ငွေမြင်လို ့( The end )

မောင် ပေSeptember 18, 20111min1419

ရှင်တို ့ကျွန်မ ကို မေ့နေလောက်ပြီလား မသိဘူး…။

သင်းမေမေတင် ဆိုတဲ့ ကျွန်မ လေ ။

အစက..ကျွန်မ အကြောင်းကို ဆုံးအောင်ထိ မပြောတော့ဘူးလားလို ့..

နို ့..

မနေနိုင်တော့ဘူး ရှင်တို ့ရယ်..

ပြောလက်စ နဲ ့တော့

အကုန်သာ ပြောလိုက်ပါတော့မယ် ။ ဟိုစကား တစ်ခု ရှိတယ်လေ…ဘာတဲ့.. ၊

“ တစ်တက်စားလဲ ကြက်သွန် ၊ နှစ်တက်စားလဲ ကြက်သွန် ” …ဆိုလား

ကျွန်မ ဟာ က ဖွင့်ပြ လိုက်ရမှ ကို နေသာထိုင်သာ ရှိမှာမလား ….

အဲ…ကျွန်မ ရင်ထဲ မှာ ခံစားနေရတဲ့ ခံစားချက်တွေ ကို ပြောတာနော်..

တစ်မျိုး မထင်လိုက်ကြပါနဲ ့ရှင်…ညှင်းညှင်း…( ကိုယ့်ဟာကိုယ် သဘောကျပြီး ရယ်သံ )

ကိုကိုမောင် လေ..

အဲဒီ..ကျွန်မ မိုးမိတဲ့ ည မှာ..ကျွန်မ တို ့သမီးရည်းစားတွေ ဖြစ်ခဲ့တာပေါ့ ။

ယောက်ျားတွေ အကြောင်း..ပြောပြရဦးမယ်တော်ရေ..

မူးလာရင် အင်မတန် သတိ္တကောင်းတာ မလား…

ကျွန်မ က လည်း စကားလေး စပေးလိုက်ရော ၊

ကိုကိုမောင် တစ်ယောက် ကျွန်မ မှ ကျွန်မ ဖြစ်သွားတာပါပဲရှင်..

အဲဒါတွေ က မှားမှန်း ၊ နောက်တော့ ရှင်တို ့သိအောင်ပြောပါ့မယ် ။

ကိုကိုမောင် နဲ ့ကျွန်မ နဲ ့စချိန်းတဲ့ နေ ့ကတဲ က ၊ ဆရာသမား က သောင်းကျန်းတော့တာပဲ ။

ကျွန်မ လို ရုပ်ဆိုးဆိုး အဖို ့၊ ကိုကိုမောင့် လို သန် ့သန် ့ပြန် ့ပြန် ့လေး နဲ  ့အတူလက်တွဲပြီး…

ရုပ်ရှင် ရုံ သွား ၊ ပန်းခြံသွား..သွားချင်တာပေါ့ရှင် ။

ရှိုး ပြ တယ် လို ့ခေါ်မလား…ကြွားချင်တယ် လို ့ပဲ ပြောရမလား…

ဒါပေမယ့် ဆရာသမား က ဘယ်လို သောင်းကျန်းသလဲ ဆိုရင် ၊ တွေ ့ဖို ့ပြောတိုင်း.. ဘီယာ ရတတ်တဲ့ ဆိုင်မျိုး ကို ဇွတ်ခေါ်တော့တာပဲ ။

သူ သောက်သမျှ စားသမျှ ၊ ကျွန်မ ဒိုင်ခံရှင်းပေရော့ ပဲ ။

ပြီးရင် တက္ကစီ ခ က ရှင်းပေးရသေးတယ် ။

နောက်ပြီး…သူ နဲ ့ရှော ့ပင်း ထွက်ဖို ့ကျွန်မ အရမ်းလန်  ့လာမိတယ် ။

ရှော့ပင်းများ မထွက်လိုက်နဲ ့…တစ်ကယ့် အင်းကျီဆိုင်ကြီးတွေ ထဲ ဝင်ပြီး ၊ ကောင်းပေ့ ဆိုတာ ချည်း ပူဆာတော့တာချည်းပဲ ။

