Uzbek Style ထမင်းနဲ့ကြက်သားဟင်း easy cook

weiweiSeptember 17, 20112min13215

ဒီတစ်ခါချက်ပြထားတာက Uzbek ဥဇဘတ်လူမျိုး ကောင်မလေးတစ်ယောက်နဲ့ တစ်အိမ်ထဲ အတူနေခဲ့စဉ်က သူချက်လေ့ရှိတဲ့ ထမင်းဟင်းအရောချက်နည်းဖြစ်ပါတယ်။ မြန်မာပြည်မှာ ချက်လေ့ချက်ထမရှိလို့ ဗဟုသုတရအောင် တကူးတကချက်ပြီး မှတ်တမ်းတင်ထားပြီး ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။ ဥဇဘတ်တွေက ထမင်းစားလေ့မရှိပဲ ဂျုံ အာလူးနဲ့ အသားတွေ စားကြပါတယ်။ ထမင်းနဲ့ဆိတ်သားကို အထူးဧည့်သည်လာမှ ချက်ကျွေးလေ့ရှိပါတယ်။ သူကတော့ ဆိတ်သားနဲ့ချက်လေ့ရှိပေမယ့် ကျွန်မက မြန်မာတွေအကြိုက် ကြက်သားကို အစားထိုးပြီး ချက်လိုက်ပါတယ်။ လွယ်လွယ်ကူကူချက်နိုင်လို့ စိတ်ဝင်စားရင် ချက်စားကြည့်ကြပါအုန်း …

ပါဝင်သောပစ္စည်းများ
ဆန် ၂ ဗူး (လူ ၄ ယောက်စာအတွက်
ကြက်သား အတုံးကြီးကြီး ၄ တုံး (သို့မဟုတ်) အတုံးသေး ၈ တုံး
ကြက်သွန်နီ …. အနေတော် ၈ လုံး
မုန်လာဥနီ …. အနေတော် ၃ လုံး
ကြက်သွန်ဖြူ …. ၄ ဥ
ဆီ …
ဆား ..
စမုံစပါး ..

ချက်ပြုတ်ပုံ ..
ကြက်သွန်နီကို ခပ်ပါးပါးလှီးရပါတယ်။ မုန်လာဥနီကိုလဲ ခပ်ပါးပါးရှည်ရှည်လေးတွေ လှီးထားရတယ်။ ပထမဆုံး ဆီကျက်အောင်လုပ်ပြီး ကြက်သွန်နီကို ကြွပ်သည်အထိကြော်ပြီး ဆယ်ထားရပါတယ်။ ထို့နောက် ဥနီကို ထည့်ကြော်ပါမယ်။ ကျက်တဲ့အခါ ကြက်သွန်နီကြော်ကို အိုးထဲပြန်ထည့်မယ်။ ထို့နောက် ဆား ဆနွင်းနယ်ထားတဲ့ကြက်သားကို ထည့်နယ်ပြီး ကြက်သားနူးသည်အထိ တည်ပါမယ်။ ကြက်သားနူးတဲ့အခါ ဆေးထားတဲ့ဆန်ကိုထည့်ပြီး ရေနွေးကိုဆန်ကျက်နိုင်တဲ့အနေအထိမှန်းပြီး ထည့်ပါမယ်။ ဆမုံစပါးထည့်ပြီး ထမင်းနှပ်သလိုနှပ်ပါတယ်။ ကြက်သွန်ဖြူကိုတော့ အလုံးလိုက်ထည့်ချက်ပြီး အားလုံးကျက်မှ အမွှာလေးတွေပြန်နွှာပြီး ထမင်းပေါ်ဖြူးပါတယ်။

ပထမအဆင့် ကြက်သွန်နီေြ့ကာ်
ဒုတိယအဆင့် ဥနီကြော်
တတိယအဆင့် ကြက်သား
ဆန် ရေ ကြက်သွန်ဖြူ ရောပြီးနှပ်ရန်
ကျက်ပြီ .. စားလို့ရပါပြီ

သူတို့တွေကတော့ အိုးတစ်လုံးထဲနဲ့နှပ်ပါတယ် .. ကျွန်မကတော့ မီးမချိန်တတ်တာနဲ့ rice cooker ထဲကိုပဲ ထည့်နှပ်လိုက်ပါတယ် … ကြက်သားအစား ဆိတ်သားနဲ့ အမဲသားကို ထည့်ချက်နိုင်ပါတယ်။

15 comments

  • weiwei

    September 17, 2011 at 10:56 pm

    ဒန်ပေါက်ထမင်းနဲ့ ခပ်ဆင်ဆင် တူပါတယ် …
    ၄ ယောက်စာချက်မှ အဆင်ပြေတာမို့လို့ အလုပ်ထဲက ၃ ယောက်ကို ကျွန်မလက်ရာ ကုလားထမင်း ကျွေးလိုက်တာတော့ ကောင်းတယ်လို့ပြောကြတာပဲ … 😛

