မယ်မြန်မာ ….

z-ZSeptember 19, 20111min22716

      မြန်မာနိုင်ငံကြီး ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ ကမာ္ဘနိုင်ငံကြီးတွေရဲ့ အထင်ကြီးလေးစား မျက်နှာသာပေးမှုများ ရရှိလာပါတယ်။ ကမာ္ဘ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ကတောင် ၂၂၀ဝ ပြည့်နှစ်မှာ မြန်မာနိုင်ငံကို ကမာ္ဘ့ဖလား အိမ်ရှင်နိုင်ငံ အဖြစ်လက်ခံစဉ်းစားပေးဖို့ မေတာ္တရပ်ခံရသည်အထိ မြန်မာ့ ဘောလုံးအဆင့်အတန်းဟာ မြင့်မားခဲ့ရပါတယ်။ မြန်မာလူမျိုးဆိုရင် ဘယ်နိုင်ငံသွားသွား မျက်နှာပွင့် အခွင့်အရေးတွေရ နဲ့ ကမာ္ဘ့အလယ်မှာ မျက်နှာ အပွင့်ဆုံး လူမျိုး ဖြစ်လာပါတယ်။

    ခုလည်း မယ်စင်္ကြာဝဠာ ပြိူင်ပွဲကြီးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျှက်ရှိပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြု မြန်မာ့ကျေးလက်တောရွာမယ်ပြိုင်ပွဲ ချန်ပီယံ မယ်မြန်မာဟာ နောက်ဆုံးအဆင့်ကို မယ်အီသီယိုးပီးယား ၊ မယ်ယူအက်စ် တို့နဲ့အတူ တက်ရောက်သွားပြီး အကျိတ်အနယ် ယှဉ်ပြိုင် လျှက်ရှိနေပါတယ်။ နောက်ဆုံးမေးခွန်း မေးရမယ့်အချိန်ရောက်နေပါပြီ …. နောက်ဆုံးအဆင့် ကိုတက်ရောက်လာနိုင်တယ်ဆိုကတည်းက သုံးယောက်လုံးရဲ့ အရည်အချင်းကလည်း မတိမ်းမယိမ်းပါဘဲ။ ဒိုင်က မေးခွန်းစမေးပါပြီ …… အင်္ဂလိပ် အက္ခရာ “L” နဲ့စတဲ့ တိရိစာ္ဆန် တစ်ကောင် ကိုပြောပြပါ ….

မယ်ယူအက်စ် စဖြေပါပြီ …… Lion … မှန်ပါတယ် …….

နောက် မယ်အီသီယိုးပီးယားဖြေပါတယ် …….. Lizard …… ပရိတ်သတ်များလည်း လက်ခုပ်တီး ပြီး အားရပါးရအားပေးကြတယ် …. ( ကြည့်ရတာ အီသီးယိုးပီးယား မယ်ကို တော်တော်ခိုက်ကျတယ်ထင်တယ်  :D)

မယ်မြန်မာ ဖြေပါတော့မယ် …… တစ်လမ်းချင်း ရှေ့ကို ထွက်လာပါပြီ ……. Hello….. testing … testing …. ( မိုက်ကိုစမ်းပါတယ် … ရွာအကျင့် ကမပျောက်ဘူး ….. 😀 ) ဖြေပါပြီ … လိပ် …. ဒိုင်တွေ ခေါင်းကြီးသွားတယ် … အိမ်ရှင်ဆိုတော့ အခွင့်အရေး ပေးရတာပေ့ါ… ပြန်စဉ်းစားပါအုံး လိပ်က “ L “ နဲ့စတာမဟုတ်ဘူးလေ …. နောက်တစ်ခါ ထပ်ဖြေဖို့ အခွင့်အရေးပေးမယ် ပြန်ဖြေ .. (မပေးလို့ကလည်းမရ ယူစရာရှိတာ ယူပြီးပြီကိုး …. )

 မယ်မြန်မာက .. မပြင်ဘူး လိပ် ပဲ … စာလုံးတောင်ပေါင်းပြလိုက်သေးတယ် late = လိပ် ….. ဒိုင်တွေညစ်သွားတယ် …

 ဒါဆို နောက်မေးခွန်း တစ်ခု ပြောင်းမေးမယ် သုံးယောက်လုံးပြန်ဖြေရမယ်… ဒီတစ်ခါ အင်္ဂလိပ် အက္ခရာ “ L “ နဲ့စတဲ့ အသီး တစ်ခုခု ပြော ………

မယ်ယူအက်စ် ဖြေတယ် ………. Lemon ……

မယ်အီသီယိုးပီးယား ဖြေတယ် ….. lychee ..

