လေလိုလျှင်လှ–သမင်မ

thit minSeptember 17, 20111min1436

(၁၉၈၄ခုနှစ်)ကဆရာကြီးဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်)ကျောင်းအုပ်တာဝန်နဲ့ရှိနေတဲ့မော်လမြိုင်ဒီဂရီကောလိပ် (ယခုမော်လမြိုင်တက္ကသိုလ်)ကိုရောက်ခဲ့ပါတယ်။ ကိုယ်ကအသက်ငယ်သေးတာကတကြောင်း၊ စာဖတ်များစပြုလာပေမဲ့ အချစ်နဲ့ပတ်သက်ပြီးရေးထားရင်ဘာစာအုပ်မှဖတ်လေ့မရှိလို့ ဆရာကြီးရဲ့စာအုပ်တအုပ်မှကိုမဖတ်ဘူးပါ။ ရုပ်ရှင်ဖြစ်လာတော့ကြည့်ဖြစ်ပါတယ် ။တော်တော်လဲကြိုက်ပါတယ်။အဲဒါကနောက်ပိုင်းမှပါ။

(၂၀၀၂ခုနှစ်အသက်၇၂နှစ်မှာဆရာကြီးကွယ်လွန်ခဲ့ပါပြီ၊ ဆရာကြီးလိုလူမျိုးဟာကောင်းရာ

ဘုံဘဝရောက်မှာမလွဲပါဘူး၊ ဆရာကြီး ဘာတွေလုပ်ခဲ့တယ်ဆိုတာတော်တော်များသိကြပါတယ်။)

အဲဒီအရင်မှာမော်လမြိုင်ဒီဂရီကောလိပ်ရောက်တုန်း ဆရာကြီးရဲ့ကျောင်းသားကျောင်းသူတွေ အပေါ် ရင်ဝယ်

သားသမီးလိုဆက်ဆံတတ်တာတွေ၊ ဝန်ထမ်းတွေအပေါ်ညှာတာစွာ အုပ်ချုပ်ဆက်ဆံတတ်တာတွေ၊ ဆရာ

ကြီးရဲ့နူးညံ့သိမ်မွှေ့တဲ့အနေအထိုင်တွေရဲ့မွှေးပျံ့တဲ့ဂုဏ်သတင်းတွေကြောင့်”သူငယ်ချင်းလို့ဘဲဆက်၍ခေါ်မည်ခိုင်”တွေ “တပြည်သူမရွှေထား”တွေ”သူကျွန်မခံပြီ”တွေမသိသေးတဲ့အဲဒီအရွယ်မှာ

ကထဲကဆရာကြီးကိုလေးစားမိလိုက်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။

အဲဒီရောက်တုန်းစာအုပ်တအုပ်လက်ဆောင်ရပါတယ် ။မော်လမြိုင်ဒီဂရီကောလိပ်နှစ်လည်မဂ္ဂဇင်းပါ။ အဲဒီစာအုပ်မှာဆရာရဲ့ဓာတ်ပုံပါပါတယ်။ ခပ်သေးသေးကိုယ်လုံးနဲ့ ဆံပင်တွန့်တွန့်လေးတွေကကောလိပ်ကျောင်းအုပ်ဆရာကြီး တယောက်အနေအထားနဲ့ရောနိုင်ငံကျော် စာရေးဆရာကြီး တယောက်အနေနဲ့ ပါလိုက်ဖက်လှပါဘိတယ်။

ဆရာကြီးတည်းဖြတ်တဲ့အဲဒီနှစ်လည်မဂ္ဂဇင်းဟာဖတ်လို့မငြီးနိုင်အောင်အကောင်းဆုံးကဗျာတပုဒ်ကိုအ

