အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၄၇) ရူးပီး တစ်သိန်း

မောင်ဘလိုင်September 17, 20111min811

စားပွဲပေါ်ခေါင်းစိုက်နေရာက ကျွန်တော့်ကို သူ ခေါင်းထောင်ကြည့်တယ်။သူ့မျက်လုံးတွေက တိတ်တဆိတ်

ရက်စက်တော့မဲ့ မြွေတစ်ကောင်ရဲ့ မျက်လုံးမျိုး..။

“မင်းက ငါ့ဘော်ဒါနော်..ခု..ငါမူးနေတယ်..မူးတဲ့လူဆိုတာ အမှန်ကိုပဲပြောတယ် ဟုတ်..အေး အဲဒီတော့

ပြောပြရသေးတာပေါ့..  ငါ ရှေ့နေတစ်ယောက်နဲ့တွေ့ပြီးပြီ..ကွာရှင်းစာချုပ်လည်း ပြင်ပြီးပြီ..ဂျူလီ

လက်ခံရင် အေးဆေးပေါ့ကွာ..အေး..မဟုတ်လို့ကတော့  ဒီမယ်..”

ပြောပြောဆိုဆို သူ့ဘောင်းဘီအိတ်ထဲက တစ်ခုခုထုတ်နေတယ်..။ဟာ..မိန်းမကိုင် ခြောက်လုံးပြူးအသေးစားလေးပဲ။

ကျည်ဆံကဖြင့် ခြောက်တောင့်တော့ ထည့်လို့ မရပါဘူး။ကျစ်ကျစ်လျစ်လျစ်နဲ့ကျွန်တော့်လက်တစ်ဝါးစာတောင်

မရှိဘူး။သေနတ်လေးက ပြောင်လက်တောက်ပနေတာ အစင်းရာလေးတစ်ခုတောင် မရှိလောက်ဘူး။

“တွေ့လား..ဒီမယ်..လှတယ်မို့လား..အဟား..ရှောရှောရှူရှူ မဖြစ်လို့ကတော့ ဒင်းခေါင်းကို ပစ်ခွဲပစ်မယ်

..ဒင်းသေမှ ငါ ဂျို့တ်စနာနဲ့  လက်ထပ်မယ်..အဟေးဟေး..မင်းက ငါ့ဘော်ဒါနော်..ခု ငါမူးနေတယ်..

မူးတဲ့လူဆိုတာ အမြဲတန်း အမှန်ကိုပဲပြော…အ..အ.

            အားးးးးးးးးးးးးးးးးးးးးအူးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ပြောနေရင်း အကောင်းကြီးကနေ မချိမဆန့်အော်ဟစ်ပြီး သူ့ရင်ဘတ်ကို တအားဖိလို့ ဝုန်းခနဲ ပစ်လဲကျသွားတာ..။

စားပွဲပေါ်က အရက်ပုလင်းတွေ၊အမြည်းပန်းကန်တွေ အကုန်မှောက်ပြီး ကြမ်းပြင်ပေါ်ကျကွဲကုန်တယ်။

ကျွန်တော်လည်း လန့်ပြီး ကြောင်နေမိတယ်။ အယ်..ဘောက်ဆူးလေးတောင် မတောင်းမိလိုက်ပြန်ဘူး။

 

******************************

 

နာရီဝက်လောက်ကြာတော့ ထုံးစံအတိုင်း မီးနီလေး တဖျပ်ဖျပ်နဲ့ ဂျစ်ကားရောက်လာပါပြီ။လူနာတင်ကားလည်း ပါတယ်။

ဂျူတီကုတ် အဖြူရောင်နဲ့ဆရာဝန်က စမ်းသပ်ပြီး မစ္စတာ ပရာကရှ် ရာအူးတစ်ယောက် ပြင်းထန်တဲ့ နှလုံးရောဂါ ရုတ်တရက်

ထဖောက်လို့ အသက်မရှိတော့ပါဘူးလို့ပြောတယ်။သူ့အလောင်းကို ရဲတွေက ရှာကြတော့ ပိုက်ဆံအပြည့်နဲ့ ပိုက်ဆံအိတ်တစ်လုံး၊

..အိန္ဒိယ အမျိုးသမီးချောလေးတစ်ယောက်ရဲ့ဓာတ်ပုံတစ်ပုံ၊ပြီးတော့ ကွာရှင်းစာချုပ် တစ်စုံ..။ဪ..သေနတ်လား..

..ဟင့်အင်း..ရှာမတွေ့ဘူး။လူသေတွေအတွက် သေနတ်ဆိုတာ လိုမှမလိုတာလေ..။

 

******************************

စမီတာက ပြုံးစိစိနဲ့ ကျွန်တော့်ကိုကြည့်ပြီး –

“ဒီလို ပေါက်ကရတွေ ကျွန်မယုံမယ်လို့ ရှင် မမျှော်လင့်ပါဘူးနော်..အဟင်း..”

