မြန်မာပြည်က သူဌေးကြီးတွေ ဘာ့ကြောင့်ကပ်စေးနဲတာလဲ

phone_kyawSeptember 19, 20111min36933

သူများတွေ ဘယ်နေရာကိုလှူကြသလဲ ဩစတျေးလျနိုင်ငံက ဘီလျံနာသူဌေးကြီး အန်ဒရူးဖောရက်စ်လည်း လှူတာဝါသနာပါပါတယ်။ သူက မြန်မာတွေလို ဘုန်းကြီးကိုလည်းမလှူပါဘူး။ ဘုရားတည်ကျောင်းဆောက်တာလည်း မလုပ်ပါဘူး။ ရော့…မင်းကိုတစ်သိန်းပေးတယ် ဆိုပြီးလည်း မလုပ်ပါဘူး။ သူက မိဘမဲ့ခလေးဂေဟာကိုလှူတယ်။ နို ့ ့ကင်ဆာကာကွယ်ရေးနှင့်သုတေသန အတွက်လှူဒါန်းတယ်။ ဌာနေတိုင်းရင်းသားတွေရဲ ့ပညာရေးအတွက် စကောလားရှစ်တွေပေးတယ်။ အိမ်ခြေမဲ့ အလုပ်လက်မဲ့တွေအတွက် အလုပ်အကိုင်နဲ ့အိမ်ယာ ရရှိရေးအတွက်လှူဒါန်းတယ်။ဒီလိုလှူဒါန်းတဲ့နေရာမှာ ရော့…ယူ ဆိုပြီး မလုပ်ဘူး။ လှူဒါန်းငွေကနေ အမြတ်ရအောင် လုပ်တယ်။ ဒီအမြတ်ငွေနဲ ့ရေရှည် ရပ်တည်နိုင်အောင်လုပ်ပေးထားတယ်။ ဥပမာ ဘဏ်တိုးနဲ ့အမြတ်ရှယ်ယာတွေကနေ ရေရှည်လည်ပတ်လို ့ရအောင်လုပ်ပေးတယ်။

တချို ့သူဌေးကြီးတွေက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်မြှင့်တင်ရေးအတွက် သုတေသနလုပ်ငန်းနဲ ့ပညာသင်ကြားရေးကိစ္စတွေမှာ လှူဒါန်းတယ်။ တချို ့တွေက သူတို ့မြို ့တွေမှာ အပန်းဖြေစရာ ပန်းခြံတွေ နဲ ့ စာကြည့်တိုက်တွေကိုလှူဒါန်းတယ်။ ဒီလိုမျိူးလှူဒါန်းမှုတွေက နိုင်ငံတည်ဆောက်ရေး ( Nation Building ) မှာ အရမ်းအရေးကြီးတယ်။ တချို ့သော စီမံကိန်းတွေက အစိုးရကိုပဲ အားကိုးနေလို ့မရပါ။ ဒါ့ကြောင့် ပိုက်ဆံချမ်းသာတဲ့လူတွေကလည်း တခါတလေ အစိုးရစဉ်းစားသလို စဉ်းစားပေးရတယ်။ ပြည်သူ ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်ပေးရပါတယ်။ ဒါမှ တရားမျှတပြီး ညီညွတ်တဲ့လူ ့ဘောင်တစ်ခုကို တည်ဆောက်နိုင်မှာပါ။

မြန်မာတွေဘယ်နေရာမှာ လှူဒါန်းကြသလဲ အများဆုံးတွေ ့ရတဲ့ နေရာကတော့ ဘုရားတည်တယ်။ ကျောင်းဆောက်တယ်။ ဘုန်းကြီးတွေကိုလှူတယ်။ ဗုဒ္ဓဘာသာက လူများစုဖြစ်တော့ ဒီလိုလှူတာကို အပြစ်မတင်ချင်ဘူး။ ဒါပေမဲ့ ဒီလိုနေရာတွေကို ဦးစားမပေးသင့်တော့ဘူး။ အနော်ရထာမင်းတရားကြီးခေတ်မှာ ဆောက်လိုက်တဲ့ ဘုရား နဲ ့ကျောင်းတွေဟာ နဲ တာမဟုတ်ဘူး။ သူကစလို ့ သီပေါမင်းအဆုံး တည်လိုက်တဲ့ဘုရား။ ကုန်ကုန်ပြောရရင် လက်ရှိ မင်းတရားကြီးသန်းရွှေခေတ်အထိ တည်လိုက်တဲ့ဘုရား ကုန်လိုက်တဲ့ငွေ နဲတာမဟုတ်ဘူး။ ဘယ်လောက်ကုန်လဲဆိုတာကို ယနေ ့ခေတ်ပေါက်ဈေးနဲ ့တွက်ကြည့်ချင်ပေမဲ့ မှတ်တမ်းမှတ်ရာမရှိတော့ မဖြစ်နိုင်ဘူး။

တကယ်လို ့သာ ဘုရင်အဆက်ဆက်က ဒီလိုဘုရားတွေကို ပေါက်ကရ နေရာတကာမတည်ပဲ အထက်ကပြောတဲ့သူဌေးကြီးတွေလှူတဲ့ နည်းအတိုင်းလှူလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ဒါဆိုရင် အခုလိုမျိူး လူတိုင်းရဲ ့ခေါင်းထဲမှာ ခိုးဖို ့ဘတ်ဖို ့ဆိုတဲ့ အတွေးအခေါ်တွေရှိမှာ မဟုတ်တော့ဘူး။ ဘုန်းကြီးဦးရေလည်း ဒီလောက်များမှာမဟုတ်ဘူး။

ဩစတျေးလျနိုင်ငံမှာ အနေကြာပြီဖြစ်တဲ့ မြန်မာတစ်ယောက်က သူ ့ရပ်ရွာကို အလည်ပြန်တယ်။ သူလည်း ဩစတျေးလျမှာနေလာတာ နှစ်ပေါင်း ၂ဝ-ကျော်ပြီဆိုတော့ ငွေလည်း အတော်စုမိနေပြီ။ မြန်မာပြည်က သူ ့ရွာလည်းရောက်ရော ဘုန်းကြီးကျောင်းဆောက်တယ်။ ဘုရားတည်တယ်။ ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးတစ်ပါးနဲ ့ကျောင်းသားတစ်ယောက်ပဲရှိတယ်။ ကုန်တဲ့ငွေက မြန်မာငွေသိန်းနှစ်ရာကျော်။ ဒေါ်လာသုံးသောင်းနီးပါး။ ဘုရားနဲ ့ကျောင်းမှာတော့ သူ ့နာမည်က အကြီးကြီးပေါ့။ ဦးဩစတျေးလျကောင်းမှုလို ့ရေးထားတယ်။ အဲဒိရွာမှာ စေတီတစ်ဆူရှိတယ်။ ဘုန်းကြီးကျောင်း နှစ်ကျောင်းရှိတယ်။ ဒီလိုရှိနေတာတောင် ဘာဖြစ်လို ့များ နောက်ထပ်စေတီတစ်ဆူနဲ ့ဘုန်းကြီးကျောင်းကို ထပ်ပြီးဆောက်ရလဲမသိဘူး။ ဒါတွေအစား ရွာမှာလိုအပ်နေတဲ့ အခမဲ့ အင်တာနက်ဆိုင်လေးလှူလိုက်ရင် ဘယ်လောက်ကောင်းမလဲလို ့ကျနော်တွေးမိတယ်။