သူ ပူဆာသမျှ လဲ ၊ ကျွန်မ ဝယ်ပေးခဲ့ရတာပါပဲ ။

မဟုတ်ရင်..ဆရာသမား က အချိန်းမခံ ဘူး တော့ ။

သူ လိုချင်တာ ဝယ်မပေးရင်…သူ ့ဆိုင်ကို အလာမခံတာ ၊

ကျွန်မ ကတော့…သူနဲ ့သမီးရည်းစား သဘာဝ ၊ ယုယုယယ ကြင်ကြင်နာနာလေး နေချင်တာပေါ့ ။

သူကတော့ ၊ ကျွန်မ လက်ကို တွဲတယ် ဆိုရုံက လွဲပြီး ၊ ဘာအဆင့်မှ ထပ်တက်မလာဘူး ။

ကျွန်မ နားလည်ပါတယ် ၊ ကျွန်မ ရုပ်က လဲ ….အင်း မဆိုးဘူးပဲ ထားပါ ။ ( အမှန်ကတော့ ဆိုးတာပေါ့ )

ကျွန်မ စခဲ့တဲ့ ဇါတ်လမ်း ဆိုတော့ လဲ ၊ ဖြစ်သလို ဇွတ်က ရတာပေါ့ ရှင် ။

ကျွန်မ အတွက် လည်း သူ က ရွှေဖြစ်ခဲ့ပါတယ် ။

ဘာလဲ ဆိုရင်..ကျွန်မ ပြောခဲ့သလို ပဲ ၊ သူ  ့မန်မိုရီ စတစ် ကို နေ ့တိုင်း ကျွန်မ က ယူကြည့်တာလေ ။

သူ ့မန်မိုရီ စတစ် ထဲ မှာ ကြည့်လိုက်မယ် ဆိုရင် ၊ ရှိသမျှ မြန်ာဆက်စ် ဆိုက်ပေါင်းစုံ က နေ ့စဉ် တင်တဲ့ ဇါတ်ကားသစ်တွေ ။

ဓါတ်ပုံ အသစ်တွေ ချည်းပဲ ။

အဲဒါလေး တွေ ကို ကျွန်မ က ပြန်လုပ်စားရတာပေါ့ရှင် ။

ကျွန်မ ဘာလုပ်စားတယ် ဆိုတာ ရှေ  ့ပိုင်း မှာ ကျွန်မ ပြောခဲ့ပြီး ပြီမို ့၊ ထပ်မရှင်းတော့ဘူး နော် ။

ကိုကိုမောင် က တော့ ၊ သူ ့မန်မိုရီ စတစ် ကို ကျွန်မ ယူတာ သိပေမယ့် ၊ ဘာမှ မပြောပါဘူး ။

ကျွန်မ ကို တော့ ရမက်ထန်တယ် ထင်ချင် ထင်နေမှာပေါ့ ။

ကျွန်မ က လဲ ၊ သူဘာထင်ထင် ၊ သူ ့ကောင်းမှု နဲ ့ပြန်လုပ်စားရတာ ဆိုတော့ အထင်ခံလိုက်ပါတယ် ။

အဓိက က ပိုက်ဆံ ပဲမလား ။

ဒီလို နဲ ့..သူနဲ ့ကျွန်မ ၊ သမီးရည်းစား သက်တမ်း တစ်နှစ်ကျော်လာတဲ့ အချိန်၊

ကျွန်မ လည်း သူ ့နဲ ့လက်ထပ်ချင်ပြီပေါ့ ။

ဆရာသမား ကတော့ အေးအေးလူလူ လုပ်နေတယ် ။

ဒါနဲ ့တစ်ရက် ၊ သူ ့ကို ကျွန်မ အိမ်ခေါ်သွားပြီး ၊ ကျွန်မ မိဘတွေ ကို တစ်ဘက်လှည့် နဲ ့ဇွတ်ညှော်ခိုင်းရတာပေါ့ရှင် ။