“ကျွန်တော်ကတော့ ဘာမှ မှတ်ချက် မပေးလိုပါဘူးဗျာ..အဓိက က ကျွန်တော်နဲ့ မစ္စတာ ပရာကရှ် ရာအူးနဲ့တွေ့ပြီး

  သူဘာပြောခဲ့လဲ..  ကျွန်တော် ဘာကြားခဲ့လဲ..ဘာမြင်ခဲ့လဲ ဆိုတာပဲ ခင်ဗျားကို ပြောပြချင်တာရယ်..”

            “သေချာပါတယ်..ဒါမျိုးကိစ္စတွေ တကယ်မရှိလောက်ပါဘူး..နော်”

“ဟုတ်ပါပြီဗျာ..ကျွန်တော်ပြောနိုင်တာတစ်ခုက တစ်ခါတစ်လေကျတော့ တကယ့်အဖြစ်အပျက်တွေဟာ

စိတ်ကူးယဉ်တာထက် ဆန်းကြယ် တတ်တယ်ဆိုတာပဲ..”

            “ကျွန်မဖြင့် မစ္စတာ ရာအူးဟာ ဗူးဒူး အရုပ်အစီအရင်ကြောင့် သေသွားတယ်လို့ ယုံကို မယုံတာ..

 ရှင်လုပ်ကြံပြောနေတာ မို့လား..”

            “ကဲ.. ထားပါတော့..ကျုပ်ပြောတာ မယုံတော့လည်း ပုံပြင်ပေါ့ဗျာ…ဒါပေမဲ့..နောက်မေးခွန်းတစ်ခု ကျွန်တော်ဘယ်လိုဖြေခဲ့သလဲ

ဆိုတာ ကြည့်ပါဦး..”

စမီတာက ပလေး ဆိုတဲ့ ခလုတ်လေးကို နှိပ်လိုက်တယ်။

 

******************************

 

ပရမ်ကူးမား စားပွဲခုံကို တဒေါက်ဒေါက် လက်နဲ့ခေါက်ရင်း –

“ဟုတ်ကဲ့..ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား..အခု ကျွန်တော်တို့ နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးရပါတော့မယ်..မေးခွန်း

နံပါတ်ခြောက် ..ရူးပီးတစ်သိန်းတန် မေးခွန်းခင်ဗျ..ဒီ ပဟေဠိ အစီအစဉ်က ဖြင့် အစဉ်သဖြင့် လူကြိုက်အများဆုံး အစီအစဉ်ပါ

ပဲဗျာ..ဟုတ်ကဲ့ ..ဒီတစ်ခါတော့ တိုင်းပြည်တွေနဲ့ မြို့တော်တွေအကြောင်း ကျွန်တော်ပြောမှာပါ..မစ္စတာ သောမတ်စ် ရေ..

မြို့တော်တွေနဲ့ ပတ်သက်လို့ တော်တော်များ ရင်းနှီးသလား သိသလား ဗျ..ဥပမာဗျာ..ကျွန်တော်တို့ အိန္ဒိယနိုင်ငံရဲ့ မြို့တော်က

ဘာပါလိမ့်..”

ပရိသတ်ထဲမှာ ရီသံတွေ ခပ်အုပ်အုပ်ထွက်လာတယ်။ စားပွဲထိုးငနဲလေးတစ်ကောင်က သူ့တိုင်းပြည်ရဲ့မြို့တော်ကိုတောင်

မသိလောက်အောင်ချာ တော့မယ်ဆိုပြီး ယုံဖို့ အသင့်ပြင်နေတဲ့ ပုံမျိုး။ဖြစ်မှ ဖြစ်ရလေဗျာ..။

“နယူးဒေလီ..”

“သိပ်ကောင်းတယ်ဗျို့..အဲ..အမေရိကန်နိုင်ငံရဲ့ မြို့တော်ကရော..”

“နယူးယောက်”

ပရမ်ကူးမား က စပ်ဖြီးဖြီးနဲ့ –

“မဟုတ်သေးဘူး…ထားပါ..ပြင်သစ်နိုင်ငံရဲ့ မြို့တော်ကရော..”

“ကျွန်တော်မသိဘူး..”

“ဂျပန်နိုင်ငံရဲ့ မြို့တော်ကရော..”

“မသိဘူး”

“ဒါဆို အီတလီနိုင်ငံရဲ့ မြို့တော်ရော..သိလား..”

“မသိဘူး”

“ကောင်းပါပြီဗျာ..နောက်မေးခွန်းတစ်ခုတော့ အသက်ကယ်လှေတစ်စင်း မသုံးဘဲ မင်း ဘယ်လိုဖြေမလဲဆိုတာ ငါ

မတွေးတတ်အောင်ဘဲ..