သူတစ်ယောက်တည်း ဒီလိုမျိုး ဘုရားတည်တာလားဆိုတော့ မဟုတ်ဘူး။ တခြားဗမာတွေလည်း ဒီအတိုင်းပဲ။ အနဲစုကတော့ သူ ့တို ့ရပ်ရွာမှာ စာသင်ကျောင်းအတွက် ငွေလှူတယ်။ ကျောင်းပြင်တယ်။ ဒါကိုတော့ မဆိုးဘူးလို ့ပြောချင်တယ်။ တိုက်ရိုက်အကျိုးခံစားခွင့်ရနိုင်လို ့ပါ။ အနဲဆုံး ခလေးတွေလုံလုံခြုံခြုံစာသင်နိုင်မယ်။

ဒါပေမဲ့ မြန်မာအများစု အထူးသဖြင့် လူကြီးတွေပေါ့ သူတို ့စဉ်းစားချက်က တလွဲများဖြစ်နေလားမသိဘူး။ ကျနော်ကတော့ လွဲတာမှ အတော်လွဲတယ်လို ့ပြောချင်တယ်။ မြန်မာနိုင်ငံက သူဌေးတွေ ကပ်စေးနဲသည် မြန်မာနိုင်ငံမှာ ဒိတ်ဒိတ်ကြဲသူဌေးကြီးတွေက လှူဒါန်းတာ ဝါသနာမပါကြဘူးထင်တယ်။ မီဒီယာမှာ မြင်တွေ ့နေရတဲ့ သူဌေးကြီးတွေရှိတယ်။ ဥပမာ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးခင်ရွှေ၊ ဦးဝင်းအောင် စတဲ့ သူဌေးကြီးတွေဟာ ကပ်စေးနဲကြသလားလို ့ပါ။ ကျနော်ပဲ သူတို ့လှူတာကို မတွေ ့လို ့များလား။ ဆင်းရဲသားတွေ၊ သာမန်ချမ်းသာသူတွေတော့ လှူကြတာများပါတယ်။ ဒါကို စာရင်းနဲ ့ဖော်ပြရင် ပြီးမှာမဟုတ်ဘူး။ ကျနော်တွေးမိတာက လက်ရှိမြန်မာနိုင်ငံမှာ အရမ်းကို ချမ်းသာနေတဲ့လူတွေဟာ ကပ်စေးနဲတယ်။ ဆင်းရဲတဲ့သူတွေဟာ ကပ်စေးမနဲဘူး။ ဒါက လက်ရှိနိုင်ငံရေးကာလမှာ ကျနော်နိဂုံးချုပ်မိတဲ့ အချက်။

သူဌေးတွေဟာ ငွေကို ဘယ်ဂွင်ကနေ ဘယ်လိုရအောင်ဖန်ရမလဲဆိုတာကိုပဲ တချိန်လုံးစဉ်းစားနေကြတယ်။ နဲနဲပါးပါးပြန်ပေးဖို ့စိတ်ကူးမရှိကြတော့ဘူး။ ဒါလား ယဉ်ကျေးတဲ့ဗမာ။ အရမ်းချမ်းသာတဲ့သူတွေက ပိုပြီးလှူသင့်တယ်လို ့ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို ့က လူနဲစုဖြစ်တယ်။ ဒီလူနဲစုက လူများစုဖြစ်တဲ့ ဆင်းရဲသားတွေရဲ ့လုပ်အားကြောင့် ချမ်းသာတယ်။ နောက်တစ်ချက်က တိုင်းပြည်ရဲ ့သယံဇာတကြောင့် ချမ်းသာတယ်။ ဆင်းရဲသားတွေကော၊ တိုင်းပြည်ရဲ ့သယံဇာတတွေကောဟာ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံးနဲ ့သက်ဆိုင်တယ်။ သူတို ့လုပ်စားတက်လို ့ချမ်းသာတာကိုတော့ လက်ခံတယ်။ ဒါပေမဲ့ အဓိက တိုင်းပြည်နဲ ့ပြည်သူကြောင့်ပဲ။ ဒီလောက်ချမ်းသာနေကြပြီပဲ။ ဆိုတော့ သူတို ့ချမ်းသာတဲ့ အပုံဆယ်ပုံမှာ တစ်ပုံလောက်ကိုတော့ တိုင်းပြည်နဲ ့လူမျိုးအတွက် ပြန်လည်ဝေမျှသင့်တယ်။ တနည်းပြောရရင် လှူသင့်တယ်။ ဒါမှ တရားမျှမှာပေါ့။

သူတို ့ကတော့ ဒေါ်လာသိန်းကျော်တန်ကားကြီးနဲ ့ပျော်ပါးနေကြတယ်။ အကောင်းဆုံးတိုက်ကြီးထဲမှာ အကောင်းဆုံးပစ္စည်းတွေနဲ ့ဇိမ်ခံကြတယ်။ ကြိုက်တဲ့အစားအစာကို စားလို ့ရတယ်။ သူတို ့ဒီလိုဖြစ်နေတဲ့အချိန်မှာ လူများစုဖြစ်တဲ့ ပြည်သူတွေကတော့ ငတ်ပြတ်စုတ်ပြတ်ပြီး အဟာရမပြည်တဲ့ရုပ်တွေနဲ ့။ ဒါတွေကို သူတို ့မိုလို ့ ချမ်းသာရဲ ့သားနဲ ့ ကြည့်ရက်လေတယ်။ ဒါတွေကိုကြည့်ရင် ဒီလူတွေဘယ်လောက် အတ္တကြီးတယ်ဆိုတာ ပေါ်လွင်တယ်။ လှူသင့်တဲ့နေရာ သူဌေးကြီးတွေအတွက် လှူသင့်တဲ့နေရာတွေ တိုင်းပြည်မှာ အများကြီးရှိပါတယ်။ ဒီနေရာတွေထဲမှာ ဘုန်းကြီးကျောင်းနဲ ့ဘုရားတည်တာကို ကျနော်မပြောချင်ဘူး။ ဒီနေရာတွေကို မလှူစေချင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ စီးပွားရေးအရကြည့်ရင် အရင်းသေသွားတယ်လို ့ပြောချင်တယ်။ အရေးတကြီးလှူသင့်တဲ့နေရာတွေအများကြီးရှိတယ်။ ဥပမာ နားဂစ်စ်ဒုက္ခသည်တွေကို လှူသင့်တယ်။ သူတို ့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ပေးသင့်တယ်။ နောက်ပြီး ပညာရေးလုပ်ငန်းတွေ၊ သုတွေသနလုပ်ငန်းတွေ၊ ကျန်းမာရေးလုပ်ငန်းတွေမှာ လှူသင့်တယ်။ ဒီလိုလိုအပ်နေတဲ့ နေရာတွေကို ဦးစားပေးအနေနဲ ့ သူဌေးကြီးတွေ ကူညီသင့်တယ်လို ့ကျနော်ထင်တယ်။

