မြို့ရွှေမန်းက သတင်းစကား (၂)

 

မြို့ရွှေမန်းက သတင်းစကား  Post ကိုတင်တုန်းက တော်တော် များများလက်ရှောင်ကြမယ်ထင်ထားတာ။

အခုကြတော့ တော်တော့်ကို စိတ်ဝင်စားကြလို့ပျော်ပါတယ်။

အဲ ဒီနောက်ပိုင်းမှာ ချဲဘုန်းကြီး၊အရက်သမားဘုန်းကြီးတွေ   အကြောင်းကို တင်ပြပေးဖို့ အချက်အလက်တွေကို

ပြည့်စုံအောင် စုနေပါတယ်။ပြီးပြီးရော မတင်ချင်ပါဘူး။မဆိုင်တဲ့ သူတွေမပါရအောင် စီစစ်နေတာပါ။

ဒီကြားထဲ JUDGEMENT တို့တွေ့တွေ့နေရတာတွေအမြင်မတော်လို့ ပြောရဦးမယ်။

 

အထူးသဖြင့် လိင် စိတ်ကြွဆေး တွေပေါ့ ။ လူငယ်တွေလက်တဲ့ စမ်းကြလွန်းလို့ ကျော်မကောင်း ကြားမကောင်းတွေလဲ ဖြစ်ပေါင်းများနေပြီ။ ပြီးခဲ့တဲ့ လကတောင် Gazette မှာ ရေးထားတာ။ရေသန့်ထဲ ထဲ့တိုက်

လို့ဆိုတာလေ။ရုပ်ရှင်ရုံထဲမှာ အမြင်မတော်တာဖြစ်ကုန်ဆိုပဲ။အခုအချိန်က အဝေးသင်တက္ကသိုလ်ရာသီလေ။

ပိုဆိုးနေတာပေါ့။ဒါတွေကို ဖမ်းတယ်လို့သတင်းထွက်နေပေမဲ့ တကယ်ရောဖမ်းရဲ့လားပေါ့။မဖမ်းပါဘူး။ဆိုကြပါစို့။

၈၄ – လမ်းဗျာ။ညကိုသွားကြည့်လိုက်။ညစ်ညမ်းခွေ (အပြာကား) လိုသလောက်ရတယ်။

အရင်က JUDGEMENT က စာအုပ်အဟောင်းတန်းမှာ သွားသွားပြီး စာအုပ်သွားရွေးပေမဲ့ အခုတော့

စာအုပ်အဟောင်းတောင် သွားမ၀ယ်ရဲတော့ဘူး ။အများအမြင်ဆေးလာဝယ်တယ်ဖြစ်မှာစိုးလို့။

လိင်စိတ်ကြွဆေးဗျာ။ ယောင်္ကျားလေးသုံး ၊ မိန်းကလေးသုံး အကုန်ရတယ်။

ဘယ်မှာလဲ ဖမ်းလို့။အများမြင်အောင် တစ်ယောက်စ ၊ တစ်ဆိုင်စလေး ( ရဲကြေးမပေးတဲ့ဆိုင် )လောက်ဖမ်းပြပြီး

မှု့ခင်းဂျာနယ် ( ရဲ့အောက်ဆွဲ စာစောင် ) လောက်မှာ ထဲ့ပြတာပါ။

အဲဒီ့ မှု့ခင်းဂျာနယ် ၊ မှု့ခင်း ရှူထောင့် စတာတွေကလည်း ရဲမိတဲ့အမှု့လောက်သာ ဖားပြောလေးပြောပေးရေး

ပေးရတာကိုး။ တကယ်ဖြန့်နေတဲ့ ဆေးဆိုင်ကြီးတွေ ( ဆေးတိုင်းတိုင်းနီးပါး) ဘယ်မှာ ဖမ်းလို့လဲ။

မ၀ယ်တတ်ရင်တောင်  ဆိုင်ကြီေးတွက သူတို့ကိုယ်တိုင် စပ်ရောင်းသေး။အမြတ်က တော်တော်ကြမ်းတာကိုး။