            ကဲ..မေးခွန်းနံပါတ်ခြောက် လာပါပြီဗျာ…ပါပူအာ နယူးဂီနီ ရဲ့ မြို့တော်က (က) ပို့တ်လူးဝစ် (ခ)ပို့တ်အော့ ပရင့်စ် (ဂ)ပို့တ် မိုရပ်စ်ဘီ

(ဃ) ပို့တ် အက်ဒိလိဒ်…”

သဲထိတ်ရင်ဖို တီးလုံး စဝင်လာပြီ။

“ဒီမေးခွန်းနဲ့ ပတ်သက်လို့ ဘာ သဲလွန်စများ တွေ့မိသလဲ မစ္စတာ သောမတ်စ် ရေ..”

“အင်း..ဟုတ်ကဲ့.. ဘယ်အဖြေတွေက မှားနေလဲဆိုတာတော့ သိတယ်ဗျ..”

“ဟေ..ဟုတ်လား..” ပရမ်ကူးမားက မယုံသင်္ကာတဲ့ လေသံနဲ့ မေးတယ်။ ပရိသတ်တွေကလည်း သူ့အစုနဲ့ သူ တီးတိုး

တိုင်ပင်နေကြတယ်။

“ဟုတ်ကဲ့..ပို့တ်အော့ပရင့်စ် က ဟေတီနိုင်ငံရဲ့ မြို့တော်..ပို့တ် လူးဝစ်ကတော့ မော်ရေးရှပ်စ် နိုင်ငံရဲ့ မြို့တော်..

ပြီးတော့ ပို့တ်အက်ဒိလိဒ်က ဪစတေးလျ မှာရှိတာ..အဲဒီတော့ အဖြေမှန်က (ဂ) ပို့တ် မိုရပ်စ်ဘီ ပဲ ဖြစ်ရမယ်..”

            “အံဩစရာပဲ..ကဲ..မစ္စတာ သောမတ်စ် ရေ..တစ်ရာ ရာခိုင်နှုန်းသေချာပါတယ်နော်..”

“ဟုတ်ကဲ..”

ဒရမ်သံတွေ ဆူတက်လာပြီးတော့ အဖြေမှန်ကို ထိုးပြပါတော့တယ်။

“ဟုတ်ကဲ့..တစ်ရာ ရာခိုင်နှုန်း မှန်ပါတယ်ခင်ဗျား..အဲဒါက ပို့တ် မိုရပ်စ်ဘီ ဖြစ်ပါတယ်..အခု ခင်ဗျားဟာ ရူးပီးတစ်သိန်း

ဆုကြီးကို ဆွတ်ခူးသွားပါပြီ…ဟုတ်ကဲ့..သူက သိန်းဆုရှင်ကြီး ဖြစ်သွားပါပြီ ခင်ဗျား…”

ပရမ်ကူးမားက အဲဒီလိုကြေငြာလိုက်တော့ ပရိသတ်ကလည်း မတ်တပ်ရပ်ပြီးတောင် လက်ခုပ်ဩဘာတွေ ပေးကြသေးတယ်။

ပရမ်ကူးမား နဖူးမှာ ချွေးတွေ ပို ထွက်လာတယ်။ပုဝါလေးနဲ့ သူ့နဖူးကို သုတ်ပြီးတော့ –

“တကယ်ဗျာ..ဒီလို အဖြေတွေပေးနိုင်တာ ..ကျွန်တော်တော့ ..မှော်ဆန်ဆန်ပဲလို့တောင် ထင်မိပါတယ်..”

 

******************************

 

စမီတာ က ရီပြီးတော့ တီဗီထဲက ပရမ်ကူးမားကို –

“မှော် ဆန်တာ မဟုတ်ဘူး..ငတုံးကောင်ရဲ့…အဲဒါ ဗူးဒူးဟဲ့..သိလား..”

ရုတ်တရက် သူ့မျက်လုံးက အိပ်ခန်းထောင့် ကော်ဇော်ပေါ် ဖျတ်ခနဲရောက်သွားပြီး တစ်ခုခုကို ကုန်းကောက်လိုက်တာ

ကျွန်တော်တွေ့လိုက်တယ်။ကြယ်သီးတံပေါက်ကလေး လေးပေါက်ပါတဲ့ ကြယ်သီးလေး တစ်လုံးဗျ။ရှပ် အင်္ကျ ီတွေမှာ တပ်တဲ့

ကြယ်သီးမျိုး..။စမီတာက ကျွန်တော့် ရှပ်အကျင်္ ီကို တစ်ချက်ကြည့်တယ်။ဟုတ်ပ..တတိယမြောက် ကြယ်သီး ပျောက်နေ

တာကလား။သူက ကြယ်သီးလေး ကျွန်တော့်ကို လှမ်းပေးရင်း –

“ဒီမယ် ..ကိုယ့်ကြယ်သီးတွေ ကိုယ် သေချာ ထိန်းသိမ်းတာ ကောင်းမယ်..ဟုတ်လား..”

 

******************************

One comment

  • မီးမီး သော်

    September 18, 2011 at 12:14 pm

    မောင်ဘလှိုင်ရေ အားပေးသွားတယ်နော်။ဗူးဒူး ဆိုတာဘာပါလိမ့်နော်။ရှင်းပြပေးပါနော့။

Leave a Reply