ဘုန်းကြီးကျောင်းဆောက်၊ ဘုရားတည်၊ ဘုန်းကြီးတွေအတွက် မလှူရဘူးလို ့မပြောဘူး။ ဒါပေမဲ့ ဦးစားမပေးသင့်ဘူး။ မြန်မာပြည်မှာ ဘုန်းကြီးကျောင်းအရေအတွက်၊ စေတီပုထိုးအရေအတွက်တွေဟာ အင်မတန်များတယ်။ စာရင်းဇယား အတိအကျ မရှိပေမဲ့ အင်မတန်များတယ်လို ့ ပြောနိုင်တယ်။ ဒါ့ကြောင့် ထပ်ပြီးအသစ်ဆောက်စရာ တည်စရာမလိုတော့ဘူးလို ့ပြောချင်တယ်။

ဂျပန်နိုင်ငံမှာ ဆူနာမီဖြစ်တော့ ဂျပန်သူဌေးကြီးတွေဟာ မြန်မာနိုင်ငံကသူဌေးကြီးတွေလို ဖာသိဖာသာမနေကြဘူး။ သူတို ့ချမ်းသာတဲ့ အထဲက ပြန်ပြီးဖဲ့ပေးကြတယ်။ ဘယ်သူတွေဘယ်လောက်ပေးလဲဆိုတာကို ဒီနေရာမှာ အနဲငယ်ပြောပြချင်တယ်။ တာဒါရှီဆိုတဲ့ သူဌေးကြီးက သူ ့ရဲ ့ကိုယ်ပိုင်ငွေထဲနေ ဂျပန်ယမ်းငွေ သန်းတစ်ထောင်လှူတယ်။ သူ ့ရဲ ့ Company ကလည်း ယမ်းငွေ သန်းလေးရာလှူတယ်။ မြူးဇစ်ပရိုဂျူဆာဖြစ်သူ အက်စုစီ အာကီမိုတို (Music producer Atsushi Akimoto) ဆိုသူက ဂျပန်ယမ်းသန်းငါးရာလှူတယ်။ သူတို ့အပြင် တောင်ကိုရီးယား နဲ ့တရုတ်သူဌေးကြီးတွေလည်း လှူကြတယ်။ သူတို ့ထဲမှာ ထူးခြားတာက တရုတ်သူဌေးကြီး လီလျံနာချန်က Chen Guangbiao ဂျပန်ယမ်း တစ်ဆယ့်သုံးသန်းပဲလှူဒါန်းပါတယ်။ ကပ်စေးနဲတဲ့ တရုတ်။ ဒါက ဂျပန်မှာ ဆူနာမီခံရတုန်းက ဂျပန်သူဌေးတွေ သူတို ့လူမျိုးကို ပြန်ပြီးကူညီတဲ့ကိစ္စ။ မြန်မာပြည်မှာ မုန်တိုင်းမိတုန်းက မြန်မာသူဌေးကြီးတွေ ဘာလုပ်နေကြလဲ။ အခုလက်ရှိ တောင်ငူမှာရေကြီးတယ်။ ပဲခူးမှာရေကြီးတယ်။ လူတွေဒုက္ခရောက်ကြရတယ်။ သူတို ့ဒီလိုဖြစ်နေတာကို မြန်မာပြည်ကထိပ်ထိပ်ကြဲ သူဌေးကြီးတွေ ဘာများလုပ်ပေးခဲ့လဲ။ သောက်ရေလေးတောင် ဝယ်ပေးဖော်မရဘူး။ ဒါပေမဲ့ သူတို ့လှူတဲ့ နေရာတစ်ခုတော့ရှိတယ်။ အိန္ဒိယအခြေစိုက် မဇ္ဇျိမ သတင်းဌာနမှာ ရေးထားတဲ့ သတင်းလေးကို ဖတ်ကြည့်ပါ။ ” မြန်မာဘောလုံးအဖွဲ့ချုပ် MFF လက်ရှိ ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ယခုအခါ အငြိမ်းစားယူသွားပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးနှင့် ရင်းနှီးသူဖြစ်ပြီး လူ ၁,၀၀ဝ ခန့်တက်ရောက်သည့် နေရွှေသွေး၏ ၁၆ နှစ် ပြည့် မွေးနေ့ကို ဆီဒိုးနား ဟိုတယ်တွင် ၂၀၀ရ ဇွန်လက အမေရိကန်ဒေါ်လာ ၂၅,၀၀ဝ ကုန်ကျခံ ကျင်းပပေးခဲ့သည်ဟု သံရုံးအရာရှိက သိရှိရချက်ကို ပြန်လည်ရေးသားထားသည်” သူတို ့လှူဒါန်းမှုက တလွဲဖြစ်နေပါလား။

ဟိုကောင်..နေရွှေသွေးအောင်က ထမင်းငတ်နေတဲ့ ကောင်မှမဟုတ်တာဗျာ။ ဒါ့ကြောင့် ဒီလိုလှူတာကို တစ်ထောင်ရင်းပြီး တစ်သိန်းရအောင်ဂွင်ဖန်တဲ့ အလှူပဲလို ့ပြောချင်တယ်။ သူဌေးတွေပေါတဲ့ ဒို ့တိုင်းပြည် မြန်မာနိုင်ငံမှာ သူဌေးတွေအများကြီးရှိတယ်။ ဒါပေမဲ့ သူတို ့ဘယ်လောက်ချမ်းသာလဲဆိုတာကို အတိအကျမသိရဘူး။ တခြားနိုင်ငံတွေကလို ဒီလူကတော့ ဒေါ်လာ ဘယ်နှစ်သန်းချမ်သာတယ်၊ တနှစ်ကို အမေရိကန်ဒေါ်လာ ဘယ်နှစ်သန်းဝင်ငွေရှိလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြည်သူကို အသိပေးတယ်။ သူတို ့အပြင် ဗိုလ်ချုပ်ကြီးသူဌေးတွေလည်း အများကြီးရှိတယ်လို ့သိကြတယ်။ သူတို ့ရဲ ့ပိုင်ဆိုင်မှုကို ယနေ ့အထိ ပြည်သူက ရှင်းရှင်းလင်းလင်းမသိရဘူး။ လက်ရှိအစိုးရဝန်ကြီးတွေရဲ ့ပိုင်ဆိုင်မှု နဲ ့ စီးပွားရေးလုပ်ငန်းတွေကို ပြည်သူက သိသင့်တယ်။ ရွေးကောက်ပွဲမဝင်ခင်မှာ ပြည်သူကို တရားဝင်အသိပေးသင့်တယ်။

