ခရိုင်အုပ်ချုပ်ရေးမှုး ထွန်းဝေ လုပ်ချ လိုက်ပြန်ပြီ .. (လာထား ..သုံးသိန်း )

ပေါတာဘင်September 18, 20111min162

3.9.2011 နေ့တွင် ပြုလုပ်သော အစည်းအဝေး တွင် (တပ် နှင့် ရဲတပ်ဖွဲ့  မပါ ) ဦးစီးဋ္ဌာန အားလုံး အား တစ်ဋ္ဌာန လျှင် ငွေ သုံးသိန်း စီ ပေးဆောင်
ကြပါရန် အမိန့်ချမှတ် လိုက်ပါသဖြင့် ဦးစီးဋ္ဌာန ဦးစီးများ အကျပ်ရိုက်လျှက်ရှိကြောင့် သိရှိခဲ့ရပါသည်။  တောင်းခံယူသည့်ခေါင်းစဉ်မှာ  ဂေါက်ကွင်း
ရံပုံငွေ နှင့် ဆို က ရေး တီး ရံပုံငွေ အတွက်ဟု ပြောကြားခဲ့ကြောင်း ကြားသိရပါသည်။
ယ္ခု အခါတွင် သံတွဲမြို့ ရှိ ဋ္ဌာနဆိုင်ရာ အသီးသီး မှာ လာဒ်ပေးလပ်ယူမှု လွန်စွာနည်းပါး နေခြင်းကြောင့် များစွာ အခက်တွေ့လျှက်ရှိကြောင်းသိရှိ
ရပါသည်။
ယင်းသို့ အတင်း အဓမ္မ အာဏာသုံး၍ တောင်းခံယူမှုကြောင့် လာဒ်ပေးလာဒ်ယူမှုများ ပြန်လည်များပြားလာမည်ကိုလည်း ကျနော်တို့ များစွာ
စိုးရိမ်ကြောင့်ကျ ဖြစ်မိပါသည်။
ခရိုင်အုပ်ချုပ်ရေးမှုး ထွန်းဝေ မှာ ယ္ခင့်ယခင် တုန်းကလည်း အလားတူ ငွေကြေးကောက်ခံယူမှု  များစွာရှိခဲ့ကြောင်း  ၎င်းငွေကြေး
များကောက်ခံယူမှု အပေါ် စရင်း အင်းများ  မရှင်းလင်းခဲ့ကြောင်းသိရှိခဲ့ရပါသည်။
နောက်ထပ်၍လည်း ဂျိတ္တောကျေးရွာ ငါးလှန်း ကွက် များ တစ်ကွက်လျှင် ကျပ် ငါးသောင်းစီ တောင်းခံရန် စီစဉ်နေကြောင်းလည်း သိရှိရပါသည်။
ပင်လယ် ကမ်းခြေ ငါးလှန်းကွက်များမှ အကွက် ၂၀ဝ ကျော်ခန့်ရှိပါသဖြင့် နှစ်စဉ် သိန်း တစ်ရာကျော်ခန့် ရရှိနေကြောင်း နှင့် ၎င်း ရရှိသည့်ငွေ
များကို မည်သည့်နေရာ အတွက် အသုံးပြုသည်ကိုလည်း ဒေသခံပြည်သူများ ကသိရှိလိုကြောင်း ကြားသိရပါသည်။
နိုင်ငံတော်သမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ် ကြီးများ သိရှိနိုင်စေရန် ရည်ရွယ်၍
တင်ပြလိုက်ရပါတော့သည်ခင်ဗျား ။

( အရေးအသားများ ညံ့ဖျင်းမှု အပေါ် သည်းခံခွင့်လွှတ်ပေးပါ )

21 comments

  • haha

    September 18, 2011 at 11:39 pm

    အဖြစ်ကတော့ မနှစ် တွေ ကနဲ့ မတူတော့ကြောင်း အကြီးအကျယ် လာဒ်စားသူများ သိရှိစေရန် ရည်ရွယ်
    လျှက် ။

