နှလုံးသားနံရံပေါ်က
ဆေးမခြယ်ထားတဲ့ ပန်းချီကား
မင်းနှလုံးသားနဲ့ ကြည့်တဲ့ တစ်နေ့ 
ရုပ်လုံးပေါ်လာလိမ့်မယ်…
အိပ်မက်တွေအရောင်ပြယ်ဖို့ 
မင်းမစေခိုင်းလိုက်ပါနဲ့ 
မင်းအမိန့်နာခံဖို့ 
ငါ့နှလုံးသားကခွင့်မပြုဘူး…
အရာရာတိုင်းမှာ
အချိန်အကန့် အသတ်ဆိုတာရှိတယ်တဲ့ 
ငါ့အချစ်တွေအတွက်တော့ 
ငါ့ကမ္ဘာကြီးရပ်တန့် သွားရင်တောင်
ရှင်သန်မှုအသစ်အသစ်နဲ့ 
မဆုံးတဲ့ အိပ်မက်ခရီးပေါ့…
ငါ့အသိစိတ်မသိစိတ်ထဲ
မင်း မင်း မင်း မင်း
ကျေးဇူးပြုပြီး
ငါ့ကိုပြန်ရှာပေးကြပါ…
တစ်ချို့ တစ်ချို့ တွေပြောကြသလို
နှစ်ကိုယ့်တစ်စိတ်လား
ဟင့်အင်း
မဟုတ်သေးဘူး…
မင်းစိတ်နဲ့ …ငါ့ကိုယ်
ငါ့စိတ်နဲ့ …
အား…………….
ငါဘယ်ရောက်သွားလဲ.???
ကျေးဇူးပြုပြီး…
ငါ့ကိုပြန်ရှာပေးကြပါ…။       ။

  5း45AM
    15.8.11(Mon)

ကြယ်ရောင်လင်း

About kyeyounglin

has written 18 post in this Website..