ဒါပေမဲ့ မြန်မာနိုင်ငံက မြန်မာလူမျိုးတွေရဲ ့ စိတ်ဓာတ်က သူခိုးစိတ်ဓာတ်ဖြစ်နေလို ့ လူထုကို အသိမပေးရဲကြဘူးထင်တယ်။ ရိုးသားတယ်ဆိုရင်တော့ ငါ့မှာ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာကို ပြောရဲရမှာပေါ့။ စာရေးဆရာကြီး ပါရဂူသေတော့ သူ ့ရဲ ့အိမ်အစုတ်လေးကို အများအတွက် လှူခဲ့တယ်။ဆရာကြီး အပြင် ဦးကျော်သူတို ့ ဇနီးမောင်နှံအပြင် အခြားလူတွေလည်းရှိပါသေးတယ်။ ဒီလူတွေသာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာချမ်းသာလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဒီလိုလူတွေဟာ တိုင်းပြည်နဲ ့လူမျိူးအပေါ်မှာ စေတနာရှိတယ်ဆိုပြီး သူတို ့လုပ်ရပ်တွေက ဖော်ပြနေတယ်။ ဒါပေမဲ့ ထိပ်ထိပ်ကြဲ သူဌေးကြီးတွေဟာ သူတို ့နဲ ့မတူ ၊ ဘာ့ကြောင့်များ အရမ်းကပ်စေးနဲကြတာလဲ မသိဘူး။

ဦးတေဇဆိုရင် ဒေါ်လာသန်းထောင်ချီပြီး ချမ်းသာတယ်။ သန်းတစ်ရာလောက်ကို ဆင်းရဲတဲ့ပြည်သူတွေကို ပြန်ပေးရင် ဘယ်လောက်ကောင်းလိုက်မလဲ။ သန်းတစ်ရာကိုလှူလိုက်လို့ သူလည်း မမွဲသွားနိုင်ပါဘူး။ ဒီငွေနဲ ့သာဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မှီ တက္ကသိုလ်ကြီးတစ်ခုတောင် တည်ထောင်လို ့ရတယ်။ ဒီလိုမျိုး လူတွေအတွက် ရေရှည်အကျိုးကိုကြည့်ပြီး သူဌေးကြီးတွေ လှူကြစေချင်တယ်။ အမေရိကန်နိုင်ငံက George Soros ဆိုတဲ့သူဌေးကြီးတောင် မြန်မာပြည်နဲ ့ပက်သက်ပြီးလှူဒါန်းတယ်။ မြန်မာပြည်ဒီမိုကရေစီရေး နှင့် ပွင့်လင်းတဲ့လူ့ဘောင်ဖြစ်ရေးအတွက် သူ ့ရဲ ့ငွေကိုသုံးတယ်။ သူက ဗမာပြည်မှာမွေးရင် ဒိထက်ပိုလှူအုံးမယ်ထင်တယ်။ ပြည်ပရောက် အတိုက်အခံတွေ ပြည်တွင်းက အတိုက်အခံတွေဟာ သူ ့ပိုက်ဆံနဲ ့ပညာတက်သွားတဲ့လူတွေ သူဌေးဖြစ်နေတဲ့လူတွေအများကြီးရှိတယ်။ သူ ့ရဲ ့အတုကို ဗမာပြည်က သူဌေးကြီးတွေ ဘာလို ့အတုမယူကြတာလဲမသိဘူး။ မြန်မာတွေ ချမ်းသာတာ ဆင်းရဲတာဟာ မြန်မာပြည်နဲ ့မြန်မာလူမျိူးကြောင့်ဖြစ်ပါတယ်။ ချမ်းသာတဲ့ လူတွေဟာ ဆင်းရဲတဲ့လူတွေကို ပြန်ပြီးကူညီသင့်ပါတယ်။ ဒါမှ လူ ပီသမှာပါ။ အခုတော့ မြန်မာပြည်ရဲ ့သူဌေးကြီးတွေဟာ သူတို ့အတွက်ပဲ ကြည့်နေသလားလို ့ပါ။

http://www.japanprobe.com/2011/03/17/rich-famous-people-donate-to-earthquake-victims/ http://www.mizzimaburmese.com/special/burma-related-leaked-us-cables/8338-2011-09-16-15-30-43.html http://www.irrawaddy.org/article.php?art_id=1923 http://www.soros.org/about/bios/staff/george-soros

33 comments

  • weRone

    September 19, 2011 at 9:57 am

    ဟုတ်ပါတယ်.. တကယ်လိုအပ်တဲ့ နေရာမှာ လှူတာ ပိုကောင်းတယ်လို့ ကျွန်မ ထင်ပါတယ်။ ပြည့်နေတဲ့ အိုထဲ ပဲ ထပ်ထပ်ထည့်နေရင် လျှံကျတာပေါ့.။။
    ဒါပေမဲ့ မြန်မာ ပြည်က သူဌေးကြီးတွေ လိုအပ်တဲ့ နေရာမှာလည်း ပိုက်ပိုက် မနှမျောကြပါဘူး.. ဖုန်းလိုချင်တဲ့ သူဆိုဖုန်း ၊ ကားလိုချင်တဲ့ သူဆို ကား.. ၊ တိုက်ခန်းဆို တိုက်ခန်းနဲ.. ဟဲဟဲ စေတနာ ဗရပွ နဲ လှူနေလိုက်ကြတာ……… အလှူရှင်နဲ အလှူခံ သမား ဟုတ်နေတာပဲ… 😀 😛

    • pan pan

      September 19, 2011 at 10:42 am

      အမယ်….သူရို့က လှူတာ အလကားလှူတယ်မှတ်လို့လား
      “လှူဒါန်းငွေကနေ အမြတ်ရအောင် လုပ်တယ်။”
      နိုင်ငံခြားကသူဌေးမှမဟုတ်ဘူး တို့နိုင်ငံကသူဌေးတွေလည်း အမြတ်ရအောင်လှူတတ်တယ် 🙄

  • နီလေး

    September 19, 2011 at 10:26 am

    သူတို့တွေဘာကြောင့်ကပ်စေးနည်းသလဲဆိုတာတော့ မသိဘူး ကိုယ်တိုင်တော့ ကိုယ်ရတဲ့လခလေးက အမြဲတစ်လတစ်ကြိမ်တော့ လှူဖြစ်တယ်

  • ကြောင်ကြီး

    September 19, 2011 at 10:31 am

    သူတို့တွေက ပိုနှမြောတတ်တယ်ကွဲ့။ သဂျီးကတော့ အပြစ်မမြင်ပါနဲ့တဲ့။ သုံးဖြုန်းမှ ရောင်းပန်းဝယ်ပန်း ပိုပွင့်မှာပေါ့တဲ့။ ဒီတော့ ကျွန်ခံကြ၊ ကိုယ်လုပ်တော်ဖြစ်ကြ သူတို့တွေရဲ့ စိတ်ဆန္ဒတွေကို ဖြည့်ပေးလိုက်ကြပေါ့ကွယ်။ အရိုးအရင်းလေးတော့ ကိုက်ရမှာပါ။ စကားမစပ် သဂျီးတူမ မြန်မာပြည်မှာ စီးတဲ့ကား ပို့ရှေး၂၀၁၁ မော်ဒယ်လ်က ဒေါ်လာနှစ်သိန်းခွဲ တန်တယ်ဆိုလား..။

