ခေါင်းစဉ်ကြည့်ပြီး ခေါင်းရှုပ်သွားပြီလား..။ ဒီအတွေးတွေ နေ၀န်းနီကို နှိပ်စက်နေတာ တစ်ပတ်လောက်ရှိသွားပြီ….။ ရည်းစားစကား ပြောခံနီး ခံစားရသလို ဖြစ်ဖြစ်နေလို့ ဒီပို့စ်ကို မတင်ပဲ ပြန်သွားရတာ …။ ပြောလိုက်ရင်ကောင်းမလား သူများစိတ်ဆိုးသွားလေမလား …. သူသိနေမှာပါ နဲ့ ပြောဖို့ မ၀ံ့မရဲဖြစ်နေတာ …။ ဒီကနေ့ တော့ ပြောမှဖြစ်တော့မယ်….။ နို့မို့ မြင်တာကို မြင်ရက် သိနေတာကို သိနေရက်နဲ့ မပြောပဲ ရေငုံနေလိုက်ရင် နိုင်ငံကြီးသားမပီသရာ ကျနေမယ်..။ တစ်ခြားအကြောင်းတော့ မဟုတ်ပါဘူး…။ လက်ရှိ ပစ္စက္ခ အခြေအနေလေးပါ…။ လူတိုင်းလည်း သိနေပြီးသားပဲ..။ ဒါပေမဲ့ မတွေးမိကြတာလား ? အတွေးမရောက်ဖြစ်ကြတာလား ? မသိချင်ယောင်ပဲ ဆောင်နေကြသလား တော့မသိဘူး…။ အလိုက်ကမ်းဆိုးမသိ စိတ်ထဲရှိတာပြောထည့်လိုက်တော့မယ်…။
အဲဒိနေ့က မိုးနဲနဲရွားလို့ လ္ဘက်ရည်ဆိုင်ထဲ ၀င်လိုက်တော့ ကောင်တာရှေ့မှာ ဖုန်းတစ်ယောက် တစ်လုံးစီနဲ့ အလ္လပ္ပ သလ္လပ္ပ ပြောနေကြတဲ့သူနှစ်ယောက် ဘာတွေပြောနေသလဲ သေချာနားထောင်မနေတော့ပါဘူး…။ အင်း မျက်စေ့တော့ နောက်နေပြီ ဆိုပြီး ချောင်ကျကျ စားပွဲ သွားလိုက်တယ်..။ မကြားပါဘူး…။ ဆိုင်ထဲကို မြို့ထဲက အတိုးပေးစားတဲ့ အဘွားကြီး ၀င်ချလာပါလေရော….။ ခက်ချေပြီ…။
“ အံမယ်…. ဒင်းတို့က ငါ့ကျတော့ အတိုးပေးဖို့ ဘယ်နှစ်လရှိနေပြီလဲ နေ့ရွေ့ ညရွေ့နဲ့…။ ပြီးတော့ ဒီမှာလားပြီး ဖုန်းတစ်ယောက်တစ်လုံးစီနဲ့ ဟုတ်လို့ …. ဘယ်မလဲ ငါ့ပေးမဲ့ ပိုက်ဆံ”
ဟိုနှစ်ယောက်ဆီကအသံမကြားရဘူး…။ တိုးတိုး …တိုးတိုးနဲ့ ဘာတွေ ပြောနေသလဲမသိဘူး…။ ခဏနေတော့ သူတို့ဖက်လှည့်ကြည့်လိုက်တော့ စောစောက ပြောနေတဲ့ ဖုန်းတွေ မတွေ့လိုက်တော့ဘူး…။ ချောင်ထဲထိုင်နေတော့ မမြင်လိုက်ရတော့ဘူး…။ စောစောက ပြောတဲ့ နှစ်ယောက်ဆိုတာက အရင်က နှစ်လုံးသမားတွေပါ…။ ခုတော့ နှစ်လုံးသုံးက ဒီအတိုင်းရောင်းစားလို့ရတဲ့ အခြေအနေ မဟုတ်တော့ ဖုန်းနဲ့ ချိတ်ဆက်ရောင်းရလေမလား ဆိုပြီး ၀ယ်ကိုင်လိုက်ပုံရပါတယ်…။ အတိုးကြီး ပေးစားနေတဲ့သူနဲ့လဲ မကင်းဘူးဆိုတော့ ဒီဖုန်းကလည်း တစ်နေရာရာက ဆွဲလွဲပြီး ၀ယ်လိုက်ပုံပါ…။