မယ်မြန်မာ ဖြေတယ် … လိမ္မော် …. စာလုံးတောင်ပေါင်းပြလိုက်သေးတယ် ( lanemaw ). ဒိုင်တွေညစ်သွားသည် … မျက်နှာတော့ အပျက်မခံနိုင်ဘူး … နောက်ဆုံးတစ်ကြိမ် အခွင့်အရေးပေးလိုက်မည် ဟု တိုင်ပင်လိုက်သည် …. ကဲ ရှေ့ကမေးခွန်းတွေက နဲနဲ ခက်တော့ အမှတ်တွေသိပ်မကွာဘူးဖြစ်နေတယ် … နောက်ဆုံးအနေနဲ့ မေးခွန်းတစ်ခု ကို ထပ်ဖြေရမယ် … အဖြေမှန်တဲ့သူ မယ်စင်္ကြာဝဠာ ဖြစ်မယ် …. ဟုကြေငြာ လိုက်သည် ။ ဒိုင်တွေက မယ်မြန်မာနားကိုကပ်ပြီး တီးတိုးမှာနေသည် … ဒီမေးခွန်းက နောက်ဆုံးနော် မှန်အောင်ဖြေလိုက်တာနဲ့ အနိုင်ရမှာ …. …. ကဲစလိုက်အောင် .. ဒီတစ်ခါတော့ “ L “ နဲ့စတဲ့ လခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုကို ဖြေရမယ် ……..

 မယ်ယူအက်စ် ဖြေတယ် …. Lips …

မယ်အီသီယိုးပီးယား ဖြေတယ် ….. Liver ……

မယ်မြန်မာ ဖြေတယ် …… လဥ …. 😛 😀 :O 🙂

16 comments

  • ပေါက်ဖော်

    September 19, 2011 at 10:35 am

    အဟား..ဟား..ဟား..
    အဟီး. ဟီး..ဟီး..
    အဟူး..ဟူး..ဟူး..
    ၀.အ..အ အား..
    😀

    Burglish..Myanglish….MM.Chatters….
    ဝါး.အားအား.. G’d Idea!

  • ကြောင်ကြီး

    September 19, 2011 at 10:46 am

    အဲဒါနဲ့ ဒိုင်တွေက နောက်ဆုံးရဲ့နောက်ဆုံး ထပ်မေးတယ်။ မိန်းမတွေအတွက် Lနဲ့စတဲ့ အရေးအကြီးဆုံးအရာကဘာလဲ။ (ဒိုင်ကလူလွှတ်ပြီး တိုးတိုးလေး အဖြေပြောထားတယ် LOVE တဲ့)
    မယ်ယူအက်စ် – LUST (ရမ္မက်)
    မယ်အီသီယိုပီးယား – LOBSTER (ကျောက်ပုဇွန်ထုပ်ကြီး..ကုန်းတွင်းပိတ်အာဖရိကနိုင်ငံသူလေ)
    မယ်မြန်မာ – စဉ်းစားမရနေလို့ ဒိုင်လူကြီးက လက်ချောင်းနဲ့ အသဲပုံစံလုပ်ပြတာမြင်ပြီး ဝမ်းသာအားရ ဖြေလိုက်ပုံက “လင်”

    • z-Z

      September 19, 2011 at 1:08 pm

      ဦးကြောင် က လက်စသတ်တော့ ဒိုင်ဖြစ်နေတာကိုး …..
      မီးပျက်သွားလို့ နောက်ဆုံးပိုင်း မကြည့်လိုက်ရဘူး … 🙂

  • manawphyulay

    September 19, 2011 at 10:54 am

    တော်တော်ကို ဗဟုသုတ စုံလင်စွာ ရရှိသွားပါတယ်။ မယ်မြန်မာဖြေတာက ကံကောင်းလို့… အဟိ ရယ်ရတယ်။ လေးကြောင်ဖြေတာက အဖြေမှန်လားမသိဘူးနော်။