အံမယ်…ဆရာသမား က ၊   “ ဟုတ်ကဲ့..ကျွန်တော် အမြန်ဆုံး..ကြိုးစားပါမယ် တဲ့ ”

ဒါနဲ ့ကျွန်မ မိဘတွေ လည်း စိတ်အေးလက်အေး ရှိသွားကြတယ် ။

ကျွန်မ လည်း ဝမ်းသာ သွားတာပေါ့ ။

အိမ်က နေ ပြန်မှ ၊ သူ က စကားဆိုလာတယ် ။

ကျွန်မ နဲ ့လက်မထပ်ခင် ၊ သူ တစ်နှစ်လောက် ငွေရှာချင်သေးကြောင်း ပြောလာတယ် ။

“ ဘယ်လို ရှာမှာလဲ ” လို  ့၊ ကျွန်မ ပြန်မေးတော့

“ စလုံး မှာ သွားပြီး တစ်နှစ်လောက် အလုပ်လုပ် ၊ ငွေရှာချင်တယ် ” တဲ့

“ ဒါဆိုလည်း သွားကြည့်ပေါ့ ” လို ့ပြောလိုက်တော့ ။

သွားစရာ ပိုက်ဆံ လိုနေတာ တဲ့ ။ ကုမ်ပဏီ ကို ပိုက်ဆံ ပေးရင် ၊သူတို ့က ပို ့ပေးတယ် တဲ့ ။

အလုပ် ပါ တစ်ခါတည်း ရှာပေးတယ် တဲ့ ။ ဒါပေမယ့်..ပေးဖို ့ သူ ့မှာ မရှိဘူး တဲ့ ။

ဒါနဲ ့…ကျွန်မ လည်း သူ ့ကို သနားသွားတယ် ။

သူကလည်း “ ကျွန်မ နဲ ့လက်ထပ် ဖို ့၊ သူ ့မှာ ပိုက်ဆံ ရှိချင်တယ် ၊ ပြည့်စုံချင်တယ် ၊ ကြိုးစားချင်တယ် ” ပြောလာတာကိုး ။

ကျွန်မ သူ ့ကို လိုအပ်တဲ့ ငွေကြေး ထုတ်ပေးလိုက်တယ် ။

တစ်ကယ်ပါ ၊ ကျွန်မ ၅ နှစ်လောက် စုဆောင်းလာတဲ့ ငွေလေးတွေပါ ။

သူ နဲ ့ကျွန်မ နဲ ့လက်ထပ်ပြီးရင် ၊ အိမ်ထောင် အတွက် အရင်းအနှီးလေး တွေ ပေါ့ ရှင် ။

သူ က တော့ ပျော်သွားတာပေါ့ ၊ ကျွန်မ ကို အရမ်းချစ်တာ ၊ တစ်ကယ် ချစ်တာ ဆိုတဲ့ အကြောင်း ၊

တစ်ဖွဖွ ပြောလာတယ် ။ သူ ပြန်လာတာနဲ ့….ကျွန်မ နဲ ့အတူ ပျော်ပျော်ပါးပါး ဘဝတစ်ခု တည်ဆောက်ကြမယ် ပေါ့ ။

အဲ…နေပါဦး..တစ်ခု ရှိသေးတယ် ၊ သူ ့ပြောစကား ။

ကျွန်မ ဟာ ရုပ်အချောကြီး မဟုတ်တဲ့ အတွက် ( အမှန်ကတော့ သူ ့မျက်နှာ ကြည့်ရတာ ၊ ရုပ်ဆိုးလွန်းလို  ့လို ့မပြောရုံတစ်မယ် ပါပဲ )