ဒါတွေကိုကျောင်းသား/ကျောင်းသူတွေကသုံး မဖြစ်သင့်တာတွေဖြစ်နေကြကုန်ပြီလေ။ Gazette ထဲတောင်ဖတ်ရသေး။  နော်ဗျာ။   ပြီးတော့ ပြောကြတော့ မိန်းကလေးတွေက တစ်ဖက်သတ်ပဲ။

ကောင်လေးတွေထဲ့တိုက်လို့ သူတို့ မိန်းကလေးတွေ စိတ်ကြွပြီးမဖြစ်သင့်တာဖြစ်ကုန်ကြဆိုပဲ။

JUDGEMENT တို့ ကိုယ်တွေ့ ( မျက်မြင် )ကိုပြောပြမယ်နော်။

အခုက စုံတွဲသောက်ရတဲ့ဆေးတွေတောင် ပေါ်နေပြီဗျ။

 

( ၀မ်းနည်းရမှာလား – – ၀မ်းသာရမှာလား မိသိန်းကြည်ပေါ့နော် ၊ JUDGEMENT တို့ကတော့ ၀မ်းသာပေါင်ဗျာ)

 

သိပ်မကြာသေးဘူး။ဆေးဆိုင်တစ်ဆိုင်မှာ ချောင်းဆိုးလို့ ဆေးဝယ်တော့ စောင့်နေတုန်း

ကောင်လေးတစ်ယောက်က ဟိုဆေးတစ်ကဒ်လို့ပြောပြီး ဆိုင်ရှင်အမကြီးဆီမှာဝယ်ပါတယ်။

လမ်း(၃၀)ပေါ်က တရားဝင်ဆေးဆိုင်ကြီးတွေနော်။

JUDGEMENT တို့ကြည့်နေတုန်း သံဗူးလေးကိုရောင်းပေးလိုက်ပါတယ်။ဒါနဲ့ အဲဒီ့ ဆိုင်ရှင်အမနဲ့ခင်နေတာမို့ ဘာဆေးလဲ ဆိုတော့ ကောင်လေးက ဗြောင်ပဲဖြေပါတယ်။

ဟာ – အကိုမသိဘူးလား။ ဒီဆေးသောက်ထားမှ မဟုတ်ရင် သူတို့ဆေးရှိန်တတ်နေရင်

ကြာကြာမဆွဲနိုင်ဘူးတဲ့။သူတို့က ဆေးသောက်ပြီးရင် ချက်ချင်းတတ်တာတဲ့။

JUDGEMENT တို့လည်း ကျောင်းသားပါ။ရည်းစားနဲ့သွားချိန်းတာ လိင်စိတ်ကြွဆေးဆောင်ပြီး

သွားတွေ့ရတယ်ဆိုတော့ မဟုတ်သေးပါဘူးပေါ့နော်။ကြားလို့ကောင်းကြသေးရဲ့လား။ ခေတ်ကြီးက —-ခေတ်ကြီးက ။

ဒီတော့ အဲဒီ့ဆိုင်ရှင်အမကိုမေးကြည့်ပါတယ်။တရားဝင်ဆေးဝါးလားဆိုတော့ မဟုတ်ဘူးတဲ့။

နယ်စပ်(တရုတ်) ဖက်က၀င်တာတဲ့။တရားဝင်ဆေးတွေက တစ်ကြိမ်ပဲကောင်းကောင်း ဆက်ဆံလို့ရပြီး တရုတ်ဆေးတွေက (၅)ကြိမ်ကနေ ( ၈) ကြိမ်အထိရတယ်ဆိုပဲ။

ဒါကြောင့် ရန်ကုန်က Model လေးတွေ ဟိုဟာဒီဟာ ( က – က – ပ – ပ ) တွေပါဖြစ်ကုန်တာနေမှာနော်။

ပြီးတော့ ကောင်လေးက Angel တစ်ပုလင်းတဲ့ ။ဆိုင်ရှင်အမက ပုလင်းသေးသေးလေးကိုရောင်းပေးလိုက်ပါတယ်။

