အာရုံရလို့ရေးလိုက်တဲ့ကဗျာ

SonnySeptember 17, 20111min1287

 

ဒီနေ့ ကျွန်တော်ကဗျာစပ်ကြည့်ပါရစေ။ အာရုံရတာနဲ့။ သည်းခံပါ။ ကျွန်တော်ကဗျာဆရာမဟုတ်ပါ။  ၁၇-၉-၂၀၁၁

“ ဧရာဝတီမြစ်မင်း”

ငါ့အမှား

ဘာများရှိသလဲ။

ငါ့အရှုပ်

ဘာများလုပ်မိသလဲ။

ငါ့ရာဇဝင်

ဘာဘဝင်မကျတာလဲ။

ငါ့သမိုင်း

ဘာများရိုင်းမိသလဲ။

ငါ့တိုင်းပြည်

ဘာ မထီမဲ့မြင်လုပ်ခဲ့မိသလဲ။

ငါ့အသွေး

ဘာမှမတွေးနဲ့  မြန်ပြည်သားအားလုံးကောင်းဖို့အတွက်။

ငါ့ဘာသာ ငါ စီးဆင်း

ငါ့ခရီး ငါသွား

ငါ့သားများကောင်းဖို့အတွက် ချည်းပါ။

ငါ့ ကျေးဇူးတွေ မကန်းနဲ့

ငါ့အတွက်

ငါ့အသက်

ငါ ကာကွယ် ဖို့

သေနတ်မရှိ

ဖိနပ်မရှိ

ပါဝါမရှိ

အာဏာမရှိ

ငါ့သားများ

ငါ့ကို ပြန်သတ် ကြတော့မှားလား

ကယ်ပါအုံး ဧရာဝတီ သခင်

ကိုထူးအိမ်သင် ရေ…………….

7 comments

  • ပေါက်ဖော်

    September 18, 2011 at 10:59 am

    အေးရှားဝေါလ်နဲ ့ဧရာဝတီမြစ်ဆုံစီမံကိန်း
    အေးရှားဝေါလ် ကုမ္ပဏီမှ ဧရာဝတီမြစ်ဆုံတွင် တည်ဆောက်လျှက် ရှိသော လုပ်ငန်းခွင်များကို ဆက်လက်လုပ်ဆောင်တော့မည် မဟုတ်တော့ကြောင်း ယင်းကုမ္ပဏီမှအမည်မဖော်လိုသည့် တာဝန်ရှိသူ အကြီးကဲ တစ်ဦးက စက်တင်ဘာလ ၁၅ရက်နေ့ ပြောသည်။ နိုင်ငံမှာ ရှိတဲ့ ပြည်သူတွေ အကုန်လုံး ဒီလောက်ကန့်ကွက်နေတာ ကျွန်တော်တို့ ဆက်ပြီး မလုပ်ရဲတော့ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဒီစီမံကိန်းကို သိပ်ပြီး ဘဝင်မကျဘူး။ အထက်လူကြီးတွေ ခိုင်းလို့ လုပ်နေရတာ။ ဒီစီမံကိန်းကိုလည်း ဖျက်သိမ်းဖို့ လူကြီးတစ်ချို့က ကြိုးစားနေကြပါတယ်..ဟု ၎င်းက ပြောသည်။ မည်ကဲ့သို့ ဖြစ်စေ ဧရာဝတီ မြစ်ဆုံ စီမံကိန်းသည် ရပ်တန့်သင့်သော စီမံကိန်းတစ်ရပ် ဖြစ်ပေသည်

    လျှပ်စစ်ဝန်ကြီးအနားပေးခံရဖွယ်ရှိ
    လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းကို သမ္မတမှ အနားပေးဖွယ်ရှိနေကြောင်း သတင်းတစ်ခု ကြားရသည်။ ဧရာဝတီ မြစ်ဆုံတွင် ရေကာတာတည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး ဝန်ကြီး ဦးဇော်မင်း၏ မဆင်မခြင် ပြောဆိုမှုများနှင့် အများပြည်သူများကို ငဲ့ညှာမှု မရှိ၊ နိုင်ငံ၏ သဘာဝအရင်းမြစ်တစ်ခုကို ငွေနှင့်လဲစားမယ့် သဘောများ သက်ရောက်သည့် အပြောများကြောင့် သမ္မတမှ ပြည်သူများအပေါ်စိတ်မကောင်းများ ဖြစ်လျှက် ရှိနေကြောင်း သိရသည်။ ထို့ကြောင့် ယင်းကိစ္စကို ပြန်လည် သုံးသပ်ရန်အတွက် လာမည့် စနေနေ့ ၁ရရက်တွင် ဧရာဝတီစီမံကိန်း ကိစ္စကို နေပြည်တော်တွင် ရှင်းလင်းပွဲ တစ်ရပ် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

