Clear Hepatitis B

zoxnetMay 15, 20101min1636
1

မြန်မာ့ ဆေးပညာ လောက ကို မိတ်ဆွေတို့ ထဲထဲဝင်ဝင် သိမြင်ချင်မှ သိမြင်မှာပါ။ မြန်မာ့ ဆေးပညာ လောက ကို အနောက်တိုင်း ဆေးဆရာတွေ မမှီနိုင်တာ ရှိတယ်ဆိုတာ ထဲထဲဝင်ဝင် လေ့လာကြည့်ရင် သိနိုင်ပါလိမ့်မယ်။ မကြာသေးခင်က ရတနာပုံ သတင်းစာ မှာပဲ Hepatitis C ကို အမေရိကား မှာ အလကား ပျောက်အောင် ကုပေးနေပြီ လို့ ဖတ်လိုက်ရပါတယ်။ ဒါပေမယ့် Hepatitis B ကိုတော့ ပျောက်အောင် ကုပေးနေတဲ့ နေရာကို အမေရိကား မှာ မတွေ့မိသေးပါဘူး။ ဟုတ်ကဲ့။ ကျွန်တော်တို့ မြန်မာပြည်မှာ Hepatitis B ကို ပျောက်အောင် ကုပေးနေပြီး တကယ်လည်း ပျောက်တဲ့ ဆေးနည်းတွေ ပိုင်ဆိုင်ထားတဲ့ နေရာ တစ်ခုရှိပါတယ်။ လူတော်တော် များများ ပျောက်ကုန်ကြပါပြီ။ အဲဒီ ဆေးဆရာ သမားတော်ကြီးက (သမားတော်ကြီး မိုးကုတ် ဦးကျော်စိန်) ပဲ ဖြစ်ပါတယ်။ မယုံမရှိပါနဲ့။ စိတ်ဝင်စားရင် တကယ် စုံစမ်းကြည့်ပါ။ လိပ်စာ သိချင်ရင် ကောမန့် ရေးခဲ့ပါ။ လမ်းညွှန်ပါ့မယ်။ အဟဲ။

6 comments

  • susunosuki

    May 15, 2010 at 2:18 pm

    တယ်စွမ်းပါလား
    တကယ်သာ ဆိုရင်တော့ ဆေးလောက အတွက်ဂုဏ်ယူစရာပါ
    susunosuki@gmai.com

  • intro

    May 16, 2010 at 6:11 am

    ဟာ… zoxnet ကလဲ… မေးနေရသေးတယ်… တစ်ခါတည်း လမ်းညွှန်မှပေါ့ဗျ… အသုံးတည့်တဲ့သူတွေ တည့်သွားမှာပေါ့… ကုသိုလ်ရပါတယ်

  • Foreign Resident

    May 16, 2010 at 7:59 am

    Dear all,

    For your informations,

    I have already asked to Department of Medical Research, Myanmar ( Government Body )
    for this news about 3 year ago.

    They ( Department of Medical Research ) already tested his ( Moe Goke U Kyaw Sein ) medicine.
    But, this medicine cannot cure Hepatitis – B.

    I also tried it for one of my relative & actually his ( Moe Goke U Kyaw Sein ) medicine was not effective.

    If his medicine is effective, our government will declare to the world.
    Cannot declare means not effective.

    That’s why he also cannot advertise his medicine can cure the Hepatitis – B.

    Hepatitis – B can be automatically disappeared, in one or two persons / some cases,
    because their body immune system / human antibodies can defeat the Hepatitis – B.

  • zoxnet

    May 18, 2010 at 1:59 pm

    ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်လည်း ကြားရလို့ ဝမ်းသာအားရ တင်လိုက်တာပါ။ ဒါနဲ့ Foreign Resident ရဲ့ အမျိုးတစ်ယောက် နောက်ဆုံး ဘယ်လို ပျောက်သွားလဲ သိပါရစေ။ ပြန်ပြီး အကောင်းဆုံး နည်းလမ်းကို လမ်းညွှန်ပါဦး။ ကျွန်တော်လည်း ပြန်ဝေမျှချင်လို့ပါ။