    • minthar

      September 18, 2011 at 11:51 pm

      သူက နာမည်ကြီးလေ၊ ဟိုတစ်ခါလဲတိုင်ခံထိတယ် ကြားတယ်၊ ဘာမှ မဖြစ်ဖူး တဲ့၊
      သူ့ဆရာက ဗိုလ်ချုပ်မောင်ဦး (ရခိုင်ပြည်နယ် တာဝန်ခံ) ဆိုတော့ အေးရာအေးကြောင်း
      ငြိမ့်နေတယ် ပြောသံကြားမိတာပဲ၊
      ဟဟ ရေ မလွယ်ဘူးနဲ့တူတယ်၊

    • မောင်တုတ် ကြီး

      September 19, 2011 at 6:33 pm

      ကြည့်ရတာ နေပြည်တော်စာတိုက်ကိုပို ့လိုက်တာဒီကိုရောက်သွားတယ်။ကျနော် မောင်တုတ်ကြီး

      နှာစေး၊ချောင်းဆိုးနေပါတယ်။

      • မောင်တုတ် ကြီး

        September 20, 2011 at 11:24 am

        စာတိုက်ပုံးမှားရုံတင်မဟုတ်တော့ ပါလား။
        အထင်နဲ ့အမြင်တက်တက်စင်အောင်လွဲ ပြီးဘီလူးဆိုင်းတီးနေကြပီ။

  • yel ag lun

    September 18, 2011 at 11:45 pm

    ကောင်းပါတယ် ပွချင်တဲ့သူတွေပွကြပေတော့ ( မကောင်းသတင်း) ..

  • ငရဲသား

    September 19, 2011 at 12:45 am

    သုံးသိန်း အသံကြားလို့ အဆင်ပြေပြီ အထင်နဲ့ ဝင်ကြည့်မိတယ် ၊
    အားပါး အများကြီးပါလား ၊ သူတို့ တွေများ အဆင်ပြေလိုုက်ကြပုံ ကတော့ ။
    ဘယ်တော့မှ စားပိုးနင့်မလဲ မသိနိုင်တော့ပါဘူး။

  • mgmglusoe

    September 19, 2011 at 12:58 am

    အဲဒီငွေတွေ ဘယ်နေရာမှာ သုံးသလဲ….?
    မြင်နေရတာတော့ ကား ဝယ်စီးတယ်၊ (သူ့လခ လေးနဲ့ ကားကိုမပြောနဲ့ ဓါတ်ဆီဖိုးတောင် အနိုင်နိုင်)

  • kokyaw

    September 19, 2011 at 2:20 am

    သူတို့ခေတ်က မကုန်သေးဘူးလားဗျာ တစ်တိုင်းပြည်လုံး အသံတွေ ပွက်ပွက်ညံနေတယ်
    တရားမျှတမှု ဆိုတာ ဘယ်မှာ မှ မရှိနိုင်တော့တဲ့သခြေအနေ ဆိုက်ရောက်နေကြပီ
    ကောင်းတဲ့ အချက် ဘယ်မှာမှ မတွေ့နိုင်တော့ပါလား ။

  • kyawkyaw11

    September 19, 2011 at 5:08 am

    နိုင်ငံတော်ကြီးသာယာလှပတင့်တယ်နိုင်ဖို့ ဝိုင်းဝန်းကူညီမှရမှာပေါ့ ဒီကိစကိုခံနေရတာက ကျွန်တော်တို့
    ဂျိတ်တောသားတွေပါ ထင့်ခနဲဟိုအကြောင်းပြဒီအကြောင်းပြရံပုံငွေတောင်းတော့တာပါ
    နောက်တစ်ခုက လမ်း သွားပြန်ဆို 400 ဖြတ်သန်းခပါ နေလသစ်စာကပါ ကပ်တရာလမ်းပေါ်ကျောက်ခဲ
    နဲ့ဖို့ပြီး ဆိုင်ကယ်တစ်စီးကို သွားပြန် 400 တောင်းစားနေတာပါ ဆိုင်ကယ်တွေခဗျာတော့ခံပေါ့
    အော်—ကမ်းခြေသားတွေဘဝ အဖက်ဖက်က မလှပါလား………