    Via:WeFightWeWin
    http://komoethee.blogspot.com

    မြစ်ဆုံရေကာတာကိစ္စ လွှတ်တော်တင်မည်
    ကိုဇော်ဝင်းလှိုင်| ဧရာဝတီမြစ်ပေါ်မှာတည်ဆောက်နေတဲ့ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ဆက်ပြီး အကောင်ထည်ဖော်သင့် မဖော်သင့်ဆိုတာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူသွားမယ်လို့

    လျှပ်စစ်စွမ်းအင်ဝန်ကြီးက ပြောပါတယ်။ အကြီးဆုံး မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအပါအဝင် တခြား ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုတွေနဲ့ဆိုင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတခု ဒီကနေ့ နေပြည်တော်မှာ ကျင်းပအပြီးမှာ ဝန်ကြီးက အခုလို ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

    ဧရာဝတီမြစ်နဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲလို့ အမည်ပေးထားတဲ့ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအပါအဝင် ဧရာဝတီမြစ်ဝှမ်းတလျှောက်မှာ တည်ဆောက်မယ့် တခြား ရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ဆိုင်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို စနေနေ့က နေပြည်တော်မှာ ကျင်းပခဲ့ကြတာပါ။ ဒီ အလုပ်ရုံဆွေးနွေးပွဲကို အစိုးရ ဝန်ကြီးတွေ၊ ကျွမ်းကျင်သူပညာရှင်တွေ၊ လွှတ်တော်အမတ်တွေ၊ စာနယ်ဇင်းတွေက သတင်းထောက်တွေအပြင် တရုတ်နိုင်ငံဘက်က ကိုယ်စားလှယ်တဦးပါ တက်ရောက်ခဲ့ကြတာပါ။

    ဒီအလုပ်ရုံ ဆွေးနွေးပွဲအတွင်း တက်ရောက်လာသူ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားရင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်းနဲ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ တခြား ဝန်ကြီးတွေရဲ့ ဖြေကြားချက်တွေကိုတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကိုယ်စားပြု မိုးမောက်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမြမောင်က ပြောပြပါတယ်။

    “သူတို့က သူတို့လုပ်ထားတဲ့ဟာကို မှားတယ်ဆိုပြီးတော့ သူတို့ဝန်ခံတယ်ပေါ့လေ။ ဘယ်လိုပြောလဲဆိုတော့ သူတို့ စက်မှုဝန်ကြီးကပေါ့လေ ဒါက အစတုန်းက တယောက်တည်း ကျိတ်ပြီးတော့လုပ်ခဲ့တဲ့ကိစ္စမိုလို့ အဲဒီလိုပဲ ဖြစ်ရတာဆိုပြီးတော့ ပြောတာပေါ့။ အများနဲ့တိုင်ပင်ပြီးတော့မှ စောစောကတည်းက အများနဲ့အတူ တိုင်ပင်ညှိနှိုင်းပြီးမှ လုပ်ခဲ့ရင် ဒီလိုမဖြစ်ရဘူးပေါ့။ အခုတော့ ဘယ်လိုခေါ်မလဲ နည်းနည်းခရီး လွန်နေပြီပေါ့လေ။ အဲဒီလိုမျိုး သဘောမျိုး ပြောသွားတယ်ခင်ဗျ။”