ဒီတော့ အဲဒါလေးကိုတောင်းကြည့်တော့ အထဲက အရည်တွေကကြည်ကြည်လေး။စာဖတ်ကြည့်တော့

5 ml is respond for 30 Minutes. 10 ml is respond for 5 Minutes , and then as you want to your

girl friend or sexual partner . လို့ရေးထားပါတယ်။

အမလေး  – လေး  – – – – ကြောက်စရာကြီးနော်။ကောင်လေးက ပြီးတော့ထွက်သွားပါတယ်။

ဒီတော့ စဉ်းစားကြည့်ကြရအောင်။သဘာဝလွန်အချစ်ကဘယ်လောက်ကောင်းလို့လဲ။နောက်ပြီး ပြီးခဲ့တဲ့ အပါတ်ထဲမှာပါ Hotel တစ်ခုမှာ Chinese စုံတွဲ နှစ်တွဲ Day တစ်ခန်းထဲ ယူတယ်တဲ့ ။ International Hotel ကြီးမှာပါ။မန္တလေးမှာ International Hotel (3) လားပဲရှိတာ စုံစမ်းကြည့်ဗျာ – – နော် ။

ပြီးတော့ ကောင်လေးတွေရော ကောင်မလေးတွေပါ အဲဒီဆေးကို သောက်ပြီးဆက်ဆံကြတာ။ ၀န်ထမ်းတွေတောင်

သိကုန်တာကို အရှက်မရှိ ဂရုတောင်မစိုက်ဘူးတဲ့။

ပြီးတော့ဗျာ ကြားလို့တောင် မကောင်းဘူး ။ ကိုယ့်ဆော် — —  သူ့ဆော်တောင် ချိန်းပြီးဆွဲကြသေးဆိုပဲ။

မိန်းမကောင်းတွေဟုတ်မဟုတ်တော့ မသိဘူး။ဒါပေမဲ့ ကောင်မလေးတွေကတော့ သန့်သန့်လေးတွေတဲ့ ။

Chinese တွေနော်။ ထုံးစံအတိုင်း လက်တစ်လုံးရယ် One – Quarter ရယ်ပေါ့ဗျာ။သွေးပူရင်ဆူစေတဲ့အလှပေါ့။

သူတို့ အတွဲတွေ Check Out လုပ်ပြီးပြန်သွားမှ ၀န်ထမ်းတွေက အဲဒီ့ ဆေးပုလင်းလေးတွေ ၊ ဆေးကဒ်လေးတွေ

ကိုတွေ့ရတာလေ။

အော် – ဘ၀ ဘ၀ လို့သာဆိုလိုက်ချင်ပါတယ်။သူတို့ချောင်းကြတာတော့ ကောင်မလေးတွေကကို ဆေးသောက်သလို ကောင်လေးတွေကိုလည်း အတင်းတိုက်ကြဆိုပဲ။ နေရာချင်းသာ  လဲလိုက်ချင်ပါရဲ့။

အလကားပြောတာနော်။ကဲ ဆိုကြပါစို့ ။

 

အမျိုးကောင်းသားသမီးလေးတွေကို မပြောလိုပါဘူး။ဒီဆေးတွေသောက်ပြီးမှ ချစ်တာကိုသက်သေပြကြလေရော့သလား။

ဆိတ်ကွယ်ရာမှာတွေ့ရင်ဖောက်ပြန်တတ်တဲ့ စိတ်ရဲ့ သဘာဝကိုသိရင် မိန်းကလေးတွေကလည်း ဆင်ခြင်သင့်သလို ယောင်္ကျားလေးတွေက လည်း မိန်းကလေးတွေရဲ့ဘ၀ကို နှမညီမသဖွယ်ကိုယ်ချင်းစာသင့်ပါတယ်။ တစ်ခဏသာယာမှု့ကြောင့် ဘ၀တစ်ခုလုံး မရင်းရစေချင်ပါဘူး။

ပြီးတော့  NGO တွေ ၊ ကျန်းမာရေး ၀န်ထမ်းတွေပြောသလို မနေနိုင်လို့ သမီးရည်းစားတွေနေရင်တောင်

