ရွေးကောက်ပွဲလွန်နှစ်များအထိ တောင်သူများကိုဆက်လက်ပံ့ပိုးမည်ဟုဆ

kyawgyiMay 15, 20101min771

တောင်သူများနှင့် အကျိုးတူ ဆောင်ရွက်နေမှု လုပ်ငန်းများကို ၂၀၁ဝ ရွေးကောက်ပွဲ ပြီးသွားလျှင်လည်း ဆက်လက် လုပ်ဆောင် သွားမည်ဟု ဆန်စပါး အထူးပြု ကုမ္ပဏီဖြစ်သော ကဉ္စနကျွန်းသာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးချစ်ခိုင်က မေလ ၁၁ ရက်နေ့တွင် ပြောကြားသည်။ ဓနြုဖူမြို့နယ် ကျုံတနီ တိုက်နယ်တွင် ကျင်းပသည့် အကျိုးတူ စိုက်ပျိုးရေး လုပ်ငန်း အတွက် ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်မည့် တောင်သူများကို ပံ့ပိုးငွေနှင့် စိုက်ပျိုးရေးသုံး ဆက်စပ်ပစ္စည်းများ ပေးအပ်သည့် အခမ်းအနားတွင် ဦးချစ်ခိုင်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်း၏ စိုက်ပျိုးမှု အဆင့်၊ တင်ပို့ ရောင်းချသည့် အဆင့်၊ Supply Chain တစ်ခုလုံး ပြုပြင် ပြောင်းလဲရန် ကြိုးစား လုပ်ဆောင် နေကြောင်း၊ အခြေခံ အကျဆုံး ဖြစ်သည့် စိုက်ပျိုးမှု အဆင့်ကို ဦးစားပေး လုပ်ဆောင် နေရပြီး ရေရှည် သဘောဆောင်မည့် လုပ်ငန်းဖြစ်၍ တစ်နှစ်၊ နှစ်နှစ်ဖြင့် လုပ်ဆောင်၍ မရကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များတောင်သူများနှင့် အကျိုးတူ ဆောင်ရွက်နေမှု လုပ်ငန်းများကို ၂၀၁ဝ ရွေးကောက်ပွဲ ပြီးသွားလျှင်လည်း ဆက်လက် လုပ်ဆောင် သွားမည်ဟု ဆန်စပါး အထူးပြု ကုမ္ပဏီဖြစ်သော ကဉ္စနကျွန်းသာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးချစ်ခိုင်က မေလ ၁၁ ရက်နေ့တွင် ပြောကြားသည်။ ဓနြုဖူမြို့နယ် ကျုံတနီ တိုက်နယ်တွင် ကျင်းပသည့် အကျိုးတူ စိုက်ပျိုးရေး လုပ်ငန်း အတွက် ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်မည့် တောင်သူများကို ပံ့ပိုးငွေနှင့် စိုက်ပျိုးရေးသုံး ဆက်စပ်ပစ္စည်းများ ပေးအပ်သည့် အခမ်းအနားတွင် ဦးချစ်ခိုင်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်း၏ စိုက်ပျိုးမှု အဆင့်၊ တင်ပို့ ရောင်းချသည့် အဆင့်၊ Supply Chain တစ်ခုလုံး ပြုပြင် ပြောင်းလဲရန် ကြိုးစား လုပ်ဆောင် နေကြောင်း၊ အခြေခံ အကျဆုံး ဖြစ်သည့် စိုက်ပျိုးမှု အဆင့်ကို ဦးစားပေး လုပ်ဆောင် နေရပြီး ရေရှည် သဘောဆောင်မည့် လုပ်ငန်းဖြစ်၍ တစ်နှစ်၊ နှစ်နှစ်ဖြင့် လုပ်ဆောင်၍ မရကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဦးချစ်ခိုင်က ဆိုသည်။ ကဉ္စနကျွန်းသာ ကုမ္ပဏီနှင့် လက်တွဲ လာသည်မှာ တစ်နှစ်ရှိပြီ ဖြစ်ကြောင်း၊ တောင်သူများ ပေးဆပ်ရမည့် အကြွေးများ နေချိန်တွင် ကုမ္ပဏီများ၏ ပံ့ပိုးငွေ ရလာကြောင်း၊ ယခုနှစ်တွင် ပဲဈေး၊ စပါးဈေး အသင့်အတင့် ကောင်းသဖြင့် တောင်သူများ အဆင်ပြေလာကြောင်း မိုးသပြုရွာသား ဦးဒီဝင်းက ပြောကြားသည်။ ရွေးကောက်ပွဲသည် တိုင်းပြည်ကို ပဲ့ကိုင်မည့်သူ ရွေးချယ်သည့် သဘောဖြစ်ပြီး တောင်သူများသည် နောက်လိုက် ခရီးသည်များသာ ဖြစ်ကြောင်း၊ ပဲ့ကိုင်မည့် သူများသည် တောင်သူများ၏ စီးပွားရေး ဖွံ့ဖြိုးမှု အတွက် လမ်းကြောင်းမှန် အတိုင်း ပဲ့ကိုင် ခေါ်သွားနိုင်ရန် လိုကြောင်း အဆိုပါ အခမ်းအနားသို့ တက်ရောက်သည့် တောင်သူတစ်ဦးက ဆိုသည်။အသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဦးချစ်ခိုင်က ဆိုသည်။ ကဉ္စနကျွန်းသာ ကုမ္ပဏီနှင့် လက်တွဲ လာသည်မှာ တစ်နှစ်ရှိပြီ ဖြစ်ကြောင်း၊ တောင်သူများ ပေးဆပ်ရမည့် အကြွေးများ နေချိန်တွင် ကုမ္ပဏီများ၏ ပံ့ပိုးငွေ ရလာကြောင်း၊ ယခုနှစ်တွင် ပဲဈေး၊ စပါးဈေး အသင့်အတင့် ကောင်းသဖြင့် တောင်သူများ အဆင်ပြေလာကြောင်း မိုးသပြုရွာသား ဦးဒီဝင်းက ပြောကြားသည်။ ရွေးကောက်ပွဲသည် တိုင်းပြည်ကို ပဲ့ကိုင်မည့်သူ ရွေးချယ်သည့် သဘောဖြစ်ပြီး တောင်သူများသည် နောက်လိုက် ခရီးသည်များသာ ဖြစ်ကြောင်း၊ ပဲ့ကိုင်မည့် သူများသည် တောင်သူများ၏ စီးပွားရေး ဖွံ့ဖြိုးမှု အတွက် လမ်းကြောင်းမှန် အတိုင်း ပဲ့ကိုင် ခေါ်သွားနိုင်ရန် လိုကြောင်း အဆိုပါ အခမ်းအနားသို့ တက်ရောက်သည့် တောင်သူတစ်ဦးက ဆိုသည်။

One comment

  • susunosuki

    May 15, 2010 at 2:08 pm

    မိုးမရွာတော့ သူတို့တွေလဲ စိတ်ညစ်နေရောပေါ့
    ကျွန်တော်တို့ ကပူရုံပူတာ
    လယ်သမားတွေက ဘာမှ လုပ်လို့မရဘူး

Leave a Reply