အယ်လ်နီညိုရာသီက ပြီးဆုံးဖို့ နည်းနည်း လိုသေးသတဲ့

kyawgyiMay 15, 20101min972

၁၉၉၇-၉၈ အယ်နီးညို သဘာဝဖြစ်စဉ်

၁၉၉၇-၉၈ တွင် နိုင်ငံအတော်များများ၌ အယ်နီးညို သဘာဝ ရာသီဥတုဖြစ်စဉ်၏ ဒဏ်ကို ခံစားခဲ့ကြရသည်။ ၁၉၉ရ မှစ၍ တောင်အမေရိက နှင့် အမေရိကအလယ်ပိုင်း၊ အာရှတိုက်တို့တွင် ထိခို်က်မှု အတော်အတန်ရှိခဲ့ကြသည်။ နိုင်ငံပေါင်း ၄၁ နိုင်ငံ၌ ရေကြီိးမှုကို ခံစားနေရချိန်၌ ၂၂နိုင်ငံတွင် မိုးခေါင်၍  ၂ နိုင်ငံတွင် တောမီးကြီး လောင်ကျွမ်းမှုကိုခံစားခဲ့ကြရသည်။ အယ်နီးညိုသည် သီးနှံဖြစ်ထွန်းမှု၊ နိုင်ငံ့စားနပ်ရိက္ခာ၊မွေးမြူရေး၊ ရေလုပ်ငန်း နှင့် သစ်တောနှင့်သဘာဝပေါက်ပင် များအပေါ်တွင်လည်းသက်ရောက်မှုရှိခဲ့သည်။ အရှေ့အာဖရိက တွင် အယ်နီးညိုကြောင့် မိုးကြီး၍ ရေလွှမ်းမိုးခြင်းများဖြစ်ပေါ်ကာ မွေးမြူရေးလုပ်ငန်းများထိခိုက်ရပြီး လူနှင့် တိရစာ္ဆန်တို့အတွက် ရောဂါဘယများ ထူပြောစေခဲ့သည်။ ကင်ညာနိုင်ငံ၊ ဆိုမာလီယာနှင့် အီသီယိုပီးယား နိုင်ငံတို့တွင်ဖြစ်ပွားခဲ့သောရောဂါများကြောင့် လူအသေအပျောက်များခဲ့ပြီး အိမ်နီးခြင်းနိုင်ငံများကိုပါ ကူးစက်ရောဂါတစ်ခုအနေဖြင့် ခြိမ်းခြောက်နေခဲ့သည်။ ေရေလုပ်ငန်းတွင်လည်း ကမ္ဘာ့ငါးရရှိမှုအများဆုံးဖြစ်ပြီး တစ်ကမ္ဘာလုံးဖမ်းယူရရှိသည့်ငါးများ၏ ၁၂ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းထိကို ထုတ်လုပ်ပေးနေသည့် တောင်အမေရိက အနောက်ပိုင်းဒေသကိုလည်း ပြင်းထန်စွာပျက်ဆီးစေခဲ့သည်။ အယ်နီးညို၏ ခြိမ်းခြောက်မှုအဖြစ် သစ်တောများနှင့် သဘာဝပေါက်ပင်များမှာလည်း မိုးခေါင်မှုကြောင့် တောမီးလောင်ကျွမ်းနိုင်မှုအခြေအနေ မြင့်တက်လျက်ရှိသည်။

ယခုနှစ်တွင် အယ်လ်နီညို ဖြစ်စဉ်၏ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် နေပူချိန်ပိုများကာ ယမန်နှစ်ကထက် အပူချိန်ပိုများ လျက်ရှိသည်ဟု ဆိုသည်။ ဧပြီလက မိုးရွာသင့်တဲ့ အချိန်ပါ။ မိုးမရွာလို့ နေပူချိန်ပိုများပြီး အပူချိန် တိုးလာတာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ဧပြီလလယ်မှာ သင်္ကြန်မိုး ရွာပါတယ်။ မရွာရင်တောင် မိုးအုံ့ပါတယ်။ အယ်လ်နီညို ပြီးပြီဆိုတာ မဟုတ်ပါဘူး။ အယ်လ်နီညို ဖြစ်စဉ်ပြီးဖို့ နည်းနည်း လိုပါသေးတယ်။ ကမ္ဘာ့ မိုးလေဝသအဖွဲ့ချုပ်၏ ခန့်မှန်းချက်အရ ဒီနှစ်မှာ အယ်လ်နီညို ရာသီဥတုပြီးမှာ ဖြစ်ပါတယ်လို့ ထုတ်ပြန်ထားပါတယ်ဟု မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောသည်။
စံချိန်ချိုး
ယခုနှစ်တွင် မုံရွာ၊ မကွေး၊ မြင်းမူ၊ နေပြည်တော် (ရေဆင်း) ဒေသများတွင် အပူချိန်စံချိန် ချိုးခဲ့ပြီး ရန်ကုန်မြို့တွင် အပူချိန် ၄ဝ ဒီဂရီစင်တီဂရိတ် ဝန်းကျင်ရှိကြောင်း သိရသည်။
ဩဂုတ်လအထိ
အခု မြန်မာနိုင်ငံ တောင်ပိုင်း ဒေသတွေဖြစ်တဲ့ မွန်၊ တနင်္သာရီမှာ မိုးစရွာနေပါတယ်။ နောက်တစ်ပတ်၊ ဆယ်ရက်အတွင်း ရန်ကုန်ရောက် နိုင်ခြေရှိပါတယ်။ ဒါပေမဲ့ ရွာရမယ့်စံချိန်ကို မမီနိုင်တဲ့ အတွက် အပူချိန် ဆက်လက်ခံစားရဖို့ ရှိပါတယ်ဟု ဒေါက်တာ ဦးထွန်းလွင်က ဆက်လက်ပြောကြားသည်။ မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ်က ၄၅ .၅ ဒီဂရီစင်တီဂရိတ်နှင့် အပူချိန် အမြင့်မားဆုံး ဖြစ်ခဲ့ပြီး အပူချိန် စံချိန်တင်သော မြို့နယ်ပေါင်း လေးဆယ် ဝန်းကျင်ရှိခဲ့ကြောင်း သိရသည်။

2 comments

  • susunosuki

    May 15, 2010 at 3:36 pm

    ၉၈ တုန်းက ကလေးမို့လို့လားမသိဘူး
    ပူတာကိုမသိသေးဘူး
    ခုကျတော့နည်းနည်းကြီးလာတော့
    မခံစားနိုင်တော့ဘူးဗျာ

  • breeze

    May 15, 2010 at 4:37 pm

    စိတ်မပူကြပါနဲ့။
    ကိုယ်တို့ကတော့ ”သူဘယ်သူလဲ 6” မှာ အဖြေ ဖြေထားတယ်သိလား။
    မှန်ရင် မိုးရွာတော့မှာ။မရွာရင်တော့ kobayote အပြစ်ပဲ။ဟဲဟဲ။

Leave a Reply