  • ုhtoosan

    September 19, 2011 at 10:42 am

    ဖုန်းကျော် သတင်းစာ မဖတ်လို့ မသိတာပါ. ပြောသလို ဂွင်ရိုက်ဖို. သိအောင်တစ်မျိုုး မသိအောင် တစ်မျိုး လူနေတာတွေ အများကြီးပါ။ ဦးခင်ရွှေတို့ လူတာများ အသင်းပိုင်ငွေများ သူရှေ့ထွက်ထွက်ပြီးလူပြစ်လို့ အသင်းပိုင်ငွေများ မရှိဖြစ်ရပါတယ် လို့ကြားဘူးပါတယ်။
    ဖုန်းကျော်ပြောတဲ့ ဘုန်းကြီးကျောင်းဘဲဖိလှုကြတာကတော့ …. အင်း ……လက်ငြိမ်ငြိမ်နေလိုက်ဦးမယ်။ သံဃာတွေကိုတိုက်ခိုက်နေတယ်ဖြစ်မှာစိုးလို့။
    သူများပြောတာဘဲစောင့်ဖတ်လိုက်ဦးမယ်။

  • မီးမီး သော်

    September 19, 2011 at 12:23 pm

    “”ဘုရင်အဆက်ဆက်က ဒီလိုဘုရားတွေကို ပေါက်ကရ နေရာတကာမတည်ပဲ အထက်ကပြောတဲ့သူဌေးကြီးတွေလှူတဲ့ နည်းအတိုင်းလှူလိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဒါဆိုရင် အခုလိုမျိူး လူတိုင်းရဲ ့ခေါင်းထဲမှာ ခိုးဖို ့ဘတ်ဖို ့ဆိုတဲ့ အတွေးအခေါ်တွေရှိမှာ မဟုတ်တော့ဘူး။ ဘုန်းကြီးဦးရေလည်း ဒီလောက်များမှာမဟုတ်ဘူး။”””

    ကြိုက်တဲ့ အရေးအသားမို ့ပါ။အတိုက်အခံလုပ်ရခြင်းမဟုတ်ရပါနော်။

  • Foreign Resident

    September 19, 2011 at 1:05 pm

    Warmly Welcome, Ko Phone Kyaw.

  • chitsu

    September 19, 2011 at 2:26 pm

    မြန်မာနိုင်ငံမှာတော.လှူတဲ.သူဌေးတွေရှိပါတယ်
    တကယ်လိုတဲ.နေရာမှာလှူတဲ.သူဌေးရှိသလို……ှလှူသလို
    တစ်ချို.သူဌေးတွေကတော.နာမည်ကြီးချင်လို.လှူကြတဲ.သူတွေရှိပါတယ်
    နာမည်ကြီးချင်လို.လှူတဲ.သူကျတော.သူလှူတာကိုလူသိအောင်လည်းလုပ်တတ်သေးတယ်
    သူလှူမှန်းလူတွေမသိစေချင်တဲ.လူတွေကတော.ဘာဆိုဘာမှတောင်မသိရပါဘူး
    လှူနိုင်တဲ.လူတွေကိုတော.သာဓုခေါ်ပါတယ်

  • Shwe Ei

    September 19, 2011 at 2:39 pm

    လှူတာတောင် အမြတ်ရဖို့သေချာမှ လှူနေကြတဲ့လူတွေကို သွားပြောရင် နွားရှေ့ ထွန်ကျူး သလို ဖြစ်နေတော့မှာပေါ့ ကိုဖုန်းကျော်ရယ်။ ဒါပေမဲ့ မရေးဘဲတော့မနေလိုက်ပါနဲ့။ ဆက်လက်အားပေးပါမယ်။

  • aungnng87

    September 19, 2011 at 2:57 pm

    ဘုန်းကျော်ဘက်က စေတနာနှင့်ရေးသားသော်လည်း စာဖတ်သူဘက်က ကြည့်လျှင် အရေးအသား ရင့်သီးပါသည်။

  • search123

    September 19, 2011 at 3:07 pm

    ဆက်ရေးပါဦး။အားပေးပါတယ်။

  • blackchaw

    September 19, 2011 at 3:43 pm

    “ဆရာမောင်သာချို” ရဲ့ စာပေဟောပြောပွဲက စကားတွေကို ပြန်ပြောပြချင်တယ်။
    “လယ်တီဆရာတော်ဘုရားကြီး” က ဒီလိုရေးခဲ့တယ်တဲ့။
    သံသရာကို မျှော်မှန်းပြီးလှူတာလောက် ယုတ်ညံ့တာမရှိပါဘူးတဲ့။
    ဒုတိယ ယုတ်ညံ့တာက လက်ရှိဘဝမှာ အကျိုးသက်ရောက်စေဘို့ လှူတဲ့ အလှူပါတဲ့။
    လူ့အဖွဲ့အစည်းမှာ နေရာကျအောင် တွက်ချက်ပြီးလှူတဲ့ အလှူပေါ့ဗျာ။
    အကောင်းဆုံး အမြင့်ဆုံး အလှူက သံသရာအကျိုးကိုလည်းမကြည့်၊ လက်ရှိဘဝ အကျိုးကိုလည်းမကြည့်ပဲ အလှူခံသော ပုဂ္ဂိုလ်များ ဒါကိုလက်ခံလိုက်ရင် ဘယ်လောက်အကျိုးရှိမလဲလို့ တွက်ပြီးလှူတဲ့ အလှူပါတဲ့ ခင်ဗျာ။

  • tra

    September 19, 2011 at 4:08 pm

    အတွေးကော အရေးကော ကြိုက်ပါတယ် ခွင့်ပြုရင်ရှယ်ချင်ပါတယ် တစ်ခြားသူတွေကိုလည်း ဖတ်စေခြင်လို့ပါ…………

    • barnay

      September 19, 2011 at 10:26 pm

      မရှယ်စေချင်ရင် ဒီလို စာမျက်နှာပေါ် ရောက်မလာပါဘူး ..ဒါပေမဲ့ ရေးသူ နာမည်ကိုတော့ ထည့်ပေးဖို့လိုပါတယ် .. ..

  • ုhtoosan

    September 19, 2011 at 4:13 pm

    ့မြန်မာတွေ ထဲမှာ သံသရာ အကျိုုးမကြည့်ဘဲ လှုူတဲ့ သူတော်တော်ရှားမှာဘဲ။ဆုတောင်းတာ ဆုပေးတာ မှာကို အမြဲ ပါနေတာ။

