မပြောပါနဲ ့

kyeyounglinSeptember 18, 20111min17515
ငါ့ကို……….
ရူးတယ်လို ့မပြောပါနဲ ့
ငါ့အရှိုက်တည့်တည့်ကိုထိလို ့
ငါဟာ……
အချစ်ကိုစိတ်ကူးယဉ်ဆန်စွာ
ရူးသွပ်မိခဲ ့ပါရဲ ့………။
ငါ့ကို……….
မိုက်လိုက်တာလို ့မပြောပါနဲံ ့
လိမ္မာဖို ့သတ္တမရှိခဲ ့လို ့
ရင်မှာ
နှလုံးသားတစ်ခုလုံးကျရှုံးတဲ ့အထိ
မိုက်မဲမိခဲ ့ပါရဲ ့……..။
ငါ့ကို………
လိမ်ညာတယ်လို ့မပြောပါနဲ ့
မင်းမုန်းမှာငါကြောက်လို ့
တကယ်ပါ……..
မင်းကိုငါမချစ်ဘူးလို ့
ငါ့ကိုယ်ငါပြန်ညာခဲ ့တယ်………….။
မပြောပါနဲ ့
ချစ်တယ်လို ့လဲမပြောပါနဲ ့
ရင်ခုန်သံတွေမမှန်တော ့လို ့
ကြောက်တယ်
အသက်ရှူရပ်ပြီးရှော ့ဖြစ်တဲ ့အထိ
ငါပျော်လိုက်မိမှာ…………..။
ဒါကြောင့်…
ဘာကိုမှမပြောပါနဲ ့တော ့
ကောင်မလေးရယ်…….။           ။


ကြယ်ရောင်လင်း

6း30PM

8.10.09(tue)

15 comments

  • Father

    September 18, 2011 at 9:46 pm

    မပြောပါဘူး

  • whitestar

    September 19, 2011 at 9:34 am

    shut up!
    Don’t talk!
    Don’t say!

  • weRone

    September 19, 2011 at 9:41 am

    မပြောနဲ ဆိုလုံးဝ မပြောဘူး.. တို့ က စိတ်ကြီးတယ် .. တစ်လုံးမှ ကိုမပြောဘူး.. လုံးဝ လုံးဝ မပြောဘူး.. 😀 😛

  • manawphyulay

    September 19, 2011 at 9:57 am

    ဘာကိုမှ မပြောတော့ပါဘူး။ ချစ်မှမချစ်ခဲ့တာ ချစ်တယ်လို့လည်း မပြောပါဘူး။ ရူးနေတာကိုလည်း ရူးတယ်လို့ မပြောတော့ပါဘူး။ မိုက်နေတာကိုလည်း မိုက်တယ်လို့ မပြောတော့ပါဘူး။ ဘယ်အရာပဲဖြစ်ဖြစ် အချိန်တန်ရင် ပြီးဆုံးခြင်းကို တစ်နေ့တော့ ရောက်ရှိသွားမှာပါ။ ဒီတော့ ဘာမှမပြောတော့ပါဘူး။

  • ကြောင်ကြီး

    September 19, 2011 at 9:58 am

    ပြောမပြောချင်
    မရောနှောခင်
    ကျောဗျောတင်၊
    သဘောပြောရင်
    ကသောကမျောပင်
    မနောတောဝင်..။

    • windtalker

      September 19, 2011 at 8:15 pm

      အလို
      ကဗျာဖတ်ပြီး ကွန်မင့် ကို အဆက်
      ကောင်ကြို က ၊ ရေး
      “ မနောတောဝင်..။ ” တဲ့
      ဘယ်တောကို ဝင်တာလဲ လို ့
      “ မပြောပါနဲ ့”

  • musicalpunk

    September 19, 2011 at 6:26 pm

    ိDon’t speak ကွိကျိ ကွိကျိ ………ဘာမှမပြော်ဘူးနော်။

  • kyeyounglin

    September 20, 2011 at 10:44 am

    အမလေးဗျ……………………ဘယ်သူမှဘာမှမပြောကြလို ့ပဲ

  • kyeyounglin

    September 20, 2011 at 10:47 am

    မနောဖြူလေး ရယ်……………………
    ဘာမှမပြောတာပဲကျေးဇူးတင်ပါတယ်
    ပြောလိုက်တာကုန်ရောပဲ………………:(

  • bluerose

    February 25, 2012 at 11:36 am

    ချစ်တယ်ဆိုတဲ့စကားကိုမပြောတာအကောင်းဆုံးပါပဲ
    ပြောပါများရင်မပြောချင်တော့ဘူး

    • ခပ် KING ကင်း

      February 25, 2012 at 12:00 pm

      အဲဒီလိုလား
      ကျွန်တော်ထင်ကတော့
      မေ့သွားမှာစိုးလို့ ခဏခဏပြောသင့်သလို
      ရှားပါးပစ္စည်းလို တန်ဖိုးထားရအောင်လည်း
      တစ်ခါတစ်ရံမှလည်း ပြောသင့်တယ်လို့ ကြားဖူးနေပြန်တော့
      ဟူးးးးးးးးးးးးး
      ဘာလုပ်ရင်ကောင်းမလဲစဉ်းစားရင်းးးးး …. အရင်ဆုံး ချစ်သူတစ်ယောက်လောက်ရှာအုံးမှပဲ …. 😛

  • jujuma

    February 25, 2012 at 2:17 pm

    မ ပြော ဘူးးးးးးးးးးးးးးးးးးးး

    ဟီးးးး

Leave a Reply