ညနက်နက်အတွေးများနဲ့ 

နင်ကျင်နေတဲ့ ရင်အစုံကိုဖိ

အပြာရောင်အခန်းမီးကိုပိတ်ရင်း

မျက်လုံးအစုံကိုမှိတ်မိတော့ 

ဝိုးတ၀ါးပုံရိပ်

ဘာလို့ မင်းဖြစ်နေရတာလဲ…

ကောင်မလေးရယ်

ငါမောပန်းလွန်းလှပြီ

စကားဆိုဖို့ တောင်အင်အားမရှိ

ငါမှေးဆက်ပါရစေတော့ 

ခံနိုင်ရည်မရှိတော့ လို့ ပါ…

မင်းရဲ့ နွေးထွေးမှုတွေကြောင့်

ငါ့နှလုံးသားလောင်မြိုက်

မျက်ဝန်းကတစ်ဆင့်ငွေ့ ရည်ပျံစေတာ

မင်းမှမသိတာ…

မင်းသိအောင်ပြောဖို့ လဲမလိုအပ်ခဲ့ ပါဘူးလေ

အဖြူရောင်ကိုအရောင်ဆိုးမိတဲ့ 

အပြစ်သားရဲ့ ကြံမ္မာပေါ့…

ငါကိုကလောဘကြီးတာပါ

မင်းပေးသလောက်ခံယူဖို့ 

ကျေနပ်စွာရောင့်ရဲရဦးမယ်...

အတွေးထဲကမင်းပြန်ပါတော့ နော်…

မတွေးဘူးဆိုမှ

အကြောင်းအရာတွေအပ်ကြောင်းထပ်

ဒီညတော့ ငါ မအိပ်တော့ ဘူး…

ညနက်နက်မထူးတော့ ပြီမို့ 

လရောင်ရဲ့ အေးမြမှုကိုခံယူရင်း

လမင်းကိုအဖော်ပြု

တစ်ညလုံးစကားပြောတော့ မယ်

မင်းကိုအရမ်းချစ်တဲ့ အကြောင်းတွေပေါ့…

ဟော….ကြည့် လမင်းထဲကမင်း

ငါ့ကိုလက်ပြနေပြန်ပြီ အဟင်း…

အရှုံးပေးပါပြီဗျာ

မင်းရဲ့ ကွန်ရက်ထဲက

လွတ်မြောက်ဖို့ မဖြစ်နိုင်မှန်း

နှလုံးသားနဲ့ ရင်း မျက်ရည်ကိုမာနနဲ့ ဝယ်ရင်း

ကောင်းကောင်းကြီးနာလည်ခဲ့ ပါပြီ…

ဒါကြောင့်…

မင်းနာမည်ယောင်ယောင်ခေါ်ရင်း

မင်းရဲ့ အပြုံးတွေ အိပ်မက်ထဲထိငါ

ယူဆောင်သွားလိုက်တော့ မယ်

အချစ်

ကောင်းသောညနော်

အိပ်မက်ထဲမှာပြန်ဆုံကြဦးစို့ … … …။ ။

2:25AM

15.8.11(Mon)

ကြယ်ရောင်လင်း

About kyeyounglin

has written 18 post in this Website..