စံစားမှုမပါတဲ့ ခံစားမှုပေါင်းများစွာဖြင့် ဘဝထဲကို ဝင်ကြည့်ခြင်း

manawphyulayMay 15, 20101min1228

အဆင်မပြေမှုတွေ များနေတဲ့ ဘဝမှာ
ဘယ်အရာမှ ငါ အလိုမကျခဲ့
တိုးတက်နေတဲ့ ခေတ်ကြီးမှာ
ငါကကော ဘာမို့လို့လဲ
ကိုယ့်ဘဝကို အားငယ်မိပေမဲ့
ကိုယ့်ဘာသာပဲ အားပေးနေခဲ့
ဒီလိုဘဝမျိုးကို ငါတစ်ယောက်တည်း ရရှိနေတာ မဟုတ်ဘူး
တဖြည်းဖြည်းနဲ့ စိတ်ဓာတ်က အဝီစိထိကျဆင်းနေခဲ့
ကိုယ့်ခြေထောက်ပေါ် မတ်မတ်ရပ်ရင်း
ခြေသလုံးတွေ တောင့်တင်းနေခဲ့
လှဲကျလို့ ပြန်ထရင်တောင်
ကူမယ့်သူမရှိ
တစ်ခါတလေ မျက်ရည်ကျမိပေမဲ့
ထပ်ကျဖို့တောင် မျက်ရည်လက်ကျန်မရှိတဲ့ဘဝ
ဪ… ဘဝ ဘဝလို့တောင်
မအော်နိုင်တဲ့ ငါ့ရဲ့အဖြစ်
စိတ်ပျက်စရာ လူတချို့နဲ့
တွေ့ကြုံခဲ့ရ
မပြုံးတတ်ဘဲ ပြုံးလိုက်ကြ
မရယ်တတ်ဘဲ ရယ်လိုက်ကြ
ဘဝမှာ
ဖြစ်ချင်ခဲ့တာတွေ များသလောက်
ဘာတစ်ခုမှ ပေါက်မြောက်အောင်
မဖြစ်တဲ့ ငါ့ဘဝ
ကိုယ်ရှိလို့သာ ဘဝဆိုတာ
ရှိနေမှန်း ဖြေသိမ့်ခဲ့ရ
ကိုယ့်ဆီက လိုချင်တာတွေ
ရနိုင်တုန်းက အခင်ဆုံးတွေလို့
ပြောတတ်သူတွေကလည်း
နောက်ထပ် ဘာမှ ရယူစရာမရှိတော့တဲ့အခါမှာ
ကိုယ့်နားက ခပ်ခွာခွာ
ဟန်ဆောင်မှုများနဲ့ နှုတ်ဆက်
အားလုံးကို ကိုယ့်လိုပဲ သဘောထားပြီး
အရိုးခံအတိုင်း ပေါင်းသင်းတတ်တဲ့ ငါ့အကျင့်က
ကိုယ့်ကိုယ်ကိုယ် အဆိပ်သင့်စေခဲ့မှန်း
ရင်ခုန်သံတွေ ယောင်ယမ်းနာကျင်လာတဲ့အခါမှာ
သဘောပေါက်လိုက်မိတော့တယ်
တောင့်တင်းနေတဲ့ ခြေထောက်ကို
ဆေးလိမ်းရင်း ခရီးဆက်ခဲ့
အောင်မြင်ခြင်းရဲ့ ပန်းတိုင်ဟာ
ယုံကြည်မှုပဲ
ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ရင်း
မနက်ဖြန်ဆိုတာ ရှိနေသမျှ
ငါ့ဘဝရဲ့ မျှော်လင့်ခြင်း လင်းရောင်ခြည်ဟာ
အနီးလေးမှာဘဲ
လောကဆိုတာ မာယာ
မာယာဆိုတာ လောက
ဒီလောကအလယ်မှာ
ဘဝကို ကျေနပ်စွာ နေတတ်ဖို့အတွက်
ကံတရားကို ကိုယ့်ဘက်သားဖြစ်အောင်တော့
စည်းရုံးကြည့်ရဦးမယ်လေ
ဖြစ်လာဖို့အရေး မျှော်တွေးရင်း
လူ့ဘဝဆိုတာ
မျှော်လင့်သလို ဖြစ်လာခဲ့ရင်တောင်
ဖြစ်လာပြီးနောက်မှာ
ဘာမှမဟုတ်တော့ဘဲ
ဒီလိုနဲ့ အချိန်တန်တော့လည်း
ပြီးဆုံးခြင်းကို ရောက်ရှိရတော့တာပါပဲလေ…