  • kai

    September 19, 2011 at 4:22 pm

    တယောက်-သုံးကိုယ်ခွဲ
    ထေရဝါဒ၏ အဋ္ဌကထာ၊ဋီကာ တို့တွင် ရှေ့ဘဝ၊ နောက်ဘဝတို့နှင့် သူ၏ဆက်စပ်နွယ်မှုတို့ကို ပြောဟောသွန်သင်ထားကာ မြန်မာတို့၏ နေ့ စဉ်သုံးစကားခင်းကျင်းရာတို့၌ပင် လွန်စွာ လွှမ်းမိုးမှုရှိနေသည်ကို သတိပြုမိကြပါလိမ့်မည်။
    အဆိုပါမသိစိတ်သည် အစွန်းရောက်နေပြီး ယခုဘဝဖြစ်လာသမျှ သုခ ဒုက္ခတို့သည် ရှေးဘဝ ကပြုလုပ်ခဲ့သည် ကံ၌သာ လုံးဝ အခြေခံသည်ဟု ဆိုကြသော “ပုဗ္ဗေကတဟေတုဝါဒီ”အများစု ဖြစ်နေကြသည်ဟုဆိုရပေမည်။ ထိုသူတို့သည် ပစ္စုပ္ပန်မိမိ၏ ရပ်တည်မှုကို တာဝန်ယူခြင်းအပြည့်မရှိမူပဲ အပြန်အလှန် လွှဲချနိုင်ကြသည့် တယောက်သုံးကိုယ်ခွဲထားသူ များဖြစ်နေကြသည်။
    “ပြုသူအသစ် ဖြစ်သူအဟောင်း”ဟူသော ဓလေ့စကား အခြေထား ရှင်းပြပါမည်။
    – လက်ရှိဖြစ်ပျက်နေမှု အကျိုးတရားများသည် ရှေးရှေ့ဘဝ၏ကံအကြောင်းတရားများကြောင့် ဖြစ်သည့် (လည်ပတ်နေခြင်း)ဝဋ် ဟု ယုံကြည်ကာ ရှေ့ဘဝမှမိမိကိုယ်ကိုလွှဲချရည်ညွှန်းပြခြင်းအား ဖြင့် တည်ရှိသည့် ရှေ့ဘဝမှ ပုဂ္ဂိုလ်တဦး
    – လက်ရှိဘဝ ပစ္စုပ္ပန်လောကတွင်နေထိုင် ရှင်သန်နေကာ အသစ်သောကံတို့ ပြုနေသူ ပုဂ္ဂိုလ်အားဖြင့် တဦး
    – ယခုပြုပြုသမျှတို့သည် နောင်ဘဝသို့ ကံ- ကံ၏အကျိုးအရ သယ်ယူပါသွားမည်ဖြစ်ပေရာ နော င်ဘ ဝတွ င် ကော င်းကျိုး ၊ဆိုးကျိုး မ ျား ရယူစံစား-ခံစားလေမည့် ပုဂ္ဂိုလ်တဦး

    သို့ဖြစ်၍ မြန်မာသည် တဦးတည်းနှင့် သုံးစု သုံးကိုယ်နှင့်နေထိုင်ရှင်သန်ခြင်းသို့ရောက်လေ သတည်း။
    ထိုအ ြ ဖ စ်သ ည် သာ မ န်ကာ လ ျှံကာ ထင်ရသော်လည်း လူနေမှုအသိုင်းအဝိုင်းအတွင်း အုပ်စုဖွဲ့ခြင်း တူရာစု၍ စုပေါင်းလုပ်ဆောင်ခြင်း တို့တွင်အားနည်းစေသည်ကို သတိပြုမိသည်။
    ====================
    ဩဂုတ်လ ၂၀၁၁ အယ်ဒီတာ့သင်ပုန်းမှ…

    • မိုက်ကယ်ဂျော်နီအောင်ပု

      September 19, 2011 at 6:29 pm

      ရဟန်း လူလိုကျင့်သော် သီလပျက်၏
      လူ ရဟန်းလိုကျင့်သော် စီးပွားပျက်၏

  • TTCG

    September 19, 2011 at 4:45 pm

    ဒီသူဌေးကြီးတွေလည်း သူတို့ဘာသူ သူတို့ ကြိုးစားလို့ သူဌေးဖြစ်တာပဲဗျာ… (မတရားသဖြင့် ချမ်းသာလာတဲ့ သူဌေးတွေလည်း ရှိနိုင်ပါတယ်)… သူတို့ဘာသာသူတို့ လှူချင်စိတ်ရှိလို့ လှူရင်တော့ ကောင်းတာပေါ့ဗျာ… လှူချင်စိတ်မရှိလို့ မလှူတဲ့သူဌေးတွေကိုတော့ ကျွန်တော့်အနေနဲ့ ဘယ်လိုမှ သဘောမထားပါဘူး… သူ့စိတ်နဲ့ သူ့ကိုယ်ပိုင် ပိုက်ဆံကို သူကြိုက်သလို လုပ်နိုင်ပါတယ်… ဒီလို မလှူတဲ့လူတွေကို လူမပီသဘူးလို့ ပြောတာကတော့ နည်းနည်းမတရားဘူးလို့ ထင်မိပါတယ်

    • barnay

      September 19, 2011 at 10:31 pm

      လူတစ်ယောက်အတွက် အရေးသည် သူနှင့်ပင်ဆိုင်ပါတယ် .. ကူညီလိုစိတ်တွေ ဖြစ်လာဖို့မှာလည်း သူ့အပေါ်မှာ မူတည်ပါတယ် .. အသိရှိသော ၊ ကူညီချင်စိတ် ရှိသော သူများသာ ကောင်းတဲ့လုပ်ရပ်ကို လုပ်မြဲလုပ်ပါ ..။ တခြားသူ မလုပ်တာကို ကိုယ်က သွားပြီး စိတ်ကွက်နေရင်လည်း တစ်ဘဝသာ ရခဲတဲ့ ဒီဘဝမှာ ကိုယ်သာ အရှုံး ဖြစ်နေပါ့မယ် ..။ ဖြစ်နိုင်ရင်တော့ စိတ်ဆင်းရဲမှု တစ်ခုတစ်လေမျှ ဘယ်သူ့ကိုမှ မရှိစေချင်တာပါပဲ .. ။ သူ့ကံအကြောင်းတရားနဲ့ သူဖြစ်နေတာပါ..။

  • manawphyulay

    September 19, 2011 at 4:51 pm

    သူဌေးကြီးတွေအနေနဲ့လည်း ဘယ်ပေးနိုင်မလဲ။ သူတို့လည်း ဂွင်ရိုက်ပြီး မနည်းရှာဖွေထားရတာ။ ဒီလိုနေရာတွေ အကုန်ပေးလိုက်တော့ သူတို့နာမည်အတွက် ဘယ်လိုရနိုင်မလဲ။ နေရာအတွက်ပဲ လှူတော့မှာပေါ့ ဟုတ်ဘူးလား။ မနောတို့ဖြစ်ချင်တာ မဖွံ့ဖြိုးသေးတဲ့ ဒေသတွေမှာ ပညာရေး၊ လူမှုရေးလေးတွေ အဖက်ဖက်က ဝိုင်းဝန်းလုပ်ဆောင်ကြမယ်ဆိုရင် ဒီလိုသူဌေးကြီး နာမည်ကမ္ဗည်းတင်စရာမလိုပဲ သူ့ဘာသာ အလိုလို ရနေမှာကို မသိရော့လေသလားပဲ။
    ဘဝမှာ မရှိလို့မလှူ မလှူလို့မရှိတဲ့။ ခုက ရှိတဲ့သူက မလှူဆိုတော့ ဘယ်လိုပြောရမလဲ….