Condom သုံးသင့်ပါတယ် – ဆိုသလိုပေါ့။  HIV ကို လည်းသတိပြုသင့်ပါတယ်။

အကောင်းဆုံးကတော့ လူပျို ၊ အပျိုစင် ဘ၀ကိုတန်ဖိုးထားတတ်ကြဖို့ပါပဲ။

                 

အင်း –  အဲဒီ့ဆေးရည်ကြည်လေးကို အိမ်ကညီမ ၊ တူမလေးတွေများ သောက်မိခဲ့ရင် – ——–

ပြီးတော့ JUDGEMENT တို့သောက်တဲ့ အအေးတို့ မုန့်တို့ထဲများ အဲဒီ့ Capsule လေးတွေထဲ့တိုက်ခံရရင် – –

အဟေး – – ဟေး တွေးရင်  ရင်မောလိုက်တာနော်။

 

ဘယ်လိုများ ဖြေရှင်းရပါလိမ့်နော် – – – -တွေးမိတိုင်းရင်မောရပါ့ — -ရင်ခုန်ရပါ့ – – -ရင်တုန်ရပါ့ – – – –

အဲ ပြောရအုံးမယ် – အဲဒီ့ယောင်္ကျားလေးတွေသောက်တဲ့ စိတ်ကြွဆေးကို JUDGEMENT ကနောက်တစ်နေ့

ဆေးဆိုင်မှာ သွားပြီးပြန်မေးတော့ ဆေးဆိုင်က  အဲဒီ့ တံဆိပ် ဆေးမှာ အမျိုးမျိုးရှိတယ် – – –

စုံတွဲသောက်ဆေးလား ။ ကြီးထွားဆေးလား – ကြာဆေးလား – ခဏခဏဆေးလားတဲ့  – –

JUDGEMENT လဲ ဘာပြောရမှန်းမသိတော့ တာနဲ့ ငှဲ –  ငှဲ  –  ငှဲ   ဒီအတိုင်းပဲပြန်လာပါတော့တယ်။

ရောင်းတဲ့သူက လမ်း(၃၀) က ကောင်မလေးပါ။ သူကတော့ အေးဆေးပါ ။ JUDGEMENT ကပဲ ရှက်ကိုးရှက်ကန်း

နဲ့ပြန်လာရတာပါ။

(တစ်မျိုးမထင်ပါနဲ့နော် ဆေးကဒ် / ဆေးပုလင်း ပုံလေးပါ တင်ချင်လို့ပါ )

JUDGEMENT က ဆေးဝါးနဲ့ပါတ်သတ်ရင် ကိုယ်တိုင်လဲ သိပြီး  အလွန်ဂရုစိုက်စေချင်ပါသည်။

JUDGEMENT က အခုအချိန်အထိ လူပျိုစစ်စစ်လေးပါ။ ( ကြော်ငြာ ဖြစ်ပါသည် ။ )

အဲဒီ့ဆေးရဲ့ ဗူးခွံမှာ ရေးထားတာက One Capsule is include 3000mg တဲ့ဗျ။

ဒီတော့ နာမည်တူ ဆေးကို Internet ပေါ်မှာ ရှာကြည့်တော့ One Capsule is 300 mg ပဲပါတယ်။

သူက US ကသွင်းတာပါ။ဒီမှာ မသွင်းလို့လဲ JUDGEMENT တို့ဆရာ – ဆရာဝန်တွေပြောပါသည်။

 

ဒီတော့ နယ်စပ်ကဆေးတွေက ဘာတွေထဲ့ထားမှန်းမသိပဲ လုပ်ထားတော့ ကြောက်စရာအလွန်ကောင်းမှာပါ။

မသောက်သင့်ကြပါဘူး။ အရင်က ပီကေ ၊ ကော်ဖီ အခုက စုံတွဲ သောက်ဆေးဆိုတော့ကာ – ဘယ်လိုလုပ်ပြီး

ဒီဆေးတွေကို အရေးယူကြမလဲဆိုတာကို အားလုံးဝိုင်းပြီးဆွေးနွေးကြဦးစို့ဗျာ။

ပြည်သူ့ကျန်းမာရေးနဲ့ လူငယ်တွေရဲ့ အနာဂါတ်အတွက် စကားဝိုင်းပေါ့ ။

 

