အချစ်ကွန်ရက်

kyeyounglinSeptember 17, 20111min1437

ညနက်နက်အတွေးများနဲ ့

နင်ကျင်နေတဲ ့ရင်အစုံကိုဖိ

အပြာရောင်အခန်းမီးကိုပိတ်ရင်း

မျက်လုံးအစုံကိုမှိတ်မိတော ့

ဝိုးတဝါးပုံရိပ်

ဘာလို ့မင်းဖြစ်နေရတာလဲ…

ကောင်မလေးရယ်

ငါမောပန်းလွန်းလှပြီ

စကားဆိုဖို ့တောင်အင်အားမရှိ

ငါမှေးဆက်ပါရစေတော ့

ခံနိုင်ရည်မရှိတော ့လို ့ပါ…

မင်းရဲ ့နွေးထွေးမှုတွေကြောင့်

ငါ့နှလုံးသားလောင်မြိုက်

မျက်ဝန်းကတစ်ဆင့်ငွေ ့ရည်ပျံစေတာ

မင်းမှမသိတာ…

မင်းသိအောင်ပြောဖို ့လဲမလိုအပ်ခဲ ့ပါဘူးလေ

အဖြူရောင်ကိုအရောင်ဆိုးမိတဲ ့

အပြစ်သားရဲ ့ကြံမ္မာပေါ့…

ငါကိုကလောဘကြီးတာပါ

မင်းပေးသလောက်ခံယူဖို ့

ကျေနပ်စွာရောင့်ရဲရဦးမယ်...

အတွေးထဲကမင်းပြန်ပါတော ့နော်…

မတွေးဘူးဆိုမှ

အကြောင်းအရာတွေအပ်ကြောင်းထပ်

ဒီညတော ့ငါ မအိပ်တော ့ဘူး…

ညနက်နက်မထူးတော ့ပြီမို ့

လရောင်ရဲ ့အေးမြမှုကိုခံယူရင်း

လမင်းကိုအဖော်ပြု

တစ်ညလုံးစကားပြောတော ့မယ်

မင်းကိုအရမ်းချစ်တဲ ့အကြောင်းတွေပေါ့…

ဟော….ကြည့် လမင်းထဲကမင်း

ငါ့ကိုလက်ပြနေပြန်ပြီ အဟင်း…

အရှုံးပေးပါပြီဗျာ

မင်းရဲ ့ကွန်ရက်ထဲက

လွတ်မြောက်ဖို ့မဖြစ်နိုင်မှန်း

နှလုံးသားနဲ ့ရင်း မျက်ရည်ကိုမာနနဲ ့ဝယ်ရင်း

ကောင်းကောင်းကြီးနာလည်ခဲ ့ပါပြီ…

ဒါကြောင့်…

မင်းနာမည်ယောင်ယောင်ခေါ်ရင်း

မင်းရဲ ့အပြုံးတွေ အိပ်မက်ထဲထိငါ

ယူဆောင်သွားလိုက်တော ့မယ်

အချစ်

ကောင်းသောညနော်

အိပ်မက်ထဲမှာပြန်ဆုံကြဦးစို ့… … …။ ။

2:25AM

15.8.11(Mon)

ကြယ်ရောင်လင်း

7 comments

  • yetazar

    September 17, 2011 at 7:50 pm

    ဟိ ။ အိပ်မက်ထဲကိုလာချောင်းကြည့်မယ် ။

  • musicalpunk

    September 17, 2011 at 11:46 pm

    သူသာသိသွားရင် အိပ်မက်ထဲတင်မဟုတ်ဘူး အပြင်မှာပါ ပြန်ဆုံကြဦးမယ်…
    နောင်တ အကြီးအကျယ် ရနေပုံပဲ။

  • kyeyounglin

    September 18, 2011 at 7:13 pm

    Copy/Paste ဖြစ်နေတယ်ဗျာ
    လုပ်ကျပါဦး
    အဲဒါကျွန်တော့်ကဗျာစစ်စစ်ပါ
    ကူညီပါဦးသူကြီးရေ………………………

  • kyeyounglin

    September 18, 2011 at 7:21 pm

    အိပ်မက်ထဲလာချောင်းကြည့်မယ်ဆိုရင်တော ့သတိထားနော်
    ကျွန်တော်တို ့ရန်ဖြစ်ရင်ဘုထွက်နေမှာစိုးလို ့………….ဟီဟိ

  • kyeyounglin

    September 18, 2011 at 7:23 pm

    အပြင်မှာလာတွေ ့ရင်တော ့ကောင်းတာပေါ့
    မျှော်လင့်ရတာပဲလေ

  • whitestar

    September 19, 2011 at 9:31 am

    နင်ကျင် နေတဲ့ ရင်အစုံကို ဖိသတဲ့ လား
    ိအားပါးးးးးးးးး

Leave a Reply