  • musicalpunk

    September 19, 2011 at 6:46 pm

    တကယ်ရှိတာမဟုတ်ဘဲ လူမြင်အောင် ပြတယ်ဆိုရင်ရော။

  • windtalker

    September 19, 2011 at 8:23 pm

    ဒီက ဘစ်နိမ်းတွေ က
    “ ရော ့ပတ္တမြား ၊ ရော ့နဂါး ” အလှူမျိုး
    ချက်ချင်းလက်ငင်း အကျိုးထူးပေးတဲ့ အလှူမျိုး ကိုမှ
    စိတ်ဝင်စားတာကလား ဗျ

  • thihayarzar

    September 19, 2011 at 8:51 pm

    အနော်ရထာလက်ထက်က ဘုရားတွေတည်ထားလို့ အခုလိုမြန်မာနိုင်ငံထဲကို နိုင်ငံခြားသားဧည့်သည်တွေ အမြဲတမ်းလာရောက်လေ့လာရင်း ရွှေနိုင်ငံကြီးလို့ထင်ကြတယ်လေ … ဘုရားကလွဲလို့ ဘယ်နေရာကို ရွှေလို့ခေါ်တာလဲ … မြန်မာတို့ရဲ့ အနုပညာလက်ရာတွေကို ကမာ္ဘကသိအောင် ပြတာကလည်း ပုဂံကဘုရားတွေပဲမဟုတ်လား … အဲဒီတုန်းက လက်ညိုးညွန်ရာရေဖြစ်တာ ဘုန်းကံခြင်းတော့ကွာတာပေါ့ ….. သီပေါမင်းတည်တဲ့ဘုရား ဦးသန်းရွှေတည်တဲ့ဘုရားတွေက ဘယ်နှစ်ဆူရှိလဲ ဘယ်သူတွေကလေ့လာလဲ …. ကျွန်တော်လည်း တကယ်အကျိုးရှိတဲ့နေရာတွေမှာ လှူဒါန်းကြပါလုို့တိုက်တွန်းချင်ပါတယ် … အမှန်အတိုင်းပြောရရင် မြန်မာပြည်မှာ တိရစာ္ဆန်တွေအရမ်းပေါနေပါတယ် .. အိပ်စားကာမ ပဲရှိတယ် .. ကျန်တာဘာမှမရှိဘူး ….. ဘုရားတွေလည်းများနေပါပြီ ကျောင်းတွေလည်းများနေပါပြီ .. အသစ်မလုပ်ကြပါနဲ့တော့ အဟောင်းလေးတွေပဲ ပြင်ကြပါတော့ .

    • barnay

      September 19, 2011 at 10:34 pm

      လိုအပ်တာတွေကို အရင်ဖြည့်ဆည်းပါ ။ အရာရာ ပြီးပြည့်စုံမှသာ လှူချင်တာ လှူပါ ..။ ဉာဏ်နှင့် ယှဉ်တဲ့ အလှူသာဖြစ်ဖို့ အဓိကပါ ။

  • naywoonni

    September 19, 2011 at 8:59 pm

    မြန်မာတွေ ဘုရားတည် ကျောင်းဆောက်တာတော့ မပြောနဲ့ဗျို့…။ အစဉ်အလာ ဘာသာရေးရဲ့ ခြံခတ်ထားခြင်းခံနေတဲ့ သတ္တဝါတွေပါ ..။ သနားပါတယ်..။ ဒါနဲ့ပဲ ချောင်ထိုးထားတဲ့ ပို့ စ် ဖုန်ခါပြီးထတင်မိတော့မယ်..။ ဖုန်းကျော်နော်……..ဟင်းဟင်းးးးးးး 😛

  • mandalarthu

    September 19, 2011 at 9:52 pm

    Good Idea! By the way,if you have much money,
    ”What will you do for the welfare of Myanmar people with yr money ?”
    ”How will you spend all your money? For whom ? Where?
    May I know yr idea ,please.

  • phone_kyaw

    September 20, 2011 at 10:23 am

    ကွန်းမန် ့ပေးသူ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ နောင်ကိုလည်းလာပြီးကွန်းမန် ့ကြပါအုံးဗျ….။ ဒါမှရေးရတာ အားပိုရှိတာပေါ့။

    ခင်မင်စွာဖြင့်
    ဘုန်းကျော်

  • thantmonzaw

    September 20, 2011 at 4:44 pm

    ကျွန်တော်သိတဲ.သူဋ္ဌေးတွေကတော.ပိုက်ဆံကလွဲပြီးကျန်တာဘာမှမရှိတဲ.ကောင်တွေချည်းပါဘဲဗျာ။

  • MOEPWINTPHYU

    September 20, 2011 at 5:28 pm

    ဟုတ်တယ်အရင်ကဒီလိုအတွေမျိုးဝင်မိတယ်
    ဒါပေမဲငရဲကြီးမှာဆိုးလိုမတွေးဖြစ်တာကြာပြီး……….

  • ma phyu phyu

    September 28, 2011 at 4:37 pm

    ဘုန်းကျော်ရေးသောအချို့အချက်များမှာထိမိလှ၍ထောက်ခံပါသည်။မယောင်ရာဆီလူးနေသော မြန်မာပြည်သဌေးအချို့၏ လုပ်ရပ်များကိုလည်းရှုတ်ချပါသည်။ သို့သော် အချို့အချက်များ မှာ ဗုဒ္ဒတရားတော်နှင့်ဆန့်ကျင်နေပါသည်။ဘုရား၊ကျောင်း လှူခြင်းသည် သာသနာကို ထောက်ပံ့ခြင်း ဖြစ်ပါသည်။ ဘုန်းကြီး(စစ်စစ်)များမှာ စီးပွားရေးမလုပ်ရ၊ငွေမကိုင်ရ၊ ကိုယ်တိုင်ချက်ပြုတ်မစားရ စသဖြင့် ရဟန်းကျင့်ဝတ်များရှိပါသည်။သာသနာပျောက်ကွယ်မသွားစေရန်ရည်ရွယ်၍ဗုဒ္ဒဘာသာလူပုဂ္ဂိုလ်များက ထိုကိစ္စများကိုဆောင်ရွက်ပေးရသည်။
    ဘုရားရှင်၏တပည့်သားရဟန်းသံဃာတော်တို့မှာ တားမြစ်ချက်များ(သိက္ခာပုဒ်) များပြားလွန်းခြင်း ကြောင့်လူထွက်ကုန်ကြပါလျှင် ဘုရားဟောတရားများကို လက်ဆင့်ကမ်းသယ်ဆောင်သူမရှိ၊ ထိန်းသိမ်း မည့်သူမရှိ ပျောက်ကွယ်သွားနိုင်သည်ကို တွေးဆ၍လည်း လူပုဂ္ဂိုလ်များကဆွမ်းချက်ကပ်ခြင်း၊ ဘုရား ၊ ကျောင်း ဇရပ်လှူဒါန်းခြင်း၊စာသင်တိုက်များသို့ဆွမ်းပဒေသာပင်စိုက်ထူလှူဒါန်းခြင်းစသဖြင့် သာသနာ့ ဝန်ထမ်းရဟန်းများ သာသနာတွင်ပျော်ပိုက်စေရန် ၊ ဆွမ်းကွမ်းကိစ္စများတွင် မပင်မပန်းကြ စေရန် ရည်ရွယ်၍လှူဒါန်းကြခြင်းဖြစ်ပါသည်။
    ပုဂံခေတ်တွင် ဘုရားများတည်ခဲ့ခြင်း ကိုအသာထား၍ သီရိဓမ္မာသောကမင်းကြီးလက်ထက်ကို ပြန် ်ကောက်ရလျှင် အသောကမင်းကြီးသာ ဗုဒ္ဒဘာသာ အမွေအနှစ်များကို ပြန်လည်မဖော်ထုတ်ခဲ့လျှင်၊ ကိုးတိုင်းကိုးဌာန သာသနာပြုမစေလွှတ်ခဲ့လျှင် ရှေးမင်းအဆက်ဆက် သာသနာ ကို လှစ်လှူရှုခဲ့လျှင် ပုဂံခေတ်မှာ အရည်းကြီးများသာ လွှမ်းမိုးသွားပြီး ယခု ကျွန်တော်တို့ခေတ်တွင် ကိုယ်လုံးတီး နှင့် ဖင်တောင်မဆေးသော သူများကို ရဟန္နာဟု မှတ်ယူပြီး ထိုင်ရှိခိုးနေရပါလိမ့်မည်။
    ဆင်းရဲမွဲတေခြင်းမှာ ကံတရားနှင့်ဆိုင်ပါသည်။ နိုင်ငံခြားမှ သူဌေးကြီးများ လှူဒါန်းသည်ကိုလည်း သာဓု ခေါ်ပါသည်။ မြန်မာပြည်မှ သာသနာ့အလှူများကို ပို၍ သာဓုခေါ်ပါသည်။

