်း
ညံ့ဖျင်းတဲ့လုံ့လနဲ့
ဝမ်းဝရုံရှာစား
ပစ္စုပ္ပန်မှာ နားနေတဲ့သတ္တဝါ
ပုရွက်ဆိတ်
ထူးခြားသွက်လက်
ထက်မြက်တဲ့ဆင်ခြင်ဉာဏ်
ရင့်သန်တဲ့လုံ့လနဲ့
မနိုင်ဝန်အားမာန်နဲ့ထမ်း
ဘဝအတွက် စုဆောင်း
နောင်ရေးအတွက် မျှော်ကြည့်
အနာဂတ်ကို သိတဲ့သတ္တဝါ
လူ
ဘဝထဲကလူ
အူကြောင်ကြားနဲ့ လမ်းသွား
သွေးပျက်နေတဲ့ အယူအဆများနဲ့
ကမ္ဘာလောကကြီးထဲ လျှောက်သွား
အတ္တတရားကို ရှေ့တန်းတင်
ခြင်သတ္တဝါကို အားကျ
တစ်ဘဝစာနဲ့ ကျေနပ်မှာလား….
ဒါမှမဟုတ်
ပုရွက်ဆိတ်ကို နည်းယူ
ကြည်ဖြူတဲ့စိတ်ထား
မြင့်မြတ်တဲ့ သဒ္ဓါတရားနဲ့
ကုသိုလ်တံတားတွေ တည်ဆောက်
သံသရာလမ်းကို လျှောက်မှာလား…
အဲဒါကို
သင် စဉ်းစား…..

8 comments

  • etone

    May 15, 2010 at 5:05 am

    မိုက်တယ်ကွာ ကဗျာက ။

  • kogyimaung

    May 15, 2010 at 5:21 am

    ကောင်းလိုက်တာ…ဆရာရယ်….နည်းနည်းမာန်ထပ်ထည် ့လိုက်…(ဖျောင်း လို ့မြည် အောင်အားရပါးရ တီးလိုက်ချင်တယ်….ခြင်ကိုပြောတာနော်..)

  • susunosuki

    May 15, 2010 at 2:33 pm

    လူနဲ့ သတ္တဝါ (တိရိစာ္ဆန်)ကွာခြားချက်က ဒါပါ
    ရိုးရိုးလေးနဲ့ ရှင်းရှင်းလင်းလင်း စပ်ဆိုထားတာကောင်းတယ်

  • dahatpan06@gmail.com

    July 4, 2010 at 8:50 am

    အရမ်းကောင်းပါတယ် …။အားကျလိုက်တာ အဲဒီလိုပြောင်မြောက်တဲ့ကဗျာတွေဖန်တီးချင်တယ်။

  • pan pan

    September 30, 2010 at 5:02 am

    သံသရာ ကျွတ်တန်းဝင်နိုင်ဖို့ကိုပါ ပြောလိုက်တာပဲနော်။
    ဥပမာလေးတွေနဲ့ အရမ်းကောင်းတဲ့ ကဗျာပါပဲ။

  • kounglay

    October 12, 2010 at 4:04 pm

    ကောင်းလိုက်တဲ ့ကဗျာ…….တော်တယ်ဗျာ……..

  • The Reds

    October 12, 2010 at 4:15 pm

    အင်း စဉ်း စား ပြီး မ ဘဲ ပြန် ပြော တော. မယ် ..

  • michaelaungpu

    October 12, 2010 at 4:39 pm

    မကောင်းဘူးဟေ့ မကောင်းဘူး
    ဟီးးးး ပြောင်းပြန်ပြန်ဖတ်နော်

Leave a Reply