ချောင်ကျကျ စားပွဲလာထိုင်ကမှ တီဗွီ ရှေ့ တည့်တည့် ရောက်နေပါရော…။ တစ်နေကုန် ရုပ်ရှင်တွေ ချည့်လာတဲ့ လိုင်း မြန်မာလိုင်ဖွင့်ထားပါတယ်..။
“သိပ်မကြာသေးဘူး ဒီလိုင်းက ဇာတ်လမ်းခွေ ငှားရသက်သာတာပေါ့…။ နှစ်ဆယ့်လေးနာရီ လွှင့်နေတာ …။ ဆင်ခ တစ်နှစ်စာ ကတ်နဲ့မှ တစ်သိန်းရှစ်သောင်းပဲကျတယ်…။ လိုင်းတွေ အများကြီးပါတယ်..။”
တဲ့ ဆိုင်ရှင်ပြောနေတာကို နားထဲမရောက်ဖူး..။ ဒါတွေ ကိုယ်တွေနဲ့ တန်ရဲ့လား စဉ်းစားနေတာ…။ ကိုယ့်ပတ်ဝန်းကျင်မှာက တစ်နေ့ လုပ်တစ်နေ့စား သမားတွေ …။ ခေါင်းရွက်ဗျတ်ထိုးဈေးသည်တွေ ဆိုက္ကား သမားတွေ ပန်းရံ သမားတွေ နေ့ဆို ယားလို့တောင် ကုပ်ဖို့ မပြောနဲ့ ထုံးမတို့အားတဲ့ သူတွေကများတယ်..။ ဒီတော့ ခုနက ပြောတဲ့ ဖုန်းတွေ တီဗွီ လိုင်းတွေနဲ့ အကွာကြီး ကွာနေတဲ့သူတွေ …….။ ချစ်ကောင်းသီချင်းလိုပဲ “ အများကြီးဟေ့ အများကြီး ကိုယ်လိုလူတွေ အများကြီး …….” ဆိုတာလို …။ အဲဒိတော့ လှည်းနေ လှေအောင်း မြင်းဇောင် မကျန် ဒီ ဇိမ်ခံ ပစ္စည်းတွေ ခံစားနိုင်အောင် အရင်ဆုံး သူတို့ တွေရဲ့ ဘ၀တွေ လုပ်ခတွေ တိုးမြှင့် ပေးနိုင်အောင် အရင်လုပ်သင့်သေးတယ်လို့ မြင်လာတယ်..။ ဟုတ်တယ်.. ကစားပွဲ တစ်ခု လယ်ဗယ်ညီကွင်း နဲ့ ကစားသင့်တာပေါ့…။ ဒါမှလည်း အားလုံး မိုဘိုင်းဖုန်းတွေ တီဗွီလိုင်းတွေ အားလုံးခံစားနိုင်မှာပေါ့..။ ခုတော့ အရင်လုပ်ရမဲ့ဟာနောက်မှရောက်လျား …။ တစ်ချိန်က နာမယ်ကြီးခဲ့တဲ့ အဆိုတော် ဘိုဘိုဟန် ရဲ့ သီချင်းထဲကလို “ ဇောက်ထိုးသစ်ပင် ပက်လက်မောတော်ကား …” ဆိုတာလိုဖြစ်နေပြီ…။လေ….ခုတော့ ၀ယ်စားစရာ ပိုက်ဆံကမရှိဘူး ဇါမ်ခံ ပစ္စည်းတွေက အိုးပင်း…နဲ့..။ စိတ်မခိုင်သူတွေအဖို့ သူများလကထဲက ဆိုင်တွေပေါ်က ဇိမ်ခံပစ္စည်းတွေကို သွားရေယိုရုံကလွဲပြီး……………