  • Truth Seeker

    March 13, 2012 at 4:41 pm

    ကိုဘုန်းကျော်ရေ ဒီပို့စ်ကိုလည်းကြိုက်ပါတယ်ဗျာ၊ ပိုက်ဆံရှိပြီး စဉ်းစားဆင်ခြင်ဉာဏ်မရှိတဲ့ သူဋ္ဌေးတွေက ရှိပြီးသားနေရာမှာ နောက်ထပ် ဘုရားတစ်ဆူ ထပ်တည်နေတာတွေ တွေ့နေရပါတယ်ဗျာ၊ ဆယ်တန်းအောင် ဘွဲ့ရတာနဲ့ ကိုယ့်ကိုကိုယ် ပညာတတ်လို့ ခံယူသူတွေ၊ ပိုက်ဆံရှိတဲ့သူကို အဆင့်အတန်းရှိတဲ့သူလို့ ထင်နေတာတွေ အများကြီးတွေ့နေရပါတယ်။ အဲဒီလိုလူတွေက လုပ်တော့ အတွေးအခေါ်မရှိတဲ့ အလုပ်တွေကို လုပ်ပါလေရောဗျာ။

  • aye.kk

    March 13, 2012 at 7:14 pm

    မြန်မာပြည်ကသူဌေးကြီးတွေကပ်စီးနည်းတာကိုအမြင်ကပ်မိပါတယ်..
    ဘာလို့လဲဆိုတော့မြန်မာပြည်ကပြည်သူလူထုအများစုဟာ
    ဆင်းရဲနွမ်းပါးလှတာကိုမျက်ကွယ်ပြုလစ်လျှူရှူစိတ်ထားနိုင်လွန်းတယ်လို ့မြင်မိပါတယ်..
    အသောကကျောက်စာ(p-103)မှာ..
    သတ္တဝါတို့အားသနားကြင်နာကိုယ်ချင်းစာခြင်း၊စွန် ့ကြဲပေးကမ်းဒါန်းလှူဒါန်းခြင်း
    ကိုယ်နှုတ်စိတ်သုံးပါးကိုတရားအတိုင်းဖြောင့်မတ်တည့်မှန်ခြင်း
    ကိုယ်ကျင့်၊နှုတ်ပြော၊စိတ်ထားသုံးပါးလုံးစင်ဖြူခြင်း
    ဤသို ့သောကောင်းမှုများစွာကိုအသစ်အသစ်ဖြစ်ပွါးစေခြင်းဖြစ်၏လို့ဆိုထားပါတယ်..
    သနားခြင်း၊လှူဒါန်းခြင်း၊ဖြောင့်မှန်ခြင်း၊စင်ကြယ်ခြင်းတို့ဖြစ်ပါတယ်။
    အသောကကျောက်စာမှာဖော်ပြထားတဲ့သတ္တဝါတို့အားသနားကြင်နာကိုယ်ခြင်းစာခြင်း(လူလူခြင်းကိုယ်ချင်းစာနာစိတ်မရှိပဲနဲ့တော့)… ့မြန်မာပြည်ကသူဌေးကပ်စီးနှဲတွေလှူတဲ့ဘုရားတည်ကျောင်းဆောက်တာကိုအထင်မကြီးပါဘူး။
    သူတို့ကတော့လူအထင်ကြီးအောင်ပြုလုပ်လှူဒါန်းပြနေသလိုပဲထင်မြင်မိပါတယ်။
    တိုင်းပြည်သယံဇာတတွေကိုလည်းရှိသမျှရသလောက်သိမ်းကြုံးယူနေတဲ့သူတွေပါ(အာဏါရှိသူတွေနဲ ပဲလက်ဝေခံမျှပြီးပေါင်းပြီးစားနေကြတာပါ..
    ပြည်သူတွေကပညာမတတ်၊ငမွဲဖြစ်လေသူတို့အကြိုက်ဖြစ်လေပါဘဲ..
    ပံ့ပိုးပေးဖို့ဆိုတာကဝေလာဝေးပေါ့နော်..
    ကျမအဖေပြောသလိုပြောရရင်ဖြင့်ဥပမာလေးပေါ့နော်…
    (လုူနာမျက်ဖြူဆိုက်လေဆေးဆရာအကြိုက်ဖြစ်လေဆိုသလိုဘဲပေါ့)။။

  • Khin Latt

    March 13, 2012 at 7:44 pm

    ကိုယ့်ခွန်ကိုယ့်အား နဲ့ ပိုက်ဆံ ရှာပြီး ကပ်စီးနဲ တာ ထားပါလေ။
    သူတို့ အခွင့်အရေးဘဲ။

    ဒါပေမဲ့ ပြည်သူတွေ အပေါ်မှာ ခေါင်းပုံဖြတ် မတရား လက်ဝါးကြီးအုပ် ပြီးရတဲ့ ပိုက်ဆံ တွေ၊
    ပြည်သူတွေ ရဲ့ ပညာရေး၊ ကျန်းမာရေး မှာသုံးဖို့ တာဝန်ကျေ ပေးရမဲ့ ပိုက်ဆံ တွေ ကို
    “အဒိန္နာဒါန = သူတစ်ပါးတို့၏ ဥစ္စာကို ခိုးဝှက်တိုက်ခိုက်လှည့်ပတ်ယူမှု” လုပ်နေတာက တော့ အရှက်တရား ကင်းမဲ့ ပြီး လူလို မတွေးတတ်ကြတာပါဘဲ။ 👿

    ဒီ Post လေး မျိုး အတွက် လက်မထောင်လို့ ဂုဏ်ယူပါတယ် ကိုဘုန်းကျော်။ 🙂

Leave a Reply