    ဂျိတ်တောသားငထွား

  • ရွှေဘိုသား

    September 19, 2011 at 8:43 am

    လုပ်ချင်ရာလုပ်ပါ ဘာကိုမှ အပြစ်မတင်ပဲ မေတ္တာပဲ ပို.ပေးလိုက်တော.မယ်
    ကျန်းမာပါစေ ချမ်းသာပါစေ

  • အာရက္ခ မြေသား

    September 19, 2011 at 11:02 am

    တကယ်စားရင်းရှင်းတမ်း ရှိမရှိကို ရုံးကိုလာကြည့်ပြီးမှစကားပြောပါ။အထင်နဲ ့မစွတ်စွဲကြပါနဲ ့။

    ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်မှုဆိုရင် တော့ မကောင်းတော့ဘူး။

  • etone

    September 19, 2011 at 11:05 am

    ဂေဇက်ထဲ ဝင်လာတဲ့ လူတွေအများကြီးထဲ … သံတွဲနဲ့ သက်ဆိုင်သူတွေ အတော်များများပါလားဗျို့ …. :mrgreen:

  • အာရက္ခ မြေသား

    September 19, 2011 at 11:18 am

    ဟုတ်ပါတယ်. အကိုရေ ဖတ်နေတာတော့ကြာဘီ။
    မဟုတ်မဟပ်တာတွေ. ရေးကြတာများလို ့ဝင်ဖြေရှင်းတာပါ။ကူညီပေး ကြပါ။
    ကျွန်တော့် မြို ့လေးမနစ်မွန်းစေချင်လို ့ပါ။

  • myanpyithar

    September 19, 2011 at 2:44 pm

    ကျုပ်သိရကြားရတာလေးကလဲအဆန်းဗျ…
    ကျွန်တော် သတင်းတစ်ခုကို sharing လုပ်ပါရစေ အဲဒါကတော့ ယခုရက်ပိုင်းအတွင်း နိုင်ငံပိုင် သတင်းစာ(မြန်မာ့အလင်း)တိုက်မှ ဝန်ထမ်း (ရာထူးကြီးကြီးယူထားသူ) တချို ့ရဲ ့ လာဒ်ပေးလာဒ်ယူကိတ်စလေးပါ အဆိုပါဝန်ထမ်းသည် သတင်းစာကိုယ်စားလှယ်ကြီးများထံမှ ပေးသွင်းသော လစဉ်သတင်းစာဖိုးငွေများကို နိုုင်ငံတော် ဘဏ္ဍာငွေစာရင်းထဲသို ့မပေးသွင်းဘဲ မိမိအကျိုးစီးပွားအတွက် သုံးစွဲခဲ့ပြီး (အနည်းငယ်ကို လက်အောက်ဝန်ထမ်းများသို ့ခွဲဝေသုံးစွဲခိုင်းပါသည်) ။ ယခုအခါ စာရင်းစစ် (သုံးဖွဲ ့မြောက်) ဝင်သောအခါမှ ယင်းဝန်ထမ်းဧ၊် ငွေအလွှဲသုံးစားလုပ်ထားနေမှုများကို ရှာဖွေတွေ ့ရှိသွားပြီး ၎င်းမပေးသွင်းခဲ့သော သတင်းစာဖိုးငွေများကို ကိုယ်စားလှယ်ကြီးများထံမှ ထပ်မံပေးသွင်းစေခြင်း(မပေးသွင်းနိုင်ပါက သတင်းစာကိုယ်စားလှယ်အဖြစ်မှ ရပ်စဲစေမည်ဟု ခြိမ်းခြောက်)၊ သတင်းစာကိုယ်စားလှယ်ကြီးများမှာလည်း မိမိတို ့အမှန်တကယ်ပေးသွင်းပြီးငွေများဖြစ်သဖြင့် ထပ်မံမပေးသွင်းနိုင်တော့ပါကြောင်း (ပေးသွင်းရန်အင်အားလည်း အမှန်တကယ်မရှိတော့ပါကြောင်း) ကာယကံရှင် ဝန်ထမ်း ထံမှသာ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများအတိုင်းအရေးယူဆောင်ရွက် ပေးကြပါရန် သတင်းစာကိုယ်စားလှယ်ကြီးများမှ အသနားခံတင်ပြတောင်းပန်ထားရပါကြောင်း သတင်းအမှန်လေး တင်ပြပေးလိုက်ရပါတယ်။