    တခြားဝန်ကြီးတွေကရော ဘာပြောလဲခင်ဗျ။ –

    “တခြားဝန်ကြီးတွေကတော့ အကုန်လုံးလိုလို ပထမ အစောပိုင်းကတော့ သူတို့က လုပ်သင့်တဲ့အကြောင်း၊ နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် ဒါ လုပ်ဆောင်နေပါတယ် ဆိုတဲ့အကြောင်းတော့ ပြောဆိုတာပေါ့။ ဟိုအကြောင်း ဒီအကြောင်း သူ့ဆင်ခြေနဲ့သူတော့ ပြောကြတာပေါ့။ နောက်ပိုင်း ပြန်မေးကြတဲ့အခါကျတော့ ဆွေးနွေးတဲ့သူတွေက မေးမြန်းတဲ့အခါကျတော့ သူတို့က မဖုံးမဖိထားနိုင်တော့ဘူးပေါ့လေ။ အဲဒီလိုမျိုးနဲ့ နောက်ပိုင်းတော့ ဝန်ခံတဲ့အပိုင်းက ဝန်ခံလာတာပေါ့။”

    ဝန်ခံတယ်ဆိုတော့ ဘယ်လိုမျိုးလဲခင်ဗျ။ အခု သူတို့ စီမံကိန်းကို မှားတယ်ဆိုတာကို ဝန်ခံပေမဲ့ စီမံကိန်းကိုတော့ ဆက်ပြီးတော့ အကောင်အထည်ဖော်မယ့်သဘောလား။ ဘယ်လိုမျိုးလဲခင်ဗျ။ –

    “ဒီနေ့ကတော့ အဲဒီသဘောမျိုး မရှိတော့ပါဘူးခင်ဗျ။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒါက အခု လွှတ်တော်လည်း ပေါ်ပေါက်လာပြီ။ ပြည်သူအများက ကျနော်တို့ကို ယုံကြည်အားကိုးပြီးတော့မှ ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိတယ်။ လွှတ်တော်လည်း ရှိတယ်။ အဲဒါကြောင့် လွှတ်တော်မှာ ကျနော်တို့ တင်ပြသင့်တယ်ဆိုတဲ့အကြောင်း ကျနော်တို့ ဆွေးနွေးတင်ပြတာပေါ့လေ။ အဲဒါကို လွှတ်တော်မှာ ကျနော်တို့ ဆုံးဖြတ်ဖို့ အစီအစဉ်ရှိတယ်ခင်ဗျ။ တင်ဖို့အစီအစဉ် ရှိတယ်ခင်ဗျ။ လွှတ်တော်တင်ရင်လည်း သူတို့ဘက်က လူတွေကို ဖိအားပေးပြီးတော့မှာ ရမလား၊ ဒါမှမဟုတ်ရင်လည်း သမာသမတ်နဲ့လုပ်မလား။ ဒါကတော့ မပြောနိုင်သေးဘူးပေါ့လေ။ တကယ်လို့ လွှတ်တော်မှာ သမာသမတ်ကျကျနဲ့ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်နဲ့ ကိုယ့်ရဲ့ဆန္ဒအလျောက် တင်သွင်းခွင့်ရှိလို့ရှိရင် လွတ်လွတ်လပ်လပ် မဲပေးရင်တော့ ဒီကိစ္စဟာ အားလုံးရဲ့ အမြင်အရတော့ ဒါ အောင်မြင်မယ့်ကိစ္စ ဖြစ်ပါတယ်ခင်ဗျ။”

    ဒီ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဧရာဝတီမြစ်နဲ့ အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်ဆီး ဆုံးရှုံးမယ့်အပြင် ဒေသခံ တိုင်းရင်းသား လူထုတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေပါ ပျက်ဆီး ဆုံးရှုံးရတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ၊ နိုင်ငံထဲက အထင်ကရပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေ ပြည်သူတွေက စိုးရိမ်မကင်းဖြစ်ကြတဲ့အကြောင်း ထုတ်ဖော်ပြောဆိုသံတွေ ထွက်လာပြီးတဲ့နောက်မှာ အခုလို အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပရတဲ့အထိ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

    source by :VOA
    http://www.voanews.com/burmese/news/Myintsone-dam-09-17-11-130016748.html

    ဒါတွေကတော့ ဧရာဝတီနဲ ့ ပတ်သတ်ပြီး လတ်တလော ထူးခြား သတင်တွေပါပဲ
    ကိုယ်ထင်ရာ လုပ်ခဲ့သမျှ အများသဘောမတူတဲ့အခါ….ဝိုင်းကန် ့ကွက်လာကြတဲ့အခါ..ပြင်ဆင်ချင်ပါတယ်ဆိုလျင်တောင်..
    လက်က လွန်နေပြီဆိုတော့..ဘယ်လိုလုပ်မတုန်း..
    ကိုယ့်ဒေါသနဲ ့ ကိုယ်ပဲ..ဟုသာပေါ့ဗျာ..