ကျွန်မ ကို မြန်မာနိုင်ငံ မှာ ထားခဲ့ရမှာ ကို စိတ်ချတယ်တဲ့ ။

ကျွန်မ ကို လည်း ယုံတယ် တဲ့ ။ သူ ့ကို သစ္စာရှိမယ့် အကြောင်း ။ သူ က လည်း သစ္စာ မဖောက်မယ့် အကြောင်း…။

အဲဒီတုန်း က တော့ ကျွန်မ လည်း သူ ့စကားတွေ မှာ သာယာနေခဲ့ပြီး ၊ မစဉ်းစား မဆင်ခြင် နိုင်ခဲ့ဘူးပေါ့ ရှင် ။

အယုံကြီး ယုံပြီး ၊ ပျော်ခဲ့တာပေါ့..

ဒါနဲ ့လေဆိပ်မှာ…ကျွန်မ တို  ့နောက်ဆုံး တွေ  ့ခဲ့ရတာပါပဲ ရှင်….. ဟင့်

“ စူဠလိပ် ရေထဲ လွှတ် တယ် ” ဆိုတဲ့ စကား ကို ရှင်တို ့ကြားဖူးကြမှာပါ ။

ကိုကိုမောင် ဟာ ကျွန်မ လွှတ်လိုက်တဲ့ စူဋ္ဌလိပ်ကြီး ပါ ရှင်….

အဟင့်..အဟင့်….( ယူကျုံးမရ စွာ ငိုညည်းသံ )

ကျွန်မ လေ မှားခဲ့တယ် ၊ မိုက်ခဲ့တယ် ၊ မဆင်မခြင် လုပ်ခဲ့တယ် ဆိုတာ တွေ ကို..

ကျွန်မ ဘဝရဲ  ့တစ်ဦးထဲ သော ချစ်သူ ကိုကိုမောင် က ပညာ လှလှကြီးပေးသွားတာပေါ့ ရှင် ။

ရှေးခေတ် က အငြိမ့်မင်းသမီး တစ်ယောက်ဆိုခဲ့တဲ့  “ ငွေမြင်ရင် လင်လုပ်မယ် ” ဆိုတဲ့ စကား ကို ကျွန်မ ကြားဖူးခဲ့ပါတယ် ။

ကိုကိုမောင့် ကို ကျွန်မ  က “ ငွေမြင်ရင် မယားလုပ်မယ် ” လို ့စိတ်ကူးယဉ်ခဲ့မိတာပေါ့ ရှင် ။

အခုတော့ ငွေမြင်ပြီးလို ့ငွေလည်းရရော ..

ဟင်း….ပြန်မလာတော့ဘူးတဲ့ ရှင် ။

စလုံး ကနေ ဩဇီ တဲ့ ။

ကြီးပွားသွားလိုက်ပုံများ တော့ ။

မြန်မာပြည် က ရုပ်ဆိုးမလေး ရဲ  ့အချစ် ကို မသနားတော့ဘူးလား လို ့၊ သူ ့မေးလ် ကို ပို ့တော့ ၊

သူက မေးလ်လေး တစ်စောင် ၊ တစ်ကယ်ကို ရှားရှားပါးပါး ပါ ။ ပြန်ပို ့ပေးခဲ့တယ် ။

“ လွမ်းလို ့ကျန်ရစ်ခဲ့ ရမှာ ကို အားနာပါသတဲ့ ” ရှင်

“ ကျွန်မ ရဲ  ့ချစ်ခြင်း နဲ  ့ ကျွန်မ ရဲ  ့ကျေးဇူးတွေ ကို ဒီတစ်သက် လုံးဝ မမေ့ပါဘူး တဲ့ ”

သူ အခု ဩဇီမှာ….ကျောင်းလာတက်နေတဲ့ ၊ တောင်အာဖရိက က နစ်ကာ မလေး တစ်ပွေ နဲ ့ လက်ထပ်တော့မယ် တဲ့ ။