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 19, 2011 at 3:07 pm

    ဒီလို ဆိုတော့လဲကောင်းသားဗျို့။ခုလောက် လာဘ်လာဘကို မက်မောနေရင်ကွာ ဒီကောင်တွေကို ခရိုင်အုပ်ချုပ်ရေးမှူး
    လို့မခေါ်ဘဲ လာဘ်မှူးလို့တာခေါ်ကြတော့ဗျို့။

    • kokyaw

      September 20, 2011 at 12:41 am

      ခရိုင်အထွေထွေ တောင်းစားရေးမှုး ဆိုတာ ပိုကောင်းမလားလို့…
      ဒါမှမဟုတ် ကယ်ပါမှုး ပေါ့ဗျာ 🙂

  • windtalker

    September 19, 2011 at 8:32 pm

    တောက်..
    အဲဒီ
    ွထွန်းဝေ ဆိုတဲ့ အကောင်ကိုတော့
    ခေါ်ပြီး ပညာပေးဦးမှပါပဲ

    • မီးမီး သော်

      September 19, 2011 at 10:28 pm

      ကိုပေ့ တောင်မနေနိုင်ဘဲဝင် ကယ်ရတော့မယ်ထင်တယ်။သနားပါတယ်. အော် စိတ်ဒုက္ခတွေဘယ်တော့ငြိမ်းချမ်းရပေါ့မလဲ။

  • redbull

    September 19, 2011 at 9:59 pm

    အွင်….ခ်ခ်…
    တစ်ကယ်လား ဟင်…
    အားကိုးချင်လာပီး …. 😛

  • အာရက္ခ မြေသား

    September 20, 2011 at 1:12 pm

    ကိုယ်စိတ်ကို အများကြီးသိလာမှသာ သူတစ်ပါးစိတ်ထဲဘယ်လိုခံစားရတယ်တိုတာ နဲ့နဲ့သိလာပါလိမ့်မယ်။ အဲဒီလိုလူမှသာ ကိုယ့်အကျိုးရော၊ အများအကျိုးရော မထိခိုက်အောင်လုပ်နိုင်တယ်။ ဒါအပြင် ကိုယ့်အကျိုးရော၊ အများအကျိုးရော ကြီးကြီးမားမားဖြစ်ပေါ်လာအောင် အကျိုးကိုဆောင်ရွက်နိုင်တယ်။ ဒါ့ကြောင့် အများအကျိုးကို ဆောင်ရွက်ချင်တဲ့လူဆိုရင် သတိ၊ သမာဓိ၊ ဉာဏ်ပညာရှိဖို့ လိုတယ်။
    လူကြီးမင်းတို ့ယခုကဲ့သို ့ပြောဆိုနေခြင်းမှာဝေဖန်ခြင်းမမည်ပါဘဲ။ချောက်ချနေခြင်းဖြစ်သည်ကို ကျွန်တော် စိတ်မကောင်းဖြစ်ရပါသည်။

  • lulaymg

    September 22, 2011 at 11:24 pm

    ကျေးဇူးပါ သူကြီးရာ
    ခုမှ စိတ်လက်ကြည်သာသွားရပါတော့တယ်
    ဂို မတ်စ် ဆီမီတာ 😛

Comments are closed.