  • မီးမီး သော်

    September 17, 2011 at 11:33 pm

    မမဝေရေ ….မုန်လာဥနီ အဲလောက်အများကြီးဆို uric acid အတော်တက်တော့မှာ။မစားရဲဘူး။ဒါပေမယ့် နည်းတစ်ခုရသွားတာပေါ့။ကျေးဇူးပါနော်။

  • musicalpunk

    September 17, 2011 at 11:49 pm

    ိဗိုက်တောင်ဆာလာပြီ နော်………

  • ဆူး

    September 17, 2011 at 11:56 pm

    စားကောင်းမဲ့ပုံပဲနော်..
    မုန်လာဥနီတွေက တော်တော် အရောင်လှတယ်။
    မုန်လာဥနီ များတော့ ဒီအစားအစာက အသားအရေလှစေပြီး မျက်စိအားကောင်းစေမှာ မလွဲပဲ.. အစာလည်းဆေး ဆေးလည်း အစာဆိုတာ ဒါမျိုးပေါ့.. ဟိဟိ..

  • kai

    September 18, 2011 at 1:28 am

    မုန်လာဥနီ က..လူနဲ့တည့်ပါရဲ့..။
    ဒါပေမဲ့..ကလေးပိစိတွေ..အဲဒါအစားများရင်.. အသားပါဝါတက်လာတာ.. တွေ့ဖူးတယ်..။
    ဥဇဘတ်ကလူ..ဥနီအစားများတာ.. သိပ်အဆန်းကြီးတော့မထင်…။

    စားစရာလား
    ထမင်းနဲ့ကြက်သား
    တရုတ်ပြည်ကလာ
    မြန်မာစာနဲ့ရေး
    ဥဇဘတ်ကလူ
    ဥနီစား၏။ ။ 🙂

    • ကြောင်ကြီး

      September 18, 2011 at 8:47 am

      ဂေဇက်ကသဂျီး
      လူသားစား၏
      ဖြူနီဝါမဲ
      အကုန်ဆွဲသည်
      တဏှာကျော့ကွင်း
      ဆင်းသက်သူ..။

      • windtalker

        September 18, 2011 at 7:14 pm

        သို ့..သူကြီး နဲ ့ဘောင်ကြို
        ခင်ဗျား တို ့ဘာသာ စားချင်တာစား
        ကိုဘဲလူး ရဲ ့ဦးဏှောက် ကို တော့
        သွားမစားလေနဲ ့….
        ကျုပ် ကတော့ ….
        အန်တိဝေ ရဲ ့ ….
        ဥဇက်ဘက်တွေ စားမယ်….
        ဟုတ်ပြီလား

    • weiwei

      September 18, 2011 at 10:39 am

      ဥဇဘတ်က အာလူးတော်တော်စားကြတယ် … ပေါင်မုန့်အကြမ်းနဲ့ အာလူးစွပ်ပြုတ်နဲ့ နေ့တိုင်းလိုလိုစားတာပဲ …. မုန့်လုပ်နည်းတွေလည်း ကြည့်ထားခဲ့တယ် … ပြန်လုပ်ကြည့်ပြီး အဆင်ပြေရင် share ပါအုန်းမယ် …

  • MaMa

    September 18, 2011 at 9:49 am

    ဝေဝေရေ- တတိယအဆင့် ကြက်သားအိုးထဲမှာ အရွက်ကြီးကြီး တစ်ရွက်တွေ့တယ်။ ကရဝေးရွက်များ ထည့်ရသေးလား။

    • weiwei

      September 18, 2011 at 10:30 am

      သူတို့ချက်တာတော့ မထည့်ဘူးမမရေ … ကျွန်မက ထည့်ချင်တာနဲ့ နဲနဲထည့်လိုက်တယ် …

  • manawphyulay

    September 18, 2011 at 12:02 pm

    ဆိတ်သားနဲ့ဆို အရွက်ထည့်မှ ပိုကောင်းမယ်ထင်တယ်နော်။ အနံ့ပျောက်ပြီး ပိုမွှေးကြိုင်သွားမှာပေါ့။

  • တစ်ခါက ဆိုတာလေးပြောချင်သေးရဲ့။
    ဒီလိုဟင်းချက်နည်းအကြောင်းပေါ့။
    တစ်ရက် ဟင်းကောင်းကောင်းမချက်တတ်တဲ့
    မိန်းကလေးတစ်ယောက်။
    ဘယ်လိုများစိတ်ကူးပေါက်သွားတယ်မသိ
    ဇွတ်အတင်းကြီးကို ချက်ချင်လာပါသတဲ့။
    အဲဒါနဲ့စာအုပ်ဆိုင်ပြေး ပြီး သူနှစ်ရာတစ်အုပ်
    ရွှေးဝယ်လာပါလေရော.