  • ုhtoosan

    September 19, 2011 at 10:58 am

    ဇာဂနာ က တော့ အထဲရောက်နေလည်း ကြောင်ကြီးရေးတာတွေဖတ်ရ့င် သိပ်စိတ်ပူမှာမဟုတ်တော့ဘူး၊
    သူလိုလူ နောက်တစ်ယောက်ရှိပါလား ဆိုပြီး …

  • chitsu

    September 19, 2011 at 1:32 pm

    မယ်မြန်မာကလည်းမယ်စကြာဝဋ္ဌာဆုရဖို.ကံမပါဘူးနဲ.တူတယ်နော်.
    ဒိုင်တွေကအဖြေပြောပေးနေတာတောင်မှန်အောင်မဖြေပေးဘူး
    တော်တေ်ာဆိုးတာပဲနော်
    ဘယ်တော.မှမှန်အောင်ဖြေမလည်းမသိဘူး

  • နီလေး

    September 19, 2011 at 1:42 pm

    ဟားဟား မြန်မာကွ လာမစမ်းနဲ့ ဟိဟိ ဒိုင်လူကြီးတောင်အရှုံးပေးရမယ် ဘာမှတ်လဲ ဒိုင်လူကြီးကကို ပိန်းတာပါ

  • windtalker

    September 19, 2011 at 1:56 pm

    ဟင်း..
    ကျုပ် ဖြင့်
    ဖတ်နေရင်း မေးခွန်းတွေ လိုက်ဖြေကြည့်နေတာ
    အီး..အီး ဆိုပြီး
    အောက်ဆုံး က အဖြေ ကို ဖတ်လိုက်ရမှ ပဲ
    သက်ပြင်းချနိုင်တော့တယ်…
    တော်တော်နောက်တဲ့ ဇက်ဇက် ပဲ
    🙂

  • AKKO

    September 19, 2011 at 2:05 pm

    ကိုယ်တိုင်ရေးထားတာလား … fwd မေးတွေထဲမှာ ဖတ်ပြီးကတည်းက ရယ်ရတဲ့ ဟာသမို့လို့ မှတ်မိနေကြောင့်လေ ။ 😀

    • z-Z

      September 19, 2011 at 3:17 pm

      အမှန်အတိုင်းပြောရရင် fwd mail တော့မရဘူးပါဘူး …
      သူများတွေ ပြောပြ တာ ကြားဘူးလို့ ရေးလိုက်မိတာပါ ….
      ….. ပြောပြတဲ့အတွက် ကျေးဇူးတင်ကြောင်း … 🙂

  • နွယ်ပင်

    September 19, 2011 at 2:07 pm

    မြန်မာနိုင်ငံမှာပြုလုပ်တဲ့ Miss Universe Final round ဖြစ်ပါတယ်၊
    နောက်ဆုံးဇကာတင်ရွေးထားတဲ့(၃)ယောက်ဖြစ်တဲ့

    Miss USA, Miss Malaysia and Miss Myanmar တို့ကို မေးခွန်း(၃)ခု
    စီမေးမယ့်အစီအစဉ် ပဲဖြစ်ပါတယ်

    တင်ဆက်သူ: ပထမမေးခွန်းကတော့ အင်္ဂလိပ်အက္ခရာ “L” နဲ့စတဲ့
    လျှပ်စစ်ပစ္စည်းတစ်မျိုးရဲ့အမည်ကိုပြောရမှာဖြစ်ပါတယ်

    Miss USA: Lamp

    Miss Malaysia: Light bulb

    Miss Myanmar: LAY DIO

    ဒိုင်လူကြီး : အိုး..နိုး.. Radio က letter “L” နဲ့မစဘူးလေ

    တင်ဆက်သူ: ဒုတိယမေးခွန်းကတော့ letter “L” နဲ့စတဲ့
    တိရစ္ဆာန်တစ်ကောင်ရဲ့အမည်ကိုပြောရမှာဖြစ်ပါတယ်

    Miss USA: Lion

    Miss Malaysia: Leopard

    Miss Myanmar: LABBIT

    Judge: အိုး..နိုး.. Rabbit က letter “L” နဲ့မစဘူးလေကွယ်

    တင်ဆက်သူ: အခုမေးမဲ့ နောက်ဆုံးမေးခွန်းကတော့ letter “L”နဲ့စတဲ့ အသီးတစ်မျိုးရဲ့
    အမည်ကိုပြောရမှာဖြစ်ပါတယ်