လွတ်ရနေခဲ့ပါတယ်။ဆရာကြီးတည်းဖြတ်ခဲ့လို့ထင်ပါရဲ့။တော်တော်ကောင်းပါတယ်။(ပျဉ်းမငုတ်တိုတို့သိကြားလိမ်တို ့ရှေးခတ်ပုဂံပြည်တို့အစရှိတဲ့ကဗျာတွေဦးကြော့၊ဘိုးသူတော်ဦးမင်းလူဦးမင်း ဆရာကြီးဇော်ဂျီဆရာကြီးမင်းသုဝဏ် ဆရာကြီးတင်မိုးကဗျာတွေနဲ့ကြီးပျင်းခဲ့ရတော့တော်တန်ရုံကဗျာကျနော်စိတ်ကိုမ”တိုး”ပါဘူး။ ခုကဗျာလေးကြတော့ကာရံလဲလှအဓိပ္ပာယ်လဲရှိလွန်းလို့ခုထိမမေ့နိုင်ပါဘူး။

ပြီးတော့၁၉၈၄ခုနှစ်ကကဗျာတပုဒ်ဟာ ဒီကနေ့ လက်ရှိအနေအထားတခုကိုဖြစ်တဲ့“စပွန်စာ”ညီမလေးတွေ၊ မမတွေကိုများရည်ညွန်းနေသယောင်ယောင်ဖြစ်နေလို့ သတိတရတင်ပြလိုက်ရပါတယ်။ ကလောင်ရှင်က

“စောမင်းဝေ”လို့မှတ်သားမိပါတယ် ။မော်လမြိုင်ဒီဂရီကောလိပ်နှစ်လည်မဂ္ဂဇင်း(၁၉၈၄)ရဲ့အဖွင့်ကဗျာတွေထဲကတပုဒ်ပါ။(၁၉၈၄-၈၅…လို့ရေးထားသလားမမှတ်တော့ပါ၊ သိသူများရှိခဲ့ရင်ကျေးဇူးပြုပါ။)

ခံစားကြည့်ကြပါအုန်းဗျာ။

 

လေလိုလျှင်လှ–သမင်မ

တအိုင်ကိုနင်း–တအင်းကိုချောက်

တချောက်ကိုခုန်–တခြုံကိုနှိပ်

တရိပ်ကိုဝင်–တပင်ကိုမေ့

တံလျှပ်ငွေ့ကို—တွေ့နိုးရှာမောနေသလား

ကျားဘုရင်ရှေ့–ကားစင်တွေ့သို့

စွေ့ကနဲခုန်–ပုံကနဲလဲ

ရဲကနဲနီ–မာန်ဖီကိုက်ဝါး

မင့်သွေးသားကို–ကျားမင်းပွဲတော်တည်သောခါ..

ဒီလိုဇာတ်လမ်း–အဆွေးခန်းတွက်

ငါ့မျက်ရေ–အကြွေမခံနိုင်ဘူး

ရွှေသမင်။

 

(ဒါက…နွယ်လေးနဲ့ပန်းလေးလှလို့ပါ၊ ကဗျာနဲ့တော့မပတ်သက်ပါဘူး။)

(ဒီတောင်နားကရွာလေးမှာတွေ့ခဲ့တာပါ)

 

(ဤကားစကားချပ်။။ အားလုံးသောပို့စ်တင်သူများမှာသူတပါးကိုရှယ်ချင်တဲ့စိတ်ကအများစုပါ၊ ခုတလောတင်သူတွေများလာပြီးအစုံတွေ့ရပါတယ်.. .လူဟောင်းတချို့တောင်နှစ်ကြောင်းထဲနဲ့တင်တဲ့သူလဲတွေ့ရပါတယ်။ ဘာဘဲဖြစ်ဖြစ်MG… ကိုသံယောဇဉ်တွယ်ကြသူတွေကြီးမှို့လို့အားလုံးကိုလေးစားပါတယ်။ သူကြီးရဲ့အနေအထားကိုလဲ နားလည်ပေးလို့ရတာမလို့ MG.. အတွက်တတ်နိုင်သလောက် နဲနဲပဲဖြစ်ဖြစ်လှူပေးနိုင်ရင်ကောင်းမှာပဲလို့ စဉ်းစားမိပါတယ်။)