အဲဒါကလည်း ကျွန်မ နဲ  ့ရုပ်ဆင်လွန်းလို ့ပါတဲ့ ။ ကျွန်မ ကို တစ်သက်လုံး သတိရနေအောင် လို ့ပါတဲ့ ရှင် ။

ကျွန်မ လေ…သူ ့ကို ပဲ ကျေးဇူးအရမ်းတင်ရမလိုလို နဲ ့။

သူ ့မေးလ် ဆုံး မှ ပဲ…ဖတ်လိုက်ရတဲ့ စာနဲ ့ ကျွန်မ အကြောင်း ကို နိဂုံး ချုပ်လိုက်ပါတယ် ရှင် ။

“ သူလေး က တစ်ဦးတည်းသော သမီးလေ ၊ သူ  ့အဖေ နဲ ့အမေ က တောင်အာဖရိက နိုင်ငံ ရဲ  ့အချမ်းသာဆုံး စာရင်းဝင်တွေ ဆိုတော့ ….မမ…မောင့်…ကို စိတ်ချလက်ချ နေတော့နော် ၊ မောင် ဒီတစ်သက်လုံး..သူနဲ ့မပြတ်သရွေ  ့၊ မောင် မဆင်းရဲတော့ဘူး ၊ ပြတ်လဲ..ဒီက ထုံးစံ အရ…လျော်ကြေးတောင်းမှာ ” တဲ့ ….

အဖြစ်မလှ တဲ့ ..ကျွန်မ ဘဝ က တော့ ဒါပါပဲ ရှင် ။

အခုလေ…တစ်ခြား မိန်းကလေး တွေ ကိုလည်း ၊

ကျွန်မ လို မဖြစ်ရလေအောင် ၊ စဉ်းစားဆင်ခြင်နိုင်ကြပါစေ ။

ကိုယ့်ကို တစ်ကယ်ချစ်ပြီး ၊ တစ်ကယ် လက်တွဲ  မယ့် ချစ်သူ မျိုး ကို ပိုင်ဆိုင်နိုင်ကြပါစေ လို ့

ကျွန်မ သင်းမေမေတင် တစ်ယောက် ၊ ဆုတောင်း မေတ္တာပို ့လိုက်ပါတယ်နော် ။

———————-အားလုံးကို ကျေးဇူးတင်ပါသည်———————-

 

 

 

 

 

9 comments

  • ပေါက်ဖော်

    September 18, 2011 at 3:05 pm

    မောင်ပေ့ကြည့်ရသည်မှာ ဖြစ်ရမှန်လေးတွေပေါ် မှီငြမ်းရေးသားထားသည် ထင်ပါ့
    ?
    စူဠလိပ် ရေထဲလွှတ်မိတဲ့.
    တင်းမေမေ တစ်ယောက်..
    ညှင်းညှင်း..ညှင်းညှင်း.. မလုပ်နိုင်တော့ဘဲ..အဟင့်..အဟင့် ဖြစ်တွားပါကောလားဗျာ

    ကဲကဲ ခလေးမတို ့..
    မောင်ပေပြောတဲ့ ဇာတ်လမ်းလေး..ဖတ်ပြီးလျင်ဖြင့်..ဇာတ်လမ်းထဲမှာပါတဲ့..သင်းမေမေတင်းလို မဖြစ်ကြရအောင်.သတိဆောင်ကြပေလော့..
    ယခုခေတ်ကြီးကား ကျား၊မ မရွေး..အကွက်ရွှေ ့မှားသည်နှင့် စားခံထိမည့်..ခေတ်ပင်ဖြစ်လေသောကြာင့်..
    မပိုင်ပဲနှင့် ခြင်မရိုက်ကြလေနှင့်ဟု ..ဒီတစ်ပတ် စကားလက်ဆောင်အဖြစ်..ဘကြီးဂေါက်မှ ဘီယာတစ်ခြမ်း.ဘဲကင် တစ်ဂျား မျှော်ကိုး၍….နှိုးဆော်လိုက်ပါတယ် ဂွဲ ့..
    😀