8 comments

  • susunosuki

    May 15, 2010 at 2:28 pm

    ဟူး
    ဘာမှကိုကောင်းတာမကျန်တော့ပါလား
    တွေးကြည့်တော့ မွန်းကျပ်စရာကြီးနော်

  • Endless heart

    May 22, 2010 at 9:49 am

    Life is not easy to live……….It is colourful…..Paint ur life with real colour.Believe urself…….+ mind always….Good luck

  • etone

    June 18, 2010 at 2:56 am

    ဘယ်သူရေးတာလဲ အရမ်းကောင်းတာပဲ ။

  • manawphyulay

    July 12, 2010 at 8:44 am

    ခုလို လာအားပေးတာ ကျေးဇူးတင်ပါတယ်နော် ဆက်လက်အားပေးနိုင်ပါစေ…..

  • မန်း ရိပ်

    October 1, 2010 at 5:26 am

    မနောဖြူလေး ရေ အရမ်းကောင်းတဲ့ကဗျာလေးပါ
    ကိုယ်ဖြစ်ချင်တာတွေဆီကိုအရောက်သွားရင် လိုအပ်ချက်တွေပဲ ပိုပိုများလာခဲ့တာပဲ
    ကြိုးစားပါ

  • manawphyulay

    October 5, 2010 at 11:23 am

    လုပ်လေ လုပ်လေ စိတ်ဓာတ်က ကျလေ ဖြစ်လို့ ရှေ့ဆက်သာဆက်နေတယ် အားမရှိလှပါဘူးလေ….

  • manawphyulay

    October 5, 2010 at 11:37 am

    etone>>> တစ်ခါတလေ စိတ်ထဲမှာဖြစ်ပေါ်တာတွေကို ကဗျာအဖြစ်သွန်းလောင်းတဲ့အခါ စိတ်ပေါ့သွားအောင် ရေးမိပါတယ်။ မနော တင်ဖြစ်တာတွေက မနောကိုယ်တိုင်ရေးတာတွေများပါတယ်။ တစ်ခါတလေ လိုက်နာမှတ်သားသင့်တာတွေကိုလည်း ကိုးကားပြီးပြန်တင်ပေးတာရှိပါတယ်။ အမြဲတမ်းသူများ ဆောင်းပါးတွေ မတင်ပေးတတ်ပါဘူး။ မနော ဆိုက်တွေမှာ လာရောက်လေ့လာလို့ရပါတယ်။ တစ်ခါတလေ ကိုယ်ရေးထားတဲ့ကဗျာ ဆောင်းပါး အရေးအသားတွေကို တစ်ယောက်လက်တစ်ယောက်ကမ်းရင်း ကိုယ့်ဆီပြန်ရောက်လာချိန်မှာ သူများ နာမည်နဲ့ဖြစ်နေတတ်တာတွေ မနော ကြုံဆုံခဲ့ရတာ အမြဲတမ်းပါပဲ။ အဲလိုအချိန်ကျတော့ ရင်ထဲတကယ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် လူတိုင်းသိပြီး လိုက်နာသဘောကျနေတယ်ဆိုရင် မနော ကျေနပ်ပါတယ်။

  • Alinsett @ Maung Thura

    May 7, 2015 at 1:29 pm

    အားလုံးကို ကိုယ့်လိုပဲ..သဘောထားလိုက်တာကိုက…စလွဲတာ…
    အားလုံးက ကိုယ့်လိုတော့ ဘယ်ဟုတ်နိုင်လေမလဲ…
    တချို့တလေကတော့ ကိုယ့်လိုပါ…..

    😆

Leave a Reply