  • Endless

    October 14, 2010 at 4:26 am

    ဘီကို ပျောက်စေတဲ့ ဆေးက မရှိသေးပါ ဘူး…. ဖောရိန်းရက်ဆီးဒန့် ပြောသလိုပဲ.. တကယ်ပျောက်ရင် ကြေညာပေးနိုင်ရမှာပေါ့… မကြေညာနိုင်ဘူးဆိုတာ မပျောက်လို့ပေါ့ ရှင်းနေပါတယ်… တစ်ယောက်စ နှစ်ယောက်စ ပျောက်တာမဟုတ်ရဘူးနော်… ဒီဆေးနဲ့ ကုတဲ့ လူတိုင်းပျောက်ဖို့လိုတာ… အဲဒါကို မလုပ်နိုင်လို့ မကြေညာတာဖြစ်မှာပါ…. Interferon.. lamivudine .. cycloferon..အစရှိတဲ့ ဆေးတွေတောင်မှ.. ၇ဝ % ပဲ ပျောက်နိုင်တယ်လေ

  • ဆူး

    October 14, 2010 at 4:43 am

    ဒီပိုစ့်လေး အခုမှ တွေ့မိတယ်.. မိုးကုတ်ဦးကျော်စိန်ကို သိပါတယ် ဆရာဆီမှာ ကုတဲ့ အသည်းရောဂါ သမားတွေ မကျွှမ်းသေးရင် ပျောက်ကျပါတယ်။ တချို့ အသည်းအဆီဖုံးခါစ အရမ်းကြီး မပြင်းထန်သေးရင် ဆေး ၈လလောက် သောက်ပြီး ပြန်စစ်တာ အဆီဖုံးတာ မရှိတော့ဘူး လို့ သိရတယ်.. နောက်ပြီး အသည်းခြောက် အနည်းငယ်.. ခြောက်တာတဲ့ လူနာတွေ ဆေးကို ၁နှစ်လောက် သောက်လိုက်တာ အသည်းပြန်စိုလာတယ် ကြားမိတယ်။ အသည်းခြောက် အသည်း အဆီ ဖုံးတဲ့ ဝေဒနာ ရှင်တွေမှာတော့ အနောက်တိုင်းနည်းနဲ့ ပြန်ပြီး အကောင်းပကတိ ဖြစ်တာ မတွေ့မိဘူး.. အစားရှောင်ပြီး ဆေးသောက် ရတာဘဲတွေ့မိတယ်။ နောက်ပြီး အသည်းရောဂါ ခံစားနေရပြီး နဲနဲပင်ပန်းတာနဲ့ အိပ်ယာထဲ လဲနေတဲ့ လူနာတွေ ဆရာကြီး ဆေးကို ၁၅ရက်လောက် သောက်တဲ့ အချိန်မှာ သိသိသာသာ အပင်ပန်းခံနိုင်လာတယ် အမော ခံနိုင်လာတယ်.. မြန်မာဆေးထဲမှာတော့ ဆရာဦးကျော်စိန် မိုးကုတ် အဲဒီ ဆေးခန်းကတော့ အသည်းနဲ့ ပတ်သတ်ရင် ကောင်းတယ်လို့ ပြောလို့ရတယ်။ တချို့ ရောဂါကျွှမ်းသွားရင်တော့ စမ်းပြီးတာနဲ့ မရတော့ဘူး ဆိုတာ ချက်ချင်းပြောတယ်.. တကယ်လို့ အသည်းရောဂါ ခံစားနေရလို့.. ဆေးစစ်ချက်မှာ သိရင်တောင် ဆရာဆီမှာ သွားပြရင် ဆေးစစ်ချက် အဖြေကို မပြောဘဲ သွားပြရင် ဘာဖြစ်နေသလဲ ဆရာကြီးပြောတာနဲ့ ဆေးစစ်ချက် အဖြေနဲ့ တထပ်တည်းပြောနိုင်ပါတယ်။ ဆရာကြီး အသည်းဆေး သောက်ရင်တော့ သူမစားနဲ့ ပြောတာတွေ အကုန်ရှောင်နိုင်ရပါတယ်။ ဝေဒနာ တကယ် ခံစားရပြီး ပျောက်ချင်တဲ့ လူတွေ ရှိရင်တော့ သွားကုပါ။ တိုက်တွန်းပါတယ်။ မျက်စိရှေ့မှာ အသည်းဝေဒနာ ခံစားနေရတဲ့ လူနာတွေ တော်တော် များများ ပျောက်သွားတာ မြင်မိလို့ပါ။ ဘီပိုးပျောက်မပျောက်တော့ သေချာမသိဘူး.. အသည်းရောဂါကတော့ တကယ်ကောင်းတာ အမှန်ဘဲ။

Leave a Reply