ပူလွန်းချိန်မှာ ရေခဲနဲ့ မအေးသင့်ပါ

klnMay 15, 20101min473

ရာသီဥတုပူတဲ့အချိန်မှာ ရေခဲရေအေးအေးတွေသောက်တာ ၊ အပူသက်သာအောင် ရေခဲဝတ်တင်တာတွေ ပြုလုပ်ရင် ခန္ဓာကိုယ်ရဲ့ အပူရှိန်ထိန်းတဲ့စနစ်ကို ထိခိုက်စေပြီး အသက်သေဆုံးစေတဲ့အထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်ရဲ့ အပူရှိန်ထိန်းတဲ့ စနစ်က ခန္ဓာကိုယ် အပူရှိန်တွေကို အေးအောင် ချွေးထုတ်ပေးတယ် သဘာဝက လုပ်ဆောင်ပေးတာ တွေကို သတိမထားဘဲ ရေခဲဝတ်တင်တာတွေ၊ ရေခဲရေအေးအေးတွေသောက်တာကြောင့် ခန္ဓာကိုယ်ရဲ့ အပူအအေးကွာဟချက်ကို ပြန်မညှိနိုင်ဘဲ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်တယ်’လို့ Keen Cie ကျန်းမာရေးဝန်ဆောင်မှုက မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာကျော်မင်းက ရှင်းပြတယ်။ အပူအအေးကွဲပြားမှုကိုလည်း ရုတ်တရက်မလုပ်ရဘူးလို့ သိရတယ်။ ခန္ဓာကိုယ်မှာ အပူချိန်များနေတဲ့အခါ ရုတ်တရက်ချက်ချင်း အဲကွန်းခန်းထဲဝင်လိုက်တာ မျိုးတွေမလုပ်သင့်ဘူးလို့ဆိုတယ်။ ခန္ဓာကိုယ်ရဲ့ အပူချိန်နဲ့ အပြင်က အအေးကွာဟမှုများလေလေအပူရှိန်ထိန်းစနစ်က ပြန်ညှိရခက်တာကြောင့် အသက်ဆုံးရှုံးတာတွေဖြစ်နိုင်တယ်လို့ သိရတယ်။ အပူချိန်များတဲ့အခါ ခန္ဓာကိုယ်က ချွေးထွက်စေပြီး အေးအောင်ပြန်လုပ်ပေးတာပါ။ ထွက်လာတဲ့ချွေးတွေကိုလည်းရုတ်တရက်သုတ်ပစ်တာမျိုးတွေ၊ ချွေးသိပ်အောင်ရေခဲဝတ်တင်တာမျိုးတွေအအေးခံတာမျိုးတွေမလုပ်ရဘူးလို့ သိရတယ်၊ ခန္ဓာကိုယ်ရဲ့ အပူရှိန်ထိန်းစနစ်အရ အတွင်းအပူချိန်ကို အေးအောင် သွေးကြောတွေက တစ်ဆင့် တစ်ကိုယ်လုံးကိုချွေးထွက်စေတာဖြစ်ပါတယ်။ ကိုယ်တွင်းအပူချိန်များနေသူအတွက် အန္တရာယ်ပိုရှိတာကြောင့် ရေများများသောက်ဖို့လိုပါတယ်။ ချွေးထွက်လွန်ရင်ဓာတ်ဆားရည်ဖြည့်သောက်နိုင်တယ်လို့သိရတယ်။ ရေဆာတိုင်း ချက်ချင်းသောက်ရမှာဖြစ်ပြီး သာမန်ရေအေးအေးကို သောက်နိုင်တယ်လို့သိရပါတယ်။ အပူချိန်ကို မခံနိုင်လို့ အသက်ဆုံးရှုံးရတဲ့သက်ကြီးရွယ်အိုလူကြီးတွေလည်း ရှိတာတွေ့ရတယ်။ သည်လိုပူပြင်းတဲ့အချိန်မှာ လည်း အပူကိုပိုထွက်စေတဲ့ အရက်ဘီယာသောက်ခြင်း၊ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်းတွေကိုလည်း ရှောင်ရမည်ဖြစ်သည်။

3 comments

  • intro

    May 15, 2010 at 11:29 am

    အစ်ကိုရေ…. အဲဒါတော့ အဲဒါပဲ… ဒါပေမယ့် ဒီနေ့ ရေခဲတုံးလိုက်ဝယ်တာ စောစောစီးစီး ဝယ်နေကျဆိုင်တွေမှာ ဝယ်လို့မရလိုက်ဘူးဗျ

  • susunosuki

    May 15, 2010 at 3:25 pm

    ကျွန်တော်တောင် တစ်နေ့ က
    ပူလွန်းလို့ ရေစိုပုဆိုးပါတ်ပြီးအိပ် လိုက်တာ
    နိုးတော့ လက်တွေကျင်နေတယ်

  • mG

    September 8, 2010 at 12:22 pm

    ဟင်း………..။နာဂစ်ကြောင့် လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဗျ။ဒါပေမဲ့ ကမ္ဘာတခုလုံးမှာ ဖြစ်နေကျတာတွေ ဆိုတော့လည်း ပြောလို့မရဖြစ်နေပြန်တယ်။ရေခဲတောင်တွေလည်း ပြိုလိုက်တာများဗျာ ရက်ဆက်တယ်။ဆိုးလိုက်တာလည်းလွန်ရာ ရာသီးဥတုလား။ရာသီသတ်သူ လားပဲ။
    အပူချိန်တွေ ပျင်းနေတဲ့ အချိန်မှာ တနေ့ကို မသောက်ဘူးဆိုရင်တောင်မှ အနည်းဆုံး ဓာတ်ဆားရည် တဘူးလောက်တော့ ရအောင်သောက်ပါ။

Leave a Reply