6 comments

  • ပေါက်ဖော်

    September 17, 2011 at 7:48 pm

    စာတစ်ပုဒ်လုံးမှာ ကျုပ်တော့ လှူဆိုတာပဲ တွေ ့တယ်
    အသက်ကြီးတော့ မျက်လုံးတွေလဲ မကောင်းတော့ဘူးထင်ပါ့.. 😀
    လှူချင်တာများ..စဉ်းစားနေသေး..
    လှူပစ်လိုက်…..လှူပစ်လိုက်…..
    သဂျီးက စိတ်ဆိုးလိမ့်မည်မဟုတ်.. 😀

    လှူချင်လွန်းလို ့..ကဗျာထဲမှာ အမည်မသိ နွယ်ပန်းတောင် အစစ်ထည့်ပေးထားသေးရဲ့..
    ဘာမှလဲဆိုင်ဝူး.. 😛

    • Handy note

      September 17, 2011 at 7:57 pm

      သူပြောထားတယ်လေ ခင်ဗျားမမြင်ဘူးလား..”နွယ်လေးနဲ့ပန်းလေးလှလို့ပါ၊ ကဗျာနဲ့တော့မပတ်သက်ပါဘူး။”လို့….

      • ပေါက်ဖော်

        September 17, 2011 at 8:21 pm

        ဘာမှလဲဆိုင်ဝူးဆိုတာ ကျုပ်ကိုကျုပ်ပြောတာပါ ငတ ရ

  • nozomi

    September 17, 2011 at 9:40 pm

    ကဗျာလေးက တစ်ခါမှ မတွေ့ဘူးသေးတဲ့ ကဗျာလေး ဆိုလိုရင်းလေးက တော်တော်ကောင်းတယ်

    ပို့စ်တွေမှာ တချို့ က စားလုံးပေါင်း နဲနဲမှားတယ် တချို့ က များများ မှားတယ် ပြောချင်တာက လူတိုင်း မဟုတ်တောင် တော်တော်များများ တော့ မှားတတ်ကြတယ် ဆိုလိုရင်းပြောင်းသွားတာလဲ ရှိ၊ မပြောင်းတာလဲ ရှိပေါ့

    ဒီမှာပါတဲ့ အမှားလေးကတော့ တမျိုးများဖြစ်နေသလားလို့

    ဆရာကြီးတင်မိုးကဗျာတွေနဲ့ကြီးပျင်းခဲ့ရတော့တော်တန်ရုံကဗျာကျနော်စိတ်ကိုမ”တိုး”ပါဘူး။ ဆိုတော့
    ဆရာတင်မိုး ကဗျာတွေ ဖတ်ရလို့ ပျင်း ရင်းနဲ့ ကြီးလာတဲ့ သဘောများဖြစ်နေမလားလို့

    ဆရာကြီးတင်မိုးကဗျာတွေနဲ့ကြီးပြင်းခဲ့ရတော့တော်တန်ရုံကဗျာကျနော်စိတ်ကိုမ”တိုး”ပါဘူး။ ဆို ပိုကောင်းသွားမှာပါ
    ဆရာလုပ်တယ်လို့တော့ မထင်စေချင်ပါ ၊ ဖတ်မိသူတွေ ကိုယ်တိုင်ရေးတဲ့ အခါ သတိထားမိစေချင်တဲ့ စေတနာပါနော် ကျွန်တော့်ကိုယ် ကျွန်တော်လဲ သတိပေးရင်ပေါ့ 😀

  • မီးမီး သော်

    September 17, 2011 at 10:57 pm

    ကိုသစ်မင်းရေ…ကျေးဇူးတင်လိုက်တာ။ကဗျာကောင်းလေးတစ်ပုဒ်ရှယ်ပေးနိုင်လို ့ပါ။ကျေးဇူးပါနော်။ခေတ်ရဲ ့ပုံစံကို ကြိုမြင်တတ်ခဲ့ပုံပါဘဲနော်။

  • ကြောင်ကြီး

    September 18, 2011 at 10:17 am

    ရွှေသမင်
    ငွေခင်တယ်
    မမုန်း..
    သူ့အပြုံး
    မြူဖုံးကွယ်
    ရှာလို့မဆုံး..။

Leave a Reply