    • windtalker

      September 18, 2011 at 6:11 pm

      ဘကြီးဂေါက် မန်းတလေး ရောက်ရင်တော့
      ဘီယာတစ်ဂျား ၊ ဘင်ကဲ တစ်ခြမ်း နဲ ့
      တည်ခင်း ရတော့မပေပေါ့…
      အမြန်သာ ကြွရောက် ဆုချီးမြှင့်ခံ လှည့်ပါ ဘကြီးဂေါက်

  • naywoonni

    September 18, 2011 at 10:51 pm

    ဘယ်သူက ငွေမြင်တာလဲ…။ တို့တော့ တစ်ကျပ်မှတောင် မတွေ့ရပါလား မောင်ပေရယ်……….

  • မီးမီး သော်

    September 18, 2011 at 11:40 pm

    အမလေး ငွေသမားတွေက လဲမလွယ်ပါလားနော်။ဒီလိုတော့ ရှိတော့မှာပေါ့။ကိုပေ့ ရေကျေးဇူးပါနော်။

  • mr.lone

    September 19, 2011 at 8:21 am

    မုန်းဖို့ကောင်းလိုက်တဲ့ ပိုင်းလုံးကောင်ကြီး … တော်တော်ကို ယုတ်မာပက်စက်တဲ့ယောက်ျား အဲ့ဒီလိုယောက်ျားတွေ အပြင်မှာမရှိပါစေနဲ့… ….. 🙁

    • pan pan

      September 19, 2011 at 8:50 am

      ဟုတ်တယ်
      မရှိပါစေနဲ့
      အဲ…..မရှိစေချင်ရင် အဲလိုဖြစ်နေတဲ့လူတွေကို လိုက်သတ်ရမှာလားဟင် 🙁

      ကိုပေ့ သင်းမေမေတင် သနားပါတယ်

  • ရွှေဘိုသား

    September 19, 2011 at 9:39 am

    ကိုပေရေးထားတာ တကယ်ဖြစ်ရပ်မှန်ထင်တယ် အဲလိုလူမျိုးတွေလည်း ရှိတာပဲဗျ
    ဒါ.မို.လည်း ယောကျင်္ားပိုင်းလုံး တွေလို. အပြောခံရတာပေါ.ဗျာ
    ငွေမြင်ရင် လင်လုပ်မယ်တော. မဟုတ်တော.ဘူး ငွေမြင်ရင် ကြင်ယာ လုပ်မယ်ဖြစ်နေပြီ
    ကျားရောမရော ငွေမြင်ရင် ကြင်ယာ လုပ်ချင်ကြတာကိုးဗျ

  • Shwe Ei

    September 19, 2011 at 1:45 pm

    ဇာတ်လမ်းကတော့ ဝါးခြမ်းပြားကိုယ်လုံးနဲ့ စညုကတည်းကမှားတာဘဲ။ စကတည်းကပေးလိုက်ရတာ ဆုံးလည်းဆုံးရော အကုန်ပြောင်ရောဖြစ်နေဘီ။ ဒါနဲ့ စကားမစပ် သင်းမှေးမှေးက ဗီဒီယိုဖိုင်တွေ ရောင်းတုန်းဘဲလားဟင်။

  • etone

    September 19, 2011 at 1:47 pm

    အဲ့ဒီလို ယောကျာ်းတွေကို ဒီလိုဇာတ်ခင်းအော် လမ်းကြောင်းပေးတာ လင်လိုချင်တဲ့ မိန်းမတွေပါပဲ … ။
    သူသာ တကယ်ပါးရေ နပ်ရေ ရှိမယ်ဆိုလျှင် ယုံစားပြီး ငါးနှစ်လောက်စုထားတဲ့ ပိုက်ဆံ ထုတ်ပေးမှာ မဟုတ်ဘူးလေ …။ လင်မရှိလည်း ငွေရှိလျှင် လက်မထောင်ပြီးနေနိုင်တာ မသိဘူးကိုး 🙄

Leave a Reply