ငယ်ငယ်တုံးကဖတ်တဲ့ ရှား ရဲ့ ခရမ်းရင့်ရင့်ပင်လယ် ( JUDGEMENT အကြိုက်ဆုံး ) စာအုပ်ထဲက ရေးထားတာ

လေးကို ရွာထဲမှာ ဖတ်စေချင်လို့ နော်။မှတ်မိသလောက်ပြန်ရေးပေးလိုက်တယ်။စာသား တွေ တူချင်မှတော့ တူလိမ့်မယ်နော်။

 

လောကပါလတရားတွေကိုချိုးဖောက်ပြီး ပျော်ခဲ့ရတဲ့ မင့်ရဲ့အပျော် တွေဟာ ဘ၀နဲ့ရင်းလိုက်ရတော့

မင်းတန်တယ်ထင်သလား။တန်သလားတဲ့။ လူတွေစောင့်စည်းလိုက်နာရမဲ့ လောကပါလတရားတွေကို

ချိုးဖောက်ရမှ မင်းတို့လိုချင်တဲ့အပျော်ကိုရမယ်ထင်ထားသလား ။

 

ဆိုတာလေးပါ။ဇာတ်လမ်းမှာ သူဋ္ဌေးသမီးက ကောင်လေးတစ်ယောက်နဲ့ Club မှာ ဗိုက်ကြီးပြီး အဖေသူဋ္ဌေးကြီး

ရဲ့ ၀န်ထမ်းနဲ့လင်ကောင်ဖော်ခိုင်းတဲ့ ဇာတ်လမ်းပါ။ အဲဒီ့မှာ ပြောထားတဲ့စကားလေးပါ။ကောင်လေးက ဖြူစင်တဲ့

ချစ်ခြင်းကို သရုပ်ဖော်ပြီး သွေးမတော်တဲ့ သမီးလေးကိုပါစောင့်ရှောက်တဲ့ဇာတ်လမ်းလေးပါ။ JUDGEMENT မှတ်မိသေးသလောက်ရေးပြပေးလိုက်တာပါ။အခုခေတ်ဆိုရင် ရှား ဘာတွေရေးမလဲတောင်မသိတော့ပါ။

 

(ရှားရဲ့ ခရမ်းရင့်ရင့်ပင်လယ်စာအုပ်ရှိသူများ ဝေမျှပေးစေလိုပါသည် )

 

အဲဒီ့ခေတ်က လိင်စိတ်ကြွဆေးတွေမပေါ်သေး လို့ ထင်ပါသည်။ပေါ်ရင်တောင်ဒီလောက်ခေတ်မစားသေး

လောက်ပါ။

ဆေးတွေကြောင့် ဆိုပေမဲ့ လူကိုယ်တိုင်လဲ စိတ်ပါနေလို့ ၊ ကိုယ့်ကို ကိုယ် တန်ဖိုးမထားတာလဲပါပါလိမ့်မယ် ။

အခုလည်း တရားဝင်တော့ အပျိုပေါ့နော်။ ဒါပေမဲ့ တွေ့သမျှနဲ့ဖြစ်နေကြတဲ့ အချို့သော လောကပါလ တရား

ချိုးဖောက်နေကြတဲ့ မိန်းကလေးတွေ သိသင့်ဖို့ပါ . . . အားလုံးကို မဆိုလိုပါ . . . . .

 

ရန်ကုန်သွားကျောင်းတတ် ၊ နယ်ကလာ  မန္တလေးမှာ ကျောင်းတတ် အိမ်ပြန်တော့ – – – – – –

အပျိုမစစ်တော့တဲ့ဘ၀ . . . တွေးမိရင် ရင်နာတတ်ပါစေ . . . . . . . . . .  .

အမှားကိုပြင်ဆင်နိုင်ပါစေ . . . . . .

 

ဖတ်တဲ့အတွက် တစ်ရွာလုံး ကို  ကျေးဇူးဗျာ။

 

အားလုံးအတွက် JUDGEMENT

 

About JUDGEMENT

has written 4 post in this Website..