    • Sonny

      September 18, 2011 at 1:31 pm

      ကိုပေါက်ဖေါ် သတင်းကတော့ ဝမ်းသာပါတယ်ခင်ဗျာ လှိုက်လှဲစွာကျေးဇူးတင်ပါတယ် အားလုံးကောင်းတော့ပြည်သာပါတယ်။ မည့်သူ့ကိုမှဒုက္ခမရောက်စေချင်ပါ။ သမတကြီးဦးသိန်းစိန်အား ဝင်ရောက်ပါရင် အဆင်ချောသွားနိုင်ပါတယ်။ ခင်မင်လျှက်

  • မီးမီး သော်

    September 18, 2011 at 1:01 pm

    ဟုတ်တယ်နော် သမ္မတဦးသိန်းစိန် ဝင်မပါဘဲငြိမ်နေတယ်နော်။သူ တခုလောက်ဝင်ဖြေရှင်းပေးမယ်ဆိုရင် ကုသိုလ်လေးတစ်ခုရမှာပေါ့။ဒီစီမံကိန်းကို

    ရပ်တန် ့ပေးပါစေလို ့ဆုတောင်းနေပါတယ် ဧရာဝတီရယ်။

    • lionking

      September 18, 2011 at 2:43 pm

      သမ္မတကြီး ဝင်ပြီးမပါတာ တခြားဟုတ်မယ်မထင်ပါ။ ဝင်ပါချင်ပေမယ့် ဘယ်ဟာက man ဘယ် ဟာက woman လို့မသိလို့နေမှာပါ။
      တမိပါတယ် ဧရာမိခင်
      ရာဇဝင်မှာ အသင်ဟာ ဘုရင်
      သမိုင်းမှာ အသင်ဟာ သခင်
      အတိတ်မှာ အသင်ဟာ အရှင်
      ပစ္စုပ္ပန်မှာ အသင်ဟာ ဖခင်
      အနာဂတ်မှာ အသင်ဟာ တို့မျိုးဆက်တို့ရဲ့ ထာဝရ အသက်သခင်ကျေးဇူးရှင်။
      အသင်ဧရာဝတီ ကျမ္မာပါစေ။
      အသင်ဧရာဝတီ ချမ်းသာပါစေ။
      အသင်ဧရာဝတီ ဝမ်းသာပါစေ။
      အသင်ဧရာဝတီ လန်းဖြာပါစေ။
      အသင်ဧရာဝတီ ဘေးကင်းပါစေ။

  • manawphyulay

    September 18, 2011 at 1:44 pm

    တော်သေးတာပေါ့ လူမင်းရဲ့သမီးကိုများ ခေါ်နေသလားလို့ …. တို့ချစ်တဲ့ ဧရာဝတီ….. ဧရာဝတီကို မကယ်နိုင်ကြတော့ဘူးလား ….

  • musicalpunk

    September 18, 2011 at 2:27 pm

    (Time & tide wait for no men) လို့ ကျွန်တော် ကြားဖူးပါတယ်……..ဒါပေမယ့်……အခုတော့ ဒီရေတွေ ဘာဆက်ဖြစ်ကြဥိီးမလဲ…..

  • TTNU

    September 18, 2011 at 10:19 pm

    ငါ ကာကွယ် ဖို့
    သေနတ်မရှိ
    ဖိနပ်မရှိ
    ပါဝါမရှိ
    ရေမှာ သေနတ်မရှိတာ၊ ဖိနပ်မရှိတာ လက်ခံပါတယ်၊

    ဒါပေမဲ့ Hydro-power ရှိတာတော့ မငြင်းနိုင်ဘူးထင်ပါတယ်။

Leave a Reply