တစ်နေကုန် ဈေးဆိုင်မှာထိုင် ဆိုင်ရှင်ခိုင်းတာလုပ် မှားရင် နှစ်ပြားမတန်အောင်အပြောခံရ..။ နေ့တွက်လေး တစ်ထောင် – တစ်ထောင့်ငါးရာလောက်နဲ့ အိမ်အပြန်ဆန်လေးဆီလေး ၀ယ်ပြီးပြန် နွေဆိုတော်သေးရဲ့ မိုးတွင်းမိုးမိရင် ဆောင်းစရာ ပိန်းရွက်ကလည်းမရှိ …။ ထမ်ငးချက်နောက်ကျမှာစိုးလို့ ဒီအတိုင်းးအစိုခံပြန် နောက်တစ်နေ့ ဖျားလို့မှ အလုပ်မဆင်းပဲမနေရဲ..။ တစ်နေ့မလုပ်ရင် နောက်နေ့စာမပြောနဲ့ အဲဒိနေ့ ဗိုက်သာမှောက်နေရော့ ဆိုတဲ့ သူတွေ…….. လူလူချင်း တင်ပြီး ကုန်ရုန်းနင်းနေရတဲ့ဆိုက္ကားသမားလေးတွေ…။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက မဆလာသယ် အုတ်ခဲရွက်နေတဲ့သူတွေ သူတို့ တွေအတွက်ဘယ်မလဲ မိုဘိုင်းဖုန်..။ ဘယ်ဟာခေါ်သလဲ စကိုင်နက်…။ သတို့တွေလည်း မေးကြည့်ပါဦး ..။ သူတို့တွေလည်း ဖုန်းချင်တာပေါ့..။ တစ်နေကုန်လာတဲ့ ရုပ်ရှင်တွေ ဘာတွေ အေးအေးဆေးဆေးလေး ဇိမ်ခံကြည့်ချင်တာပေါ့..။
ဒါနဲ့ တစ်နှစ်အတွင်း ဖုန်း လေးသန်းထုတ်ရောင်းမလို့ဆို….။ ဘယ်လိုလူတွေအတွက်လည်း…။ …….အားလုံးအဆင်သင့်မဖြစ်ချင်လည်းနေ ဒါတွေရှိမှ တိုးတက်မှု ဇယား တက်မှာဆိုပြီးများလုပ် နေကြသလား မသိဘူး..။ ဒါမှ မဟုတ် တို့ကတော့ ရောင်းမှာပဲ မင်းတို့က မရှိ…ရှိတာ ကြံဖန်ပေါ့ဆိုပြီး များ ရွှေဥာဏ်တော် စူးရောက်လေသလား…မသိ…။
တွက်ကြည့်ပါဦး …။လေးသန်းဆိုတဲ့ အရေအတွက်နဲ့ ငါးသိန်း မြှောက်ရင်ဘယ်လောက်ရမလဲ…။ ဘီလီယန် 200 လား …။ဟန်းဆက်ဖိုးနဲ့ အခွန်နဲ့ ထားပါ…။ 250 ဘီလီယန်..။ ဒီကနေ ရှိသမျှ လူအကုန် နို့စို့ ကလေးကနေ အိပ်ယာထဲလဲနေတဲ့သူတွေပါထည့်တွက် လူဦးရေ သန်း 50 …..။ အားပါးပါး တစ်ယောက်ကို ငါးသောင်းစီလောက် ငွေသားစီးဆင်မှု ထိချုက်စေသဗျ…။ ဒါကို ဘာနဲ့ အစားထိုး ဖြည့်ပေးမှာလဲ…။ ဟါ့ချလောင်း လုပ်လို့ မရဘူးနော်…။ တစ်နှစ်လုံး မိုဘိုင်းဖုန်း လေးသန်းရောင်းပြီးတာနဲ့ တွေ့ မှာပဲ…။ အဲဒိမှာ “ ငါမှ ဖုန်းမ၀ယ်တာ” လို့ မတွက်နဲ့…။ ဒီဒေသထဲမှာနေတဲ့ သူအကုန်လုံးရဲ့ ငွေသားစီးဆင်းမှု ……။ ဒီအိုင်ထဲကရေ ဘေးပေါက်ကျနေရင်ရင် နောက်သောက်စရာ နဲလာမှာပဲ…။
အဲဒိလောက်ဆိုရင် သဘောပေါက်လောက်ပါရဲ့ …။ အရင်ဟာကနောက် …. နောက်မှလာရမှာကအရင်တော့ဖြစ်နေပြီ…။ လိပ်ကလေးတွေ ပက်လက်လှန်ထားသလို ယက်ကန် ယက်ကန် ဖြစ်နေမှာတော့ မြင်ယောင်မိသေး …။ စိတ်မကောင်းဘူး……။

နေ၀န်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010