    အိမ်ရောက်တာနဲ့ စာအုပ်ဖွင့်
    သူချက်ချင်တဲ့ဟင်းအမယ်ရွေး
    စာအုပ်လေးဘေးထားပြီးတစ်ဆင့်ချင်းလုပ်ပါသတဲ့။
    စာအုပ်လေးဖတ်လိုက် ဟိုဟာလေးထည့်လိုက်
    စာအုပ်လေးဖတ်လိုက် ဒီဟာလေးထဲ့လိုက်
    စာအုပ်လေးဖတ်လိုက် ဟိုဟာလေးထည့်လိုက်
    စာအုပ်လေးဖတ်လိုက် ဒီဟာလေးထဲ့လိုက်
    စာအုပ်လေးဖတ်လိုက် ဟိုဟာလေးထည့်လိုက်
    စာအုပ်လေးဖတ်လိုက် ဒီဟာလေးထဲ့လိုက်
    စာအုပ်လေးဖတ်လိုက် ဟိုဟာလေးထည့်လိုက်
    စာအုပ်လေးဖတ်လိုက် ဒီဟာလေးထဲ့လိုက်
    စာအုပ်လေးဖတ်လိုက် ဟိုဟာလေးထည့်လိုက်
    စာအုပ်လေးဖတ်လိုက် ဒီဟာလေးထဲ့လိုက်
    သူဟာ့သူတော့ အတော်လေးကို အဆင်ပြေနေပါသတဲ့.
    ခဏနေတော့ အိမ်ရှေ့ခန်းမှာ ထိုင်နေတဲ့အဖွား နောက်ဖေးကိုလှမ်းအော်ပါသတဲ့။
    “သမီးလေးရေ ညည်း ဟင်းအိုးက တူးနံ့ထွက်နေပကွဲ့”တဲ့။
    သမီးလေးကလဲ တလေးတစား ပြန်ဖြေလိုက်ပုံ
    “ဖွားမေရေ စာအုပ်ထဲကအ တိုင်းဆိုရင် နောက်ဆယ်မိနစ်နေမှ ဟင်းအိုးချလို့ရမယ်”

    ဟင်းချက်နည်းလေးကို မြင်တော့ ဖတ်ဘူးတဲ့ဟာသလေးကို သတိရမိသွားလို့ပြန်တင်ပေးလိုက်ပါတယ်
    စိတ်မဆိုးရဘူးနော်…………..

  • hmee

    September 18, 2011 at 6:19 pm

    အလုပ်မရှိတာနဲ့ အတော်ပဲ မဝေရေ စမ်းကြည့်လိုက်ဦးမယ်။ လွယ်မယ်ထင်တယ်နော်။ မှီတော့ တလောက ဒန်ပေါက်မဆလာ ဝယ်ပြီး စမ်းချက်တာ ယောက်ကျားက ချီးကြူးတယ် ဘာကြီးမှန်း မသိဘူးတဲ့ အဲ့လိုတော်တာ။ 🙂 အလုပ်မရှိ အလုပ်ရှာ တနေ့တနေ့ ဂူးဂယ်ကနေ ဟင်းတွေရှာပြီး ကူးတာ မနည်းတော့ဘူး။ ကြုံလို့ပြောလိုက်ဦးမယ် မဝေရဲ့တို့ဖူး လုပ်နည်းကို ကူးပြီး တို့ဖူးလုပ်တာ တော်တော်အဆင်ပြေတယ် အရင်ကဆို အစိမ်းနံနံလို့၊ မမာလို့နဲ့ ပျက်ပေါင်း မနည်းဘူး။ နောက် မဝေ နည်းတွေ့မှ အဆင်ပြေသွားတာ အဲ့တုန်းက မန်ဘာမဝင်ရသေးလို့ ဘာမှ မပြောရဘူး အခုမှ သတိရတုန်း ကျေးဇူးတင်တာ။ 🙂

  • တညင်သား

    September 18, 2011 at 7:23 pm

    ဖိနပ် ကို ခေါင်းအုံးအိပ်တဲ့သူတွေရဲ့ အစားအစာပေါ့ .. ပါကစ္စတန်နဲ့လဲတူတယ်.. မုန်လာဥအနီတော့ထည့်တာမတွေ့ဘူး…သိုးသားနဲ့ချက်တာ စားဘူးလား ………အေ့ 😛

  • swezin99

    October 4, 2011 at 2:59 pm

    အဲဒီထမင်းကစားလို့ကောင်းလို့လား..
    မယုံပါဘူး..
    ယုံစေချင်ရင်ကိုယ်တိုင်လာချက်ကျွေး
    ဟီး..

Leave a Reply