    Miss USA: Lemon

    Miss Malaysia: Lychee

    Miss Myanmar, (ယုံကြည်မှုအပြည်နှင့်ပြောလိုက်သည်) : LAIN MAW

    ဒိုင်လူကြီး. ( အိုး.မိုင်ဂေါ့ )

    ဒိုင်လူကြီးတွေနဲ့အကဲဖြတ်အဖွဲတွေဟာ Miss Myanmar ကို
    အရည်အချင်းမပြည့်မှီဘူးလို့ သတ်မှတ်သင့်သလားဆိုတဲ့မေးခွန်းကို

    အပြန်အလှန်တိုင်ပင်နေကြပြီး၊မြန်မာနိုင်ငံမှာကျင်းပခြင်းဖြစ်နေတာကတစ်ကြောင်း၊
    Miss Myanmar လေးအားလည်း အရှက်တကွဲ အကျိုးနည်းမဖြစ်စေချင်သည်ကတစ်ကြောင်း ၊
    Miss Myanmar လေးမှာ letter “L” နှင့်ပတ်သက်ပြီး
    ပြသနာများစွာရင်ဆိုင်နေရသည်ကတစ်ကြောင်းတို့ကြောင့် ၊
    နောက်ထပ်အခွင့်အရေးတစ်ခုပေးရန် ဆုံးဖြတ်လိုက်ကြသည်။

    တင်ဆက်သူ: OK, အခုနောက်ဆုံးမေးခွန်းကတော့ လူမှာ letter “L” နဲ့စတဲ့
    လူခန္ဒာကိုယ်အစိတ်အပိုင်းတစ်ခုရဲ့အမည်ကိုပြောပြပါ။

    Miss USA: Lung (လက်ခုပ်သံများ)

    Miss Malaysia: Liver (ပိုများသောလက်ခုပ်သံများ)

    Miss Myanmar: LA U

    ဒိုင်လူကြီး: ?????????!!!! (;_;)

  • kai

    September 19, 2011 at 2:55 pm

    http://en.wikipedia.org/wiki/Miss_Universe_1960
    Special awards
    Miss Congeniality – Burma – Myint Myint May

    တကယ်တော့. .. မယ်စကြာဝဌာပြိုင်ပွဲ.. မြန်မာဝင်ပြိုင်ပြီး.. ဆုတခုရဖူးတယ်..။
    ၁၉၆ဝ က..မြင့်မြင့်မေ တဲ့..။
    ၁၉၆၁ မှာလည်း ဝင်ပြိုင်တယ်..။ မြင့်မြင့်ခင်..
    http://en.wikipedia.org/wiki/Miss_Universe_1961
    အဲဒီဒေါ်မြင့်မြင့်ခင်ဟာ.. အခုရန်ကုန်က.. အောင်အောင်အင်တာပရိုက်စ်ပိုင်ရှင်ရဲ့.. ဇနီးပေါ့..
    ဒေါ်ခင်မြင့်မြင့်…
    အခုတော့ ဆုံးသွားပါပြီ..။

    • etone

      September 19, 2011 at 3:19 pm

      မြင့်မြင့်မေ ဖြစ်လိုက် … မြင့်မြင့်ခင်ဖြစ်လိုက် .. ခင်မြင့်မြင့်ဖြစ်လိုက်နဲ့ … ဝူးးးးးးးးးးး နားမလည်တော့ဘူး 🙄

    • thit min

      September 21, 2011 at 3:00 pm

      မြင့်မြင့်ခင်ဖေဆိုရင်တော့ “ဒေါ်မြင့်မြင့်ခင်ရဲ့အဖေ..မေဆွိအဖွား”မဟုတ်ပါဘူးနော်၊
      ကိုမောင်(ကျော်သူ)မိန်းမ မရွှေဇီးကွက်ပါနော် (ထပ်ရှုပ်အောင်လို့ပြောပေးတာ)

  • intro

    September 21, 2011 at 2:02 pm

    လွန်စွာမှပင် သဘောကျမိပါသဖြင့် အားရပါးရ၊ ခွက်ထိုးခွက်လှန် ရယ်မောသွားပါသည် ခင်ဗျာ… 😀

Leave a Reply